ဂျာမနီက ကမ္ဘာကျော်တိုင်ကပ်နာရီများ
အခုတခါတော့ ဂျာမနီနိုင်ငံ အနောက်တောင်ဖက်ကို သွားကြရအောင်ပါ။ တောတောင်ထူထပ်တဲ့ Black Forest ဒေသမှာ တိုင်ကပ် Cuckoo clock နာရီတွေကို ထုတ်လုပ်နေတာ လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်ထဲကပါ။ တနာရီတခါ သံစုံအရုပ်လေးတွေ ထွက်လာတဲ့ Cuckoo clock နာရီတွေကို နိုင်ငံတကာကနေ တကူးတက လာဝယ်နေကြသူတွေ မနည်းပါဘူး။ ခုလိုကမ္ဘာကျော်တဲ့နာရီတွေ ဘယ်လိုလုပ်သလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
Forum