သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားလှုပ်ရှားသူ အသတ်ခံရမှု ဖမ်းဆီးထားသူ ၂ ဦး စွဲချက်တင်ခံရ


ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ လူမှုရေးသုံးသပ်သူ Kem Ley ကို သတ်ဖြတ်မှုအတွက် သံသယရှိခံရသူတဦးကို ဖနွမ်းပင်မြို့က မြူနီစပယ်တရားရုံး တရုံးက ကြိုတင်ကြံစည် လူသတ်မှု၊ သေစေလောက်သော လက်နက်တခုကို တရားမဝင် ကိုင်ဆောင်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ တရားရုံးပြောခွင့်ရတဦးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဒါ့အပြင် အဲဒီလူသတ်မှုမှာ အသုံးပြုတဲ့ လက်နက်ကို ရောင်းပေးခဲ့ဲ့တယ်လို့ စွပ်စွဲခံရတဲ့ အခြားလူတဦးကိုလည်း စွဲချက်တင်ထားတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် Ly Sophanna က ပြောပါတယ်။ Kem Ley ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ မနက်က ဓာတ်ဆီဆိုင်တခုက စတိုးဆိုင်မှာ ကော်ဖီသောက်နေတုန်း ပစ်သတ်ခံခဲ့ရတာပါ။

အဲဒီ လက်နက်ရောင်းပေးခဲ့တဲ့ စွဲချက်တင်ခံထားရသူရဲ့ အမည်ကိုတော့ ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်မပြောခဲ့ပါဘူး။ မီဒီယာတွေမှာ သတင်းဖော်ပြချက်အရ လူသတ်မှုအတွက် သံသယရှိခံရသူဟာ Siem Reap နယ် Angkor Chum ဒေသက အသက် ၄၃ နှစ်အရွယ် Oueth Ang ဖြစ်ပါတယ်။ ပြစ်မှုထင်ရှားတွေ့ရှိပါက Ang ဟာ ထောင်ဒဏ်တသက် ကျခံရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG