သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေထာင္ေဖာက္ေျပးတဲ့ ႐ိုဟင္ဂ်ာေတြရွာေဖြဖို႔ မေလးရွားကို အကူအညီေတာင္း


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ေထာင္တခု

(Zawgyi/Unicode)

ထိုင္းေတာင္ပိုင္းက လူဝင္မႈႀကီးၾကပ္ေရးအခ်ဳပ္ခန္းေဖာက္ၿပီး ထြက္ေျပးသြားၾကတဲ့ ႐ိုဟင္ဂ်ာမူဆလင္တဖဲြ႔ကို ကူညီ႐ွာေဖြေပးဖုိ႔ ထုိင္းႏုိင္ငံက မေလး႐ွားႏိုင္ငံကို အကူအညီေတာင္းလိုက္ပါတယ္။ ထိုင္းေတာင္ပိုင္း Songkhla ခ႐ိုင္မွာ႐ွိတဲ့ အခ်ဳပ္ခန္းရဲ႕ ၃ ထပ္ျပဴတင္းေပါက္ကေန အဝတ္ေတြကို ႀကိဳးလုပ္ၿပီး ဗုဒၶဟူးေန႔မနက္ပိုင္းက ႐ိုဟင္ဂ်ာ ၁၉ ေယာက္ထြက္ေျပးခဲ့ၾကတာျဖစ္တယ္လို႔ ထိုင္းရဲကေျပာပါတယ္။

အဲဒီသူေတြဟာ မေလး႐ွားကို လူေမွာင္ခိုကူးခံရစဥ္ ထိုင္းမွာ ဖမ္းမိလို႔ ထိန္းသိမ္းထားတဲ့ ႐ိုဟင္ဂ်ာ အေယာက္ ၄၀ ထဲကျဖစ္ၾကပါတယ္။ သူတို႔ကို ျမန္မာႏိုင္ငံကို ျပန္ပို႔ႏုိင္ဖုိ႔ ေဆာင္႐ြက္ေနစဥ္ ခုလို အခ်ဳပ္ခန္းေဖာက္ထြက္ေျပးသြားတာျဖစ္ၿပီး ထြက္ေျပးသူ ၂ ေယာက္ကိုေတာ့ ဗုဒၶဟူးေန႔ ညပိုင္းမွာ ျပန္ဖမ္းမိတယ္လို႔ ရဲကေျပာပါတယ္။

ထိုင္းနဲ႔ မေလး႐ွားနယ္စပ္ဘက္ကို ထြက္ေျပးသြားၾကတဲ့ ၁၇ ေယာက္ကုိ မေလး႐ွားအာဏာပိုင္ေတြနဲ႔ ပူးေပါင္း႐ွာေဖြေနတယ္လို႔ ထိုင္းႏုိင္ငံေတာင္ပိုင္း လူဝင္မႈႀကီးၾကပ္ေရးတာဝန္႐ွိသူေတြက Reuters သတင္းဌာနကုိ ေျပာပါတယ္။ ျမန္မာ၊ Cambodia နဲ႔ Laos ႏိုင္ငံေတြက အမ်ဳိးသမီး၊ အမ်ဳိးသားနဲ႔ ကေလးငယ္ေတြဟာ ထိုင္းႏိုင္ငံကို လူကုန္ကူးခံရသလို တျခားႏိုင္ငံေတြကို တရားမဝင္သြားဖုိ႔ ထိုင္းႏိုင္ငံကုိ တေထာက္နားတဲ့ ေနရာအျဖစ္ အသံုးျပဳၾကပါတယ္။

လူကုန္ကူးခံရသူေတြကို အေသအခ်ာ အကာအကြယ္မေပးဘူးလို႔ အေမရိကန္နဲ႔ လူ႔အခြင့္အေရးအဖဲြ႔ေတြက ထိုင္းအာဏာပိုင္ေတြကို ေဝဖန္ေနၾကပါတယ္။ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတြဘက္ကေန ႐ိုဟင္ဂ်ာေတြဟာ ေရေၾကာင္းလမ္းကေန ထို္င္း၊ မေလး႐ွားနဲ႔ အင္ဒိုနီ႐ွားႏုိင္ငံေတြကို သြားဖုိ႔ႀကိဳးစားၾကတာျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လေနာက္ပိုင္း ျမန္မာစစ္တပ္ရဲ႕ နယ္ေျမ႐ွင္းလင္းမႈေၾကာင့္ ႐ိုဟင္ဂ်ာသိန္းနဲ႔ခ်ီ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ထြက္သြားခဲ့ၾကပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ျမန္မာႏိုင္ငံကို ျပန္လာမယ့္ ဒုကၡသည္ေတြကို ျပန္လက္ခံဖုိ႔ အဆင္သင့္ပဲလို႔ ေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................

ထိုင်းထောင်ဖောက်ပြေးတဲ့ ရိုဟင်ဂျာတွေရှာဖွေဖို့ မလေးရှားကိုအကူအညီတောင်း

(Unicode)

ထိုင်းတောင်ပိုင်းက လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာမူဆလင်တဖွဲ့ကို ကူညီရှာဖွေပေးဖို့ ထိုင်းနိုင်ငံက မလေးရှားနိုင်ငံကို အကူအညီတောင်းလိုက်ပါတယ်။ ထိုင်းတောင်ပိုင်း Songkhla ခရိုင်မှာရှိတဲ့ အချုပ်ခန်းရဲ့ ၃ ထပ်ပြူတင်းပေါက်ကနေ အဝတ်တွေကို ကြိုးလုပ်ပြီး ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ရိုဟင်ဂျာ ၁၉ ယောက်ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ ထိုင်းရဲကပြောပါတယ်။

အဲဒီသူတွေဟာ မလေးရှားကို လူမှောင်ခိုကူးခံရစဉ် ထိုင်းမှာ ဖမ်းမိလို့ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ အယောက် ၄၀ ထဲကဖြစ်ကြပါတယ်။ သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့နိုင်ဖို့ ဆောင်ရွက်နေစဉ် ခုလို အချုပ်ခန်းဖောက်ထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးသူ ၂ ယောက်ကိုတော့ ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ ပြန်ဖမ်းမိတယ်လို့ ရဲကပြောပါတယ်။

ထိုင်းနဲ့မလေးရှားနယ်စပ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ၁၇ ယောက်ကို မလေးရှားအာဏာပိုင်တွေနဲ့ ပူးပေါင်းရှာဖွေနေတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက Reuters သတင်းဌာနကို ပြောပါတယ်။ မြန်မာ၊ Cambodia နဲ့ Laos နိုင်ငံတွေက အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေဟာ ထိုင်းနိုင်ငံကို လူကုန်ကူးခံရသလို တခြားနိုင်ငံတွေကို တရားမဝင်သွားဖို့ ထိုင်းနိုင်ငံကို တထောက်နားတဲ့ နေရာအဖြစ် အသုံးပြုကြပါတယ်။

လူကုန်ကူးခံရသူတွေကို အသေအချာ အကာအကွယ်မပေးဘူးလို့ အမေရိကန်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ထိုင်းအာဏာပိုင်တွေကို ဝေဖန်နေကြပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်ကနေ ရိုဟင်ဂျာတွေဟာ ရေကြောင်းလမ်းကနေ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီရှားနိုင်ငံတွေကို သွားဖို့ကြိုးစားကြတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာသိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်သွားခဲ့ကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ မြန်မာနိုင်ငံကို ပြန်လာမယ့် ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အဆင်သင့်ပဲလို့ ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG