သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ အမႈစာရင္းက ပယ္ဖ်က္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္ထား


(Zawgyi/Unicode)

ျမန္မာႏုိင္ငံအေပၚ စြဲဆိုထားတဲ့အမႈကို ICJ အမႈစာရင္းထဲကေန ပယ္ဖ်က္ေပးဖို႔ ျမန္မာႏုိုင္ငံကိုယ္စား ေလွ်ာက္လဲ တဲ့ ႏုိင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ၾကားနာပြဲေနာက္ဆံုးရက္ ၾကာသပေတးေန႔မွာ တင္ျပသြားပါတယ္။ ျမန္မာ ႏုိင္ငံက မတူကြဲျပားတဲ့ လူမႈအဝန္းအဝိုင္းေတြၾကား ႀကိဳးစားတည္ေဆာက္ေနတဲ့ ျပန္လည္သင့္ျမတ္ေရးကို ထိိိခိုက္ေစမယ့္လုပ္ရပ္ ေတြကို ေရွာင္ဖို႔လည္း သတိေပးေျပာဆိုပါတယ္။ ICJ ေနာက္ဆံုးေန႔ ၾကားနာပြဲအတြင္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေရွ႕ေနေတြရဲ႕ တင္ျပခ်က္ေတြထဲက ေကာက္ႏုတ္ၿပီး ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

ျမန္မာႏုိင္ငံမွာ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြအေပၚ လူမ်ဳိးတံုးသတ္ျဖတ္မႈ က်ဴးလြန္ထားတဲ့အတြက္ ဒီလုပ္ရပ္ေတြ ဆက္ၿပီးမျဖစ္ေအာင္ တားဆီးေရး ျမန္မာႏိုင္ငံက ၾကားျဖတ္ လိုက္နာလုပ္ေဆာင္ရမယ့္ အခ်က္ေတြကို ခ်မွတ္ေပးဖို႔ အျပည္ျပည္ဆုိင္ရာ တရား ခံု႐ံုး ICJ မွာ ဂမ္ဘီယာက ေလွ်ာက္ထားတဲ့အေပၚ ႏွစ္ဘက္ အျပန္အလွန္ ေလွ်ာက္လဲတင္ျပခ်က္ေတြကို တရားသူႀကီးေတြ ၾကားနာတာ ၾကာသပေတးေန႔က ၿပီးဆံုးသြားပါၿပီ။
႐ိုဟင္ဂ်ာလို႔ေခၚဆိုတာကို လက္မခံတဲ့ ျမန္မာႏုိင္ငံကိုယ္စား အခုၾကားနာပြဲမွာ အဆံုးသတ္ ေလွ်ာက္လဲတင္ျပသူက ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ပါ။

“ဒီဇင္ဘာလ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိလုပ္တဲ့ ၾကားနာပြဲအတြင္း တင္ျပသြားတဲ့ အေၾကာင္းျပခ်က္ေတြ၊ သင့္ေတာ္တယ္လုိ႔ ႐ံုးေတာ္ကယူဆတဲ့ တျခားအေၾကာင္းျပခ်က္ေတြအတြက္ တရား႐ံုး လုပ္ထံုးလုပ္နည္းျပဌာန္းခ်က္ ပုဒ္မ ၆၀၊ စာပိုဒ္ ၂ နဲ႔အညီ ျမန္မာႏုိ္င္ငံအေနနဲ႔ ႐ံုးေတာ္ကို ပန္ၾကားလိုတာကေတာ့ ဒီအမႈကို ႐ံုးေတာ္ကၾကားနာမယ့္ အမႈစာရင္းထဲကေန ပယ္ဖ်က္ေပးဖို႔၊ တျခားတနည္းအေနနဲ႔ဆိုရင္ ဂမ္ဘီယာႏုိင္ငံက တင္သြင္းထားတဲ့ ၾကားျဖတ္အေရးယူ ေဆာင္ရြက္ခ်က္ေတြ ခ်မွတ္ေပးေရး ပန္ၾကားခ်က္ကို ပယ္ခ်ေပးဖို႔ျဖစ္ပါတယ္။”

႐ံုးေတာ္ကခ်မွတ္မယ့္ ဆံုးျဖတ္ခ်က္ဟာ ကြဲျပားမႈေတြၾကားကေန ညီၫြတ္မႈတည္ေဆာက္ႏုိင္ေရး အေထာက္အကူျဖစ္ေစဖို႔ ဆုေတာင္းပါေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ကေျပာၿပီး ျပန္လည္သင့္ျမတ္ေရး ထိခိုက္ေစမယ့္ လုပ္ရပ္ေတြနဲ႔ပတ္သက္လို႔ သတိေပးသြားပါတယ္။

“ယံုၾကည္မႈရဖို႔ရာ သိပ္ႀကီးခိုင္မာမႈမရွိလွေသးတဲ့ အေျခခံအုတ္ျမစ္ကို စတင္တည္ေဆာက္ေနတဲ့ လူမႈအဝန္းအဝိုင္း ေတြၾကား သံသယ ျဖစ္ေပၚေစမယ့္၊ မယံုၾကည္မႈေတြ ျပန္႔ပြားေစမယ့္ ဒါမွမဟုတ္ ခံစားခ်က္ျဖစ္ေပၚေစမယ့္ လုပ္ရပ္ေတြဟာ ျပန္လည္သင့္ျမတ္ေရးကို ထိခိုက္ေစႏုိင္ပါတယ္။ Arakan Army နဲ႔ ျမန္မာကာကြယ္ေရးတပ္ဖြဲ႔ေတြၾကား ဆက္ျဖစ္ေနတဲ့ လက္နက္ကိုင္ပဋိပကၡ အဆံုးသတ္ေရးဟာ က်မတို႔ႏုိင္ငံအတြက္ သိပ္ကိုအေရးႀကီးပါတယ္။ ဒါေပမယ့္ ရခိုင္ေျမာက္ပိုင္းမွာ ၂၀၁၆ ကေန ၂၀၁၇ ခုႏွစ္အထိျဖစ္ခဲ့တဲ့ ျပည္တြင္း လက္နက္ကိုင္ပဋိပကၡမ်ဳိးျဖစ္ေအာင္ ျပန္ၿပီး မီးေမႊးတာမ်ဳိးကို ေရွာင္ရွားဖို႔ကလည္း တန္းတူအေရးႀကီးပါတယ္။”

လူမႈအဝန္းအဝိုင္းေတြၾကား ျပန္လည္သင့္ျမတ္ေရးအတြက္ လုပ္ေဆာင္ေနတာမွာ မၾကာေသးခင္က ေမာင္ေတာၿမိဳ႕မွာလုပ္တဲ့ ေဘာလံုးၿပိဳင္ပြဲတခုမွာ အဲဒီေဒသမွာေနထိုင္တဲ့ လူမ်ဳိးဘာသာေပါင္းစံုက အားကစားသမားေတြ၊ ပြဲၾကည့္ပရိသတ္ေတြ ပါဝင္ခဲ့တာ ကို နမူနာတခုအျဖစ္ ပံုျပၿပီး ေဒၚေအာင္ဆန္းစုၾကည္က ထည့္သြင္းေျပာဆိုသြားပါတယ္။

ယူေကနဲ႔ အေမရိကန္အပါအဝင္ တျခားႏုိင္ငံေတြမွာလိုပဲ ျမန္မာႏိုင္ငံမွာလည္း စစ္ဘက္တရားစီရင္ေရးစနစ္ ရွိတဲ့အေၾကာင္းနဲ႔ ျမန္မာႏုိင္ငံမွာ အေျခခံဥပေဒအရ ေဖာ္ေဆာင္တဲ့ ဒီမိုကေရစီနဲ႔ တရားဥေဒစိုးမိုးေရးကို ထူေထာင္ဖို႔ အေလးအနက္ရွိတယ္ဆိုရင္ ျမန္မာႏုိင္ငံရဲ႕ အေျခခံဥပေဒကို လ်စ္လ်ဴ႐ႈမထားႏုိင္ လ်စ္လ်ဴ႐ႈမထားသင့္ဘူးဆိုတာ ေဒၚေအာင္ဆန္းစုၾကည္က ေထာက္ျပ ပါတယ္။

ေမာင္ေတာၿမိဳ႕နယ္၊ ဂူတာျပင္ေက်းရြာမွာ ျဖစ္ပ်က္ခ့ဲတာနဲ႔ပတ္သက္လို႔ စစ္ခံု႐ံုးနဲ႔စစ္ေဆးေနၿပီး သီးျခားလြတ္လပ္ေသာ စံုစမ္း စစ္ေဆးေရးေကာ္မရွင္ (ICOE) ရဲ႕ ေနာက္ဆံုးအစီရင္ခံစာ သီတင္းပတ္အနည္းငယ္အတြင္း ထြက္လာၿပီးရင္ ေနာက္ထပ္ စစ္ခံု႐ံုး တင္စစ္ေဆးတာေတြ ရွိလာမယ္ဆိုတာ အခုိ္င္အမာ ယံုၾကည္တဲ့အေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ျမန္မာႏုိင္ငံဘက္က ေရွ႕ေနနဲ႔အၾကံေပးအဖြဲ႔ဝင္တဦးျဖစ္သူ မစၥတာ Christopher Staker က ၾကာသပေတးေန႔မနက္ပိုင္း ဂမ္ဘီ ယာႏုိင္ငံဘက္က တင္ျပခ်က္ထဲမွာပါတဲ့ ဂမ္ဘီယာက ျမန္မာကို တရားစြဲပိုင္ခြင့္ဆိုင္ရာ၊ ICJ က ဒီအမႈကို လက္ခံစီရင္ပိုင္ခြင့္ ဆိုင္ရာနဲ႔ ျမန္မာႏုိင္ငံအေနနဲ႔ ၾကားျဖတ္ စီမံေဆာင္ရြက္ရမယ့္ လုပ္ေဆာင္ခ်က္ေတြကို ခ်မွတ္ေပးေရး ဂမ္ဘီယာႏုိင္ငံက ပန္ၾကား ထားတာေတြအေပၚ တခ်က္ျခင္း တုံ႔ျပန္ ေခ်ပသြားပါတယ္။

အခုလိုတရားစြဲတာမွာ ဂမ္ဘီယာႏုိင္ငံဟာ လူမ်ဳိးတံုးသတ္ျဖတ္မႈ တားဆီးကာကြယ္ေရးဆိုင္ရာ ႏုိင္ငံတကာ သေဘာတူညီခ်က္ Genocide Convention ကို လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႔ဝင္ႏုိင္ငံတခုအေနနဲ႔ တရားစြဲဆိုတာမဟုတ္ဘဲ ႏုိ္င္ငံတကာ အဖြဲ႔ အစည္းတခုရဲ႕ကိုယ္စား တရားစြဲဆိုတာျဖစ္တယ္လုိ႔ မစၥတာ Staker က ေထာက္ျပၿပီး ဒီအခ်က္ေၾကာင့္ ဂမ္ဘီယာက ျမန္မာကို တရားစြဲပိုင္ခြင့္မရွိဘူးဆိုတာ ICJ ႐ံုးေတာ္မွာ တင္ျပသြာပါတယ္။ ဒီေနရာမွာ သူ အဓိက ထည့္သြင္းေဖာ္ျပသြားတဲ့အဖြဲ႔ကေတာ့ အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ (OIC) ျဖစ္ပါတယ္။

“တရားစြဲဆိုဖို႔ ေလွ်ာက္ထားခ်က္ကို ဂမ္ဘီယာက သူ႔ႏုိင္ငံအမည္နဲ႔ လက္မွတ္ေရးထိုး တင္ျပခဲ့ပါတယ္။ ဒါေပမယ့္ ဒီေလွ်ာက္ထားခ်က္ကို OIC ကိုယ္စားတင္ျပခဲ့တယ္၊ OIC ရန္ပံုေငြကေန ဘ႑ာေငြေၾကး ေထာက္ပံ့တာျဖစ္တယ္ဆိုတာ မေန႔က က်ေနာ္တင္ျပခဲ့တဲ့ အေထာက္အထားေတြမွာ ရွင္းရွင္းလင္းလင္း ေတြ႔ရၿပီးျဖစ္ပါတယ္။ ဒီအေထာက္အထားကို က်ေနာ္ ထပ္ၿပီး မတင္ျပေတာ့ပါဘူး။”

ပါေမာကၡ William Schabas ကေတာ့ ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္ေတြမွာ အဓိကကိုးကားထားတဲ့ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးအဖြဲ႔ရဲ႕ ၂၀၁၉ ခုနွစ္ အစီရင္ခံစာပါ အားနည္းခ်က္ေတြကို ေထာက္ျပၿပီး အခုႏွစ္ပိုင္းအတြင္း ျမန္မာႏုိင္ငံမွာ လူမ်ဳိးတံုး သတ္ျဖတ္မႈဆိုင္ရာ ရည္မွန္းခ်က္ေတြ ပိုမ်ားလာတယ္ဆိုတဲ့ ေျပာဆိုခ်က္ကို ပယ္ခ်ပါတယ္။
ဒါ့အျပင္ ျမန္မာႏုိင္ငံမွာ အမုန္းတရားျပန္႔ေအာင္ လုပ္ေနတယ္ဆိုတဲ့ ဂမ္ဘီယာႏုိင္ငံရဲ႕ တင္ျပခ်က္အေပၚမွာလည္း ပါေမာကၡ Schabas က အခုလို တုံ႔ျပန္တင္ျပသြားပါတယ္။

“႐ံုးေတာ္ သဘာပတိနဲ႔ အဖြဲ႔ဝင္မ်ားခင္ဗ်ား၊ အမုန္းစကားဆိုတာ ျမန္မာႏုိင္ငံမွာမွ ျဖစ္ေနတဲ့ကိစၥတခု မဟုတ္ပါဘူး။ ကမာၻ႔ေနရာ အမ်ားအျပားမွာ ႏုိင္ငံအမ်ားအျပားမွာ အမုန္းစကားေျပာဆိုတာေတြ ရွိ႐ံုသာမကပါဘူး၊ ဒီကိစၥကို တရားဥပေဒအရ ဘယ္လို ကိုင္တြယ္လုပ္ေဆာင္သင့္တယ္ ဆိုတဲ့အေပၚ ေဆြးေႏြး ျငင္းခုန္တာေတြလည္း အျပင္းအထန္ ရွိေနတာပါ။ ဒီကိစၥဟာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာခြင့္ နဲ႔ ဆိုင္တယ္ဆိုၿပီး တခ်ဳိ႕ႏို္င္ငံေတြက ေျပာၾကတာေတာင္ရွိပါတယ္။”

ျမန္မာႏိုင္ငံမွာ အမုန္းစကားျဖန္႔ေနတာ အစုိးရမဟုတ္ဘဲ လူပုဂၢိဳလ္တဦးခ်င္းစီရဲ႕လုပ္ရပ္ ျဖစ္တယ္ဆိုၿပီးေတာ့လည္း ပါေမာကၡ Schabas က ေထာက္ျပ ေျပာဆိုသြားပါတယ္။
ICJ မွာ ဂမ္ဘီယာနဲ႔ ျမန္မာတို႔ သံုးရက္အတြင္း ႏွစ္ႀကိမ္စီ အသီးသီး တင္ျပေလွ်ာက္လဲၾကၿပီးတဲ့ေနာက္ ျမန္မာႏုိင္ငံက ၾကားျဖတ္ လိုက္နာလုပ္ေဆာင္ရမယ့္ အခ်က္ေတြကို ICJ က ဆံုးျဖတ္ ခ်မွတ္ေပးေရး ဂမ္ဘီယာက ေလွ်ာက္ထားပန္ၾကားတဲ့အေပၚ ၾကားနာ ပြဲ ၿပီးဆံုးသြားၿပီျဖစ္ပါတယ္။ ဂမ္ဘီယာရဲဲ႕ ပန္ၾကားခ်က္အေပၚ သတ္မွတ္ခ်ိန္အတြင္း ဆံုးျဖတ္ခ်က္ခ်မွတ္ၿပီး အခုၾကားနာပြဲလိုပဲ အမ်ားျပည္သူ တိုက္႐ိုက္သိရွိႏုိ္င္တဲ့ တရားခြင္မွာ ေၾကညာမယ္လုိ႔ အဆံုးသတ္မွာ ICJ ခံု႐ံုးသဘာပတိက ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ICJ အမှုစာရင်းက ပယ်ဖျက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် လျှောက်ထား
(Unicode)

မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှုကို ICJ အမှုစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့ မြန်မာနိုင်ငံကိုယ်စား လျှောက်လဲ တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကြားနာပွဲနောက်ဆုံးရက် ကြာသပတေးနေ့မှာ တင်ပြသွားပါတယ်။ မြန်မာ နိုင်ငံက မတူကွဲပြားတဲ့ လူမှုအဝန်းအဝိုင်းတွေကြား ကြိုးစားတည်ဆောက်နေတဲ့ ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေမယ့်လုပ်ရပ် တွေကို ရှောင်ဖို့လည်း သတိပေးပြောဆိုပါတယ်။ ICJ နောက်ဆုံးနေ့ ကြားနာပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေရဲ့ တင်ပြချက်တွေထဲက ကောက်နုတ်ပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတဲ့အတွက် ဒီလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး မြန်မာနိုင်ငံက ကြားဖြတ် လိုက်နာလုပ်ဆောင်ရမယ့် အချက်တွေကို ချမှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရား ခုံရုံး ICJ မှာ ဂမ်ဘီယာက လျှောက်ထားတဲ့အပေါ် နှစ်ဘက် အပြန်အလှန် လျှောက်လဲတင်ပြချက်တွေကို တရားသူကြီးတွေ ကြားနာတာ ကြာသပတေးနေ့က ပြီးဆုံးသွားပါပြီ။
ရိုဟင်ဂျာလို့ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာနိုင်ငံကိုယ်စား အခုကြားနာပွဲမှာ အဆုံးသတ် လျှောက်လဲတင်ပြသူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါ။

“ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိလုပ်တဲ့ ကြားနာပွဲအတွင်း တင်ပြသွားတဲ့ အကြောင်းပြချက်တွေ၊ သင့်တော်တယ်လို့ ရုံးတော်ကယူဆတဲ့ တခြားအကြောင်းပြချက်တွေအတွက် တရားရုံး လုပ်ထုံးလုပ်နည်းပြဌာန်းချက် ပုဒ်မ ၆၀၊ စာပိုဒ် ၂ နဲ့အညီ မြန်မာနိုင်ငံအနေနဲ့ ရုံးတော်ကို ပန်ကြားလိုတာကတော့ ဒီအမှုကို ရုံးတော်ကကြားနာမယ့် အမှုစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့၊ တခြားတနည်းအနေနဲ့ဆိုရင် ဂမ်ဘီယာနိုင်ငံက တင်သွင်းထားတဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ချက်တွေ ချမှတ်ပေးရေး ပန်ကြားချက်ကို ပယ်ချပေးဖို့ဖြစ်ပါတယ်။”

ရုံးတော်ကချမှတ်မယ့် ဆုံးဖြတ်ချက်ဟာ ကွဲပြားမှုတွေကြားကနေ ညီညွတ်မှုတည်ဆောက်နိုင်ရေး အထောက်အကူဖြစ်စေဖို့ ဆုတောင်းပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပြီး ပြန်လည်သင့်မြတ်ရေး ထိခိုက်စေမယ့် လုပ်ရပ်တွေနဲ့ပတ်သက်လို့ သတိပေးသွားပါတယ်။

“ယုံကြည်မှုရဖို့ရာ သိပ်ကြီးခိုင်မာမှုမရှိလှသေးတဲ့ အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်နေတဲ့ လူမှုအဝန်းအဝိုင်း တွေကြား သံသယ ဖြစ်ပေါ်စေမယ့်၊ မယုံကြည်မှုတွေ ပြန့်ပွားစေမယ့် ဒါမှမဟုတ် ခံစားချက်ဖြစ်ပေါ်စေမယ့် လုပ်ရပ်တွေဟာ ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်ပါတယ်။ Arakan Army နဲ့ မြန်မာကာကွယ်ရေးတပ်ဖွဲ့တွေကြား ဆက်ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးဟာ ကျမတို့နိုင်ငံအတွက် သိပ်ကိုအရေးကြီးပါတယ်။ ဒါပေမယ့် ရခိုင်မြောက်ပိုင်းမှာ ၂၀၁၆ ကနေ ၂၀၁၇ ခုနှစ်အထိဖြစ်ခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခမျိုးဖြစ်အောင် ပြန်ပြီး မီးမွှေးတာမျိုးကို ရှောင်ရှားဖို့ကလည်း တန်းတူအရေးကြီးပါတယ်။”

လူမှုအဝန်းအဝိုင်းတွေကြား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်နေတာမှာ မကြာသေးခင်က မောင်တောမြို့မှာလုပ်တဲ့ ဘောလုံးပြိုင်ပွဲတခုမှာ အဲဒီဒေသမှာနေထိုင်တဲ့ လူမျိုးဘာသာပေါင်းစုံက အားကစားသမားတွေ၊ ပွဲကြည့်ပရိသတ်တွေ ပါဝင်ခဲ့တာ ကို နမူနာတခုအဖြစ် ပုံပြပြီး ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားပါတယ်။

ယူကေနဲ့ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံမှာလည်း စစ်ဘက်တရားစီရင်ရေးစနစ် ရှိတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ အခြေခံဥပဒေအရ ဖော်ဆောင်တဲ့ ဒီမိုကရေစီနဲ့ တရားဥဒေစိုးမိုးရေးကို ထူထောင်ဖို့ အလေးအနက်ရှိတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကို လျစ်လျူရှုမထားနိုင် လျစ်လျူရှုမထားသင့်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပါတယ်။

မောင်တောမြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်လို့ စစ်ခုံရုံးနဲ့စစ်ဆေးနေပြီး သီးခြားလွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ နောက်ဆုံးအစီရင်ခံစာ သီတင်းပတ်အနည်းငယ်အတွင်း ထွက်လာပြီးရင် နောက်ထပ် စစ်ခုံရုံး တင်စစ်ဆေးတာတွေ ရှိလာမယ်ဆိုတာ အခိုင်အမာ ယုံကြည်တဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံဘက်က ရှေ့နေနဲ့အကြံပေးအဖွဲ့ဝင်တဦးဖြစ်သူ မစ္စတာ Christopher Staker က ကြာသပတေးနေ့မနက်ပိုင်း ဂမ်ဘီ ယာနိုင်ငံဘက်က တင်ပြချက်ထဲမှာပါတဲ့ ဂမ်ဘီယာက မြန်မာကို တရားစွဲပိုင်ခွင့်ဆိုင်ရာ၊ ICJ က ဒီအမှုကို လက်ခံစီရင်ပိုင်ခွင့် ဆိုင်ရာနဲ့ မြန်မာနိုင်ငံအနေနဲ့ ကြားဖြတ် စီမံဆောင်ရွက်ရမယ့် လုပ်ဆောင်ချက်တွေကို ချမှတ်ပေးရေး ဂမ်ဘီယာနိုင်ငံက ပန်ကြား ထားတာတွေအပေါ် တချက်ခြင်း တုံ့ပြန် ချေပသွားပါတယ်။

အခုလိုတရားစွဲတာမှာ ဂမ်ဘီယာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် Genocide Convention ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ တရားစွဲဆိုတာမဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့ အစည်းတခုရဲ့ကိုယ်စား တရားစွဲဆိုတာဖြစ်တယ်လို့ မစ္စတာ Staker က ထောက်ပြပြီး ဒီအချက်ကြောင့် ဂမ်ဘီယာက မြန်မာကို တရားစွဲပိုင်ခွင့်မရှိဘူးဆိုတာ ICJ ရုံးတော်မှာ တင်ပြသွာပါတယ်။ ဒီနေရာမှာ သူ အဓိက ထည့်သွင်းဖော်ပြသွားတဲ့အဖွဲ့ကတော့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ဖြစ်ပါတယ်။

“တရားစွဲဆိုဖို့ လျှောက်ထားချက်ကို ဂမ်ဘီယာက သူ့နိုင်ငံအမည်နဲ့ လက်မှတ်ရေးထိုး တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီလျှောက်ထားချက်ကို OIC ကိုယ်စားတင်ပြခဲ့တယ်၊ OIC ရန်ပုံငွေကနေ ဘဏ္ဍာငွေကြေး ထောက်ပံ့တာဖြစ်တယ်ဆိုတာ မနေ့က ကျနော်တင်ပြခဲ့တဲ့ အထောက်အထားတွေမှာ ရှင်းရှင်းလင်းလင်း တွေ့ရပြီးဖြစ်ပါတယ်။ ဒီအထောက်အထားကို ကျနော် ထပ်ပြီး မတင်ပြတော့ပါဘူး။”

ပါမောက္ခ William Schabas ကတော့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေမှာ အဓိကကိုးကားထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာပါ အားနည်းချက်တွေကို ထောက်ပြပြီး အခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ရည်မှန်းချက်တွေ ပိုများလာတယ်ဆိုတဲ့ ပြောဆိုချက်ကို ပယ်ချပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အမုန်းတရားပြန့်အောင် လုပ်နေတယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တင်ပြချက်အပေါ်မှာလည်း ပါမောက္ခ Schabas က အခုလို တုံ့ပြန်တင်ပြသွားပါတယ်။

“ရုံးတော် သဘာပတိနဲ့ အဖွဲ့ဝင်များခင်ဗျား၊ အမုန်းစကားဆိုတာ မြန်မာနိုင်ငံမှာမှ ဖြစ်နေတဲ့ကိစ္စတခု မဟုတ်ပါဘူး။ ကမ္ဘာ့နေရာ အများအပြားမှာ နိုင်ငံအများအပြားမှာ အမုန်းစကားပြောဆိုတာတွေ ရှိရုံသာမကပါဘူး၊ ဒီကိစ္စကို တရားဥပဒေအရ ဘယ်လို ကိုင်တွယ်လုပ်ဆောင်သင့်တယ် ဆိုတဲ့အပေါ် ဆွေးနွေး ငြင်းခုန်တာတွေလည်း အပြင်းအထန် ရှိနေတာပါ။ ဒီကိစ္စဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် နဲ့ ဆိုင်တယ်ဆိုပြီး တချို့နိုင်ငံတွေက ပြောကြတာတောင်ရှိပါတယ်။”

မြန်မာနိုင်ငံမှာ အမုန်းစကားဖြန့်နေတာ အစိုးရမဟုတ်ဘဲ လူပုဂ္ဂိုလ်တဦးချင်းစီရဲ့လုပ်ရပ် ဖြစ်တယ်ဆိုပြီးတော့လည်း ပါမောက္ခ Schabas က ထောက်ပြ ပြောဆိုသွားပါတယ်။
ICJ မှာ ဂမ်ဘီယာနဲ့ မြန်မာတို့ သုံးရက်အတွင်း နှစ်ကြိမ်စီ အသီးသီး တင်ပြလျှောက်လဲကြပြီးတဲ့နောက် မြန်မာနိုင်ငံက ကြားဖြတ် လိုက်နာလုပ်ဆောင်ရမယ့် အချက်တွေကို ICJ က ဆုံးဖြတ် ချမှတ်ပေးရေး ဂမ်ဘီယာက လျှောက်ထားပန်ကြားတဲ့အပေါ် ကြားနာ ပွဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဂမ်ဘီယာရဲ့ ပန်ကြားချက်အပေါ် သတ်မှတ်ချိန်အတွင်း ဆုံးဖြတ်ချက်ချမှတ်ပြီး အခုကြားနာပွဲလိုပဲ အများပြည်သူ တိုက်ရိုက်သိရှိနိုင်တဲ့ တရားခွင်မှာ ကြေညာမယ်လို့ အဆုံးသတ်မှာ ICJ ခုံရုံးသဘာပတိက ပြောသွားပါတယ်။

XS
SM
MD
LG