သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေမာၻဒီးယား အေပၚ တ႐ုတ္လႊမ္းမိုးမႈ


ကေမၺာဒီးယား -တ႐ုတ္ ခ်စ္ၾကည္ေရးတံတားဖြင့္ပြဲ

(Zawgyi/ Unicode)

တရုတ္နဲ႔ ကေမၻာဒီးယားအၾကား မဟာမိတ္တည္ေဆာက္ေရးအတြက္ One Belt One Road ရပ္၀န္းတခု လမ္းေၾကာင္းတခု စီမံကိန္းနဲ႔ ဆက္ႏြယ္ၿပီး အေမရိကန္ေဒၚလာ ဘီလီယံနဲ႔ခ်ီၿပီး ရင္းႏွီးျမဳပ္ႏွံမႈေတြနဲ႔ တည္ေဆာက္ယူထားတာပါ။

အဲဒီလုိ ဖြ႔ံၿဖိဳးမႈဆုိင္ရာ ရင္းႏွီးျမဳပ္ႏွံမႈေတြကတဆင့္ ကမၻာတ၀ွမ္း တရုတ္တုိ႔က ကုန္သြယ္ေရးနဲ႔ ႏုိင္ငံေရးဆုိင္ရာ ကိစၥရပ္ေတြမွာ ၾသဇာလႊမ္းမုိးမႈေတြကုိ ရယူေနတာပါ။ တရုတ္ရဲ႕ ရင္းႏွီးျမဳပ္ႏံွမႈေတြဟာ အေနာက္ႏုိင္ငံေတြကလာတဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြလုိ ဒီမုိကေရစီအေရး ျပဳျပင္ ေျပာင္းလဲမႈေတြ လုပ္ေဆာင္ရမယ္ဆုိတဲ့ ေႏွာင္ႀကိဳးေတြ ပါမေနတာေၾကာင့္ တရုတ္ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈေတြကုိ သူ႔အေနနဲ႔ ႀကိဳဆုိလက္ခံျခင္းျဖစ္ေၾကာင္း ကေမၻာဒီးယား၀န္္ႀကီးခ်ဳပ္ ဟြန္ဆန္က ေျပာပါတယ္။ ဒါေပမယ့္ ကေမၻာဒီးယားႏုိင္ငံထဲက တရုတ္တုိ႔ရဲ႕ အလုံးအရင္းလာနဲ႔ ခ်ည္းေငြေတြနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈေတြအတြက္ တုိင္းျပည္က ေပးဆပ္ရတာေတြ ရွိေနေၾကာင္း ဗီြအုိေအ သတင္းေထာက္ Brian Padden သတင္းေပးပုိ႔ထားပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

ကေမၻာဒီးယားႏုိင္ငံက ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Sihanoukville မွာ ၂၀၁၇ ခုႏွစ္ကစလုိ႔ မုိးေမွ်ာ္တုိက္ေပါင္း အလုံး တေထာင္ေလာက္ကုိ တၿပိဳင္တည္း တည္ေဆာက္ေနၾကတာမွာ အဲဒီ စီမံကိန္းအမ်ားစုကုိ တရုတ္ပုဂၢလိက လုပ္ငန္းရွင္ေတြက ရင္းႏွီးျမွဳပ္ႏွံၾကတာပါ။

တခ်ိန္က တိတ္ဆိတ္ၿငိမ္သက္တဲ့ ဒီ ကမ္းေျခ အပန္းေျဖၿမိဳ႕ကေလးမွာ ကာဆီႏုိေလာင္းကစားရုံေပါင္း ၁၀၀ ေက်ာ္ကုိ ဖြင့္ဖုိ႔ စီစဥ္ထားတာေၾကာင့္ မကာအုိနဲ႔ Las Vegas တုိ႔ကုိ ယွဥ္ၿပိဳင္ႏုိင္မယ့္ ေလာင္းကစားၿမိဳ႕ေတာ္ျဖစ္ဖုိ႔ ႀကိဳးစားေနတာပါ။

ဒါေပမယ့္ လစာမ်ားတဲ့ လုပ္ငန္းေတြအတြက္ တရုတ္အလုပ္သမားေတြ ေခၚလာတဲ့အေပၚ ေဒသခံေတြအၾကား မေက်နပ္မႈေတြ ျဖစ္ေနပါတယ္။ ကေမၻာဒီးယားမွာ အရည္အခ်င္းျပည့္မွီတဲ့ ၀န္ထမ္းအလုံအေလာက္မရွိဘူးလုိ႔ တရုတ္စီးပြားေရးလုပ္ငန္းရွင္ေတြက ေျပာပါတယ္။

“က်ေနာ္က ပုိင္ရွင္ဘဲ။ ကေမၻာဒီးယား၀န္ထမ္းေတြကုိဘဲ ခန္႔ခ်င္ပါတယ္။ တရုတ္အလုပ္သမားေတြက ေစ်းႀကီးေတာ့ က်ေနာ္လဲ တရုတ္အလုပ္သမားေတြကုိ မေခၚခ်င္ပါဘူး။”

ကေမၻာဒီးယားႏုိင္ငံအတြင္းက အေျခခံအေဆာက္အဦးေတြ၊ ဆိပ္ကမ္းေတြျပင္ဆင္ဖုိ႔အျပင္ Sihanoukville နဲ႔ ၿမိဳ႕ေတာ္ ဖႏြမ္းပင္အၾကား အေ၀းေျပးလမ္းမႀကီး တည္ေဆာက္ဖုိ႔တုိ႔အတြက္ တရုတ္အစုိးရက ေဒၚလာ ၄ ဘီလီယံ ဖြံ႔ၿဖိဳးေရး ေခ်းေငြ ေပးထားပါတယ္။

ကေမၻာဒီးယားမွာ လည္ပတ္ေနတဲ့ တရုတ္စက္ရုံေပါင္း ၁၆၀ ကလည္း အလုပ္သမား ႏွစ္ေသာင္းေက်ာ္ကုိ ခန္႔ထားၿပီး သူတုိ႔ရဲ႕ လုပ္အားခဟာ လယ္ကြင္းေတြမွာလုပ္တာထက္ ပုိမ်ားတဲ့ တေန႔ကုိ ၈ ေဒၚလာႏႈန္း ေပးေနတာပါ။

ဒါနဲ႔ပတ္သက္လုိ႔ အထည္ခ်ဳပ္စက္ရုံအလုပ္သမ Ken Pheng က ခမာဘာသာစကားနဲ႔ အခုလုိ ေျပာပါတယ္။

“ဒီစက္ရုံမွာလုပ္တာနဲ႔ ရြာမွာလုပ္တာက သိပ္မကြာလွပါဘူး။ ရြာမွာေတာ့ ေနပူထဲမွာလုပ္ရတာေပါ့၊ ဒီမွာကေတာ့ အရိပ္ေအာက္မွာလုပ္ရတယ္ေလ။”

အေရွ႕ေတာင္အာရွႏုိင္ငံေတြမွာ ဖြင့္ထားတဲ့ အထည္ခ်ဳပ္နဲ႔ ပရိေဘာဂစက္ရုံေတြက တရုတ္အေပၚ အေမရိကန္က ခ်မွတ္ထားတဲ့ ပိတ္ဆုိ႔ အေရးယူမႈကုိလည္း ေရွာင္ရွားေပးသလုိ ျဖစ္ေစပါတယ္။

ဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲေရးနဲ႔ အက်င့္ပ်က္ျခစားမႈ တုိက္ဖ်က္ေရး လုပ္ရမယ္ဆုိတဲ့ ကန္႔သတ္ခ်က္ေတြပါတဲ့ အေမရိကန္နဲ႔ အေနာက္ႏုိင္ငံေတြက ေပးတဲ့အကူအညီေတြကုိ ၀န္ႀကီးခ်ဳပ္ ဟြန္ဆန္က မလုိလားဘဲ တရုတ္တုိ႔ရဲ႕ အေႏွာင္အဖြဲ႔ကင္းလြတ္တဲ့ အကူအညီနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈေတြကုိဘဲ ႀကိဳဆုိေနတာပါ။

ဒါေပမယ့္ တရုတ္ရဲ႕ အကူအညီေပးမႈက အာဏာတည္ၿမဲေရးအတြက္ ၀န္ႀကီးခ်ဳပ္အေနနဲ႔ အာဏာရွင္ဆန္ဆန္ အုပ္ခ်ဳပ္ခြင့္ ရေစတယ္လုိ႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။ မႏွစ္က က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ သူအႏုိင္ရေရးအတြက္ အတုိက္အခံပါတီကုိ ၀င္ၿပိဳင္ခြင့္ မျပဳတာနဲ႔ လြတ္လပ္တဲ့ သတင္းဌာနေတြကုိ ပိတ္ပင္ခဲ့တာေတြအတြက္ အေနာက္ႏုိင္ငံေတြရဲ႕ ပိတ္ဆုိ႔ ဒဏ္ခတ္မႈကုိ ၀န္ႀကီးခ်ဳပ္အေနနဲ႔ ဂရုစုိက္စရာမလုိဘဲ အုပ္ခ်ဳပ္ခြင့္ ရေစပါတယ္။

အဲဒီအတြက္ ေတာင္တရုတ္ပင္လယ္ျပင္အေရးမွာ တရုတ္တုိ႔ကုိ ကေမၻာဒီးယားက ေထာက္ခံေပးၿပီး ထုိင္၀မ္ရဲ႕ လြတ္လပ္ေရး လႈပ္ရွားမႈနဲ႔ ေဟာင္ေကာင္ရဲ႕ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ ပုိရေရးကိစၥေတြမွာ တရုတ္ဘက္က ရပ္တည္ေပးတာေတြ ရွိေနတယ္လုိ႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။

ဒါေပမယ့္ တရုတ္ရင္းႏွီးျမွဳပ္ႏွံမႈေတြကုိ ႀကိဳဆုိတဲ့ ကေမၻာဒီးယားေတာ္၀င္အကယ္ဒမီက Ky Sereyvath လုိ ပုဂၢဳိလ္ေတြကေတာ့ ကေမၻာဒီးယားရဲ႕ ေထာက္ခံမႈရဖုိ႔ တရုတ္တုိ႔က ေငြေပး၀ယ္လုိက္တဲ့ဆုိတဲ့ ကိစၥကုိ ျငင္းဆုိပါတယ္။
“ကေမၻာဒီးယားဟာ တရုတ္လက္ေအာက္ခံမဟုတ္ပါဘူး။ ဘယ္ႏုိင္ငံရဲ႕ လက္ေအာက္ခံမွလည္း မဟုတ္ပါဘူး။ ကေမၻာဒီးယားဟာ ကေမၻာဒီးယားပါ။”

ဒါေပမယ့္ တရုတ္အေပၚ တင္ေနတဲ့ အေႂကြးေတြေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ၿပီးဆုံးသြားတဲ့ တေန႔မွာ ဘ႑ာေရး ျပႆနာျဖစ္ေပၚၿပီး တရုတ္ကုိ မလြန္ဆန္ႏုိင္တဲ့အေျခအေနကုိ ေရာက္သြားမယ္ဆုိတဲ့ စုိးရိမ္မႈေတြ ထြက္ေပၚေနပါတယ္။

ကေမၺာဒီးယား အေပၚ တ႐ုတ္လႊမ္းမိုးမႈ
please wait

No media source currently available

0:00 0:03:42 0:00
တိုက္႐ိုက္ လင့္ခ္


.............

ကမ္ဗောဒီးယား အပေါ် တရုတ်လွှမ်းမိုးမှု

(Unicode)

တရုတ်နဲ့ ကမ္ဘောဒီးယားအကြား မဟာမိတ်တည်ဆောက်ရေးအတွက် One Belt One Road ရပ်ဝန်းတခု လမ်းကြောင်းတခု စီမံကိန်းနဲ့ ဆက်နွယ်ပြီး အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြုပ်နှံမှုတွေနဲ့ တည်ဆောက်ယူထားတာပါ။ အဲဒီလို ဖွံ့ဖြိုးမှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကတဆင့် ကမ္ဘာတဝှမ်း တရုတ်တို့က ကုန်သွယ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သြဇာလွှမ်းမိုးမှုတွေကို ရယူနေတာပါ။ တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုတွေဟာ အနောက်နိုင်ငံတွေကလာတဲ့ ရင်းနှီးမြုပ်နှံမှုတွေလို ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ နှောင်ကြိုးတွေ ပါမနေတာကြောင့် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သူ့အနေနဲ့ ကြိုဆိုလက်ခံခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံထဲက တရုတ်တို့ရဲ့ အလုံးအရင်းလာနဲ့ ချည်းငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် တိုင်းပြည်က ပေးဆပ်ရတာတွေ ရှိနေကြောင်း ဗွီအိုအေ သတင်းထောက် Brian Padden သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကမ္ဘောဒီးယားနိုင်ငံက ဆိပ်ကမ်းမြို့ဖြစ်တဲ့ Sihanoukville မှာ ၂၀၁၇ ခုနှစ်ကစလို့ မိုးမျှော်တိုက်ပေါင်း အလုံး တထောင်လောက်ကို တပြိုင်တည်း တည်ဆောက်နေကြတာမှာ အဲဒီ စီမံကိန်းအများစုကို တရုတ်ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံကြတာပါ။

တချိန်က တိတ်ဆိတ်ငြိမ်သက်တဲ့ ဒီ ကမ်းခြေ အပန်းဖြေမြို့ကလေးမှာ ကာဆီနိုလောင်းကစားရုံပေါင်း ၁၀၀ ကျော်ကို ဖွင့်ဖို့ စီစဉ်ထားတာကြောင့် မကာအိုနဲ့ Las Vegas တို့ကို ယှဉ်ပြိုင်နိုင်မယ့် လောင်းကစားမြို့တော်ဖြစ်ဖို့ ကြိုးစားနေတာပါ။

ဒါပေမယ့် လစာများတဲ့ လုပ်ငန်းတွေအတွက် တရုတ်အလုပ်သမားတွေ ခေါ်လာတဲ့အပေါ် ဒေသခံတွေအကြား မကျေနပ်မှုတွေ ဖြစ်နေပါတယ်။ ကမ္ဘောဒီးယားမှာ အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းအလုံအလောက်မရှိဘူးလို့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ကျနော်က ပိုင်ရှင်ဘဲ။ ကမ္ဘောဒီးယားဝန်ထမ်းတွေကိုဘဲ ခန့်ချင်ပါတယ်။ တရုတ်အလုပ်သမားတွေက ဈေးကြီးတော့ ကျနော်လဲ တရုတ်အလုပ်သမားတွေကို မခေါ်ချင်ပါဘူး။”

ကမ္ဘောဒီးယားနိုင်ငံအတွင်းက အခြေခံအဆောက်အဦးတွေ၊ ဆိပ်ကမ်းတွေပြင်ဆင်ဖို့အပြင် Sihanoukville နဲ့ မြို့တော် ဖနွမ်းပင်အကြား အဝေးပြေးလမ်းမကြီး တည်ဆောက်ဖို့တို့အတွက် တရုတ်အစိုးရက ဒေါ်လာ ၄ ဘီလီယံ ဖွံ့ဖြိုးရေး ချေးငွေ ပေးထားပါတယ်။

ကမ္ဘောဒီးယားမှာ လည်ပတ်နေတဲ့ တရုတ်စက်ရုံပေါင်း ၁၆၀ ကလည်း အလုပ်သမား နှစ်သောင်းကျော်ကို ခန့်ထားပြီး သူတို့ရဲ့ လုပ်အားခဟာ လယ်ကွင်းတွေမှာလုပ်တာထက် ပိုများတဲ့ တနေ့ကို ၈ ဒေါ်လာနှုန်း ပေးနေတာပါ။

ဒါနဲ့ပတ်သက်လို့ အထည်ချုပ်စက်ရုံအလုပ်သမ Ken Pheng က ခမာဘာသာစကားနဲ့ အခုလို ပြောပါတယ်။

“ဒီစက်ရုံမှာလုပ်တာနဲ့ ရွာမှာလုပ်တာက သိပ်မကွာလှပါဘူး။ ရွာမှာတော့ နေပူထဲမှာလုပ်ရတာပေါ့၊ ဒီမှာကတော့ အရိပ်အောက်မှာလုပ်ရတယ်လေ။”

အရှေ့တောင်အာရှနိုင်ငံတွေမှာ ဖွင့်ထားတဲ့ အထည်ချုပ်နဲ့ ပရိဘောဂစက်ရုံတွေက တရုတ်အပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုကိုလည်း ရှောင်ရှားပေးသလို ဖြစ်စေပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေပါတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပေးတဲ့အကူအညီတွေကို ဝန်ကြီးချုပ် ဟွန်ဆန်က မလိုလားဘဲ တရုတ်တို့ရဲ့ အနှောင်အဖွဲ့ကင်းလွတ်တဲ့ အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုဘဲ ကြိုဆိုနေတာပါ။

ဒါပေမယ့် တရုတ်ရဲ့ အကူအညီပေးမှုက အာဏာတည်မြဲရေးအတွက် ဝန်ကြီးချုပ်အနေနဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခွင့် ရစေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ မနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူအနိုင်ရရေးအတွက် အတိုက်အခံပါတီကို ဝင်ပြိုင်ခွင့် မပြုတာနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေကို ပိတ်ပင်ခဲ့တာတွေအတွက် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုကို ဝန်ကြီးချုပ်အနေနဲ့ ဂရုစိုက်စရာမလိုဘဲ အုပ်ချုပ်ခွင့် ရစေပါတယ်။

အဲဒီအတွက် တောင်တရုတ်ပင်လယ်ပြင်အရေးမှာ တရုတ်တို့ကို ကမ္ဘောဒီးယားက ထောက်ခံပေးပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုနဲ့ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရရေးကိစ္စတွေမှာ တရုတ်ဘက်က ရပ်တည်ပေးတာတွေ ရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒါပေမယ့် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုတဲ့ ကမ္ဘောဒီးယားတော်ဝင်အကယ်ဒမီက Ky Sereyvath လို ပုဂ္ဂိုလ်တွေကတော့ ကမ္ဘောဒီးယားရဲ့ ထောက်ခံမှုရဖို့ တရုတ်တို့က ငွေပေးဝယ်လိုက်တဲ့ဆိုတဲ့ ကိစ္စကို ငြင်းဆိုပါတယ်။
“ကမ္ဘောဒီးယားဟာ တရုတ်လက်အောက်ခံမဟုတ်ပါဘူး။ ဘယ်နိုင်ငံရဲ့ လက်အောက်ခံမှလည်း မဟုတ်ပါဘူး။ ကမ္ဘောဒီးယားဟာ ကမ္ဘောဒီးယားပါ။”

ဒါပေမယ့် တရုတ်အပေါ် တင်နေတဲ့ အကြွေးတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားတဲ့ တနေ့မှာ ဘဏ္ဍာရေး ပြဿနာဖြစ်ပေါ်ပြီး တရုတ်ကို မလွန်ဆန်နိုင်တဲ့အခြေအနေကို ရောက်သွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG