သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ အမႈ ေရွ႕ေနဦးေအာင္ထူး အျမင္


(Zawgyi/Unicode)

ICJ တရားရံုးမွာ တင္ျပသြားတဲ့ အခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဥပေဒပညာရွင္ ဦးေအာင္ထူး နဲ႔ မစုျမတ္မြန္တို႔က တိုက္ရိုက္ ေဆြးေႏြးတင္ျပထားပါတယ္။

ေမး။ ။ လူမ်ိဳးတံုးသတ္ျဖတ္ဖို႔ ရည္ရြယ္ခ်က္မရွိဘူးလို႔ ဒီ ျမန္မာဘက္ကေျပာသြားတဲ့အခ်က္ထဲမွာ အခ်က္ေပါ့ေနာ္ ဒီICJ မွာ အခု အမႈကို စီရင္ပိုင္ခြင့္မရွိဘူးဆိုတဲ့ အခ်က္နဲ႔ အေရးေပၚေဆာင္ရြက္မႈေတြ မခ်သင့္ဘူးဆိုတဲ့ အခ်က္ ၃ ခ်က္ကို Gambia ဘက္က ဒီကေန႔ အဓိကေျပာသြားပါတယ္။ ဆိုေတာ့ Gambia ႏိုင္ငံဘက္က ေခ်ပသြားတဲ့ ဘယ္အခ်က္ေတြက ထူုးျခားတယ္၊ ျမန္မာဘက္ကေန ျပန္ၿပီးေတာ့ ေခ်ပဖို႔ ခက္တယ္လို႔ ဦးေအာင္ထူးျမင္ပါသလဲရွင့္။

ဦးေအာင္ထူး။ ။ ဒီလုိဗ် ပထမဦးဆံုး အဓိကထားၿပီး တင္ျပသြားတာက Gambia ဘက္က တင္ျပတဲ့ ေျမျပင္ေပၚမွာ ျဖစ္တဲ့ အခ်က္အလက္ေတြ ၊ တနည္းအားျဖင့္ ျမန္မာစစ္ေခါင္းေဆာင္ေတြ ျမန္မာစစ္တပ္က ရိုဟင္ဂ်ာေတြကို ဆန္႔က်င္က်ဴးလြန္ခဲ့တဲ့ အခ်က္အလက္ေတြ အေသးစိတ္ေပါ့ဗ်ာ ကေလးေတြကို မီးပံုထဲ ပစ္ခ်တာတို႔၊ မုဒိမ္းက်င့္တာ ၊ မီးရိႈ႕ဖ်က္ဆီးတာ အကုန္လံုးေပါ့ ။ ဒါေတြဟာ မဟုတ္ဘူးလို႔ ျမန္မာဘက္ ျငင္းမသြားဘူး။ အဓိက အျငင္းပြားတာကေတာ့ Genocide intent ေပါ့ လူမ်ိဳးတံုးသတ္ျဖတ္မႈကို ရည္ရြယ္ခ်က္နဲ႔ က်ဴးလြန္ပါတယ္ဆိုတဲ့ အခ်က္ကို ၊ ရည္ရြယ္ခ်က္ကို ျမန္မာဘက္က ခုခံေခ်ပသြားတယ္၊ ျငင္းဆိုသြားတယ္။ ဒါေတြကို ရည္ရြယ္ခ်က္နဲ႔ က်ဴးလြန္တာမဟုတ္ဘူး။ ေနာက္ ဂမ္ဘီယာဘက္က ျပန္ေခ်ပတာကေတာ့ ရည္ရြယ္ခ်က္ဆိုတာ ဘာကို ၾကည့္ၿပီးေတာ့ ေျပာလို႔ရသလဲဆိုေတာ့ ေျမျပင္မွာ ျဖစ္တဲ့ခ်က္အလက္ေတြ ျငင္းလို႔မရတဲ့ အခ်က္အလက္ေတြကို ျမန္မာဘက္က ဘယ္သူမွ ျငင္းမသြားဘူး။ အဲဒီအခ်က္အလက္ေတြက ရည္ရြယ္ခ်က္ကို ေဖာ္ေဆာင္ရာေရာက္တယ္ ဆိုၿပီးေတာ့ စုစုေပါင္း အခ်က္ ၇ ခ်က္ကို တင္ျပသြားတယ္။

တခ်က္က ဘာလဲဆိုေတာ့ ျမန္မာစစ္တပ္ဟာ အင္မတန္ အင္အားႀကီးမားတဲ့ တပ္ကို အသံုးျပဳၿပီးေတာ့ ရိုဟင္ဂ်ာေတြကို အျပတ္တိုက္ခိုက္ခဲ့တယ္။ ဒုတိယအခ်က္က Organize nature ေပါ့ အမွတ္တမဲ့ျဖစ္တာမဟုတ္ဘူး၊ စနစ္တက် စုစည္းၿပီးေတာ့ အင္အားသံုး တုိက္ခိုက္တာျဖစ္တယ္။ တတိယအခ်က္က ဘာလဲဆိုေတာ့ ျမန္မာဘက္က ျငင္းမသြားဘူး အဲဒါဘာလဲဆိုေတာ့ Sexual Violence ေပါ့ အမ်ိဳးသမီးေတြကို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈေတြျပဳတယ္၊ အဲဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ clearing operation နယ္ေျမရွင္းလင္းေရးေတြ လုပ္တဲ့အထဲမွာ ရက္ရက္စက္စက္က်ဴးလြန္သြားတယ္။ ဒါက မျငင္းႏိုင္တဲ့အခ်က္ေတြျဖစ္တယ္၊ ဒါကလည္း ရည္ရြယ္ခ်က္ကို ျပတာ ျဖစ္တယ္။

ေနာက္တခ်က္က ရိုဟင္ဂ်ာေတြကို ဆန္႔က်င္ၿပီးမွ ေသးသိမ္ေစာ္ကားတဲ့ ၊ လူမ်ိဳးခြဲျခားတဲ့ ၊ လူ႔အဖြဲ႔အစည္းက အျပင္ကို ထုတ္တဲ့ အေျပာအဆိုေတြကို ေတာက္ေလ်ာက္လုပ္ခဲ့တာျဖစ္တယ္။ ဒါက ရည္ရြယ္ခ်က္ကို ေဖာ္ျပတယ္။ ေနာက္ နံပတ္ ၅ အခ်က္က ဘာလဲဆိုေတာ့ ခြဲျခားတဲ့ စီမံခ်က္ေတြ Discriminatory plan ေပါ့ေနာ္ ခြဲျခားစီမံခ်က္ေတြ မူ၀ါဒေတြ ၊ ဥပမာ ေျပာမယ္ဆိုရင္ ႏိုင္ငံသား ဥပေဒအရ ႏိုင္ငံသားျဖစ္ခြင့္မရွိဘူး။ ရိုဟင္ဂ်ာကေလးေတြက ေမြးကတည္းက ေမြးစာရင္းရဖို႔ေတာင္ အခက္အခဲရွိတယ္။ ဒါေတြက ရည္ရြယ္ခ်က္နဲ႔ တမင္လုပ္ေနတာျဖစ္တယ္။ နံပတ္ ၆ အခ်က္က ဘာလဲဆိုေတာ့ အစိုးရဟာ လူထုၾကားထဲမွာ ရိုဟင္ဂ်ာ ဆန္႔က်င္ မုန္းတီးေရးေတြ လႊမ္းၿခံဳေနတယ္၊ ဒါေတြျဖစ္ေနတာကို မသိခ်င္ေယာင္ေဆာင္ေနတယ္။ နံပတ္ ၇ အခ်က္က စစ္တပ္ရဲ႕ ဘယ္အစိတ္အပိုင္းကိုမွ အေရးမယူခဲ့ဘူး။ စံုစမ္းစစ္ေဆးတာမရွိဘူး၊ အေရးယူတာမရွိဘူး။ ဒါေတြကို ႏိုင္ငံတကာ လူ႔အခြင့္အေရးဥပေဒ ၊ ႏိုင္ငံတကာလူသားခ်င္းစာနာေထာက္ထားတဲ့ ဥပေဒနဲ႔အညီ အေရးယူလို႔ ရႏိုင္တာ မွန္သမွ်လည္း ဘာမွ အေရးမယူခဲ့ဘူး အေရးယူဖို႔ ပ်က္ကြက္ခဲ့တယ္။

ဒီ ၇ ခ်က္ေပါင္းလိုက္ရင္ ဒါ ရည္ရြယ္ခ်က္နဲ႔ က်ဴးလြန္တယ္ဆိုတာ ထင္ရွားတယ္လို႔ အဓိကေျပာသြားတယ္။ ေနာက္ စီရင္ပိုင္ခြင့္နဲ႔ ပတ္သက္လို႔ dispute ဆိုတဲ့ အသံုးအႏႈန္းကို ေပးသြားတယ္။ ျမန္မာဘက္က ေျပာတယ္ ဂမ္ဘီယာနဲ႔ ျမန္မာၾကားမွာ အျငင္းပြားမႈ မရွိဘူး။ ဂမ္ဘီယာက ေျပာတယ္ အျငင္းပြားမႈေတြရွိတယ္ ဘယ္အစည္းအေ၀းမွာ ဘယ္လို တင္ျပထားတယ္။ သို႔ေသာ္ ျမန္မာဘက္က ဘာမွ မတံု႔ျပန္ဘူး။ မတံု႔ျပန္တာက အျငင္းပြားမႈကို ရင္မဆိုင္ရဲဘူးျဖစ္တယ္ ဒါေၾကာင့္ အျငင္းပြားမႈက တကယ္ကို ရွိတယ္။ ဒါေၾကာင့္ Genocide convention ရဲ႕ ပုဒ္မ ၉ အရ တရားရံုးမွာ စီမံမႈ လာယူတယ္။ ေနာက္ဆံုးအခ်က္ကေတာ့ Provisional Measure ေပါ့ အဲဒါကေတာ့ ယာယီတားျမစ္တာထုတ္သင့္တယ္ဆုိတာက ျမန္မာဘက္က ေလွ်ာက္လဲတဲ့ အမ်ိဳးသမီးေရွ႕ေနကို ေ၀ဖန္တဲ့ပံုစံနဲ႔ ေခ်ပသြားတာပါ။

ဥပမာ၊ ညာဘက္က ေရွ႕ေနက ေျပာသြားတယ္၊ ႏိုင္ငံတကာအကူအညီရေနၿပီ၊ လက္ခံေနၿပီ ၊ ဘဂၤလားေဒ့ရွ္အစိုးရေတာင္မွ ပူးေပါင္းေဆာင္ရြက္ေနၿပီ ။ အိႏိၵယအစိုးရကလည္း အားေပးကူညီတယ္။ ကုလ Agency ေတြကလည္း ပူးေပါင္းေဆာင္ရြက္ေနၿပီလို႔ ေျပာသြားတယ္။ သို႔ေသာ္ မွန္တယ္ MOU ရွိတယ္ အဲဒီ MOU က တုိးတက္မႈ တခုမွ မရွိဘူး ၊ MOU ကို အေျခခံၿပီးေတာ့မွ ဘဂၤလားေဒ့ရွ္ေရာက္ ရိုဟင္ဂ်ာေတြကို ျပန္ႏိုင္ေလာက္ေအာင္ လုပ္ေပးတဲ့ အေျခအေနမရွိဘူး။ ေျပာင္းျပန္ေတြျဖစ္ေနတယ္ ဘာေၾကာင့္ဆိုေတာ့ ရိုဟင္ဂ်ာေတြေနခဲ့တဲ့ ေနရာေတြကို ဘူဒိုဇာနဲ႔ တိုက္ပစ္လိုက္တယ္။ သက္ေသခံ ပစၥည္းေတြ ေဖ်ာက္လိုက္တယ္။ လံုၿခံဳေရးအရလည္း ဘာမွ မလုပ္ေပးႏိုင္ဘူး။ ရိုဟင္ဂ်ာေတြက မျပန္ရဲၾကဘူး။ ဒီလို ဆန္႔က်င္ဘက္ေတြ ျဖစ္ေနတယ္။

ဆိုေတာ့ တကယ့္တကယ္က်ေတာ့ အဓိက အာမခံခ်က္ေပးရမွာက ႏိုင္ငံသားျဖစ္ခြင့္ေပ့ါေနာ္ ၊ ဆိုေတာ့ ျပန္လာပါ ၊ လက္ခံမယ္လို႔ေျပာေနတယ္ ႏိုင္ငံသား ျဖစ္ခြင့္နဲ႔ ပတ္သက္ၿပီး ဘာမွ လုပ္ေပးတာ မရွိဘူး ဆိုေတာ့ အဓိက ေျပာရရင္ ရိုဟင္ဂ်ာေတြ ျပန္လာၿပီး သူ႔ေဒသ ျပန္လာေနလို႔ ရေအာင္လို႔ ဥပေဒေဘာင္ေတြ ဘာမွ ဖန္တီးေပးထားတာမရွိဘူး။ အစားအေသာက္ေပးတာရွိမယ္ ေနရာထိုင္ခင္းစီစဥ္ေပးတာရွိမယ္ သို႔ေသာ္ ဥပေဒအရ လံုလံုၿခံဳၿခံဳျပန္ေနလို႔ရေအာင္ ျပင္ဆင္မႈက ဘာမွကို မရွိေသးဘူး။ အခ်က္အလက္က အတိအက် ေျပာႏိုင္တာမရွိေသးဘူး ဒါေၾကာင့္ ရွိေနတဲ့ ရိုဟင္ဂ်ာေတြဟာ ေနာက္ထပ္အလားတူျဖစ္မွာ စိုးရိမ္ေနရတဲ့အတြက္ Provisional Measure ေပါ့ ICJ ရဲ႕ ပုဒ္မ နဲ႔အညီ ထုတ္ေပးပါဆိုတာကို ထပ္ေျပာတဲ့ သေဘာပါပဲ။

ေမး။ ။ ဆိုေတာ့ ျမန္မာႏိုင္ငံဘက္က ေနာက္ေနမွ သူတို႔ တင္ျပခ်က္ကို စေပးရမွာပါ ဆိုေတာ့ ေစာေစာက ေျပာသြားတဲ့အထဲမွာ ဂမ္ဘီယာဘက္က အခ်က္ ၇ ခ်က္နဲ႔ ေထာက္ျပသြားတယ္။ အဲဒီအထဲမွာ ၆ ခ်က္လံုးကို ျမန္မာဘက္က ျငင္းလည္းမျငင္းဘူး ၊ တခ်က္ပဲ အစိုးရက စံုစမ္းမႈ ထိထိေရာက္ေရာက္မလုပ္ဘူး ဆိုတဲ့အခ်က္ကိုပဲ ေဒၚေအာင္ဆန္းစုၾကည္က ေျပာတယ္ အဲဒါကိုလည္း သူတို႔ဘက္က ထိထိေရာက္ေရာက္ မေခ်ပႏိုင္ဘူးဆိုတဲ့ အခ်က္ကို ေရွ႕ေန က ေျပာသြားပါတယ္ အဲဒီေတာ့ ဒီကေန႔ ျမန္မာဘက္က ျပန္ၿပီးေတာ့ ေလွ်ာက္လဲခ်က္ေပးရင္ ဒီအခ်က္ေတြကို ဘယ္လိုမ်ိဳး ေခ်ပႏိုင္ေအာင္လို႔ တင္ျပလို႔ ရမယ္လို႔ေရာ ဦးေအာင္ထူး အေနနဲ႔ ထင္ပါသလဲ။

ဦးေအာင္ထူး။ ။ ေအးအဲ့ဒါေတာ့ ေျဖရတာ ၾကပ္တယ္ဗ်။ ဘာေၾကာင့္လည္းဆိုေတာ့ Gambia ဘက္က ဒီကေန႔ ရွင္းသြားတဲ့ အထဲမွာ အဓိကသူေျပာသြားတာက Genocide Convention ရဲ႕ ပုဒ္မ ၁ မွာ အဓိက ဆိုသြားတာက ဒီစာခ်ဳပ္၀င္ႏိုင္ငံက Genocide Convention ကို Genocide ကို မက်ဴးလြန္႐ံုသာမက က်ဴးလြန္တဲ့သူကို ျပစ္ဒဏ္ေပးရမယ္။ ၿပီးရင္ မက်ဴးလြန္ေအာင္ ဒီလို က်ဴးလြန္မႈေတြ မရွိေအာင္ ၾကိဳတင္ကာကြယ္ တားဆီးရမယ္။

အဲ့ေတာ့ ပုဒ္မ ၁ မွာ အဲ့လိုဆိုထားတယ္။ သို႔ေသာ္လည္းပဲ ျမန္မာအစိုးရဘက္ကေနၿပီးေတာ့ ၾကိဳတင္ ကာကြယ္တားဆီးတယ္ဆိုတဲ့ အခ်က္ကို လံုး၀မေျပာႏိုင္ဘူး။ ႐ိုဟင္ဂ်ာဆိုေတာ့ စကားလံုးေတာင္မွ သူတို႔ မသံုးဘူး။ ဆိုတဲ့ အခါက်ေတာ့ ႐ိုဟင္ဂ်ာေတြ Genocide မခံစားရေအာင္ ဘယ္လို ကာကြယ္တားဆီး သြားမယ္ဆိုတဲ့ အစီအစဥ္ အစိုးရဘက္က လံုး၀မရွိဘူး။ သူတို႔ ေျပာသြားတဲ့ ပံုက ျမန္မာအစိုးရဘက္က ၾကိဳးစားပန္းစား ခုခံထုေခ်ခ်ိန္မွာေတာ့ ျဖစ္မွာပါ။ သို႔ေသာ္ က်ေနာ္သိသေလာက္ေတာ့ ေျပာရတာေတာ့ ေတာ္ေတာ္ ၾကပ္သြားတယ္။ ဆိုလိုခ်င္တာေတာ့ ရွင္းရွင္းလင္းပဲ... ပထမအခ်က္က ျပစ္မႈက်ဴးလြန္တဲ့သူကို အျပစ္ေပးရမယ္။

ဒါက Genocide Convention ကို Article ၂ ခုကို reservation လုပ္သြားေသာ္ျငားလည္း က်န္တဲ့ Article ၁ ကေန ၅ အထိက အဲ့ဒါ ရွင္းရွင္းလင္းလင္းေပၚေနတဲ့ အခ်က္ေတြ။ ျပစ္မႈက်ဴးလြန္သူကို အျပစ္ေပးတယ္ဆိုတာလည္းပဲ စစ္ဘက္ဆိုင္ရာတရားဥပေဒနဲ႔ ေထာင္ ၁၀ ႏွစ္ခ်တယ္။ ၿပီးေတာ့ ၁၀ လအၾကာမွာ ျပန္လြတ္တယ္ ဆိုေတာ့ Not Reliable Information ေလ။ အားကိုးေလာက္တဲ့ သတင္းမဟုတ္ဘူး။ ေနာက္တဘက္က ဥပမာ Article ၅ အရ ပုဒ္မ ၂ မွာ ျပ ႒ာန္းထားတဲ့ Genocide ရဲ႕ အဂါၤရပ္ေတြကို က်ဴးလြန္တဲ့သူကို အျပစ္ေပးႏိုင္ဖို႔အတြက္ကို ဥပေဒ ျပ႒ာန္းထားတာ။ အဲ့ဒီအခါက်ေတာ့ ျမန္မာဘက္က ဥပေဒျပ႒ာန္းထားတာလည္း မရွိဘူး။ Genocide Convention ကို လိုက္နာတဲ့ အေနနဲ႔ အဲ့ဒီအခါက်ေတာ့ ဒီအပိုင္းမွာ ခုခံထိုးေခ်ရတာ အခက္အခဲ ရွိႏိုင္သလားလို႔ က်ေနာ္အဲ့လို စဥ္းစားတယ္ေလ။

.................

ICJ အမႈ ေရွ႕ေနဦးေအာင္ထူး အျမင္
please wait

No media source currently available

0:00 0:08:47 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ICJ အမှု ရှေ့နေဦးအောင်ထူးအမြင်

ICJ တရားရုံးမှာ တင်ပြသွားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေပညာရှင် ဦးအောင်ထူး နဲ့ မစုမြတ်မွန်တို့က တိုက်ရိုက် ဆွေးနွေးတင်ပြထားပါတယ်။

မေး။ ။ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဒီ မြန်မာဘက်ကပြောသွားတဲ့အချက်ထဲမှာ အချက်ပေါ့နော် ဒီICJ မှာ အခု အမှုကို စီရင်ပိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်နဲ့ အရေးပေါ်ဆောင်ရွက်မှုတွေ မချသင့်ဘူးဆိုတဲ့ အချက် ၃ ချက်ကို Gambia ဘက်က ဒီကနေ့ အဓိကပြောသွားပါတယ်။ ဆိုတော့ Gambia နိုင်ငံဘက်က ချေပသွားတဲ့ ဘယ်အချက်တွေက ထူုးခြားတယ်၊ မြန်မာဘက်ကနေ ပြန်ပြီးတော့ ချေပဖို့ ခက်တယ်လို့ ဦးအောင်ထူးမြင်ပါသလဲရှင့်။

ဦးအောင်ထူး။ ။ ဒီလိုဗျ ပထမဦးဆုံး အဓိကထားပြီး တင်ပြသွားတာက Gambia ဘက်က တင်ပြတဲ့ မြေပြင်ပေါ်မှာ ဖြစ်တဲ့ အချက်အလက်တွေ ၊ တနည်းအားဖြင့် မြန်မာစစ်ခေါင်းဆောင်တွေ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ဆန့်ကျင်ကျူးလွန်ခဲ့တဲ့ အချက်အလက်တွေ အသေးစိတ်ပေါ့ဗျာ ကလေးတွေကို မီးပုံထဲ ပစ်ချတာတို့၊ မုဒိမ်းကျင့်တာ ၊ မီးရှို့ဖျက်ဆီးတာ အကုန်လုံးပေါ့ ။ ဒါတွေဟာ မဟုတ်ဘူးလို့ မြန်မာဘက် ငြင်းမသွားဘူး။ အဓိက အငြင်းပွားတာကတော့ Genocide intent ပေါ့ လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်ချက်နဲ့ ကျူးလွန်ပါတယ်ဆိုတဲ့ အချက်ကို ၊ ရည်ရွယ်ချက်ကို မြန်မာဘက်က ခုခံချေပသွားတယ်၊ ငြင်းဆိုသွားတယ်။ ဒါတွေကို ရည်ရွယ်ချက်နဲ့ ကျူးလွန်တာမဟုတ်ဘူး။ နောက် ဂမ်ဘီယာဘက်က ပြန်ချေပတာကတော့ ရည်ရွယ်ချက်ဆိုတာ ဘာကို ကြည့်ပြီးတော့ ပြောလို့ရသလဲဆိုတော့ မြေပြင်မှာ ဖြစ်တဲ့ချက်အလက်တွေ ငြင်းလို့မရတဲ့ အချက်အလက်တွေကို မြန်မာဘက်က ဘယ်သူမှ ငြင်းမသွားဘူး။ အဲဒီအချက်အလက်တွေက ရည်ရွယ်ချက်ကို ဖော်ဆောင်ရာရောက်တယ် ဆိုပြီးတော့ စုစုပေါင်း အချက် ၇ ချက်ကို တင်ပြသွားတယ်။

တချက်က ဘာလဲဆိုတော့ မြန်မာစစ်တပ်ဟာ အင်မတန် အင်အားကြီးမားတဲ့ တပ်ကို အသုံးပြုပြီးတော့ ရိုဟင်ဂျာတွေကို အပြတ်တိုက်ခိုက်ခဲ့တယ်။ ဒုတိယအချက်က Organize nature ပေါ့ အမှတ်တမဲ့ဖြစ်တာမဟုတ်ဘူး၊ စနစ်တကျ စုစည်းပြီးတော့ အင်အားသုံး တိုက်ခိုက်တာဖြစ်တယ်။ တတိယအချက်က ဘာလဲဆိုတော့ မြန်မာဘက်က ငြင်းမသွားဘူး အဲဒါဘာလဲဆိုတော့ Sexual Violence ပေါ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေပြုတယ်၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ clearing operation နယ်မြေရှင်းလင်းရေးတွေ လုပ်တဲ့အထဲမှာ ရက်ရက်စက်စက်ကျူးလွန်သွားတယ်။ ဒါက မငြင်းနိုင်တဲ့အချက်တွေဖြစ်တယ်၊ ဒါကလည်း ရည်ရွယ်ချက်ကို ပြတာ ဖြစ်တယ်။

နောက်တချက်က ရိုဟင်ဂျာတွေကို ဆန့်ကျင်ပြီးမှ သေးသိမ်စော်ကားတဲ့ ၊ လူမျိုးခွဲခြားတဲ့ ၊ လူ့အဖွဲ့အစည်းက အပြင်ကို ထုတ်တဲ့ အပြောအဆိုတွေကို တောက်လျောက်လုပ်ခဲ့တာဖြစ်တယ်။ ဒါက ရည်ရွယ်ချက်ကို ဖော်ပြတယ်။ နောက် နံပတ် ၅ အချက်က ဘာလဲဆိုတော့ ခွဲခြားတဲ့ စီမံချက်တွေ Discriminatory plan ပေါ့နော် ခွဲခြားစီမံချက်တွေ မူဝါဒတွေ ၊ ဥပမာ ပြောမယ်ဆိုရင် နိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်မရှိဘူး။ ရိုဟင်ဂျာကလေးတွေက မွေးကတည်းက မွေးစာရင်းရဖို့တောင် အခက်အခဲရှိတယ်။ ဒါတွေက ရည်ရွယ်ချက်နဲ့ တမင်လုပ်နေတာဖြစ်တယ်။ နံပတ် ၆ အချက်က ဘာလဲဆိုတော့ အစိုးရဟာ လူထုကြားထဲမှာ ရိုဟင်ဂျာ ဆန့်ကျင် မုန်းတီးရေးတွေ လွှမ်းခြုံနေတယ်၊ ဒါတွေဖြစ်နေတာကို မသိချင်ယောင်ဆောင်နေတယ်။ နံပတ် ၇ အချက်က စစ်တပ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမှ အရေးမယူခဲ့ဘူး။ စုံစမ်းစစ်ဆေးတာမရှိဘူး၊ အရေးယူတာမရှိဘူး။ ဒါတွေကို နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားတဲ့ ဥပဒေနဲ့အညီ အရေးယူလို့ ရနိုင်တာ မှန်သမျှလည်း ဘာမှ အရေးမယူခဲ့ဘူး အရေးယူဖို့ ပျက်ကွက်ခဲ့တယ်။

ဒီ ၇ ချက်ပေါင်းလိုက်ရင် ဒါ ရည်ရွယ်ချက်နဲ့ ကျူးလွန်တယ်ဆိုတာ ထင်ရှားတယ်လို့ အဓိကပြောသွားတယ်။ နောက် စီရင်ပိုင်ခွင့်နဲ့ ပတ်သက်လို့ dispute ဆိုတဲ့ အသုံးအနှုန်းကို ပေးသွားတယ်။ မြန်မာဘက်က ပြောတယ် ဂမ်ဘီယာနဲ့ မြန်မာကြားမှာ အငြင်းပွားမှု မရှိဘူး။ ဂမ်ဘီယာက ပြောတယ် အငြင်းပွားမှုတွေရှိတယ် ဘယ်အစည်းအဝေးမှာ ဘယ်လို တင်ပြထားတယ်။ သို့သော် မြန်မာဘက်က ဘာမှ မတုံ့ပြန်ဘူး။ မတုံ့ပြန်တာက အငြင်းပွားမှုကို ရင်မဆိုင်ရဲဘူးဖြစ်တယ် ဒါကြောင့် အငြင်းပွားမှုက တကယ်ကို ရှိတယ်။ ဒါကြောင့် Genocide convention ရဲ့ ပုဒ်မ ၉ အရ တရားရုံးမှာ စီမံမှု လာယူတယ်။ နောက်ဆုံးအချက်ကတော့ Provisional Measure ပေါ့ အဲဒါကတော့ ယာယီတားမြစ်တာထုတ်သင့်တယ်ဆိုတာက မြန်မာဘက်က လျှောက်လဲတဲ့ အမျိုးသမီးရှေ့နေကို ဝေဖန်တဲ့ပုံစံနဲ့ ချေပသွားတာပါ။

ဥပမာ၊ ညာဘက်က ရှေ့နေက ပြောသွားတယ်၊ နိုင်ငံတကာအကူအညီရနေပြီ၊ လက်ခံနေပြီ ၊ ဘင်္ဂလားဒေ့ရှ်အစိုးရတောင်မှ ပူးပေါင်းဆောင်ရွက်နေပြီ ။ အိန္ဒိယအစိုးရကလည်း အားပေးကူညီတယ်။ ကုလ Agency တွေကလည်း ပူးပေါင်းဆောင်ရွက်နေပြီလို့ ပြောသွားတယ်။ သို့သော် မှန်တယ် MOU ရှိတယ် အဲဒီ MOU က တိုးတက်မှု တခုမှ မရှိဘူး ၊ MOU ကို အခြေခံပြီးတော့မှ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ပြန်နိုင်လောက်အောင် လုပ်ပေးတဲ့ အခြေအနေမရှိဘူး။ ပြောင်းပြန်တွေဖြစ်နေတယ် ဘာကြောင့်ဆိုတော့ ရိုဟင်ဂျာတွေနေခဲ့တဲ့ နေရာတွေကို ဘူဒိုဇာနဲ့ တိုက်ပစ်လိုက်တယ်။ သက်သေခံ ပစ္စည်းတွေ ဖျောက်လိုက်တယ်။ လုံခြုံရေးအရလည်း ဘာမှ မလုပ်ပေးနိုင်ဘူး။ ရိုဟင်ဂျာတွေက မပြန်ရဲကြဘူး။ ဒီလို ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။

ဆိုတော့ တကယ့်တကယ်ကျတော့ အဓိက အာမခံချက်ပေးရမှာက နိုင်ငံသားဖြစ်ခွင့်ပေ့ါနော် ၊ ဆိုတော့ ပြန်လာပါ ၊ လက်ခံမယ်လို့ပြောနေတယ် နိုင်ငံသား ဖြစ်ခွင့်နဲ့ ပတ်သက်ပြီး ဘာမှ လုပ်ပေးတာ မရှိဘူး ဆိုတော့ အဓိက ပြောရရင် ရိုဟင်ဂျာတွေ ပြန်လာပြီး သူ့ဒေသ ပြန်လာနေလို့ ရအောင်လို့ ဥပဒေဘောင်တွေ ဘာမှ ဖန်တီးပေးထားတာမရှိဘူး။ အစားအသောက်ပေးတာရှိမယ် နေရာထိုင်ခင်းစီစဉ်ပေးတာရှိမယ် သို့သော် ဥပဒေအရ လုံလုံခြုံခြုံပြန်နေလို့ရအောင် ပြင်ဆင်မှုက ဘာမှကို မရှိသေးဘူး။ အချက်အလက်က အတိအကျ ပြောနိုင်တာမရှိသေးဘူး ဒါကြောင့် ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ နောက်ထပ်အလားတူဖြစ်မှာ စိုးရိမ်နေရတဲ့အတွက် Provisional Measure ပေါ့ ICJ ရဲ့ ပုဒ်မ နဲ့အညီ ထုတ်ပေးပါဆိုတာကို ထပ်ပြောတဲ့ သဘောပါပဲ။

မေး။ ။ ဆိုတော့ မြန်မာနိုင်ငံဘက်က နောက်နေမှ သူတို့ တင်ပြချက်ကို စပေးရမှာပါ ဆိုတော့ စောစောက ပြောသွားတဲ့အထဲမှာ ဂမ်ဘီယာဘက်က အချက် ၇ ချက်နဲ့ ထောက်ပြသွားတယ်။ အဲဒီအထဲမှာ ၆ ချက်လုံးကို မြန်မာဘက်က ငြင်းလည်းမငြင်းဘူး ၊ တချက်ပဲ အစိုးရက စုံစမ်းမှု ထိထိရောက်ရောက်မလုပ်ဘူး ဆိုတဲ့အချက်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် အဲဒါကိုလည်း သူတို့ဘက်က ထိထိရောက်ရောက် မချေပနိုင်ဘူးဆိုတဲ့ အချက်ကို ရှေ့နေ က ပြောသွားပါတယ် အဲဒီတော့ ဒီကနေ့ မြန်မာဘက်က ပြန်ပြီးတော့ လျှောက်လဲချက်ပေးရင် ဒီအချက်တွေကို ဘယ်လိုမျိုး ချေပနိုင်အောင်လို့ တင်ပြလို့ ရမယ်လို့ရော ဦးအောင်ထူး အနေနဲ့ ထင်ပါသလဲ။

ဦးအောင်ထူး။ ။ အေးအဲ့ဒါတော့ ဖြေရတာ ကြပ်တယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ Gambia ဘက်က ဒီကနေ့ ရှင်းသွားတဲ့ အထဲမှာ အဓိကသူပြောသွားတာက Genocide Convention ရဲ့ ပုဒ်မ ၁ မှာ အဓိက ဆိုသွားတာက ဒီစာချုပ်ဝင်နိုင်ငံက Genocide Convention ကို Genocide ကို မကျူးလွန်ရုံသာမက ကျူးလွန်တဲ့သူကို ပြစ်ဒဏ်ပေးရမယ်။ ပြီးရင် မကျူးလွန်အောင် ဒီလို ကျူးလွန်မှုတွေ မရှိအောင် ကြိုတင်ကာကွယ် တားဆီးရမယ်။

အဲ့တော့ ပုဒ်မ ၁ မှာ အဲ့လိုဆိုထားတယ်။ သို့သော်လည်းပဲ မြန်မာအစိုးရဘက်ကနေပြီးတော့ ကြိုတင် ကာကွယ်တားဆီးတယ်ဆိုတဲ့ အချက်ကို လုံးဝမပြောနိုင်ဘူး။ ရိုဟင်ဂျာဆိုတော့ စကားလုံးတောင်မှ သူတို့ မသုံးဘူး။ ဆိုတဲ့ အခါကျတော့ ရိုဟင်ဂျာတွေ Genocide မခံစားရအောင် ဘယ်လို ကာကွယ်တားဆီး သွားမယ်ဆိုတဲ့ အစီအစဉ် အစိုးရဘက်က လုံးဝမရှိဘူး။ သူတို့ ပြောသွားတဲ့ ပုံက မြန်မာအစိုးရဘက်က ကြိုးစားပန်းစား ခုခံထုချေချိန်မှာတော့ ဖြစ်မှာပါ။ သို့သော် ကျနော်သိသလောက်တော့ ပြောရတာတော့ တော်တော် ကြပ်သွားတယ်။ ဆိုလိုချင်တာတော့ ရှင်းရှင်းလင်းပဲ... ပထမအချက်က ပြစ်မှုကျူးလွန်တဲ့သူကို အပြစ်ပေးရမယ်။

ဒါက Genocide Convention ကို Article ၂ ခုကို reservation လုပ်သွားသော်ငြားလည်း ကျန်တဲ့ Article ၁ ကနေ ၅ အထိက အဲ့ဒါ ရှင်းရှင်းလင်းလင်းပေါ်နေတဲ့ အချက်တွေ။ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးတယ်ဆိုတာလည်းပဲ စစ်ဘက်ဆိုင်ရာတရားဥပဒေနဲ့ ထောင် ၁၀ နှစ်ချတယ်။ ပြီးတော့ ၁၀ လအကြာမှာ ပြန်လွတ်တယ် ဆိုတော့ Not Reliable Information လေ။ အားကိုးလောက်တဲ့ သတင်းမဟုတ်ဘူး။ နောက်တဘက်က ဥပမာ Article ၅ အရ ပုဒ်မ ၂ မှာ ပြ ဋ္ဌာန်းထားတဲ့ Genocide ရဲ့ အဂါၤရပ်တွေကို ကျူးလွန်တဲ့သူကို အပြစ်ပေးနိုင်ဖို့အတွက်ကို ဥပဒေ ပြဋ္ဌာန်းထားတာ။ အဲ့ဒီအခါကျတော့ မြန်မာဘက်က ဥပဒေပြဋ္ဌာန်းထားတာလည်း မရှိဘူး။ Genocide Convention ကို လိုက်နာတဲ့ အနေနဲ့ အဲ့ဒီအခါကျတော့ ဒီအပိုင်းမှာ ခုခံထိုးချေရတာ အခက်အခဲ ရှိနိုင်သလားလို့ ကျနော်အဲ့လို စဉ်းစားတယ်လေ။

XS
SM
MD
LG