သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ အမႈ ျမန္မာလူ႔အခြင့္အေရးအဖြဲ႕ေတြအျမင္


(Zawgyi/Unicode)

လူမ်ိဳးတံုးသတ္ျဖတ္မႈ Genocide နဲ႔ တရားစဲြဆုိထားတာကို ႏုိင္ငံတကာ တရား႐ုံး (ICJ) မွာ ရင္ဆုိင္ေျဖရွင္းတဲ့အခါမွာ ျမန္မာႏိုင္ငံအေနနဲ႔ အမွန္တရားနဲ႔ တရားမွ်တမႈကို ေရွ႔ရႈေဆာင္ရြက္သြားမယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း လူ႔အခြင့္အေရး လႈပ္ရွားသူေတြနဲ႔ ဥပေဒ အက်ိဳးေဆာင္ေတြက ေျပာပါတယ္။ အမွန္တရားနဲ႔ တရားမွ်တမႈရရိွေရးကို ဦးတည္မႈမရိွရင္ေတာ့ ေနာက္ဆက္တဲြ ဆိုးက်ိဳးေတြ ဆက္လက္ရင္ဆုိင္ ရႏိုင္တယ္လုိ႔လည္း သံုးသပ္တာေတြ ရိွေနပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

လူမ်ဳိးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆုိတဲ့ စြပ္စြဲခ်က္ ႏုိင္ငံတကာတရား႐ုံးမွာ ျမန္မာႏုိင္ငံအေပၚ ဂမ္ဘီယာႏိုင္ငံက စဲြဆုိထားတာကို ရင္ဆုိင္ဖို႔အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အဖဲြ႔ဟာ နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕ကို ေရာက္ရိွေနၿပီ ျဖစ္ပါတယ္။

ႏွစ္ဘက္ ေလွ်ာက္လဲခ်က္ေတြကို ဒီဇင္ဘာလ ၁၀၊ ၁၁၊ ၁၂ ရက္ေန႔ေတြမွာ တင္သြင္းၾကမွာ ျဖစ္ပါတယ္။

ဒီလိုေလွ်ာက္လဲတင္သြင္းရာမွာ ျမန္မာႏိုင္ငံအေနနဲ႔ အမွန္တရားနဲ႔ တရားမွ်တမႈကို ေရွ႔ရႈဖို႔ လိုအပ္ေၾကာင္း ညီမွ်ျခင္းျမန္မာ လူ႔အခြင့္အေရး အဖဲြ႔ရဲ့ ဒါရုိက္တာ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

“Genocide မေျမာက္ပါဘူးဆိုတဲ့ အေၾကာင္းအရာကိုမ်ား ေျပာမလားဆိုတဲ့ ခန္႔မွန္းခ်က္ေတာ့ က်ေနာ္ရိွပါတယ္။ အဲဒီေနရာမွာ မဟုတ္ပါဘူးလုိ႔ ေျပာဖုိ႔အတြက္က က်ေနာ္တုိ႔ အေျခအေနက လတ္တေလာမွာေတာ့ ေတာ္ေတာ္ ခက္ေနပါၿပီ။ ဘာေၾကာင့္လဲဆုိေတာ့ သက္ေသအေထာက္အထား အခိုင္အလံုရထားတဲ့ သေဘာမ်ိဳးရိွတယ္။ သတင္းဓါတ္ပံုေတြ၊ ဗီဒီယုိေတြ၊ အာကာသက ရိုက္ထားတဲ့ ဓါတ္ပံုေတြ ရိွေနတယ္။ အဲဒါေတြကိုက ျဖစ္ပ်က္ေနတဲ့အေၾကာင္းအရာမွာ ဒါေတြေတြ ျဖစ္ေနတယ္ဆုိတဲ့ တာ၀န္ရိွမႈကေတာ ရိွေနၿပီခင္ဗ်။ အဲေတာ့ အဲဒီေနရာမ်ိဳးမွာ မဟုတ္ပါဘူး။ မလုပ္ပါဘူးလုိ႔ ေျပာမယ့္ အစား ပကတိအေျခအေန ဘယ္လုိမ်ိဳးျဖစ္ပါတယ္ဆိုတဲ့ အရာမ်ိိဳးကို ၀န္ခံသင့္လုိရိွရင္ ၀န္ခံ တကယ္လို႔ ျဖစ္ခဲ့လုိ႔ ရိွရင္လည္း ေနာက္တစ္ခါ မျဖစ္ဖုိ႔အတြက္ ဘယ္လုိမ်ိဳးလုပ္ေဆာင္မလဲ ဘယ္လုိေျဖရွင္းမလဲဆိုတဲ့နည္းလမ္းနဲ႔ အမွန္တရားနဲ႔ တရားမွ်တမႈကို ေရွ႕ရႈၿပီး လုပ္ေဆာင္တဲ့ အေျခအေနမ်ိဳးမွသာ အစိုးရလည္း နံမည္တက္သလို တိုင္းျပည္ကလည္း ဂုဏ္တက္လာမွာ ျဖစ္ပါတယ္။ ”

ျမန္မာအစိုးရအေနနဲ႔ ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္မႈရိွတယ္ဆုိရင္ လူမ်ိဳးတံုးသတ္ျဖတ္မႈနဲ႔ပတ္သက္တဲ့ စဲြဆုိမႈေတြဟာ ICJ တရားရံုးမွာတင္ ၿပီးျပတ္ႏိုင္ဖြယ္ ရိွေၾကာင္းလည္း ဦးေအာင္မ်ိဳးမင္းက သံုးသပ္ပါတယ္။

ဒီလိုပူးေပါင္းေဆာင္ရြက္မႈမရိွရင္ ေနာက္ပိုင္းမွာ ပိုမိုဆိုးတဲ့အေျခအေနေတြ ထပ္မံရင္ဆုိင္ရႏိုင္ေၾကာင္းလည္း အခုလို ဆက္ေျပာပါတယ္။

“ဒီလုိကိစၥေတြကို ျငင္းဆန္ပါတယ္။ ဒါမ်ိဳးေတြ မျဖစ္သင့္ပါဘူး။ ဒါမ်ိဳးေတြ လက္မခံပါဘူး။ ႏိုင္ငံတကာက ၀ိုင္း၀န္းၿပီးေတာ့ ဖိအားေပးတဲ့ပံုစံမ်ိဳးျဖစ္တဲ့အတြက္ ဂရုမစိုက္ပါဘူးဆုိတဲ့ ပံုစံမ်ိဳးျဖစ္လာရင္ေတာ့ ICJ မရရင္ေတာ့ ေနာက္ထပ္ ဆက္လက္သြားမယ့္ လမ္းေၾကာင္းေတြက ေစာင့္စားေနပါတယ္။ICC ကို ေရာက္မယ္ဆုိရင္ ပိုၿပီးေတာ့ ဆုိးသြားႏိုင္တယ္။ ျမန္မာအစိုးရက ဒီ ICC နဲ႔ပတ္သက္တဲ့ Rome Statue ကို လက္မွတ္ မထိုးထားဘူး ဘယ္ေလာက္ထိ ေျပာေျပာ တကယ္လုိ႔ ပူးေပါင္းေဆာင္ရြက္မႈမရိွဘူးဆုိရင္ ဒီလမ္းေၾကာင္း သြားဖုိ႔အတြက္ ျပင္ဆင္ေနတဲ့ လမ္းေၾကာင္းေတြက ရိွၿပီးသား ဒါကို သတိျပဳဖို႔ လိုအပ္ပါတယ္။”

ျပည္ေထာင္စုေရွ႔ေနမ်ားနဲ႔ ဥပေဒအေထာက္အကူျပဳသူမ်ားအဖဲြ႔ရဲ့ သင္းလံုးကြ်တ္အစည္းအေ၀းကလည္း ICJ မွာ တရားရင္ဆုိင္ရာမွာ တရားမွ်တမႈနဲ႔ အမွန္တရားေပၚေပါက္ေရးအတြက္ ေျဖရွင္းေဆာင္ရြက္ေစလုိေၾကာင္းနဲ႔ ေဆာင္ရြက္သင့္ေၾကာင္း ဒီဇင္ဘာလ ၈ရက္ေန႔က ထုတ္ျပန္ေၾကညာထားပါတယ္။

ဒီထုတ္ျပန္ခ်က္မွာ ျပည္ေထာင္စု တည္ၿမဲခိုင္မာေရးအတြက္ ၾကိဳးပမ္းရာမွာ အျပစ္မဲ့ ျပည္သူေတြကို မထိခိုက္ေစဖို႔တြက္ မိမိနဲ႔ အျခားသူေတြကိုဥပေဒနဲ႔ မညီတဲ့ ကာကြယ္တာမ်ိဳးေတြ မလုပ္ဖို႔ လိုအပ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

တရားမွ်တမႈနဲ႔ အမွန္တရားေပၚေပါက္ေရးကို ဦးမတည္ဘဲ ဥပေဒနဲ႔ မညီတဲ့ ကာကြယ္တာမ်ိဳးေတြလုပ္ေဆာင္ရင္ ျဖစ္ေပၚလာႏိုင္တဲ့ အေျခအေနကို ျပည္ေထာင္စုေရွ႔ေနမ်ားနဲ႔ ဥပေဒအေထာက္အကူျပဳသူမ်ားအဖဲြ႔ ဥကၠ႒ တရားလႊတ္ေတာ္ေရွ႔ေန ဦးၾကီးျမင့္က သံုးသပ္ပါတယ္။

“ေနာက္ဆက္တဲြကေတာ့ ကမၻာၾကီးက ဘယ္ခံမလဲ။ ဒီ ICJ ရံုးကေနၿပီးေတာ့ ပဏာမ ေကာက္ခ်က္ေတြထဲက ၅ခ်က္ထဲက ၅ခ်က္လံုးေသာ္လည္းေကာင္း၊ ၃- ၄ ခ်က္ေသာ္လည္းေကာင္း လိုက္ေလ်ာၿပီးေတာ့ ဆံုးျဖတ္ခ်က္ ခ်လုိက္မယ္ဆုိရင္ က်ေနာ္ေျပာသလို ရခုိင္ဟာ ထိန္းလုိ႔ သိမ္းလို႔ မရဘဲနဲ႔၊ ႏိုင္ငံတကာ ပိတ္ဆုိ႔မႈေတြေၾကာင့္ စီးပြားေရးက်သြားမယ္။ ေနာက္ သူ႔ရဲ့ ဒီမုိကေရစီလုပ္ငန္းစဥ္ေတြလည္း ထိခိုက္မႈေတြျဖစ္လာလိမ့္မယ္။ ေနာက္တစ္ခါ ဘာသာေရး အံုၾကြမႈေတြလည္းပဲ ျပည္တြင္းမွာျဖစ္လာႏိုင္စရာရိွၿပီးေတာ့ ၂၀၁၀ ေရြးေကာက္ပဲြ ကိုလည္း ထိခုိက္လာႏိုင္စရာေတြ ေပၚေပါက္လာႏိုင္တယ္လုိ႔ အဲလုိေတြလည္း က်ေနာ္ ျမင္တယ္ေလ။”

ျမန္မာအစိုးရက ICJ မွာ တရားရင္ဆုိင္သြားမယ့္အေပၚမွာေတာ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ အျခား လူမႈအသင္းအဖဲြ႔ေတြကလည္း တရားမ်ွတမႈနဲ႔ အမွန္တရားေပၚေပါက္ေရးကို အေလးထား ေဆာင္ရြက္ဖုိ႔ သေဘာထားထုတ္ျပန္ထားၾကပါတယ္။

ရခိုင္ျပည္နယ္အတြင္းက လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို လူမ်ိဳးတံုးသတ္ျဖတ္မႈနဲ႔ ICJ မွာ တရားစဲြဆုိထားသလို ျမန္မာေခါင္းေဆာင္ေတြကို ရာဇ၀တ္မႈက်ဴးလြန္တယ္ ဆုိတဲ့ စဲြဆုိခ်က္နဲ႔ အာဂ်င္တီးနား တရားရံုးမွာ အမႈဖြင့္ထားပါတယ္။ တခ်ိန္တည္းမွာလည္း ICC ေခၚ ရာဇ၀တ္မႈတရားရံုးက ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္နယ္စပ္က အေျခအေနေတြကို စံုစမ္းစစ္ေဆးဖုိ႔ ဆံုးျဖတ္ထားတာ ျဖစ္ပါတယ္။

ICJ အမႈ ျမန္မာလူ႔အခြင့္အေရးအဖြဲ႕ေတြအျမင္
please wait

No media source currently available

0:00 0:04:30 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ICJ အမှု မြန်မာလူ့အခွင့်အရေးအဖွဲ့တွေ အမြင်

လူမျိုးတုံးသတ်ဖြတ်မှု Genocide နဲ့ တရားစွဲဆိုထားတာကို နိုင်ငံတကာ တရားရုံး (ICJ) မှာ ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ အမှန်တရားနဲ့ တရားမျှတမှုကို ရှေ့ရှုဆောင်ရွက်သွားမယ်လို့ မျှော်လင့်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဥပဒေ အကျိုးဆောင်တွေက ပြောပါတယ်။ အမှန်တရားနဲ့ တရားမျှတမှုရရှိရေးကို ဦးတည်မှုမရှိရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဆက်လက်ရင်ဆိုင် ရနိုင်တယ်လို့လည်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် စွဲဆိုထားတာကို ရင်ဆိုင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ နယ်သာလန်နိုင်ငံ The Hague မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

နှစ်ဘက် လျှောက်လဲချက်တွေကို ဒီဇင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်နေ့တွေမှာ တင်သွင်းကြမှာ ဖြစ်ပါတယ်။

ဒီလိုလျှောက်လဲတင်သွင်းရာမှာ မြန်မာနိုင်ငံအနေနဲ့ အမှန်တရားနဲ့ တရားမျှတမှုကို ရှေ့ရှုဖို့ လိုအပ်ကြောင်း ညီမျှခြင်းမြန်မာ လူ့အခွင့်အရေး အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“Genocide မမြောက်ပါဘူးဆိုတဲ့ အကြောင်းအရာကိုများ ပြောမလားဆိုတဲ့ ခန့်မှန်းချက်တော့ ကျနော်ရှိပါတယ်။ အဲဒီနေရာမှာ မဟုတ်ပါဘူးလို့ ပြောဖို့အတွက်က ကျနော်တို့ အခြေအနေက လတ်တလောမှာတော့ တော်တော် ခက်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ သက်သေအထောက်အထား အခိုင်အလုံရထားတဲ့ သဘောမျိုးရှိတယ်။ သတင်းဓါတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အာကာသက ရိုက်ထားတဲ့ ဓါတ်ပုံတွေ ရှိနေတယ်။ အဲဒါတွေကိုက ဖြစ်ပျက်နေတဲ့အကြောင်းအရာမှာ ဒါတွေတွေ ဖြစ်နေတယ်ဆိုတဲ့ တာဝန်ရှိမှုကတော ရှိနေပြီခင်ဗျ။ အဲတော့ အဲဒီနေရာမျိုးမှာ မဟုတ်ပါဘူး။ မလုပ်ပါဘူးလို့ ပြောမယ့် အစား ပကတိအခြေအနေ ဘယ်လိုမျိုးဖြစ်ပါတယ်ဆိုတဲ့ အရာမျိုးကို ဝန်ခံသင့်လိုရှိရင် ဝန်ခံ တကယ်လို့ ဖြစ်ခဲ့လို့ ရှိရင်လည်း နောက်တစ်ခါ မဖြစ်ဖို့အတွက် ဘယ်လိုမျိုးလုပ်ဆောင်မလဲ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့နည်းလမ်းနဲ့ အမှန်တရားနဲ့ တရားမျှတမှုကို ရှေ့ရှုပြီး လုပ်ဆောင်တဲ့ အခြေအနေမျိုးမှသာ အစိုးရလည်း နံမည်တက်သလို တိုင်းပြည်ကလည်း ဂုဏ်တက်လာမှာ ဖြစ်ပါတယ်။ ”

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုရင် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ စွဲဆိုမှုတွေဟာ ICJ တရားရုံးမှာတင် ပြီးပြတ်နိုင်ဖွယ် ရှိကြောင်းလည်းဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်မှုမရှိရင် နောက်ပိုင်းမှာ ပိုမိုဆိုးတဲ့အခြေအနေတွေ ထပ်မံရင်ဆိုင်ရနိုင်ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ဒီလိုကိစ္စတွေကို ငြင်းဆန်ပါတယ်။ ဒါမျိုးတွေ မဖြစ်သင့်ပါဘူး။ ဒါမျိုးတွေ လက်မခံပါဘူး။ နိုင်ငံတကာက ဝိုင်းဝန်းပြီးတော့ ဖိအားပေးတဲ့ပုံစံမျိုးဖြစ်တဲ့အတွက် ဂရုမစိုက်ပါဘူးဆိုတဲ့ ပုံစံမျိုးဖြစ်လာရင်တော့ ICJ မရရင်တော့ နောက်ထပ် ဆက်လက်သွားမယ့် လမ်းကြောင်းတွေက စောင့်စားနေပါတယ်။ICC ကို ရောက်မယ်ဆိုရင် ပိုပြီးတော့ ဆိုးသွားနိုင်တယ်။ မြန်မာအစိုးရက ဒီ ICC နဲ့ပတ်သက်တဲ့ Rome Statue ကို လက်မှတ် မထိုးထားဘူး ဘယ်လောက်ထိ ပြောပြော တကယ်လို့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် ဒီလမ်းကြောင်း သွားဖို့အတွက် ပြင်ဆင်နေတဲ့ လမ်းကြောင်းတွေက ရှိပြီးသား ဒါကို သတိပြုဖို့ လိုအပ်ပါတယ်။”

ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ရဲ့ သင်းလုံးကျွတ်အစည်းအဝေးကလည်း ICJ မှာ တရားရင်ဆိုင်ရာမှာ တရားမျှတမှုနဲ့ အမှန်တရားပေါ်ပေါက်ရေးအတွက် ဖြေရှင်းဆောင်ရွက်စေလိုကြောင်းနဲ့ ဆောင်ရွက်သင့်ကြောင်း ဒီဇင်ဘာလ ၈ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

ဒီထုတ်ပြန်ချက်မှာ ပြည်ထောင်စု တည်မြဲခိုင်မာရေးအတွက် ကြိုးပမ်းရာမှာ အပြစ်မဲ့ ပြည်သူတွေကို မထိခိုက်စေဖို့တွက် မိမိနဲ့ အခြားသူတွေကိုဥပဒေနဲ့ မညီတဲ့ ကာကွယ်တာမျိုးတွေ မလုပ်ဖို့ လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

တရားမျှတမှုနဲ့ အမှန်တရားပေါ်ပေါက်ရေးကို ဦးမတည်ဘဲ ဥပဒေနဲ့ မညီတဲ့ ကာကွယ်တာမျိုးတွေလုပ်ဆောင်ရင် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

“နောက်ဆက်တွဲကတော့ ကမ္ဘာကြီးက ဘယ်ခံမလဲ။ ဒီ ICJ ရုံးကနေပြီးတော့ ပဏာမ ကောက်ချက်တွေထဲက ၅ချက်ထဲက ၅ချက်လုံးသော်လည်းကောင်း၊ ၃- ၄ ချက်သော်လည်းကောင်း လိုက်လျောပြီးတော့ ဆုံးဖြတ်ချက် ချလိုက်မယ်ဆိုရင် ကျနော်ပြောသလို ရခိုင်ဟာ ထိန်းလို့ သိမ်းလို့ မရဘဲနဲ့၊ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးကျသွားမယ်။ နောက် သူ့ရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေလည်း ထိခိုက်မှုတွေဖြစ်လာလိမ့်မယ်။ နောက်တစ်ခါ ဘာသာရေး အုံကြွမှုတွေလည်းပဲ ပြည်တွင်းမှာဖြစ်လာနိုင်စရာရှိပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ထိခိုက်လာနိုင်စရာတွေ ပေါ်ပေါက်လာနိုင်တယ်လို့ အဲလိုတွေလည်း ကျနော် မြင်တယ်လေ။”

မြန်မာအစိုးရက ICJ မှာ တရားရင်ဆိုင်သွားမယ့်အပေါ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အခြား လူမှုအသင်းအဖွဲ့တွေကလည်း တရားမျှတမှုနဲ့ အမှန်တရားပေါ်ပေါက်ရေးကို အလေးထား ဆောင်ရွက်ဖို့ သဘောထားထုတ်ပြန်ထားကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်ရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICJ မှာ တရားစွဲဆိုထားသလို မြန်မာခေါင်းဆောင်တွေကို ရာဇဝတ်မှုကျူးလွန်တယ် ဆိုတဲ့ စွဲဆိုချက်နဲ့ အာဂျင်တီးနား တရားရုံးမှာ အမှုဖွင့်ထားပါတယ်။ တချိန်တည်းမှာလည်း ICC ခေါ် ရာဇဝတ်မှုတရားရုံးက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG