ပျော်ရွှင်ခြင်းကို ငွေပေးဝယ်လို့ မရဘူးဆိုတာ တကယ်မှန်ပါသလား။ စိတ်ချမ်းသာ ပျော်ရွှင်အောင် ဘာတွေလုပ်နိုင်ပါသလဲ။ မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ အထူးအစီအစဉ်အဖြစ် တင်ပြထားပါတယ်။
Santa Claus ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ရွာလိုဆိုတဲ့ Finland နိုင်ငံက Rovaniemi (ရိုဗာနီရဲမီ) မြို့ကို ကမ္ဘာလှည့်ဧည့်သည်တွေ စံချိန်တင်သွားနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျောင်းလာတက်နေကြတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား ခရစ်ယာန်လူငယ်တွေ ခရစ္စမတ်ကိုဘယ်လို ဖြတ်သန်းကြသလဲဆိုတာနဲ့ မြန်မာနိုင်ငံအတွက် ခရစ္စမတ်ဆုတောင်းတွေကို မစုမြတ်မွန်က လူမှုရှုခင်း မှာတင်ပြထားပါတယ်။
ပြင်သစ်နိုင်ငံတောင်ပိုင်းက Lyon (လီယွန်) မြို့မှာ နှစ်စဉ် ဒီဇင်ဘာလဆန်းရောက်တိုင်း တမြို့လုံး မီးရောင်စုံတွေနဲ့ဖန်တီးထားတဲ့ အနုပညာလက်ရာတွေအဖြစ် အသွင်ပြောင်းသွားပါတယ်။ အနုပညာရှင်တွေ မျိုးစုံဖန်တီးထားတဲ့ မီးရောင်စုံ အနုပညာလက်ရာတွေမြင်ရဖို့ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်က ခေါ်သွားမှာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး ၆ နာရီသာ ကြာလိုက်တဲ့ တောင်ကိုရီးယားမှာ ပြည်သူတွေကြား ဒီမိုကရေစီနဲ့ လွတ်လပ်မှုအပေါ် အလေးထားမှုကို Seoul မြို့တော်က Ewha Womans တက္ကသိုလ်မှာ Multicultural and Intercultural communication ဘာသာ ပါရဂူတန်းကျောင်းသူ မမီးမီးနဲ့ မစုမြတ်မွန်မေးမြန်ပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
Croatia နိုင်ငံက သမိုင်းဝင် Zagreb မြို့တော်မှာ ခရစ္စမတ်မရောက်ခင် သီတင်း ၄ ပတ်အလိုထဲက မီးအလှတွေ ဈေးဆိုင်တွေနဲ့ အသွင်ပြောင်းပြီး ခရစ္စမတ်ပွဲတော်ဆင်နွဲနေပါတယ်။ ရောက်လာသူတိုင်း စိတ်ပျော်ရွှင်ကြည်နူးရတယ်လို့ပြောတဲ့ Zagreb ခရစ္စမတ်ပွဲတော်ကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလက်ရက်ထည်တွေ အဆင့်ဆင့်ပြောင်းလဲလာပုံကို စနစ်တကျ လက်ဆင့်ကမ်း ထိမ်းသိမ်းသင့်တယ်ဆိုတာ လက်ရက်ထည်တွေအကြောင်း ကျွမ်းကျင်တဲ့ ရန်ကုန်က Yuko နဲ့ မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
အခုတခါတော့ တောင်အမေရိကတိုက်က ပီရူးနိုင်ငံဆီကို သွားကြရမှာပါ။ ပီရူးနိုင်ငံက Andes တောင်တန်းကြီးတွေမှာ အရောင်စုံဖြစ်နေတဲ့ တောင်ကြီးတခုရှိပါတယ်။ ခရမ်းရောင်။ စိမ်းပြာရောင်။ ရွှေရောင်စတဲ့ အရောင်တွေနဲ့ ထူးခြားလှတဲ့ Cusco ဒေသက တောင်ကြီးဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အထက်တန်းနဲ့ တက္ကသိုလ်တက်နေကြတဲ့အရွယ် မြန်မာလူငယ်တွေ ကွန်ရက်ချိတ်ဆက်ပြီး အကြံဉာဏ်တွေ အတွေ့အကြုံတွေ ဖလှယ်နိုင်ကြမယ့် Burmese Youth Network အကြောင်း မစုမြတ်မွန်က လူမှူရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
ဂျပန်နိုင်ငံလုပ် ဂျင်းဘောင်းဘီတွေ အရည်အသွေးကောင်းလှတယ်လို့ နာမည်ကျော်သလို၊ ဂျပန်မဲနယ်ပြာလို့ ပြောစမှတ်ဖြစ်အောင် အရောင်ကလည်း ထူးခြားပါတယ်။ ဒါကြောင့် ဂျပန်ဂျင်းထည်တွေ အစပြုရာ ခုရာရှိကိမြို့က ခိုဂျိမ ရပ်ကွက်ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ်မဲမေးကြတဲ့ လူငယ်တွေ ဘယ်အကြောင်းအရာတွေကို ရှေ့တန်းတင် ဆုံးဖြတ်ကြသလဲ။ ဘာတွေမျှော်လင့်ကြသလဲဆိုတာ မစုမြတ်မွန်က လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
ပြင်သစ်တောင်ပိုင်းက Marseille (မာဆေး) မြို့ကို သွားလည်ကြတဲ့ ခရီးသွားတွေအတွက် ရှုခင်းအလှ၊ အစားအသောက်နဲ့ လူမျိုးစုံ ယဉ်ကျေးမှုတွေအပြင် ကြွက်တွေကလည်း မမေ့နိုင်စရာ အတွေ့အကြုံထဲမှာ ပါပါတယ်။ လူဦးရေထက်များနေတဲ့ ကြွက်တွေရှိတဲ့ ဒီမြို့ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလည်ကြရအောင်ပါ။
ပြည်ပမှာ ပညာသင်နိုင်ဖို့ ကြိုးစားတဲ့ မြန်မာလူငယ်တွေများနေချိန် အိမ်နီးချင်းထိုင်းနိုင်ငံမှာ သင်ယူဖို့သင့်တော်တဲ့ ဘာသာရပ်တခုက ခရီးသွားလုပ်ငန်းနဲ့ဆိုင်တဲ့ ဘာသာရပ်ဖြစ်တယ်လို့ NIDA အမျိုးသားတက္ကသိုလ်မှာ ခရီးသွားဘာသာရပ် ဘွဲ့လွန်တက်နေတဲ့ ကိုအံ့ဩအောင်က ပြောပါတယ်။ မစုမြတ်မွန်က လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
စစ်ပွဲတွေ အပြီးသတ် မရပ်သေးတဲ့ ကရင်နီဒေသထဲမှာ လုံခြုံရေး အဓိကဦးစားပေးပြီး လူငယ်တွေ ပညာသင်နေကြရပါတယ်။ ကရင်နီဒေသက ဒီပလိုမာဘွဲ့ပေးတဲ့ ကရင်နီလူမှုသိပ္ပံကောလိပ်ကျောင်းအကြောင်း မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
အာတိတ်စက်ဝိုင်းထဲက Greenland ဒေသမှာ အက်စကီမိုးလို့သိကြတဲ့ Inuit တိုင်းရင်းသားတွေက သူတို့ရဲ့ ရိုးရာ ဆေးမင် တက်တူးတွေကို ပြန်လည် ဖော်ထုတ်နေကြပါတယ်။ ကိုလိုနီခေတ်က ပျောက်ကွယ်လုဖြစ်ခဲ့တဲ့ ရိုးရာတက်တူးလက်ရာတွေကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားပြီး လေ့လာရအောင်ပါ။
မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေအပါအဝင် နေရာစုံမှာ အဆင့်မြင့်ပညာသင်ပေးနေကြတဲ့ ဆရာ ဆရာမတွေအနေနဲ့ ဒစ်ဂျစ်တယ်အခြေခံ သင်ကြားမှုစနစ် ပိုမိုထိရောက်စေဖို့ အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ်တက္ကသိုလ်ရဲ့ အာရှစင်တာက သင်ကြားရေးအစီအစဉ်တခု လုပ်နေပါတယ်။ မစုမြတ်မွန်က လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
ကိုယ်နဲ့မကွာ အမြဲလိုရှိနေတတ်တဲ့ လက်ကိုင်ဖုန်းတွေ ပေါက်ကွဲသွားအောင် အဝေးကနေ ထိန်းချုပ် ဖောက်ခွဲလို့ရပါသလား။ ဆိုင်ဘာလုံခြုံရေးကျွမ်းကျင်သူ ကိုစည်သူကို မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်း မှာတင်ပြထားပါတယ်။
အာဏာရှင် သက်ဆိုးရှည်အောင် ကမ္ဘာလှည့်ခရီးသွားတွေပါမချန် ကြောက်လန့်အောင်လုပ်ပြီး Albania နိုင်ငံမှာ ထိန်းချုပ်ခဲ့တာကို မမေ့ကြအောင် ပြတိုက်ဖွင့် ပြသထားပါတယ်။ နိုင်ငံခြားဧည့်သည်တွေ ဘယ်လိုထောက်လှမ်းခံရလဲဆိုတာ ပြသထားတဲ့ ခရီးသွားပြတိုက်ကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။
ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အတိုင်း အောင်မြင်ရမယ်ဆိုတဲ့ စိတ်ထားနဲ့ ကြိုးစားမှု အရေးကြီးတဲ့အကြောင်း Pool ကစားနည်း ချန်ပီယံလည်းဖြစ် လိဒ်ဂီတာသမားလည်းဖြစ်တဲ့ Oliver နဲ့ မစုမြတ်မွန် ဆွေးနွေးပြီး လူမှုရှုခင်း အစီအစဉ်မှာတင်ပြထားပါတယ်။
El Salvador နိုင်ငံက Nejapa မြို့မှာ နှစ်စဉ် မီးလုံးကြီးတွေနဲ့ ပစ်ပေါက်ကစားတဲ့ ပွဲတော်ကျင်းပပါတယ်။ ထူးခြား အန္တရာယ်များလှပေမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ မီးပစ်ပွဲတော်ကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်