သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ့ မူဆလင္ ၉၀ ေက်ာ္ ပုသိမ္တရား႐ံုးမွာ ႐ံုးထုတ္


(Zawgyi/Unicode)

ႏို၀င္ဘာလအတြင္း ဧရာ၀တီျမစ္၀ကြ်န္းေပၚ ေဒသ၊ ပုသိမ္ၿမိဳ႕နယ္ ေခ်ာင္းသာအနီး ဖမ္းဆီးမိခဲ့တဲ့ ရခိုင္ျပည္နယ္ဘက္က ၀င္လာတဲ့ မူဆလင္ ၉၃ ေယာက္ကို ဒီေန႔ ပုသိမ္ၿမိဳ႕ တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးပါတယ္။

ေဒၚသဇင္ျမင့္ျမတ္၀င္း။ ။ တခ်ိဳ႕ကေတာ့ ရခိုင္က လာတယ္လို႔ေျပာတယ္၊ တခ်ိဳ႕လည္း ဘူးသီးေတာင္ အဲ့လိုမ်ိဳး သူတို႔ေဒသေတြ ေျပာျပတယ္။ သူတို႔ ဟိုမွာ သန္းေခါင္စာရင္း ရွိတယ္ ေျပာျပတယ္။ တခ်ိဳ႕ကက်ေတာ့ Camp ထဲကေန ဒုကၡေရာက္လို႔ ထြက္ေျပးလာတယ္ေပါ့ေနာ္ အဲ့လိုမ်ိဳး ေျပာျပတယ္။ Camp ဆိုတာ စစ္ေတြ Camp သက္ကယ္ျပင္ Camp။

ေဒၚခင္ျမတ္ျမတ္ထြန္း။ ။ ၆၃ မွာ ဥပေဒမွာ ျပ႒ာန္းထားတာ ဒီ ျပစ္မႈ က်ဴးလြန္သူတိုင္းကို ျပစ္မႈ စီရင္တဲ့အခါမွာ ၂ ႏွစ္ထက္ မပိုေသာ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ျဖစ္ေစ၊ အလုပ္မဲ့ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြ ၅၀၀ ထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ေထာင္ဒဏ္ေငြဒဏ္ ၂ ရပ္လံုးျဖစ္ေစ စီရင္ရမယ္လို႔ သူတို႔က ျပ႒ာန္းထားပါတယ္။

ကေလးငယ္ ၂၀ ေက်ာ္ ပါ၀င္တဲ့ မူဆလင္ ၉၀ ေက်ာ္ကို ပုသိမ္ၿမိဳ႕နယ္ ေခ်ာင္းသာၿမိဳ႕အနီး ပင္လယ္ျပင္ကို စက္ေလွ ၂ စီးနဲ႔ ဝင္ေရာက္ခဲ့တာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ကို ခရီးဆက္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ျမန္မာတာ၀န္ရွိသူေတြက ႏို၀င္ဘာလကုန္မွာ ဖမ္းဆီးခဲ့တာပါ။

ႏို၀င္ဘာလ ၂၀ ရက္ေန႔ကလည္း ပုသိမ္ၿမိဳ႕နယ္ ေရႊေသာင္ယံ အနီးမွာ စစ္ေတြၿမိဳ႕ သကၠယ္ျပင္ရြာက ထြက္လာတယ္ဆိုတဲ့ မူဆလင္ ၂၂ ေယာက္ကို တာ၀န္ရွိသူေတြ ဖမ္းဆီးခဲ့ပါတယ္။

ဖမ္းဆီးခံရသူေတြကို ႐ိုဟင္ဂ်ာဒုကၡသည္ေတြအျဖစ္ ႏိုင္ငံတကာ သတင္းေတြမွာ ေဖၚျပေပမဲ့ ျမန္မာအစိုးရဘက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံပါဘူး။ သူတို႔ကို ျပည္ေထာင္စုျမန္မာႏိုင္ငံအတြင္း ေနထိုင္သူမ်ား မွတ္ပုံတင္ေရး ဥပေဒအက္ဥပေဒေတြနဲ႔ ျမန္မာအာဏာပိုင္ေတြဘက္က တရားစြဲဆိုထားပါတယ္။

ဒုကၡသည္ေတြ အခ်ဳပ္ခန္းထဲမွာ က်ပ္သိပ္ၿပီး ေနေနရတဲ့အေျခအေနနဲ႔ တရားရင္ဆိုင္ဖို႔ ေစာင့္စားေနတဲ့ ဗြီဒီယိုေတြကို Fortify Rights လူ႔အခြင့္အေရးအဖြဲ႔က မၾကာေသးခင္ရက္ပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အထောက်အထားမဲ့ မူဆလင် ၉၀ ကျော် ပုသိမ်တရားရုံးမှာ ရုံးထုတ်

နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ၊ ပုသိမ်မြို့နယ် ချောင်းသာအနီး ဖမ်းဆီးမိခဲ့တဲ့ ရခိုင်ပြည်နယ်ဘက်က ဝင်လာတဲ့ မူဆလင် ၉၃ ယောက်ကို ဒီနေ့ ပုသိမ်မြို့ တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။

ဒေါ်သဇင်မြင့်မြတ်ဝင်း။ ။ တချို့ကတော့ ရခိုင်က လာတယ်လို့ပြောတယ်၊ တချို့လည်း ဘူးသီးတောင် အဲ့လိုမျိုး သူတို့ဒေသတွေ ပြောပြတယ်။ သူတို့ ဟိုမှာ သန်းခေါင်စာရင်းရှိတယ် ပြောပြတယ်။ တချို့ကကျတော့ Camp ထဲကနေ ဒုက္ခရောက်လို့ ထွက်ပြေးလာတယ်ပေါ့နော် အဲ့လိုမျိုး ပြောပြတယ်။ Camp ဆိုတာ စစ်တွေ Camp သက်ကယ်ပြင် Camp။

ဒေါ်ခင်မြတ်မြတ်ထွန်း။ ။ ၆၃ မှာ ဥပဒေမှာ ပြဋ္ဌာန်းထားတာ ဒီ ပြစ်မှု ကျူးလွန်သူတိုင်းကို ပြစ်မှု စီရင်တဲ့အခါမှာ ၂ နှစ်ထက် မပိုသော အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဖြစ်စေ၊ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေ ၅၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ် ၂ ရပ်လုံးဖြစ်စေ စီရင်ရမယ်လို့ သူတို့က ပြဋ္ဌာန်းထားပါတယ်။

ကလေးငယ် ၂၀ ကျော်ပါဝင်တဲ့ မူဆလင် ၉၀ ကျော်ကို ပုသိမ်မြို့နယ် ချောင်းသာမြို့အနီး ပင်လယ်ပြင်ကို စက်လှေ ၂ စီးနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ကို ခရီးဆက်ဖို့ ပြင်ဆင်နေချိန်မှာ မြန်မာတာဝန်ရှိသူတွေက နိုဝင်ဘာလကုန်မှာ ဖမ်းဆီးခဲ့တာပါ။

နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း ပုသိမ်မြို့နယ် ရွှေသောင်ယံ အနီးမှာ စစ်တွေမြို့ သက္ကယ်ပြင်ရွာက ထွက်လာတယ်ဆိုတဲ့ မူဆလင် ၂၂ ယောက်ကို တာဝန်ရှိသူတွေ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေကို ရိုဟင်ဂျာဒုက္ခသည်တွေအဖြစ် နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြပေမဲ့ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ သူတို့ကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေအက်ဥပဒေတွေနဲ့ မြန်မာအာဏာပိုင်တွေဘက်က တရားစွဲဆိုထားပါတယ်။

ဒုက္ခသည်တွေ အချုပ်ခန်းထဲမှာ ကျပ်သိပ်ပြီး နေနေရတဲ့အခြေအနေနဲ့ တရားရင်ဆိုင်ဖို့ စောင့်စားနေတဲ့ ဗွီဒီယိုတွေကို Fortify Rights လူ့အခွင့်အရေးအဖွဲ့က မကြာသေးခင်ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG