သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ေနာက္ဆံုးေန႔ ဂမ္ဘီယာ ေလွ်ာက္လဲခ်က္


ICJ ေနာက္ဆံုးေန႔ ဂမ္ဘီယာ ေလွ်ာက္လဲခ်က္

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုန္းသတ္ျဖတ္ဖုိ႔ရည္႐ြယ္ခ်က္နဲ႔ လုပ္ခဲ့တယ္ဆုိၿပီး ႏုိင္ငံတကာတရား႐ံုး ICJ မွာ တရားစြဲထားတဲ့အမႈအတြက္ ႏွစ္ဘက္ တေၾကာ့ျပန္ ေလွ်ာက္ထားခ်က္ေတြကို ဒီကေန႔ တင္ျပၾကပါတယ္။ Gambia ႏိုင္ငံဘက္က တင္ျပေလွ်ာက္ထားသြားၾကတဲ့ ဥပေဒပညာ႐ွင္ေတြက မေန႔က ျမန္မာႏိုင္ငံဘက္က ေလွ်ာက္လဲခ်က္ေတြကို ျပန္လည္ေခ်ပခဲ့ၾကသလို၊ ႐ုိဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံး သတ္ျဖတ္တဲ့ အေျခအေနပိုဆိုးမလာေအာင္ ကာကြယ္တားဆီးမႈေတြ တရား႐ံုးက ဆံုးျဖတ္ခ်မွတ္ဖုိ႔ လိုအပ္တယ္ဆိုတဲ့ အခ်က္ေတြကို အဓိကထား ေလွ်ာက္ထားသြားၾကတာ ျဖစ္ပါတယ္။ ဒီေလွ်ာက္ထားခ်က္ေတြကို တရား႐ံုးထဲမွာ ကိုယ္တုိင္သတင္းယူခဲ့တဲ့ VOA ျမန္မာပိုင္းအယ္ဒီတာ ဦးေက်ာ္ဇံသာနဲ႔ မဆုျမတ္မြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ ဒီကေန႔ Gambia ဘက္က ဘယ္လိုအခ်က္ေတြနဲ႔ ေလွ်ာက္ထားတင္ျပသြားၾကသလဲဆုိတာကို ေျပာျပပါဦး ဦးေက်ာ္ဇံသာ႐ွင္။

ဦးေက်ာ္ဇံသာ။ ။ ပထမဦးဆံုးက ဂမ္ဘီယာရဲ႕ ပထမေလွ်ာက္ထားခ်က္ကို ျမန္မာႏိုင္ငံဘက္က ေခ်ပတဲ့ေနရာမွာ သူ႔တို႔ေလွ်ာက္ထားခ်က္ကို အမွန္တကယ္ မေခ်ပႏိုင္ခဲ့ဘူး ၊ မတံု႔ျပန္ႏိုင္ဘူးဆိုတာကို သူတို႔ သက္ေသ သာဓကနဲ႔ တင္ျပပါတယ္။ ပထမအေနနဲ႔ကေတာ့ အခ်က္အလက္ပိုင္းဆိုင္ရာနဲ႔ပတ္သက္ၿပီး ဂမ္ဘီယာဘက္က အဓိက ေလွ်ာက္လဲတဲ့ ေရွ႕ေနခ်ဳပ္ျဖစ္တဲ့ Paul Reichler က တင္ျပတယ္။ အဲဒီမွာ ျမန္မာအစိုးရဟာ ရိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတံုးသတ္ျဖတ္ဖို႔ က်ဴးလြန္ခဲ့တဲ့ intent ရွိတာကို သူတို႔ မဟန္႔တားႏိုင္ခဲ့ဘူး။ က်ဴးလြန္ဖို႔ ျဖစ္ဖို႔ ကိစၥေတြကို မဟန္႔တားႏိုင္ဘူး ဆိုတာကို အဓိက ေျပာသြားတာ ျဖစ္ပါတယ္။ ျမန္မာအစိုးရ ကိုယ္တိုင္က အထူးသျဖင့္ ျမန္မာစစ္တပ္က လက္နက္ကိုင္တပ္ဖြဲ႔ေတြရဲ႕ ရက္စက္မႈ ၊ ဒီလူမ်ိဳးစုေတြအေပၚ ရက္စက္မႈကို သူတို႔ မဟန္႔တားခဲ့ဘူး ဆိုတာကို အဲဒီလို ရက္စက္မႈေတြ က်ဴးလြန္မႈေတြရွိတယ္ဆိုတာကို ေျပာသြားတယ္၊ သူတို႔ မဟန္႔တားခဲ့ဘူး ဆိုတာကို အေထာက္အထား နဲ႔ ေခ်ပသြားတာကို ေတြ႔ရတယ္ ၊ ပထမဆံုးအေနနဲ႔ကေတာ့။ အထူးသျဖင့္ သူတို႔အျငင္းပြားမႈေတြကို မေျပာဘူး ၊ ရြာေတြဖ်က္ဆီးခံရတာ၊ လိင္ကိစၥ ေစာ္ကားခံရတာ၊ ေနာက္ၿပီးေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ Facebook ထဲမွာ ဒီကိစၥကို က်ေနာ္တုိ႔ အျပတ္ရွင္းေတာ့မယ္ဆိုတာေတြ ေရးထားခဲ့တာနဲ႔ တကြ အေထာက္အထားကို ဦးစားေပးၿပီးေတာ့ သူ တက္တက္ၾကြၾကြတင္ျပသြားပါတယ္ ဒါကေတာ့ ပထမဦးဆံုးတင္ျပတဲ့ ေရွ႕ေနႀကီးတင္ျပခဲ့တာပါ။

ေမး။ ။ ဒီေန႔ ဂမ္ဘီယာ ဘက္က ဥပေဒပညာ႐ွင္ ၃ ေယာက္ထဲက ပထဆံုး ေလွ်ာက္ထား တင္ျပသြားတဲ့ ဦးေက်ာ္ဇံသာေျပာသလိုပဲ ဥပေဒပညာ႐ွင္ Paul Reichler ပါ။ ေနာက္ဥပေဒပညာ႐ွင္တေယာက္ျဖစ္တဲ့ ပါေမာကၡ Pierre d’ Argent ေျပာသြားတဲ့ထဲမွာေတာ့ ICJ မွာ အခုအမႈကိစၥ စီရင္ပိုင္ခြင့္ ႐ွိသလားလို႔ မေန႔က ျမန္မာဖက္က ေမးခြန္းထုတ္သြားတဲ့ အခ်က္ကို ျပန္ေခ်ပသြားတာေတြ႔ပါတယ္။ ဆိုေတာ့ ပါေမာကၡ ဒါေဂ်ာန္းရဲ႕ ေလွ်ာက္ထားခ်က္ေတြကိုလဲ ေျပာျပပါဦး ဦးေက်ာ္ဇံသာ႐ွင့္။

ဦးေက်ာ္ဇံသာ။ ။ ပါေမာကၡ Pierre d’ Argent ေလွ်ာက္ထားတာကေတာ့ သူက အခ်က္အလက္ ဥပေဒေၾကာင္းအရ ဘာကို ေခ်ပသလဲဆိုရင္ ဒီကိစၥဟာ OIC နဲ႔ ျဖစ္တာမဟုတ္ဘူး Gambia ႏိုင္ငံနဲ႔ ျဖစ္တဲ့ အမႈျဖစ္တယ္။ Gambia ႏိုင္ငံဟာ တရားစြဲဆိုႏိုင္ခြင့္ရွိတယ္။ သူ႔မွာ စြဲဆိုဖို႔ အခြင့္အာဏာအျပည့္ရွိတယ္ ဒါ proxy အေနနဲ႔ လုပ္တာမဟုတ္ဘူးဆိုတာ ေျပာပါတယ္။ သူဟာ ကုလ အဖြဲ႔၀င္ႏိုင္ငံတခုလည္း ျဖစ္တယ္ ဆိုေတာ့ Gambia ႏိုင္ငံဟာ OIC ရဲ႕ ၾသဇာအာဏာေအာက္က လုပ္တာမဟုတ္ဘူး ။ ကန္႔ကြက္စရာမရွိဘူးဆိုၿပီးေတာ့ သူေျပာသြားပါတယ္။ သူတို႔ရဲ႕ လုပ္ရပ္ကို အျခား OIC အဖြဲ႔၀င္ႏုိင္ငံေတြက ေထာက္ခံသလိုပဲ ကေနဒါ နဲ႔ နယ္သလန္ ႏိုင္ငံေတြကလည္း ေထာက္ခံတယ္ က်န္တဲ့ႏိုင္ငံေတြကလည္း ေထာက္ခံလာမယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း ေျပာသြားပါတယ္။

ေမး။ ။ Gambia ဘက္က ေလွ်ာက္ထားတဲ့ ေနာက္ဆံုး ဥပေဒပညာ႐ွင္ကေတာ့ ပါေမာကၡေ႐ွ႕ေနႀကီး Philippe Sands ျဖစ္ပါတယ္။ ICJ တရား႐ံုးမွာ အရင္ဆံုးျဖတ္ခဲ့ဖူးတဲ့ သာဓကတခုကိုလည္း သူေျပာသြားတာေတြ႔ပါတယ္။ ပါေမာကၡေ႐ွ႕ေနႀကီး Philippe Sands သူေျပာသြားတဲ့ အခ်က္ေတြကိုလည္း ဦးေက်ာ္ဇံသာ ေျပာျပပါဦး႐ွင့္။

ဦးေက်ာ္ဇံသာ။ ။ ဟုတ္ကဲ့ ၁၉၆၀ ႏွစ္လြန္တုန္းက အာဖရိက ေတာင္ပိုင္းမွာ ျဖစ္ခဲ့တဲ့ အီသီယိုးပီးယားတို႔ liberia တို႔ ႏိုင္ငံေတြက ေတာင္ အာဖရိကႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ေလွ်ာက္ထားတဲ့ ကိစၥျဖစ္ပါတယ္ ။ အဲဒီတုန္းက Provisional Measure ထုတ္ေပးဖို႔ ကိစၥနဲ႔ ပတ္သက္ၿပီး တရားရံုးက လက္မခံခဲ့ပါဘူး။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ေပၚလြင္ထင္ရွားျခင္းမရွိလို႔ ဒါကို ပလပ္လိုက္တယ္ဆိုတဲ့ တရားစီရင္မႈ ရွိခဲ့ပါတယ္။ အဲဒီစီရင္မႈကို ျမန္မာဘက္က ေထာက္ျပတယ္၊ အဲဒီတုန္းက ဒီလိုရွိခဲ့တယ္ ဒီလိုကိစၥလည္း တရားရံုးက စီရင္ႏိုင္ခြင့္မရွိဘူး ဆိုတာ သူတို႔ ေလွ်ာက္လဲသြားတဲ့အတြက္ေၾကာင့္ အဲဒါကို သူက ျပန္ေထာက္ျပပါတယ္။ အဲဒီအတိုင္း လုပ္ခဲ့တဲ့အတြက္ေၾကာင့္ ေတာင္အာဖရိက ကိစၥမွာလည္း ပယ္ခ်ခဲ့တာ ရွိတယ္၊ အဲဒီလို ပယ္ခ်ခဲ့လို႔ တရားရံုးအေနနဲ႔ ႏိုင္ငံတကာရဲ႕ ေ၀ဖန္ျခင္းခံခဲ့ရတယ္။ အခုလည္း ဒီအမွားကို ဆက္ၿပီးေတာ့ က်ဴးလြန္မယ္ဆိုရင္ တရားရံုးလည္း သမိုင္းမလွ ျဖစ္မယ္ဆိုတာကို အေထာက္အထားနဲ႔တကြ ေလွ်ာက္လဲသြားပါတယ္။ သူက တကယ့္တမ္း ဒီေန႔ အားလံုး လႊမ္းၿခံဳၿပီးေတာ့ ေျပာရရင္ေတာ့ သူတို႔ ေလွ်ာက္ထားခ်က္ကေတာ့ intent ရွိတယ္၊ စီရင္ပိုင္ခြင့္ရွိတယ္ တရားရံုးမွာ Gambia ဘက္က စြဲဆိုပိုင္ခြင့္ အျပည့္ရွိတယ္ Provisional Measure လို႔ ေခၚတဲ့ လက္တေလာလိုက္နာရဖို႔ ဆက္ၿပီးေတာ့ intent ရွိေနေသးတဲ့အတြက္ ဒါကို ဟန္႔တားထားဖို႔ လိုတယ္။ ဒီအမိန္႔ကို ခ်မွတ္ဖို႔ လိုတယ္ ဆိုတာကို ေလွ်ာက္လဲသြားတာပါ။ ဒါကို စဥ္းစားၿပီးေတာ့ ေနာက္နာရီပိုင္းအတြင္းမွာ ျမန္မာဘက္က ဘယ္လို ဒုတိယအႀကိမ္ ခုခံေခ်ပ လာမလဲဆိုတာကေတာ့ က်ေနာ္တို႔ ေစာင့္ၾကည့္ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။

အခုလို Gambia ဖက္က ဒီကေန႔ တေၾကာ့ျပန္ေလွ်ာက္ထားခ်က္ေတြကိုၾကည့္ရင္ အဓိကက ႐ုိဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုန္းသတ္ျဖတ္တဲ့ အေျခအေန ပိုဆိုးမလာေအာင္ ကာကြယ္တားဆီးႏုိင္မယ့္ ေဆာင္႐ြက္ခ်က္ေတြကုိ တရား႐ံုးကေန ခ်မွတ္ေပးဖုိ႔ လိုအပ္တယ္ဆုိတာကို ဥပေဒပညာ႐ွင္ေတြဖက္က အခ်က္အလက္ေတြနဲ႔ ပိုၿပီးခိုင္မာေအာင္ တင္ျပသြားၾကတယ္လို႔ ေျပာႏိုင္တာေပါ့ ဦးေက်ာ္ဇံသာ႐ွင့္။

ေမး။ ။ မၾကာခင္ နာရီပိုင္းအတြင္းမွာ ျမန္မာဘက္ကလည္း ေလွ်ာက္လဲတင္ျပမယ္ဆိုေတာ့ ျမန္မာဘက္က ဘယ္လိုအခ်က္ေတြကို ခုခံေခ်ပမယ္လို႔ ဦးေက်ာ္ဇံသာအေနနဲ႔ ေမွ်ာ္လင့္သလဲရွင့္

ဦးေက်ာ္ဇံသာ။ ။ ဒါကေတာ့ ႀကိဳတင္ခန္႔မွန္းရခက္ပါတယ္။ ျမန္မာဘက္ကေတာ့ အခ်က္အလက္ပိုင္း ေစာေစာကေျပာထားတဲ့ ဟိုဘက္က ေျပာတာ ဟန္႔တားဖို႔ မႀကိဳးစားခဲ့ဘူးဆိုတာ အဓိက ေျပာတယ္၊ စစ္တပ္ဘက္က ရက္စက္က်ဴးလြန္မႈေတြတကယ္ရွိခဲ့တယ္ဆိုတာကို ျမန္မာဘက္က ၀န္ခံၿပီးသားျဖစ္ေနပါလားဆိုတဲ့ေမးခြန္းေမးပါတယ္။ ေတာ္ေတာ္ေလး အကြက္က်က်ေျပာသြားတယ္လို႔ ဆိုရမွာပါ။ အခုျမန္မာဘက္က ဒါကို ဘယ္လို ေခ်ပလာမလဲဆိုတာ က်ေနာ္တို႔လည္း စိတ္၀င္တစားေစာင့္ၾကည့္ေနတယ္လို႔ ေျပာရမွာပါ။

Netherlands ႏိုင္ငံ The Hague ၿမိဳ႕က ICJ တရား႐ံုးမွာ ေလွ်ာက္ထားတင္ျပခ်က္ေတြကို ကိုယ္တိုင္သတင္းယူေနတဲ့ ဦးေက်ာ္ဇံသာျဖစ္ပါတယ္။

...................

ICJ ေနာက္ဆံုးေန႔ ဂမ္ဘီယာ ေလွ်ာက္လဲခ်က္
please wait

No media source currently available

0:00 0:06:50 0:00
တိုက္႐ိုက္ လင့္ခ္

ICJ နောက်ဆုံးနေ့ ဂမ်ဘီယာ လျှောက်လဲချက်

Unicode

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုပြီး နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲထားတဲ့အမှုအတွက် နှစ်ဘက် တကြော့ပြန် လျှောက်ထားချက်တွေကို ဒီကနေ့ တင်ပြကြပါတယ်။ Gambia နိုင်ငံဘက်က တင်ပြလျှောက်ထားသွားကြတဲ့ ဥပဒေပညာရှင်တွေက မနေ့က မြန်မာနိုင်ငံဘက်က လျှောက်လဲချက်တွေကို ပြန်လည်ချေပခဲ့ကြသလို၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်တဲ့ အခြေအနေပိုဆိုးမလာအောင် ကာကွယ်တားဆီးမှုတွေ တရားရုံးက ဆုံးဖြတ်ချမှတ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တွေကို အဓိကထား လျှောက်ထားသွားကြတာဖြစ်ပါတယ်။ ဒီလျှောက်ထားချက်တွေကို တရားရုံးထဲမှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာနဲ့ မဆုမြတ်မွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ဒီကနေ့ Gambia ဘက်က ဘယ်လိုအချက်တွေနဲ့ လျှောက်ထားတင်ပြသွားကြသလဲဆိုတာကို ပြောပြပါဦး ဦးကျော်ဇံသာရှင်။

ဦးကျော်ဇံသာ။ ။ ပထမဦးဆုံးက ဂမ်ဘီယာရဲ့ ပထမလျှောက်ထားချက်ကို မြန်မာနိုင်ငံဘက်က ချေပတဲ့နေရာမှာ သူ့တို့လျှောက်ထားချက်ကို အမှန်တကယ် မချေပနိုင်ခဲ့ဘူး ၊ မတုံ့ပြန်နိုင်ဘူးဆိုတာကို သူတို့ သက်သေ သာဓကနဲ့ တင်ပြပါတယ်။ ပထမအနေနဲ့ကတော့ အချက်အလက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဂမ်ဘီယာဘက်က အဓိက လျှောက်လဲတဲ့ ရှေ့နေချုပ်ဖြစ်တဲ့ Paul Reichler က တင်ပြတယ်။ အဲဒီမှာ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ကျူးလွန်ခဲ့တဲ့ intent ရှိတာကို သူတို့ မဟန့်တားနိုင်ခဲ့ဘူး။ ကျူးလွန်ဖို့ ဖြစ်ဖို့ ကိစ္စတွေကို မဟန့်တားနိုင်ဘူး ဆိုတာကို အဓိက ပြောသွားတာ ဖြစ်ပါတယ်။ မြန်မာအစိုးရ ကိုယ်တိုင်က အထူးသဖြင့် မြန်မာစစ်တပ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရက်စက်မှု ၊ ဒီလူမျိုးစုတွေအပေါ် ရက်စက်မှုကို သူတို့ မဟန့်တားခဲ့ဘူး ဆိုတာကို အဲဒီလို ရက်စက်မှုတွေ ကျူးလွန်မှုတွေရှိတယ်ဆိုတာကို ပြောသွားတယ်၊ သူတို့ မဟန့်တားခဲ့ဘူး ဆိုတာကို အထောက်အထား နဲ့ ချေပသွားတာကို တွေ့ရတယ် ၊ ပထမဆုံးအနေနဲ့ကတော့။ အထူးသဖြင့် သူတို့အငြင်းပွားမှုတွေကို မပြောဘူး ၊ ရွာတွေဖျက်ဆီးခံရတာ၊ လိင်ကိစ္စ စော်ကားခံရတာ၊ နောက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Facebook ထဲမှာ ဒီကိစ္စကို ကျနော်တို့ အပြတ်ရှင်းတော့မယ်ဆိုတာတွေ ရေးထားခဲ့တာနဲ့ တကွ အထောက်အထားကို ဦးစားပေးပြီးတော့ သူ တက်တက်ကြွကြွတင်ပြသွားပါတယ် ဒါကတော့ ပထမဦးဆုံးတင်ပြတဲ့ ရှေ့နေကြီးတင်ပြခဲ့တာပါ။

မေး။ ။ ဒီနေ့ ဂမ်ဘီယာ ဘက်က ဥပဒေပညာရှင် ၃ ယောက်ထဲက ပထဆုံး လျှောက်ထား တင်ပြသွားတဲ့ ဦးကျော်ဇံသာပြောသလိုပဲ ဥပဒေပညာရှင် Paul Reichler ပါ။ နောက်ဥပဒေပညာရှင်တယောက်ဖြစ်တဲ့ ပါမောက္ခ Pierre d’ Argent ပြောသွားတဲ့ထဲမှာတော့ ICJ မှာ အခုအမှုကိစ္စ စီရင်ပိုင်ခွင့် ရှိသလားလို့ မနေ့က မြန်မာဖက်က မေးခွန်းထုတ်သွားတဲ့ အချက်ကို ပြန်ချေပသွားတာတွေ့ပါတယ်။ ဆိုတော့ ပါမောက္ခ ဒါဂျောန်းရဲ့ လျှောက်ထားချက်တွေကိုလဲ ပြောပြပါဦး ဦးကျော်ဇံသာရှင့်။

ဦးကျော်ဇံသာ။ ။ ပါမောက္ခ Pierre d’ Argent လျှောက်ထားတာကတော့ သူက အချက်အလက် ဥပဒေကြောင်းအရ ဘာကို ချေပသလဲဆိုရင် ဒီကိစ္စဟာ OIC နဲ့ ဖြစ်တာမဟုတ်ဘူး Gambia နိုင်ငံနဲ့ ဖြစ်တဲ့ အမှုဖြစ်တယ်။ Gambia နိုင်ငံဟာ တရားစွဲဆိုနိုင်ခွင့်ရှိတယ်။ သူ့မှာ စွဲဆိုဖို့ အခွင့်အာဏာအပြည့်ရှိတယ် ဒါ proxy အနေနဲ့ လုပ်တာမဟုတ်ဘူးဆိုတာ ပြောပါတယ်။ သူဟာ ကုလ အဖွဲ့ဝင်နိုင်ငံတခုလည်း ဖြစ်တယ် ဆိုတော့ Gambia နိုင်ငံဟာ OIC ရဲ့ သြဇာအာဏာအောက်က လုပ်တာမဟုတ်ဘူး ။ ကန့်ကွက်စရာမရှိဘူးဆိုပြီးတော့ သူပြောသွားပါတယ်။ သူတို့ရဲ့ လုပ်ရပ်ကို အခြား OIC အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံသလိုပဲ ကနေဒါ နဲ့ နယ်သလန် နိုင်ငံတွေကလည်း ထောက်ခံတယ် ကျန်တဲ့နိုင်ငံတွေကလည်း ထောက်ခံလာမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ်။

မေး။ ။ Gambia ဘက်က လျှောက်ထားတဲ့ နောက်ဆုံး ဥပဒေပညာရှင်ကတော့ ပါမောက္ခရှေ့နေကြီး Philippe Sands ဖြစ်ပါတယ်။ ICJ တရားရုံးမှာ အရင်ဆုံးဖြတ်ခဲ့ဖူးတဲ့ သာဓကတခုကိုလည်း သူပြောသွားတာတွေ့ပါတယ်။ ပါမောက္ခရှေ့နေကြီး Philippe Sands သူပြောသွားတဲ့ အချက်တွေကိုလည်း ဦးကျော်ဇံသာ ပြောပြပါဦးရှင့်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ ၁၉၆၀ နှစ်လွန်တုန်းက အာဖရိက တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အီသီယိုးပီးယားတို့ liberia တို့ နိုင်ငံတွေက တောင် အာဖရိကနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လျှောက်ထားတဲ့ ကိစ္စဖြစ်ပါတယ် ။ အဲဒီတုန်းက Provisional Measure ထုတ်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးက လက်မခံခဲ့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပေါ်လွင်ထင်ရှားခြင်းမရှိလို့ ဒါကို ပလပ်လိုက်တယ်ဆိုတဲ့ တရားစီရင်မှု ရှိခဲ့ပါတယ်။ အဲဒီစီရင်မှုကို မြန်မာဘက်က ထောက်ပြတယ်၊ အဲဒီတုန်းက ဒီလိုရှိခဲ့တယ် ဒီလိုကိစ္စလည်း တရားရုံးက စီရင်နိုင်ခွင့်မရှိဘူး ဆိုတာ သူတို့ လျှောက်လဲသွားတဲ့အတွက်ကြောင့် အဲဒါကို သူက ပြန်ထောက်ပြပါတယ်။ အဲဒီအတိုင်း လုပ်ခဲ့တဲ့အတွက်ကြောင့် တောင်အာဖရိက ကိစ္စမှာလည်း ပယ်ချခဲ့တာ ရှိတယ်၊ အဲဒီလို ပယ်ချခဲ့လို့ တရားရုံးအနေနဲ့ နိုင်ငံတကာရဲ့ ဝေဖန်ခြင်းခံခဲ့ရတယ်။ အခုလည်း ဒီအမှားကို ဆက်ပြီးတော့ ကျူးလွန်မယ်ဆိုရင် တရားရုံးလည်း သမိုင်းမလှ ဖြစ်မယ်ဆိုတာကို အထောက်အထားနဲ့တကွ လျှောက်လဲသွားပါတယ်။ သူက တကယ့်တမ်း ဒီနေ့ အားလုံး လွှမ်းခြုံပြီးတော့ ပြောရရင်တော့ သူတို့ လျှောက်ထားချက်ကတော့ intent ရှိတယ်၊ စီရင်ပိုင်ခွင့်ရှိတယ် တရားရုံးမှာ Gambia ဘက်က စွဲဆိုပိုင်ခွင့် အပြည့်ရှိတယ် Provisional Measure လို့ ခေါ်တဲ့ လက်တလောလိုက်နာရဖို့ ဆက်ပြီးတော့ intent ရှိနေသေးတဲ့အတွက် ဒါကို ဟန့်တားထားဖို့ လိုတယ်။ ဒီအမိန့်ကို ချမှတ်ဖို့ လိုတယ် ဆိုတာကို လျှောက်လဲသွားတာပါ။ ဒါကို စဉ်းစားပြီးတော့ နောက်နာရီပိုင်းအတွင်းမှာ မြန်မာဘက်က ဘယ်လို ဒုတိယအကြိမ် ခုခံချေပ လာမလဲဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။

အခုလို Gambia ဖက်က ဒီကနေ့ တကြော့ပြန်လျှောက်ထားချက်တွေကိုကြည့်ရင် အဓိကက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေ ပိုဆိုးမလာအောင် ကာကွယ်တားဆီးနိုင်မယ့် ဆောင်ရွက်ချက်တွေကို တရားရုံးကနေ ချမှတ်ပေးဖို့ လိုအပ်တယ်ဆိုတာကို ဥပဒေပညာရှင်တွေဖက်က အချက်အလက်တွေနဲ့ ပိုပြီးခိုင်မာအောင် တင်ပြသွားကြတယ်လို့ ပြောနိုင်တာပေါ့ ဦးကျော်ဇံသာရှင့်။

မေး။ ။ မကြာခင် နာရီပိုင်းအတွင်းမှာ မြန်မာဘက်ကလည်း လျှောက်လဲတင်ပြမယ်ဆိုတော့ မြန်မာဘက်က ဘယ်လိုအချက်တွေကို ခုခံချေပမယ်လို့ ဦးကျော်ဇံသာအနေနဲ့ မျှော်လင့်သလဲရှင့်

ဦးကျော်ဇံသာ။ ။ ဒါကတော့ ကြိုတင်ခန့်မှန်းရခက်ပါတယ်။ မြန်မာဘက်ကတော့ အချက်အလက်ပိုင်း စောစောကပြောထားတဲ့ ဟိုဘက်က ပြောတာ ဟန့်တားဖို့ မကြိုးစားခဲ့ဘူးဆိုတာ အဓိက ပြောတယ်၊ စစ်တပ်ဘက်က ရက်စက်ကျူးလွန်မှုတွေတကယ်ရှိခဲ့တယ်ဆိုတာကို မြန်မာဘက်က ဝန်ခံပြီးသားဖြစ်နေပါလားဆိုတဲ့မေးခွန်းမေးပါတယ်။ တော်တော်လေး အကွက်ကျကျပြောသွားတယ်လို့ ဆိုရမှာပါ။ အခုမြန်မာဘက်က ဒါကို ဘယ်လို ချေပလာမလဲဆိုတာ ကျနော်တို့လည်း စိတ်ဝင်တစားစောင့်ကြည့်နေတယ်လို့ ပြောရမှာပါ။

Netherlands နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာ လျှောက်ထားတင်ပြချက်တွေကို ကိုယ်တိုင်သတင်းယူနေတဲ့ ဦးကျော်ဇံသာဖြစ်ပါတယ်။

XS
SM
MD
LG