သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အတိုက္အခံေတြကို ျပန္လႊတ္ဖို႔ ကေမၺာဒီးယား၀န္ႀကီးခ်ဳပ္္မွာၾကား


ကေမာၻဒီးယား အတိုက္အခံ ေခါင္းေဆာင္ Sam Rainsy

(Zawgyi/Unicode)

ကေမာၻဒီးယား အတိုက္အခံ ေခါင္းေဆာင္ Sam Rainsy ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ျပည္ေတာ္ျပန္ဖို႔ ႀကိဳးစားမႈ မွာ ပါဝင္ပတ္သက္ ေနသူေတြ အျဖစ္ ဖမ္းဆီးထိန္းသိမ္း ထားတဲ့ အတိုက္အခံ အရာရွိေဟာင္းေတြ နဲ႔ တက္ၾကြလႈပ္ရွားသူေတြကို ျပန္လြတ္ေပးဖုိ႔ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္းက တရားေရးအရာရွိေတြ ကို ပန္ၾကားလိုက္ပါတယ္။

ဖမ္းဆီးထားတဲ့ လူေပါင္း ၇၀ ေလာက္ ကို အာမခံနဲ႔ ျပန္လႊတ္ေပးဖို႔ Kampot မွာ ၾကာသပေတးေန႔ က မိန္႔ခြန္းေျပာဆိုစဥ္မွာ ဝန္ႀကီးခ်ဳပ္က ေျပာၾကားလိုက္တာပါ။ အတိုက္အခံ ေခါင္းေဆာင္ Sam Rainsy ဟာ ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕မွာ ထြက္ေျပးခိုလႈံေနရာကေန စေနေန႔က ကေမာၻဒီးယားကို ျပန္ဖို႔ ႀကိဳစားခဲ့ေပမယ့္ မေလးရွားကိုပဲ ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။

အာဏာသိမ္းဖို႔ လုပ္ေနတဲ့ အတိုက္အခံ ေခါင္းေဆာင္ Sam Rainsy ကို အကူအညီေပးတယ္လို႔ စြပ္စြဲၿပီး တက္ၾကြလႈပ္ရွားသူေတြနဲ႔ အတိုက္အခံ ပါတီက အရာရွိေဟာင္းေတြကို ကေမာၻဒီးယား အာဏာပိုင္ေတြက ဖမ္္းဆီးခဲ့တာ ျဖစ္ပါတယ္။ အခုလုိ တရားရံုးက အာမခံနဲ႔ လႊတ္ေပးလိုက္ေပမယ့္ သူတို႔ အေပၚစြဲဆို ထားတဲ့အမႈေတြကို ရုတ္သိမ္းတာေတာ့ မဟုတ္ပါဘူး။

တိုက္႐ိုက္ လင့္ခ္


.................

အတိုက်အခံတွေကို ပြန်လွှတ်ဖို့ ကမ္ဗောဒီးယားဝန်ကြီးချုပ်မှာကြား

(Unicode)

ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် Sam Rainsy ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြည်တော်ပြန်ဖို့ ကြိုးစားမှု မှာ ပါဝင်ပတ်သက် နေသူတွေ အဖြစ် ဖမ်းဆီးထိန်းသိမ်း ထားတဲ့ အတိုက်အခံ အရာရှိဟောင်းတွေ နဲ့ တက်ကြွလှုပ်ရှားသူတွေကို ပြန်လွတ်ပေးဖို့ ဝန်ကြီးချုပ် ဟွန်ဆန်းက တရားရေးအရာရှိတွေ ကို ပန်ကြားလိုက်ပါတယ်။

ဖမ်းဆီးထားတဲ့ လူပေါင်း ၇၀ လောက် ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ Kampot မှာ ကြာသပတေးနေ့ က မိန့်ခွန်းပြောဆိုစဉ်မှာ ဝန်ကြီးချုပ်က ပြောကြားလိုက်တာပါ။ အတိုက်အခံ ခေါင်းဆောင် Sam Rainsy ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ထွက်ပြေးခိုလှုံနေရာကနေ စနေနေ့က ကမ္ဘောဒီးယားကို ပြန်ဖို့ ကြိုစားခဲ့ပေမယ့် မလေးရှားကိုပဲ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းဖို့ လုပ်နေတဲ့ အတိုက်အခံ ခေါင်းဆောင် Sam Rainsy ကို အကူအညီပေးတယ်လို့ စွပ်စွဲပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံ ပါတီက အရာရှိဟောင်းတွေကို ကမ္ဘောဒီးယား အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အခုလို တရားရုံးက အာမခံနဲ့ လွှတ်ပေးလိုက်ပေမယ့် သူတို့ အပေါ်စွဲဆို ထားတဲ့အမှုတွေကို ရုတ်သိမ်းတာတော့ မဟုတ်ပါဘူး။

XS
SM
MD
LG