သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ၾကားျဖတ္အေရးေပၚေဆာင္ရြက္ခ်က္ ထြက္မည္ဟု ေမွ်ာ္လင့္


(Zawgyi/Unicode)

ျမန္မာႏိုင္ငံဘက္က ႐ိုဟင္ဂ်ာမူဆလင္ေတြအေပၚ လူမ်ဳိးတုံး သတ္ျဖတ္မႈေတြ က်ဳးလြန္ခဲ့တယ္။ သတ္ျဖတ္ဖို႔ ရည္ရြယ္ခ်က္နဲ႔ လုပ္ေဆာင္ခဲ့တယ္ဆိုတာ ခိုင္မာတဲ့ အေထာက္အထားေတြနဲ႔ ျပသႏိုင္ခဲ့တဲ့အတြက္ ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္ေတြ ICJ ႏိုင္ငံတကာ တရား႐ုံးက ခ်မွတ္မယ္လို႔ ယုံၾကည္တဲ့အေၾကာင္း ဂမ္ဘီယာ တရားေရး ၀န္ႀကီး Abubacarr Tambadou က ဒီေန႔ ၾကားနာပြဲအၿပီး ေျပာဆိုသြားပါတယ္။ ဒီအေၾကာင္းကို ကိုသိန္းထိုက္ဦး ေျပာျပပါလိမ့္မယ္။

Gambia ႏိုင္ငံရဲ႕ ဒီကေန႔ICJ ႏိုင္ငံတကာ တရား႐ံုးေခ်ပခ်က္ေတြထဲမွာ အဓိကအားျဖင့္ေတာ့ ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ ျဖစ္ရပ္ေတြဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ ႀကံ႐ြယ္ခ်က္ မရွိေၾကာင္း၊ လူမ်ိဳးတုံးသတ္ျဖတ္မႈ မေျမာက္ေၾကာင္း ျမန္မာကိုယ္စားလွယ္အဖြဲ႕ရဲ႕ ေျပာၾကားခ်က္ေတြကို ျပန္လည္ေခ်ပျခင္း၊ဒုတိယ တခ်က္ကေတာ့ ဂမ္ဘီယာႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံအေရးကို ICJ မွာ တင္ျပႏိုင္ခြင့္ မရွိဘူးဆိုတဲ့ Prima Facie လိုအပ္ခ်က္ေတြအေၾကာင္း ထပ္မံ ေခ်ပသြားပါတယ္။ ေနာက္ဆုံးကေတာ့ ၾကားျဖတ္အေရးယူလုပ္ေဆာင္ခ်က္မ်ား လိုအပ္ေၾကာင္း ထပ္မံေခ်ပခ်က္ေတြ ပါဝင္ပါတယ္။ ဂမ္ဘီယာ တရားေရး ၀န္ႀကီး Abubacarr Tambadou ကေတာ့ ယုံၾကည္မႈ အျပည့္ရွိတဲ့အေၾကာင္း ၾကားနာပြဲအျပီး သတင္းေထာက္ေတြကို သူကေျပာသြားခဲ့တာပါ။

"ဒါကေတာ့ ေနာက္ထပ္ တရက္အတြက္ပါပဲ။ ဒါေပမဲ့ျမန္မာဘက္ကေန အၾကမ္းဖက္မႈနဲ႔ လူမ်ဳိးတုံးသတ္ျဖတ္မႈေတြ ေရရွည္မွာ ဆက္ၿပီး ေပၚေပါက္လာမယ့္ လုပ္ရပ္ေတြ ရပ္ဆိုင္းဖို႔နဲ႔ သက္ေသ အေထာက္အထားေတြကို မေဖ်ာက္ဖ်က္ဖို႔ ေသခ်ာေအာင္ တရား႐ုံးက အမိန္႕ခ်မွတ္ေရးအတြက္ က်ေနာ္တို႔ ဒီမွာ ရွိေနတာပါ။"

ျမန္မာႏိုင္ငံဘက္က ကိုယ္စားလွယ္ေတြ မေန႔ကတင္ျပသြားတဲ့ အထဲမွာ ျမန္မာ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း အၾကမ္းဖက္သမား၊ ေနာက္အရပ္သား ခဲြျခားမႈမရွိဘဲနဲ႔ စစ္တပ္ ဘက္က လံုျခံဳေရးတပ္ဖဲြ႔၀င္ေတြဘက္က အင္အားအလြန္အကြ်ံသံုးၿပီးေတာ့ ကိုင္တြယ္ခဲ့တာေတြကို ျမန္မာႏိုင္ငံကိုယ္စားလွယ္ဘက္က ယတိျပတ္္ ျငင္းခဲ့တာ မရွိဘူးဆိုၿပီးေတာ့ Gambia ဘက္ကေထာက္ျပပါတယ္။ ေနာက္ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖဲြ႔ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပသလို ႐ိုဟင္ဂ်ာေတြအေပၚမွာ ခဲြျခားဆက္ဆံတာ အမုန္းတရား ၾကီးထြားေအာင္လႈံ႕ေဆာ္တာ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္တာေတြ ေနာက္သူတို႔ရဲ႕ ေက်းရြာေတြကို မီးရိွဴ႕ၿပီးေတာ့ လူေနမႈဘ၀ေတြကို ပ်က္စီးေအာင္ ဖ်က္စီးတာေတြ ဒါေတြကို Gambia ဘက္က အဓိက ေထာက္ျပပါတယ္။

ျမန္မာ ႏိုင္ငံျခားေရး၀န္ၾကီး ေဒၚေအာင္ဆန္းစုၾကည္ေျပာတာက ၂ ႏိုင္ငံအၾကား သေဘာတူညီခ်က္နဲ႔ ဒုကၡသည္ျပန္လည္ လက္ခံေရးကိစၥေတြကို လုပ္ေဆာင္ေနတဲ့ အခ်ိန္မွာ ဘယ္လိုလုပ္ၿပီးေတာ့ လူမ်ိဳးတုံးသတ္ျဖတ္ဖို႔ ျမန္မာဘက္က ရည္ရြယ္ခ်က္ ရွိမလဲဆိုၿပီးေတာ့ ေမးခြန္းထုတ္သြားတာပါ။ ဒါေပမဲ့လည္း Gambia ဘက္ကေတာ့ ဒီ ဒုကၡသည္ ျပန္လည္လက္ခံေရးအေျခအေနက လံုး၀မေအာင္ျမင္ဘူး ဆိုတာကို အဓိက ေထာက္ျပသြားပါတယ္။ အထူးသျဖင့္ ျမန္မာတပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြအတြင္းမွာ ရက္စက္ၾကမ္းၾကဳတ္တဲ့အလုပ္ေတြ လုပ္တယ္။ သူပုန္ေတြကို ႏွိမ္နင္းတယ္ဆိုၿပီးေတာ့ ကေလးငယ္ေတြ၊ အမ်ိဳးသမီးေတြကို သတ္ျဖတ္ၿပီးေတာ့ ေရထဲ ပစ္ခ်တာမ်ိဳး ရက္ရက္စက္စက္ အဓၶမက်င့္တာမ်ိဳးေတြ လုပ္ခြင့္မရွိဘူးဆိုၿပီးေတာ့လည္း ဂမ္ဘီယာ တရားေရး ၀န္ႀကီးက ေျပာသြားခဲ့တာပါ။

ေနာက္ျမန္မာအစိုးရက ႐ိုဟင္ဂ်ာဆိုတဲ့နာမည္ကို အသိအမွတ္ မျပဳပါဘူး။ ဒီလိုအသိအမွတ္မျပဳတဲ့ ကိစၥကိုလည္း အဓိက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈတခုအျဖစ္ ဂမ္ဘီယာ တရားေရး ၀န္ႀကီး က ေထာက္ျပပါတယ္။

ေနာက္ၿပီးေတာ့ ဒီ႐ိုဟင္ဂ်ာ ဒုကၡသည္အေနနဲ႔ ျမန္မာႏိုင္ငံကို ျပန္လာမယ္ဆိုလို႔ရွိရင္လည္း လံုျခံဳမႈရွိတယ္လို႔ မခံစားရတဲ့အေၾကာင္းနဲ႔ သူတို႔အေနနဲ႔ ႏိုင္ငံသား ျဖစ္ခြင့္ မရွိတဲ့ ကိစၥေတြကို အဓိက ေထာက္ျပပါတယ္။ ဒီေန႔ ၾကားနာပဲြအၿပီး သတင္းေထာက္ေတြကို ေျပာတဲ့ေနရာမွာေတာ့ သူက အခုလို ထပ္ေျပာပါတယ္။

"က်ေနာ္တို႔ဘက္က ယုံၾကည္မႈ မရွိဘူးဆိုရင္ ဒီေနရာကို က်ေနာ္တို႔ မလာပါဘူး။ ဒီတရား႐ုံးမွာ အမွန္တရားအတြက္ တရားမွ်တမႈအတြက္ မေျပာင္းလဲဘဲ လုပ္ႏိုင္စြမ္းေတြ ရွိတယ္ဆိုတာကို ယုံၾကည္မႈ အျပည့္ ရွိပါတယ္။"

ဂမ္ဘီယာ တရားေရး ၀န္ႀကီး က ျမန္မာႏိုင္ငံအေနနဲ႔ ကုလသမဂၢအဖဲြ႔အစည္းေတြနဲ႔ ပူေပါင္းေဆာင္ရြက္ဖို႔ ပ်က္ကြက္ခဲ့တဲ့ ကိစၥကို အဓိက ေျပာပါတယ္။ ဒီ ျမန္မာႏိုင္ငံဘက္က လူမ်ိဳးတံုး သတ္ျဖတ္မႈေတြ က်ဳးလြန္ဖို႔ ရည္ရြယ္လုပ္ေဆာင္ခဲ့တဲ့ လူမ်ိဳးတံုး သတ္ျဖတ္မႈေတြ လုပ္ေနတဲ့ ကိစၥေတြက သူတို႔ သက္သက္ စြပ္စဲြတာ မဟုတ္ဘူးဆိုၿပီးေတာ့လည္း အဓိက ေထာက္ျပသြားတာပါ။ သတင္းေထာက္ေတြကို ေျပာတဲ့ အခါမွာ သူက အခုလိုထပ္ၿပီးေတာ့ ေျပာသြားပါေသးတယ္။

"ဒီေန႔ က်ေနာ္တို႔ ဆက္ၿပီး ေထာက္ျပေနတာက လူမ်ဳိးတုံးသတ္ျဖတ္မႈ ျဖစ္တယ္ဆိုတာနဲ႔၊ လူမ်ဳိးတုံးသတ္ျဖတ္ဖို႔ ရည္ရြယ္ခ်က္နဲ႔ လုပ္ေဆာင္ခဲ့တယ္ဆိုတာပါ။ ဒါက က်ေနာ္တို႔တင္ေျပာတာ မဟုတ္ပါဘူး။ ကုလသမဂၢအဖြဲ႔အစည္းေတြနဲ႔ သီးျခားလြတ္လပ္တဲ့ အေျခတက် ျဖစ္ေနတဲ့ အခ်က္အလက္ ရွာေဖြေရး အဖြဲ႔ေတြကိုယ္တိုင္ကလူမ်ဳိးတုံးသတ္ျဖတ္ခဲ့တယ္၊ ရည္ရြယ္ခ်က္နဲ႔ လုပ္ေဆာင္ခဲ့တယ္ ဆိုတာကို ေျပာေနတာပါ။ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူး အၾကံေပးကိုယ္တိုင္ကလည္း အလားတူ ေကာက္ခ်က္ခ် ေျပာဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ကိုယ္တိုင္လည္း ဒီလို အလားတူ ေကာက္ခ်က္ခ်ခဲ့တာပါ။ ဒီေတာ့ က်ေနာ္တို႔ ေျပာႏိုင္သေလာက္ လူမ်ဳိးတုံးသတ္ျဖတ္မႈနဲ႔ သတ္ျဖတ္ဖို႔ ရည္ရြယ္လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ ခိုင္မာတဲ့၊ မျငင္းႏိုင္တဲ့ အေထာက္အထားေတြ ေတြ႕ေနရပါတယ္ ဆိုတာပါ။"

ဒီလူမ်ိဳးတံုးသတ္ျဖတ္မႈ အေျခအေနေတြကို ဆက္ၿပီးေတာ့ လံႈေဆာ္ေစမယ့္ အေျခအေနကို ပိုဆိုးသြားေစမယ့္ အေျခအေနကို တားျမစ္ဖို႔အတြက္ ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္ေတြ Provisional Measure လို႔ေခၚတဲ့ ဒီအစီအစဥ္ေတြ ICJ ႏိုင္ငံတကာ တရား႐ံုးက ခ်မွတ္မယ္ဆိုၿပီးေတာ့ Gambia ကိုယ္စားလွယ္ေတြက ေတာ္ေတာ္ေလးယံုၾကည္မႈရွိေနတဲ့ပံုေတြ႔ရပါတယ္။ ဒီအစီအမံေတြက ဘယ္ေလာက္ထိ ထိေရာက္မႈ ရွိသလဲဆိုတာနဲ႔ ပတ္သက္လို႔ေတာ့ ႏိုင္ငံတကာ မွာ အျငင္းပြားမႈေတြ ရွိပါတယ္။ ေကာ္ဆိုပို ကိစၥမွာ ဆိုလို႔ရွိရင္ ဒီသတင္းပတ္အနည္းငယ္အတြင္းမွာ ခ်မွတ္ခဲ့ေပမဲ့ ျမန္မာႏိုင္ငံအတြင္းမွာေတာ့ ဘယ္ႏွစ္ပတ္ အတြင္းမွာ ခ်မယ္ဆိုတာ မသိေသးပါဘူး။

ဥပမာအားျဖင့္ ၁၉၆၂ ခုႏွစ္က ထိုင္းနဲ႔ Cambodia နယ္ေျမအျငင္းပြားတဲ့ ပရ၀ိဟာရ ဟိႏၵဴ ဘုရားေက်ာင္း ကိစၥမွာ ဆိုလို႔ရွိရင္ ဒီ ICJ က ေနၿပီးေတာ့ ဒီလိုပဲ ၾကားျဖတ္ စီမံခ်က္ေတြနဲ႔ တားျမစ္ခဲ့ဖူးတာေတြ ရွိပါတယ္။ အေမရိကန္ျပည္ေထာင္စုက ျပီးခဲ့တဲ့ႏွစ္က ႏုတ္ထြက္သြားေတာ့လည္း အီရန္ဘက္က ေလွ်ာက္လဲခ်က္အရ အေမရိကန္ျပည္ေထာင္စုကို အကန္႔အသတ္နဲ႔ ယာယီ ဒီလို ၾကားျဖတ္အစီအစဥ္ေတြ ခ်မွတ္ခဲ့တာေတြ ရွိပါတယ္။

ဒီေတာ့လည္း အခု ျမန္မာႏို္င္ငံနဲ႔ ပတ္သက္လို႔ ဘယ္ေလာက္ၾကာမယ္ဆိုတာကို လူေတြက စိတ္၀င္စားေနၾကပါတယ္။ ျမန္မာႏိုင္ငံဘက္ကေတာ့ လူမ်ဳိးတုံး သတ္ျဖတ္မႈ မရွိဘူး၊ ရည္ရြယ္ခ်က္ မရွိဘူး၊ ဒီလူမ်ိဳးတုံးသတ္ျဖတ္မႈ မလုပ္ခဲ့ဘူးဆိုတဲ့ ေခ်ပခ်က္ေတြ ဘယ္လိုထပ္ၿပီးေတာ့ အေထာက္အထားေတြနဲ႔ ထပ္ၿပီးေတာ့တင္ျပမလဲဆိုတာ အားလံုးက စိတ္၀င္စားေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


........................

(Unicode)

မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ်။ သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ပြသနိုင်ခဲ့တဲ့အတွက် ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ ICJ နိုင်ငံတကာ တရားရုံးက ချမှတ်မယ်လို့ ယုံကြည်တဲ့အကြောင်း ဂမ်ဘီယာ တရားရေး ဝန်ကြီး Abubacarr Tambadou က ဒီနေ့ ကြားနာပွဲအပြီး ပြောဆိုသွားပါတယ်။ ဒီအကြောင်းကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။

Gambia နိုင်ငံရဲ့ ဒီကနေ့ICJ နိုင်ငံတကာ တရားရုံးချေပချက်တွေထဲမှာ အဓိကအားဖြင့်တော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကြံရွယ်ချက် မရှိကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောကြားချက်တွေကို ပြန်လည်ချေပခြင်း၊ဒုတိယ တချက်ကတော့ ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးကို ICJ မှာ တင်ပြနိုင်ခွင့် မရှိဘူးဆိုတဲ့ Prima Facie လိုအပ်ချက်တွေအကြောင်း ထပ်မံ ချေပသွားပါတယ်။ နောက်ဆုံးကတော့ ကြားဖြတ်အရေးယူလုပ်ဆောင်ချက်များ လိုအပ်ကြောင်း ထပ်မံချေပချက်တွေ ပါဝင်ပါတယ်။ ဂမ်ဘီယာ တရားရေး ဝန်ကြီး Abubacarr Tambadou ကတော့ ယုံကြည်မှု အပြည့်ရှိတဲ့အကြောင်း ကြားနာပွဲအပြီး သတင်းထောက်တွေကို သူကပြောသွားခဲ့တာပါ။

"ဒါကတော့ နောက်ထပ် တရက်အတွက်ပါပဲ။ ဒါပေမဲ့မြန်မာဘက်ကနေ အကြမ်းဖက်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရေရှည်မှာ ဆက်ပြီး ပေါ်ပေါက်လာမယ့် လုပ်ရပ်တွေ ရပ်ဆိုင်းဖို့နဲ့ သက်သေ အထောက်အထားတွေကို မဖျောက်ဖျက်ဖို့ သေချာအောင် တရားရုံးက အမိန့်ချမှတ်ရေးအတွက် ကျနော်တို့ ဒီမှာ ရှိနေတာပါ။"

မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်တွေ မနေ့ကတင်ပြသွားတဲ့ အထဲမှာ မြန်မာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အကြမ်းဖက်သမား၊ နောက်အရပ်သား ခွဲခြားမှုမရှိဘဲနဲ့ စစ်တပ် ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က အင်အားအလွန်အကျွံသုံးပြီးတော့ ကိုင်တွယ်ခဲ့တာတွေကို မြန်မာနိုင်ငံကိုယ်စားလှယ်ဘက်က ယတိပြတ် ငြင်းခဲ့တာ မရှိဘူးဆိုပြီးတော့ Gambia ဘက်ကထောက်ပြပါတယ်။ နောက် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြသလို ရိုဟင်ဂျာတွေအပေါ်မှာ ခွဲခြားဆက်ဆံတာ အမုန်းတရား ကြီးထွားအောင်လှုံ့ဆော်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ နောက်သူတို့ရဲ့ ကျေးရွာတွေကို မီးရှိူ့ပြီးတော့ လူနေမှုဘဝတွေကို ပျက်စီးအောင် ဖျက်စီးတာတွေ ဒါတွေကို Gambia ဘက်က အဓိက ထောက်ပြပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ပြောတာက ၂ နိုင်ငံအကြား သဘောတူညီချက်နဲ့ ဒုက္ခသည်ပြန်လည် လက်ခံရေးကိစ္စတွေကို လုပ်ဆောင်နေတဲ့ အချိန်မှာ ဘယ်လိုလုပ်ပြီးတော့ လူမျိုးတုံးသတ်ဖြတ်ဖို့ မြန်မာဘက်က ရည်ရွယ်ချက် ရှိမလဲဆိုပြီးတော့ မေးခွန်းထုတ်သွားတာပါ။ ဒါပေမဲ့လည်း Gambia ဘက်ကတော့ ဒီ ဒုက္ခသည် ပြန်လည်လက်ခံရေးအခြေအနေက လုံးဝမအောင်မြင်ဘူး ဆိုတာကို အဓိက ထောက်ပြသွားပါတယ်။ အထူးသဖြင့် မြန်မာတပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့အလုပ်တွေ လုပ်တယ်။ သူပုန်တွေကို နှိမ်နင်းတယ်ဆိုပြီးတော့ ကလေးငယ်တွေ၊ အမျိုးသမီးတွေကို သတ်ဖြတ်ပြီးတော့ ရေထဲ ပစ်ချတာမျိုး ရက်ရက်စက်စက် အဓ္ဓမကျင့်တာမျိုးတွေ လုပ်ခွင့်မရှိဘူးဆိုပြီးတော့လည်း ဂမ်ဘီယာ တရားရေး ဝန်ကြီးက ပြောသွားခဲ့တာပါ။

နောက်မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့နာမည်ကို အသိအမှတ် မပြုပါဘူး။ ဒီလိုအသိအမှတ်မပြုတဲ့ ကိစ္စကိုလည်း အဓိက လူ့အခွင့်အရေးချိုးဖောက်မှုတခုအဖြစ် ဂမ်ဘီယာ တရားရေး ဝန်ကြီး က ထောက်ပြပါတယ်။

နောက်ပြီးတော့ ဒီရိုဟင်ဂျာ ဒုက္ခသည်အနေနဲ့ မြန်မာနိုင်ငံကို ပြန်လာမယ်ဆိုလို့ရှိရင်လည်း လုံခြုံမှုရှိတယ်လို့ မခံစားရတဲ့အကြောင်းနဲ့ သူတို့အနေနဲ့ နိုင်ငံသား ဖြစ်ခွင့် မရှိတဲ့ ကိစ္စတွေကို အဓိက ထောက်ပြပါတယ်။ ဒီနေ့ ကြားနာပွဲအပြီး သတင်းထောက်တွေကို ပြောတဲ့နေရာမှာတော့ သူက အခုလို ထပ်ပြောပါတယ်။

"ကျနော်တို့ဘက်က ယုံကြည်မှု မရှိဘူးဆိုရင် ဒီနေရာကို ကျနော်တို့ မလာပါဘူး။ ဒီတရားရုံးမှာ အမှန်တရားအတွက် တရားမျှတမှုအတွက် မပြောင်းလဲဘဲ လုပ်နိုင်စွမ်းတွေ ရှိတယ်ဆိုတာကို ယုံကြည်မှု အပြည့် ရှိပါတယ်။"

ဂမ်ဘီယာ တရားရေး ဝန်ကြီး က မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့ ကိစ္စကို အဓိက ပြောပါတယ်။ ဒီ မြန်မာနိုင်ငံဘက်က လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျုးလွန်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ လုပ်နေတဲ့ ကိစ္စတွေက သူတို့ သက်သက် စွပ်စွဲတာ မဟုတ်ဘူးဆိုပြီးတော့လည်း အဓိက ထောက်ပြသွားတာပါ။ သတင်းထောက်တွေကို ပြောတဲ့ အခါမှာ သူက အခုလိုထပ်ပြီးတော့ ပြောသွားပါသေးတယ်။

"ဒီနေ့ ကျနော်တို့ ဆက်ပြီး ထောက်ပြနေတာက လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တယ်ဆိုတာနဲ့၊ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာပါ။ ဒါက ကျနော်တို့တင်ပြောတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ သီးခြားလွတ်လပ်တဲ့ အခြေတကျ ဖြစ်နေတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့တွေကိုယ်တိုင်ကလူမျိုးတုံးသတ်ဖြတ်ခဲ့တယ်၊ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ် ဆိုတာကို ပြောနေတာပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးကိုယ်တိုင်ကလည်း အလားတူ ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကိုယ်တိုင်လည်း ဒီလို အလားတူ ကောက်ချက်ချခဲ့တာပါ။ ဒီတော့ ကျနော်တို့ ပြောနိုင်သလောက် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ သတ်ဖြတ်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့၊ မငြင်းနိုင်တဲ့ အထောက်အထားတွေ တွေ့နေရပါတယ် ဆိုတာပါ။"

ဒီလူမျိုးတုံးသတ်ဖြတ်မှု အခြေအနေတွေကို ဆက်ပြီးတော့ လှုံဆော်စေမယ့် အခြေအနေကို ပိုဆိုးသွားစေမယ့် အခြေအနေကို တားမြစ်ဖို့အတွက် ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ Provisional Measure လို့ခေါ်တဲ့ ဒီအစီအစဉ်တွေ ICJ နိုင်ငံတကာ တရားရုံးက ချမှတ်မယ်ဆိုပြီးတော့ Gambia ကိုယ်စားလှယ်တွေက တော်တော်လေးယုံကြည်မှုရှိနေတဲ့ပုံတွေ့ရပါတယ်။ ဒီအစီအမံတွေက ဘယ်လောက်ထိ ထိရောက်မှု ရှိသလဲဆိုတာနဲ့ ပတ်သက်လို့တော့ နိုင်ငံတကာ မှာ အငြင်းပွားမှုတွေ ရှိပါတယ်။ ကော်ဆိုပို ကိစ္စမှာ ဆိုလို့ရှိရင် ဒီသတင်းပတ်အနည်းငယ်အတွင်းမှာ ချမှတ်ခဲ့ပေမဲ့ မြန်မာနိုင်ငံအတွင်းမှာတော့ ဘယ်နှစ်ပတ် အတွင်းမှာ ချမယ်ဆိုတာ မသိသေးပါဘူး။

ဥပမာအားဖြင့် ၁၉၆၂ ခုနှစ်က ထိုင်းနဲ့ Cambodia နယ်မြေအငြင်းပွားတဲ့ ပရဝိဟာရ ဟိန္ဒူ ဘုရားကျောင်း ကိစ္စမှာ ဆိုလို့ရှိရင် ဒီ ICJ က နေပြီးတော့ ဒီလိုပဲ ကြားဖြတ် စီမံချက်တွေနဲ့ တားမြစ်ခဲ့ဖူးတာတွေ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့နှစ်က နုတ်ထွက်သွားတော့လည်း အီရန်ဘက်က လျှောက်လဲချက်အရ အမေရိကန်ပြည်ထောင်စုကို အကန့်အသတ်နဲ့ ယာယီ ဒီလို ကြားဖြတ်အစီအစဉ်တွေ ချမှတ်ခဲ့တာတွေ ရှိပါတယ်။

ဒီတော့လည်း အခု မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လောက်ကြာမယ်ဆိုတာကို လူတွေက စိတ်ဝင်စားနေကြပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ လူမျိုးတုံး သတ်ဖြတ်မှု မရှိဘူး၊ ရည်ရွယ်ချက် မရှိဘူး၊ ဒီလူမျိုးတုံးသတ်ဖြတ်မှု မလုပ်ခဲ့ဘူးဆိုတဲ့ ချေပချက်တွေ ဘယ်လိုထပ်ပြီးတော့ အထောက်အထားတွေနဲ့ ထပ်ပြီးတော့တင်ပြမလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG