သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ မွာ ျမန္မာဘက္က ေနာက္ဆုံးေလွ်ာက္လဲခ်က္မ်ား


ICJ မွာ ဂမ္ဘီယာ ေနာက္ဆံုးေလွ်ာက္လဲခ်က္တင္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈ တားျမစ္ေရးဆိုင္ရာ ႏိုင္ငံတကာသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ ICJ ႏိုင္ငံတကာ တရားရံုးမွာ တရားစြဲထားတဲ့အမႈကုိ စြဲခ်က္တင္ထားသူ ဂမ္ဘီယာအစုိးရနဲ႔ ခုခံေခ်ပသူ ျမန္မာႏုိင္ငံတုိ႔ မေန႔ ဒီဇင္ဘာ ၁၂ ရက္ေန႔က ေနာက္ဆုံး အၿပီးသတ္ ေလွ်ာက္လဲခ်က္ေတြ တင္သြင္းခဲ့ၾကပါတယ္။

နယ္သာလန္ႏုိင္ငံ၊ The Hague ၿမိဳ႕မွာ ေရာက္ေနတဲ့ ဗီြအုိေအ ျမန္မာပုိင္း အယ္ဒီတာ ဦးေက်ာ္ဇံသာကုိ ကုိေဇာ္၀င္းလႈိင္က ဆက္သြယ္ ေမးျမန္းတာမွာ မေန႔က ျမန္မာႏုိင္ငံဘက္က ေနာက္ဆုံး ေလွ်ာက္လဲခ်က္ တင္သြင္းခဲ့တဲ့ အေျခအေနေတြကုိ ဦးေက်ာ္ဇံသာ အခုလုိ စေျပာပါတယ္။

ဦးေက်ာ္ဇံသာ ။ ။ ဟုတ္ကဲ့ တဘက္ကို မိနစ္ ၉၀ ေလွ်ာက္လဲြလို႔ရတဲ့အထဲမွာ ျမန္မာဘက္က ညေနပိုင္း ေလွ်ာက္လဲတဲ့အခါမွာေတာ့ ပုဂၢိဳလ္ ၃ ဦးက ျပန္လွန္ေခ်ပပါတယ္။ ပထမတေယာက္ကေတာ့ Christopher Staker ဆိုတဲ့ ေရွ႕ေနျဖစ္ပါတယ္။ သူေျပာတဲ့အထဲမွာ တရားဥပေဒနဲ႔ ပတ္သက္ၿပီးေတာ့ Prima Facie jurisdiction စီရင္ႏိုင္ခြင့္ ရွိမရွိဆိုတာရယ္၊ Standing ဆုိတာရယ္ ၂ ပိုင္း ခြဲေျပာပါတယ္။ Jurisdiction ဆိုတာက ဒီကိစၥမွာ အဓိကအားျဖင့္ ဂမ္ဘီယာည္ OIC ရဲ႕ Proxy တဆင့္ခံအျဖစ္ တရားစြဲတာျဖစ္တဲ့အတြက္ဂမ္ဘီယာ ဒီကိစၥကုိ စြဲပုိင္ခြင့္ မရွိဘူး၊ ပါတီမျဖစ္သင့္ဘူး၊ တရားၿပိဳင္ဆိုင္တဲ့သူ ျဖစ္ႏိုင္ရဲ႕လားဆိုတာကို အဓိက ေမးခြန္းထုတ္ပါတယ္၊ နံပတ္တစ္အေနနဲ႔က။ ေနာက္တခုကေတာ့ Standing ဆိုတာက တရားဥပေဒအရ ဒီျဖစ္ခဲ့တဲ့ ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီးေတာ့ နစ္နာမႈရွိတဲ့ ႏိုင္ငံသည္သာလွ်င္ ေလွ်ာက္ထားႏိုင္တယ္ဆိုတဲ့ ဥပေဒကို သူက ေထာက္ျပပါတယ္။ အဲဒီေတာ့ အဲဒါက Legal standing ။

အဲဒီေတာ့ ဒီ ဂမ္ဘီယာႏိုင္ငံဟာ ဒီကိစၥမွာ နစ္နာမႈရွိတဲ့ ႏိုင္ငံမဟုတ္တဲ့အတြက္ သူဟာ Prima Facie standing မရွိဘူးဆိုၿပီးေတာ့ သူကေျပာပါတယ္။ ဆိုေတာ့ တကယ္တမ္း နစ္နာတယ္ဆိုရင္လည္း ျဖစ္ခဲ့တာကေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံျဖစ္တယ္။ သို႔ေသာ္လည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ Article 8 ကို သူတုိ႔က Reserve လုပ္ထားတယ္၊ အဲဒါကုိ လက္မွတ္မထိုး၊ သေဘာမူဘဲ ေျပာထားတဲ့အတြက္ေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကလည္း ဒီကိစၥကို မေလွ်ာက္လဲႏိုင္ဘူးျဖစ္တယ္ ဆုိၿပီးေတာ့ အဲဒီအခ်က္ကို သူက အဓိကထားဦးစားေပး ေျပာသြားပါတယ္၊ ပထမ ေရွ႕ေနႀကီး တဦးကေတာ့။

ေမး။ ။ ဒုတိယေရွ႕ေနတဦးျဖစ္တဲ့ William Schabas ကေရာခင္ဗ်၊ ဒီေန႔ ေနာက္ဆံုးေန႔မွာ သူဘက္က တင္ျပခ်က္ေတြက ဘာေတြမ်ား ထူးျခားမႈရွိပါသလဲ။

ဦးေက်ာ္ဇံသာ။ ။ William Schabas ေခ်ပခ်က္ကေတာ့ ဥပေဒေၾကာင္းအရ ေခ်ပပါတယ္။ အဓိကအားျဖင့္ ပထမဦးဆံုး စိန္ေခၚတာကေတာ့ Facts Finding Mission လို႔ေခၚတဲ့ ကုလသမဂၢ အစီရင္ခံစာေတြရဲ႕ အားနည္းခ်က္ကို အဓိက ေျပာပါတယ္။ ေနာက္ၿပီးေတာ့ Intent ၊ Genocide က်ဴးလြန္မယ့္ ရည္ရြယ္ခ်က္ဟာ အခုခါမွာ ပိုၿပီးေတာ့ ျပင္းထန္လာတယ္။ အဲဒါေၾကာင့္ Provisional Measures ထုတ္ေပးပါ။ ယာယီဆိုင္းငံ႔ထားဖုိ႔ အမိန္႔ကို ထုတ္ေပးပါလုိ႔ ဟုိဘက္က အဓိက ေလွ်ာက္ထားတာေပါ့ေလ။ အဲဒါကို ထုတ္ေပးဖို႔ လိုတာဟာတဲ့ - အခုအခ်ိန္ဟာ ပုိဆုိးလာလုိ႔ဆုိၿပီးေတာ့ ဟိုဘက္ကေျပာတယ္တဲ့ ။ သို႔ေသာ္လည္းဘဲ အဲဒီ သူတို႔ အေျချပဳထားတဲ့ စံုစမ္းေရး အစီရင္ခံစာေတြကို ၾကည့္ရင္ ၂၀၁၈ က အေျခအေနထက္ အခု ၂၀၁၉ သူတို႔ ေလွ်ာက္လႊာတင္တဲ့အေျခအေနမွာ ပိုၿပီး ျပင္းထန္လာတာကို တခုမွ မေတြ႔ရဘူး ဆိုၿပီးေတာ့ အခ်က္က်က် သူက တခုၿပီးတခု ေျပာသြားပါတယ္။ ဆိုေတာ့ အဓိကအားျဖင့္ ၾကည့္ရင္ ဒါဟာ ျငင္းဆန္ႏိုင္တဲ့ အခ်က္အလက္ေတြ အမ်ားႀကီးရွိတယ္၊ သူတို႔ စီရင္ စစ္ေဆးႏိုင္ခြင့္မရွိဘူး အဲဒါေၾကာင့္ Provisional Measures ကို ထုတ္ေပးဖို႔ မသင့္ဘူးဆိုၿပီးေတာ့ သူေလွ်ာက္လဲသြားတာျဖစ္ပါတယ္။

ေမး။ ။ ေနာက္ဆံုးႏိုင္ငံျခားေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ကေနၿပီးေတာ့ သူ ၆ မိနစ္ေလာက္ ထြက္ဆိုသြားတယ္ေပါ့ေနာ္ ။ အဲဒီမွာ ဘာေတြမ်ား အဓိကထားၿပီး ေျပာသြားပါသလဲခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ ေဒၚေအာင္ဆန္းစုၾကည္ ေျပာသြားတဲ့အထဲမွာေတာ့ Community ၂ ခု သင့္ျမတ္ေရးကို သူတို႔ လုပ္ေနတယ္၊ AA နဲ႔ ျဖစ္ေနတဲ့ တိုက္ပြဲေၾကာင့္ အေျခအေနလမ္းေၾကာင္း လြဲေနရတယ္ဆိုတာေျပာပါတယ္။ ေနာက္ၿပီးေတာ့ သူ အဓိက အေထာက္အထားေလးတခု တင္ျပပါတယ္။ အဲဒါကေတာ့ ရခိုင္နဲ႔ မြတ္ဆလင္ Community ၂ ခု ျပန္လည္ သင့္ျမတ္ေရးလုပ္ေနတဲ့ အေထာက္အထားအျဖစ္နဲ႔ ေမာင္ေတာၿမိဳ႕နယ္မွာ ၂ ဖက္ ေဘာ္လံုးအသင္းမွာ ႏွစ္ဘက္စလံုးက ပါ၀င္အားေပးၾကတယ္၊ ႏွစ္ဘက္စလုံးက ကစားၾကတယ္ဆိုတာကို ဓါတ္ပံုႏွင့္တကြ အေထာက္အထားအျဖစ္ ေဖာ္ျပသြားပါတယ္။ ဒါက Diversity ကို၊ ကြဲလြဲမႈကုိ ညိွႏိႈင္းေနတာလုိ႔ ေျပာပါတယ္။

ေနာက္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာ ဖြဲ႔စည္းပံုဥပေဒအရ စစ္ဘက္ဆိုင္ရာ တရားရံုး၊ အရပ္ဘက္ ဆိုင္ရာတရားရံုးေတြရွိတယ္။ ဒီတရားရံုးေတြလည္း တရားဥပေဒနဲ႔အညီ လုပ္ႏိုင္ေအာင္ ႀကိဳးစားဖို႔ကလည္း သိပ္အေရးႀကီးတယ္ဆိုတာကို ေျပာသြားပါတယ္။ ေနာက္ဆံုးသူ ဆုေတာင္းသြားတာက ဒီတရားရံုးဟာ မွန္ကန္မႈ တရားဥပေဒပိုင္းဆိုင္ရာကို အေျခခံၿပီးေတာ့ Wisdom အသိဥာဏ္နဲ႔ ဆံုးျဖတ္ပါလို႔ သူကေျပာလိုတယ္ဆိုၿပီး ေလွ်ာက္လဲြသြားပါတယ္။ ေနာက္တခုကေတာ့ တရားသူႀကီးကေတာ့ ေနာက္ဆံုးမွာ ဘာေျပာသြားသလဲဆိုရင္၊ ဒီကိစၥ ၿပီးတဲ့အခါမွာ၊ ဒီအမႈနဲ႔ ပတ္သက္ၿပီးေတာ့ Verdict အဆံုးအျဖတ္ကို အတတ္ႏိုင္ဆံုး အျမန္ဆံုး As soon as possible လို႔ သံုးသြားပါတယ္။ သူက ျပန္လည္ေျပာမယ္လို႔ ဆိုပါတယ္။ အဲဒီကိစၥအတြက္ ႏွစ္ဘက္ႏိုင္ငံေတြကို အခ်ိန္မီ အေၾကာင္းၾကားမယ္ ၊ ေနာက္ၿပီးေတာ ့အဲဒီဆံုးျဖတ္ခ်က္ကိုလည္း အခုလုိဘဲ လူသိရွင္ၾကားေၾကညာမွာ ျဖစ္တယ္လို႔ ေျပာၾကားသြားပါတယ္။

ေမး။ ။ ႏွစ္ဖက္ ေလွ်ာက္လဲခ်က္ေတြကို အက်ဥ္းခ်ဳံးၿပီး ႏႈိင္းယွဥ္ရင္ေကာ ဘယ္လို သံုးသပ္လို႔ ရႏိုင္မလဲ ဦးေက်ာ္ဇံသာ ေရ။

ဦးေက်ာ္ဇံသာ။ ။ ႏွစ္ဖက္ ေလွ်ာက္လဲခ်က္ေတြကို အၾကမ္းဖ်င္း ၿခံဳငုံၾကည့္မယ္ဆိုရင္ ဒီအဆို တင္သြင္းတဲ့ဘက္ကေတာ့ အခ်က္အလက္ေတြကုိေရာ၊ ဥပေဒေၾကာင္းအရေရာ ေျပာတယ္။ အခ်က္အလက္ေတြကို သူတုိ႔က ပိုၿပီး ပီျပင္ေအာင္ ေဖာ္ျပၿပီးေတာ့ သရုပ္ေဖာ္ၿပီးေတာ့ ေျပာပါတယ္။ ခုခံေခ်ပတဲ့ဘက္ကေတာ့ အခ်က္အလက္ကိုလည္း နဲနဲ ျငင္းသင့္တာလည္း ျငင္းတယ္၊ သုိ႔ေသာ္လည္းဘဲ အခ်က္အလက္ အကုန္လံုးကိုေတာ့ မျငင္းပါဘူး။ တကယ္ရွိေနတဲ့ အခ်က္အလက္ေတြကို သူတုိ႔ လက္ခံတယ္၊ သို႔ေသာ္သူတို႔ရဲ႕ ခုခံကာကြယ္ေရးလုိင္း၊ Line of defense က အဓိက ဘာလဲဆိုရင္ ဟိုဘက္က စြဲဆိုတဲ့ဘက္က ဥပေဒေၾကာင္းအရ အားနည္းခ်က္ရွိေနတယ္၊ ဘယ္္ေနရာမွာျဖင့္ မစြဲထိုက္ဘူး၊ ဘယ္လို စီမံခြင့္မရွိဘူး၊ ဘာမလုပ္သင့္ဘူး၊ ဥပေဒနဲ႔ ဘယ္လို လြဲေခ်ာ္ေနတယ္ ဆိုတာကို အဓိက အားျပဳၿပီးေတာ့ ခုခံေခ်ပသြားတယ္လို႔ ေျပာရလိမ့္မယ္ ျဖစ္ပါတယ္။

ေမး။ ။ ဒီအမႈက ဆက္သြားဦးမွာလား။ အခု တရားသူႀကီးေတြ ဆံုးျဖတ္ခ်က္ခ်ၿပီးသြားရင္ေရာ ဒီဟာက အရပ္ဘက္တရားရံုးေတြလို အယူခံျပန္၀င္ခြင့္တို႔၊ ျပန္လည္ေခ်ပခြင့္တုိ႔၊ အဲဒါေတြ ဘယ္လိုမ်ိဳးျဖစ္လာမလဲခင္ဗ်၊ ဥပေဒလမ္းေၾကာင္းအရ။

ဦးေက်ာ္ဇံသာ။ ။ အဲဒါကိုေတာ့ လူတိုင္းစိတ္၀င္စားေနၾကပါတယ္။ ဒါက အရင္အစဥ္အလာမရွိတဲ့ အမႈတခုျဖစ္ေနေတာ့ ဒါကို ဘယ္သူမွ မသိႏိုင္ပါဘူး။ သို႔ေသာ္လည္း တခုေသခ်ာတာကေတာ့ ဒီတရားရံုးသည္ သူတို႔ဆံုးျဖတ္ခ်က္ကို Enforce လုပ္မယ့္ အာဏာမရွိဘူး။ ႏုိင္ငံတကာ တရားရံုးဆိုတာဟာ။ သူတို႔မွာ ႏိုင္ငံတကာ စစ္တပ္ဆိုတာလည္းဘဲ မရိွဘူး။ ဒါေၾကာင့္ တခ်ိဳ႕တက္ၾကြလႈပ္ရွားသူေတြက ကုလသမဂၢက ဦးေဆာင္ၿပီးေတာ့ ဒီတရားရံုးဆံုးျဖတ္ခ်က္ကို Enforce လုပ္မယ့္ Law Enforcement Authority ေပါ့ ၊ ႏုိင္ငံတြင္းေတြမွာ ရွိသလုိ၊ တရားဥပေဒကိုEnforce လုပ္တဲ့ အာဏာပိုင္အဖြဲ႔အစည္းတခု ရွိသင့္တယ္၊ တပ္ဖြဲ႔ရွိသင့္တယ္လို႔ လူေတြက ေျပာၾကပါတယ္။ သို႔ေသာ္လည္းဘဲ အခုက အဲဒီအစီအစဥ္ျဖစ္မလာေသးေတာ့ ဘယ္ေလာက္လိုက္နာမလဲဆိုတာ မသိရေသးပါဘူး။ အမ်ားဆံုး ေမွ်ာ္လင့္ႏုိင္တာကေတာ့ ကုလသမဂၢ အဖြဲ႔၀င္ႏိုင္ငံေတြအေနနဲ႔ ျမန္မာႏိုင္ငံကို ပိုၿပီးေတာ့ ဖိအားေတြေပးၾက ဆိုၿပီးေတာ့ ေတာင္းဆိုလာႏုိင္တယ္လုိ႔ ေျပာၾကပါတယ္။ သို႔ေသာ္လည္းဘဲ အဲဒီလုိ ေပးရင္လည္းဘဲ အာရွႏိုင္ငံေတြရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈေတြကိုသာ ျမန္မာက ပုိမုိ အားကိုးေနေတာ့ အဲဒါကေရာ ထိေရာက္မလားဆိုၿပီးေတာ့ ႏိုင္ငံေရး အကဲခတ္သမားတခ်ိဳ႕ကလည္း အဲလို သံုးသပ္ၾကပါတယ္။

ေမး။ ။ တရားသူႀကီးေတြက အျမန္ဆံုးအတတ္ႏိုင္ဆံုး ဆံုးျဖတ္ခ်က္ခ်မယ္လို႔ ေျပာေပမယ့္ ဘယ္ေလာက္ၾကာမယ္ဆိုတာ က်ေနာ္တို႔ ခန္႔မွန္းလို႔ မရႏိုင္ဘူးေပါ့ေနာ္။

ဦးေက်ာ္ဇံသာ။ ။ အေစာပုိင္းက ခန္႔မွန္းခ်က္တခ်ိဳ႕ကေတာ့ အနည္းဆံုး ၂ ပတ္ လို႔ ခန္႔မွန္းထားပါတယ္။ အခုက ဒါေပမယ့္ ခရစၥမတ္ အားလပ္ရက္ေတြ ဘာေတြလည္း လာမယ္ဆိုေတာ့ အဲဒီအားလပ္ရက္ေနာက္ပိုင္းမွာပဲ ျဖစ္လာမလားဆိုတာလည္း တခ်ိဳ႕က စဥ္းစားၾကာတာ ရွိပါတယ္ခင္ဗ်။

ICJ မွာ ျမန္မာဘက္က ေနာက္ဆုံးေလွ်ာက္လဲခ်က္မ်ား
please wait

No media source currently available

0:00 0:06:50 0:00
တိုက္႐ိုက္ လင့္ခ္


...........

(Unicode)

မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲထားတဲ့အမှုကို စွဲချက်တင်ထားသူ ဂမ်ဘီယာအစိုးရနဲ့ ခုခံချေပသူ မြန်မာနိုင်ငံတို့ မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က နောက်ဆုံး အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းခဲ့ကြပါတယ်။

နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာ ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတာမှာ မနေ့က မြန်မာနိုင်ငံဘက်က နောက်ဆုံး လျှောက်လဲချက် တင်သွင်းခဲ့တဲ့ အခြေအနေတွေကို ဦးကျော်ဇံသာ အခုလို စပြောပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ တဘက်ကို မိနစ် ၉၀ လျှောက်လွဲလို့ရတဲ့အထဲမှာ မြန်မာဘက်က ညနေပိုင်း လျှောက်လဲတဲ့အခါမှာတော့ ပုဂ္ဂိုလ် ၃ ဦးက ပြန်လှန်ချေပပါတယ်။ ပထမတယောက်ကတော့ Christopher Staker ဆိုတဲ့ ရှေ့နေဖြစ်ပါတယ်။ သူပြောတဲ့အထဲမှာ တရားဥပဒေနဲ့ ပတ်သက်ပြီးတော့ Prima Facie jurisdiction စီရင်နိုင်ခွင့် ရှိမရှိဆိုတာရယ်၊ Standing ဆိုတာရယ် ၂ ပိုင်း ခွဲပြောပါတယ်။ Jurisdiction ဆိုတာက ဒီကိစ္စမှာ အဓိကအားဖြင့် ဂမ်ဘီယာည် OIC ရဲ့ Proxy တဆင့်ခံအဖြစ် တရားစွဲတာဖြစ်တဲ့အတွက်ဂမ်ဘီယာ ဒီကိစ္စကို စွဲပိုင်ခွင့် မရှိဘူး၊ ပါတီမဖြစ်သင့်ဘူး၊ တရားပြိုင်ဆိုင်တဲ့သူ ဖြစ်နိုင်ရဲ့လားဆိုတာကို အဓိက မေးခွန်းထုတ်ပါတယ်၊ နံပတ်တစ်အနေနဲ့က။ နောက်တခုကတော့ Standing ဆိုတာက တရားဥပဒေအရ ဒီဖြစ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ နစ်နာမှုရှိတဲ့ နိုင်ငံသည်သာလျှင် လျှောက်ထားနိုင်တယ်ဆိုတဲ့ ဥပဒေကို သူက ထောက်ပြပါတယ်။ အဲဒီတော့ အဲဒါက Legal standing ။

အဲဒီတော့ ဒီ ဂမ်ဘီယာနိုင်ငံဟာ ဒီကိစ္စမှာ နစ်နာမှုရှိတဲ့ နိုင်ငံမဟုတ်တဲ့အတွက် သူဟာ Prima Facie standing မရှိဘူးဆိုပြီးတော့ သူကပြောပါတယ်။ ဆိုတော့ တကယ်တမ်း နစ်နာတယ်ဆိုရင်လည်း ဖြစ်ခဲ့တာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်တယ်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် Article 8 ကို သူတို့က Reserve လုပ်ထားတယ်၊ အဲဒါကို လက်မှတ်မထိုး၊ သဘောမူဘဲ ပြောထားတဲ့အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ဒီကိစ္စကို မလျှောက်လဲနိုင်ဘူးဖြစ်တယ် ဆိုပြီးတော့ အဲဒီအချက်ကို သူက အဓိကထားဦးစားပေး ပြောသွားပါတယ်၊ ပထမ ရှေ့နေကြီး တဦးကတော့။

မေး။ ။ ဒုတိယရှေ့နေတဦးဖြစ်တဲ့ William Schabas ကရောခင်ဗျ၊ ဒီနေ့ နောက်ဆုံးနေ့မှာ သူဘက်က တင်ပြချက်တွေက ဘာတွေများ ထူးခြားမှုရှိပါသလဲ။

ဦးကျော်ဇံသာ။ ။ William Schabas ချေပချက်ကတော့ ဥပဒေကြောင်းအရ ချေပပါတယ်။ အဓိကအားဖြင့် ပထမဦးဆုံး စိန်ခေါ်တာကတော့ Facts Finding Mission လို့ခေါ်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေရဲ့ အားနည်းချက်ကို အဓိက ပြောပါတယ်။ နောက်ပြီးတော့ Intent ၊ Genocide ကျူးလွန်မယ့် ရည်ရွယ်ချက်ဟာ အခုခါမှာ ပိုပြီးတော့ ပြင်းထန်လာတယ်။ အဲဒါကြောင့် Provisional Measures ထုတ်ပေးပါ။ ယာယီဆိုင်းငံ့ထားဖို့ အမိန့်ကို ထုတ်ပေးပါလို့ ဟိုဘက်က အဓိက လျှောက်ထားတာပေါ့လေ။ အဲဒါကို ထုတ်ပေးဖို့ လိုတာဟာတဲ့ - အခုအချိန်ဟာ ပိုဆိုးလာလို့ဆိုပြီးတော့ ဟိုဘက်ကပြောတယ်တဲ့ ။ သို့သော်လည်းဘဲ အဲဒီ သူတို့ အခြေပြုထားတဲ့ စုံစမ်းရေး အစီရင်ခံစာတွေကို ကြည့်ရင် ၂၀၁၈ က အခြေအနေထက် အခု ၂၀၁၉ သူတို့ လျှောက်လွှာတင်တဲ့အခြေအနေမှာ ပိုပြီး ပြင်းထန်လာတာကို တခုမှ မတွေ့ရဘူး ဆိုပြီးတော့ အချက်ကျကျ သူက တခုပြီးတခု ပြောသွားပါတယ်။ ဆိုတော့ အဓိကအားဖြင့် ကြည့်ရင် ဒါဟာ ငြင်းဆန်နိုင်တဲ့ အချက်အလက်တွေ အများကြီးရှိတယ်၊ သူတို့ စီရင် စစ်ဆေးနိုင်ခွင့်မရှိဘူး အဲဒါကြောင့် Provisional Measures ကို ထုတ်ပေးဖို့ မသင့်ဘူးဆိုပြီးတော့ သူလျှောက်လဲသွားတာဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ သူ ၆ မိနစ်လောက် ထွက်ဆိုသွားတယ်ပေါ့နော် ။ အဲဒီမှာ ဘာတွေများ အဓိကထားပြီး ပြောသွားပါသလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲမှာတော့ Community ၂ ခု သင့်မြတ်ရေးကို သူတို့ လုပ်နေတယ်၊ AA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲကြောင့် အခြေအနေလမ်းကြောင်း လွဲနေရတယ်ဆိုတာပြောပါတယ်။ နောက်ပြီးတော့ သူ အဓိက အထောက်အထားလေးတခု တင်ပြပါတယ်။ အဲဒါကတော့ ရခိုင်နဲ့ Community ၂ ခု ပြန်လည် သင့်မြတ်ရေးလုပ်နေတဲ့ အထောက်အထားအဖြစ်နဲ့ မောင်တောမြို့နယ်မှာ ၂ ဖက် ဘော်လုံးအသင်းမှာ နှစ်ဘက်စလုံးက ပါဝင်အားပေးကြတယ်၊ နှစ်ဘက်စလုံးက ကစားကြတယ်ဆိုတာကို ဓါတ်ပုံနှင့်တကွ အထောက်အထားအဖြစ် ဖော်ပြသွားပါတယ်။ ဒါက Diversity ကို၊ ကွဲလွဲမှုကို ညှိနှိုင်းနေတာလို့ ပြောပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံဥပဒေအရ စစ်ဘက်ဆိုင်ရာ တရားရုံး၊ အရပ်ဘက် ဆိုင်ရာတရားရုံးတွေရှိတယ်။ ဒီတရားရုံးတွေလည်း တရားဥပဒေနဲ့အညီ လုပ်နိုင်အောင် ကြိုးစားဖို့ကလည်း သိပ်အရေးကြီးတယ်ဆိုတာကို ပြောသွားပါတယ်။ နောက်ဆုံးသူ ဆုတောင်းသွားတာက ဒီတရားရုံးဟာ မှန်ကန်မှု တရားဥပဒေပိုင်းဆိုင်ရာကို အခြေခံပြီးတော့ Wisdom အသိဉာဏ်နဲ့ ဆုံးဖြတ်ပါလို့ သူကပြောလိုတယ်ဆိုပြီး လျှောက်လွဲသွားပါတယ်။ နောက်တခုကတော့ တရားသူကြီးကတော့ နောက်ဆုံးမှာ ဘာပြောသွားသလဲဆိုရင်၊ ဒီကိစ္စ ပြီးတဲ့အခါမှာ၊ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ Verdict အဆုံးအဖြတ်ကို အတတ်နိုင်ဆုံး အမြန်ဆုံး As soon as possible လို့ သုံးသွားပါတယ်။ သူက ပြန်လည်ပြောမယ်လို့ ဆိုပါတယ်။ အဲဒီကိစ္စအတွက် နှစ်ဘက်နိုင်ငံတွေကို အချိန်မီ အကြောင်းကြားမယ် ၊ နောက်ပြီးတော့အဲဒီဆုံးဖြတ်ချက်ကိုလည်း အခုလိုဘဲ လူသိရှင်ကြားကြေညာမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

မေး။ ။ နှစ်ဖက် လျှောက်လဲချက်တွေကို အကျဉ်းချုံးပြီး နှိုင်းယှဉ်ရင်ကော ဘယ်လို သုံးသပ်လို့ ရနိုင်မလဲ ဦးကျော်ဇံသာ ရေ။

ဦးကျော်ဇံသာ။ ။ နှစ်ဖက် လျှောက်လဲချက်တွေကို အကြမ်းဖျင်း ခြုံငုံကြည့်မယ်ဆိုရင် ဒီအဆို တင်သွင်းတဲ့ဘက်ကတော့ အချက်အလက်တွေကိုရော၊ ဥပဒေကြောင်းအရရော ပြောတယ်။ အချက်အလက်တွေကို သူတို့က ပိုပြီး ပီပြင်အောင် ဖော်ပြပြီးတော့ သရုပ်ဖော်ပြီးတော့ ပြောပါတယ်။ ခုခံချေပတဲ့ဘက်ကတော့ အချက်အလက်ကိုလည်း နဲနဲ ငြင်းသင့်တာလည်း ငြင်းတယ်၊ သို့သော်လည်းဘဲ အချက်အလက် အကုန်လုံးကိုတော့ မငြင်းပါဘူး။ တကယ်ရှိနေတဲ့ အချက်အလက်တွေကို သူတို့ လက်ခံတယ်၊ သို့သော်သူတို့ရဲ့ ခုခံကာကွယ်ရေးလိုင်း၊ Line of defense က အဓိက ဘာလဲဆိုရင် ဟိုဘက်က စွဲဆိုတဲ့ဘက်က ဥပဒေကြောင်းအရ အားနည်းချက်ရှိနေတယ်၊ ဘယ်နေရာမှာဖြင့် မစွဲထိုက်ဘူး၊ ဘယ်လို စီမံခွင့်မရှိဘူး၊ ဘာမလုပ်သင့်ဘူး၊ ဥပဒေနဲ့ ဘယ်လို လွဲချော်နေတယ် ဆိုတာကို အဓိက အားပြုပြီးတော့ ခုခံချေပသွားတယ်လို့ ပြောရလိမ့်မယ် ဖြစ်ပါတယ်။

မေး။ ။ ဒီအမှုက ဆက်သွားဦးမှာလား။ အခု တရားသူကြီးတွေ ဆုံးဖြတ်ချက်ချပြီးသွားရင်ရော ဒီဟာက အရပ်ဘက်တရားရုံးတွေလို အယူခံပြန်ဝင်ခွင့်တို့၊ ပြန်လည်ချေပခွင့်တို့၊ အဲဒါတွေ ဘယ်လိုမျိုးဖြစ်လာမလဲခင်ဗျ၊ ဥပဒေလမ်းကြောင်းအရ။

ဦးကျော်ဇံသာ။ ။ အဲဒါကိုတော့ လူတိုင်းစိတ်ဝင်စားနေကြပါတယ်။ ဒါက အရင်အစဉ်အလာမရှိတဲ့ အမှုတခုဖြစ်နေတော့ ဒါကို ဘယ်သူမှ မသိနိုင်ပါဘူး။ သို့သော်လည်း တခုသေချာတာကတော့ ဒီတရားရုံးသည် သူတို့ဆုံးဖြတ်ချက်ကို Enforce လုပ်မယ့် အာဏာမရှိဘူး။ နိုင်ငံတကာ တရားရုံးဆိုတာဟာ။ သူတို့မှာ နိုင်ငံတကာ စစ်တပ်ဆိုတာလည်းဘဲ မရှိဘူး။ ဒါကြောင့် တချို့တက်ကြွလှုပ်ရှားသူတွေက ကုလသမဂ္ဂက ဦးဆောင်ပြီးတော့ ဒီတရားရုံးဆုံးဖြတ်ချက်ကို Enforce လုပ်မယ့် Law Enforcement Authority ပေါ့ ၊ နိုင်ငံတွင်းတွေမှာ ရှိသလို၊ တရားဥပဒေကိုEnforce လုပ်တဲ့ အာဏာပိုင်အဖွဲ့အစည်းတခု ရှိသင့်တယ်၊ တပ်ဖွဲ့ရှိသင့်တယ်လို့ လူတွေက ပြောကြပါတယ်။ သို့သော်လည်းဘဲ အခုက အဲဒီအစီအစဉ်ဖြစ်မလာသေးတော့ ဘယ်လောက်လိုက်နာမလဲဆိုတာ မသိရသေးပါဘူး။ အများဆုံး မျှော်လင့်နိုင်တာကတော့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ပိုပြီးတော့ ဖိအားတွေပေးကြ ဆိုပြီးတော့ တောင်းဆိုလာနိုင်တယ်လို့ ပြောကြပါတယ်။ သို့သော်လည်းဘဲ အဲဒီလို ပေးရင်လည်းဘဲ အာရှနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုသာ မြန်မာက ပိုမို အားကိုးနေတော့ အဲဒါကရော ထိရောက်မလားဆိုပြီးတော့ နိုင်ငံရေး အကဲခတ်သမားတချို့ကလည်း အဲလို သုံးသပ်ကြပါတယ်။

မေး။ ။ တရားသူကြီးတွေက အမြန်ဆုံးအတတ်နိုင်ဆုံး ဆုံးဖြတ်ချက်ချမယ်လို့ ပြောပေမယ့် ဘယ်လောက်ကြာမယ်ဆိုတာ ကျနော်တို့ ခန့်မှန်းလို့ မရနိုင်ဘူးပေါ့နော်။

ဦးကျော်ဇံသာ။ ။ အစောပိုင်းက ခန့်မှန်းချက်တချို့ကတော့ အနည်းဆုံး ၂ ပတ် လို့ ခန့်မှန်းထားပါတယ်။ အခုက ဒါပေမယ့် ခရစ္စမတ် အားလပ်ရက်တွေ ဘာတွေလည်း လာမယ်ဆိုတော့ အဲဒီအားလပ်ရက်နောက်ပိုင်းမှာပဲ ဖြစ်လာမလားဆိုတာလည်း တချို့က စဉ်းစားကြာတာ ရှိပါတယ်ခင်ဗျ။

XS
SM
MD
LG