သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂမ္ဘီယာရဲ႕ Genocide စြဲခ်က္၊ ျမန္မာတုံ႔ျပန္ခ်က္နဲ႔ သေဘာထားအျမင္မ်ား


ICJ တရားရံုး အျပင္ဘက္ အဂၤါေန႔က ဆႏၵျပပြဲ။

ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္ရာေရာက္ၿပီး ဒါကို ျမန္မာႏိုင္ငံဘက္က ဟန႔္တားဖို႔ ပ်က္ကြက္ခဲ့တယ္ ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ICJ ႏိုင္ငံတကာတရာ႐ုံးမွာ ဂမ္ဘီယာႏိုင္ငံရဲ႕ ေလွ်ာက္လဲခ်က္ကို ဗုဒၶဟူးေန႔က ျမန္မာဘက္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္ၿပီး ေခ်ပခ်က္ေပးပါတယ္။

တခ်ိန္က သူ႔ကို ၁၅ ႏွစ္တိုင္တိုင္ ေနအိမ္အက်ယ္ခ်ဳပ္ ခ်ထားခဲ့တဲ့ စစ္ဘက္အတြက္ အခုေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ကာကြယ္ ေျပာဆိုေနရတဲ့ အေၾကာင္း Henry Ridgwell လန္ဒန္ကေန ေပးပို႔တဲ့ သတင္းလႊာကို မျမသဇင္ေအာင္က ေျပာျပေပးပါမယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ သေဘာတူစာခ်ဳပ္ကို ေဖာက္ဖ်က္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြအေပၚ သူ ႏိုဘဲလ္ ၿငိမ္းခ်မ္းေရးဆုရတာ ၂၈ ႏွစ္တိတိ ျပည့္ခါနီး ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာပဲ နယ္သာလန္ ႏိုင္ငံ The Hague ၿမိဳ႕ ICJ ႏိုင္ငံတကာတရား႐ုံးေရွ႕မွာ ေဒၚေအာင္ဆန္းစုၾကည္ ေခ်ဖ်က္ တင္ျပခဲ့ရပါတယ္။

ျမန္မာစစ္တပ္ဟာ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ Genocide လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက ျမန္မာကို ႏိုင္ငံတကာ တရား႐ုံးမွာ တရားစြဲဆိုထားတာပါ။ ႐ိုဟင္ဂ်ာလို႔ ေခၚဆိုတာကို လက္မခံတဲ့ ျမန္မာအစိုးရရဲ႕ ကိုယ္စားလွယ္အဖြဲ႕ကို ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ေခါင္းေဆာင္ၿပီး သြားေရာက္တဲ့ ေဒၚေအာင္ဆန္းစုၾကည္က ဂမ္ဘီယာႏိုင္ငံရဲ႕ ဒီဇင္ဘာလ ၁၀ ရက္ေန႔ ICJ မွာ တင္ျပခ်က္ေတြအေပၚ အခုလို တုံ႔ျပန္တင္ျပပါတယ္။

"စိတ္မေကာင္းစရာအခ်က္ကေတာ့ ယခု ဂမ္ဘီယာႏိုင္ငံက ရခိုင္ေဒသအေျခအေနနဲ႔ပတ္သက္ၿပီး ႐ုံးေတာ္ကို ေလွ်ာက္ထား တင္ျပမႈေတြမွာ အခ်က္အလက္ ျပည့္စုံမႈမရွိတဲ့အျပင္ နားလည္မႈလြဲမွားေစႏိုင္တဲ့ အေနအထားနဲ႔ ပုံေဖာ္ထားတာကို ေတြ႕ရပါတယ္။"

ရခိုင္ျပည္နယ္တြင္း ျဖစ္ပ်က္ခဲ့တာေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာ တရား႐ုံးေရွ႕ေမွာက္ အဂၤါေန႔မွာ ဂမ္ဘီယာဘက္က ေရွ႕ေန Andrew Loewenstein တင္ျပေလွ်ာက္ထားတာမွာ

"မ်က္ျမင္သက္ေသ တေယာက္ အဆိုအရ သူ႔မိသားစုထဲက အမ်ိဳးသားေတြကို စစ္တပ္က သတ္လိုက္တယ္လို႔ ဆိုပါတယ္။ ေသနတ္နဲ႔ ပစ္ၿပီး လည္မ်ိဳကို လွီးတာကို မ်က္ျမင္ေတြ႕တယ္လို႔ ျပန္ေျပာျပပါတယ္။"

အခု စြပ္စြဲခ်က္ေတြ ဟာ ႏိုင္ငံတကာတရား႐ုံးရဲ႕ တရားစီရင္ပိုင္ခြင့္ေအာက္မွာ မရွိဘဲ ျမန္မာႏိုင္ငံ ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔ အညီသာ ေျဖရွင္းရမွာျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က တင္ျပပါတယ္။ "

ျမန္မာ့တပ္မေတာ္သားေတြ စစ္ရာဇဝတ္မႈေတြကို က်ဴးလြန္တယ္ဆိုရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီ စစ္ဘက္ဆိုင္ရာ တရားစီရင္ေရးစနစ္ေအာက္မွာ ျပစ္ဒဏ္စီရင္ျခင္းကို ခံယူၾကရမွာ ျဖစ္ပါတယ္"

အခုလို ျမန္မာႏိုင္ငံကို ဂမ္ဘီယာဘက္က တရားစြဲဆိုတဲ့အေပၚ ေထာက္ခံသူေတြရွိသလို ကန႔္ကြက္မႈေတြလည္း ရွိေနၿပီး ျပည္တြင္းမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံပြဲေတြ လုပ္ၾကပါတယ္။ ဘဂၤလားေဒရွ္႕ ႏိုင္ငံ ဒုကၡသည္ စခန္းက ဒုကၡသည္တဦးျဖစ္တဲ့ Lokman Hakim ကေတာ့

"ဒါဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ ဆိုတာ ေဒၚေအာင္ဆန္းစုၾကည္ သိရွိထားလ်က္နဲ႔ မဟန႔္တားခဲ့တာပါ။ ကြၽန္ေတာ္တို႔ တရားမွ်တမႈ လိုခ်င္ပါတယ္။"

ျမန္မာစစ္တပ္ဟာ လူအစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္မႈ၊ ႏွိပ္စက္ညႇဥ္းပန္းမႈနဲ႔ လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ေစာ္ကားမႈေတြကို က်ဴးလြန္ခဲ့တဲ့အတြက္ ၂၀၁၇ ခုႏွစ္တုန္းက သိန္းနဲခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ ဘဂၤလားေဒရွ္႕ ဘက္ကို ထြက္ေျပးခဲ့ရတယ္လို႔ စြပ္စြဲခံထား ရတာပါ။

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ႏိုင္ငံတကာတရား႐ုံးမွာ သြားေရာက္ ရင္ဆိုင္ေျဖရွင္းတာနဲ႔ ပတ္သက္ၿပီး ၿဗိတိန္ အေျခစိုက္ Burma Campaign အဖြဲ႕ က Mark Farmaner က

"ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္လာတယ္ ဆိုတာကေတာ့ လူထုေထာက္ခံမႈကို လိုခ်င္တာအျပင္ စစ္တပ္ကို သူ႔ဘက္ ပါေအာင္ ဆြယ္ခ်င္တာလည္း ပါမယ္။ သူဟာ တပ္ရဲ႕ရန္သူ မဟုတ္ဘူးဆိုတာ ျပခ်င္သလို ေနာက္ပိုင္း ဒီမိုကေရစီ တည္ေဆာက္ေရးေတြမွာ တပ္က ပူးေပါင္းလာေအာင္ ဆြဲေခၚတာပါပဲ။"

စြပ္စြဲခ်က္ေတြအေပၚ ဗုဒၶဟူးေန႔က ႐ုံးေတာ္မွာ ျပန္လည္ ေခ်ပတာမွာ စစ္တပ္အေနနဲ႔ ရခိုင္ျပည္တြင္းက အၾကမ္းဖက္မႈေတြကို ႏွိမ္ႏွင္းတာမွာ လုံၿခဳံေရးတပ္ဖြဲ႕ေတြကို တိုက္ခိုက္ခဲ့တဲ့ ႐ိုဟင္ဂ်ာ အၾကမ္းဖက္ဝါဒီေတြကို ျပန္လည္ တိုက္ခိုက္ ႏွိမ္ႏွင္းတာ သာ ျဖစ္ေၾကာင္းကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က ထပ္တလဲလဲေျပာသြားပါတယ္။

ဂမ္ဘီယာက တင္ျပထားတဲ့အတိုင္း ႐ိုဟင္ဂ်ာေတြကို အကာအကြယ္ေပးေရး ျမန္မာႏိုင္ငံအေနနဲ႔ ၾကားျဖတ္ လုပ္ေဆာင္ေပးရမွာ ေတြအေပၚ ICJ က လာမယ့္ သီတင္းပတ္ေတြအတြင္း ဆုံးျဖတ္ခ်က္ခ်ႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

ဒါေပမယ့္လည္း Genocide လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ စြပ္စြဲခ်က္အေပၚ ICJ ရဲ႕ဆုံးျဖတ္ခ်က္ ထြက္ဖို႔ကေတာ့ ႏွစ္ အေတာ္ ၾကာႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရာရောက်ပြီး ဒါကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ နိုင်ငံတကာတရာရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်လဲချက်ကို ဗုဒ္ဓဟူးနေ့က မြန်မာဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ချေပချက်ပေးပါတယ်။

တချိန်က သူ့ကို ၁၅ နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ချထားခဲ့တဲ့ စစ်ဘက်အတွက် အခုတော့ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ် ပြောဆိုနေရတဲ့ အကြောင်း Henry Ridgwell လန်ဒန်ကနေ ပေးပို့တဲ့ သတင်းလွှာကို မမြသဇင်အောင်က ပြောပြပေးပါမယ်။

လူမျိုးတုံးသတ်ဖြတ်မှု သဘောတူစာချုပ်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် သူ နိုဘဲလ် ငြိမ်းချမ်းရေးဆုရတာ ၂၈ နှစ်တိတိ ပြည့်ခါနီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာပဲ နယ်သာလန် နိုင်ငံ The Hague မြို့ ICJ နိုင်ငံတကာတရားရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ချေဖျက် တင်ပြခဲ့ရပါတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် Genocide လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာကို နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုထားတာပါ။ ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခေါင်းဆောင်ပြီး သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘီယာနိုင်ငံရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ICJ မှာ တင်ပြချက်တွေအပေါ် အခုလို တုံ့ပြန်တင်ပြပါတယ်။

"စိတ်မကောင်းစရာအချက်ကတော့ ယခု ဂမ်ဘီယာနိုင်ငံက ရခိုင်ဒေသအခြေအနေနဲ့ပတ်သက်ပြီး ရုံးတော်ကို လျှောက်ထား တင်ပြမှုတွေမှာ အချက်အလက် ပြည့်စုံမှုမရှိတဲ့အပြင် နားလည်မှုလွဲမှားစေနိုင်တဲ့ အနေအထားနဲ့ ပုံဖော်ထားတာကို တွေ့ရပါတယ်။"

ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားရုံးရှေ့မှောက် အင်္ဂါနေ့မှာ ဂမ်ဘီယာဘက်က ရှေ့နေ Andrew Loewenstein တင်ပြလျှောက်ထားတာမှာ

"မျက်မြင်သက်သေ တယောက် အဆိုအရ သူ့မိသားစုထဲက အမျိုးသားတွေကို စစ်တပ်က သတ်လိုက်တယ်လို့ ဆိုပါတယ်။ သေနတ်နဲ့ ပစ်ပြီး လည်မျိုကို လှီးတာကို မျက်မြင်တွေ့တယ်လို့ ပြန်ပြောပြပါတယ်။"

အခု စွပ်စွဲချက်တွေ ဟာ နိုင်ငံတကာတရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ မရှိဘဲ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီသာ ဖြေရှင်းရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တင်ပြပါတယ်။ "

မြန်မာ့တပ်မတော်သားတွေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်အောက်မှာ ပြစ်ဒဏ်စီရင်ခြင်းကို ခံယူကြရမှာ ဖြစ်ပါတယ်"

အခုလို မြန်မာနိုင်ငံကို ဂမ်ဘီယာဘက်က တရားစွဲဆိုတဲ့အပေါ် ထောက်ခံသူတွေရှိသလို ကန့်ကွက်မှုတွေလည်း ရှိနေပြီး ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွေ လုပ်ကြပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံ ဒုက္ခသည် စခန်းက ဒုက္ခသည်တဦးဖြစ်တဲ့ Lokman Hakim ကတော့

"ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သိရှိထားလျက်နဲ့ မဟန့်တားခဲ့တာပါ။ ကျွန်တော်တို့ တရားမျှတမှု လိုချင်ပါတယ်။"

မြန်မာစစ်တပ်ဟာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်တုန်းက သိန်းနဲချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့် ဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ စွပ်စွဲခံထား ရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာတရားရုံးမှာ သွားရောက် ရင်ဆိုင်ဖြေရှင်းတာနဲ့ ပတ်သက်ပြီး ဗြိတိန် အခြေစိုက် Burma Campaign အဖွဲ့ က Mark Farmaner က

"ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာတယ် ဆိုတာကတော့ လူထုထောက်ခံမှုကို လိုချင်တာအပြင် စစ်တပ်ကို သူ့ဘက် ပါအောင် ဆွယ်ချင်တာလည်း ပါမယ်။ သူဟာ တပ်ရဲ့ရန်သူ မဟုတ်ဘူးဆိုတာ ပြချင်သလို နောက်ပိုင်း ဒီမိုကရေစီ တည်ဆောက်ရေးတွေမှာ တပ်က ပူးပေါင်းလာအောင် ဆွဲခေါ်တာပါပဲ။"

စွပ်စွဲချက်တွေအပေါ် ဗုဒ္ဓဟူးနေ့က ရုံးတော်မှာ ပြန်လည် ချေပတာမှာ စစ်တပ်အနေနဲ့ ရခိုင်ပြည်တွင်းက အကြမ်းဖက်မှုတွေကို နှိမ်နှင်းတာမှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာ အကြမ်းဖက်ဝါဒီတွေကို ပြန်လည် တိုက်ခိုက် နှိမ်နှင်းတာ သာ ဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်တလဲလဲပြောသွားပါတယ်။

ဂမ်ဘီယာက တင်ပြထားတဲ့အတိုင်း ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေး မြန်မာနိုင်ငံအနေနဲ့ ကြားဖြတ် လုပ်ဆောင်ပေးရမှာ တွေအပေါ် ICJ က လာမယ့် သီတင်းပတ်တွေအတွင်း ဆုံးဖြတ်ချက်ချနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့်လည်း Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အပေါ် ICJ ရဲ့ဆုံးဖြတ်ချက် ထွက်ဖို့ကတော့ နှစ် အတော် ကြာနိုင်ပါတယ်။

XS
SM
MD
LG