သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾကားျဖတ္အေရးေပၚအစီအစဥ္ လိုအပ္ေၾကာင္း ဂမ္ဘီယာ ေလွ်ာက္လဲ


ဂမ္ဘီယာႏုိင္ငံက တရားေရး၀န္ႀကီး Aboubacarr Tambadou

(Zawgyi/Unicode)

႐ုိဟင္ဂ်ာေတြကုိ လူမ်ဳိးတုံး သတ္ျဖတ္ဖုိ႔ ရည္ရြယ္ခဲ့တယ္လုိ႔ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ ျမန္မာႏုိင္ငံအေပၚ တရားစဲြဆုိထားတဲ့ ICJ ႏုိင္ငံတကာ တရား႐ုံးမွာ ဒီကေန႔ ေနာက္ဆုံးေန႔အျဖစ္ ၂ ဘက္အျပန္အလွန္ ေလွ်ာက္လဲခ်က္ေတြ တင္သြင္းေနၾကပါတယ္။

ICJ မွာ တရားလုိလုပ္ တရားစဲြဆုိခဲ့တဲ့ ဂမ္ဘီယာႏုိင္ငံက ဥပေဒ အက်ဳိးေဆာင္ေတြကေတာ့ ႐ုိဟင္ဂ်ာေတြအေပၚ ႀကီးေလးတဲ့ ရာဇ၀တ္မႈေတြ က်ဳးလြန္ခဲ့ေၾကာင္း ေလွ်ာက္လဲခဲ့ၾကတာပါ။

ခုခံေခ်ပမယ့္ ျမန္မာဘက္က ကုိယ္စားလွယ္အဖဲြ႔ကုိ ဦးေဆာင္လာတဲ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ မေန႔တုန္းက ေလွ်ာက္လဲခ်က္ ေပးရာမွာ ႐ုိဟင္ဂ်ာေတြအေပၚ က်ဳးလြန္ခဲ့တာေတြကုိ ျငင္းဆန္ခဲ့တာ မရွိေၾကာင္းလည္း ဂမ္ဘီယာႏုိင္ငံဘက္က အက်ဳိးေဆာင္ေရွ႕ေန Philippe Sands က ဒီကေန႔ ေလွ်ာက္လဲခ်က္ေပးရာမွာ ေထာက္ျပသြားခဲ့တာပါ။

ဒီအတြက္လည္း ႐ုိဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံး သတ္ျဖတ္ဖုိ႔ ရည္ရြယ္ခ်က္ရွိခဲ့ေၾကာင္းနဲ႔ အေျခအေနေတြကုိ ဟန္႔တားႏုိင္ဖုိ႔ အေရးေပၚ အစီအမံေတြ လုိအပ္ေၾကာင္းလည္း ေလွ်ာက္လဲခဲ့ၾကပါတယ္။

ဒီကေန႔ ၾကားနာပဲြ ဒုတိယပုိင္းအျဖစ္ ျမန္မာႏုိင္ငံဘက္က ေလွ်ာက္လဲရာမွာေတာ့ ရခုိင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြဟာ လူမ်ဳိးတုံး သတ္ျဖတ္မႈ မေျမာက္ေၾကာင္း မေန႔တုန္းကပဲ ICJ မွာ ေလွ်ာက္လဲခ်က္ေပးခဲ့တဲ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အက်ဳိးေဆာင္ ေရွ႕ေနေတြက စြပ္စဲြခ်က္ေတြကုိ တုံ႔ျပန္ေခ်ပၾကမွာပါ။

၂၀၁၇ ခုႏွစ္တုန္းက ရခုိင္ျပည္နယ္ေျမာက္ပုိင္းမွာရွိတဲ့ ရဲကင္းစခန္းေတြကို ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အဖဲြ႔က စီးနင္းတုိက္ခုိက္တာကို ျမန္မာစစ္တပ္က တုံ႔ျပန္ရာမွာ ႐ုိဟင္ဂ်ာမြတ္ဆလင္ အမ်ားအျပား ေသဆုံးၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္နုိင္ငံကို သိန္းနဲ႔ခ်ီ ထြက္ေျပးခဲ့ရတဲ့အေပၚ တာ၀န္ရွိသူေတြကုိ ေဖာ္ထုတ္ အေရးယူဖုိ႔ ကုလသမဂၢ တာ၀န္ရွိသူေတြ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက တုိက္တြန္းခဲ့ၾကသလုိ အခုေနာက္ဆုံး ICJ အပါအ၀င္ ႏုိင္ငံတကာ တရား႐ုံးေတြမွာ အေရးယူႏုိင္ဖုိ႔အထိ ႀကိဳးပမ္းလာၾကတာပါ။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ လက္မခံတဲ့ ျမန္မာတာ၀န္ရွိသူေတြကေတာ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လုိ႔ စုံစမ္းေဖာ္ထုတ္ခဲ့တာေတြ၊ ေဖာ္ထုတ္ဖုိ႔ ႀကိဳးစားေနတာေတြနဲ႔ အေရးယူခဲ့တာေတြ ရွိခဲ့ေၾကာင္းလည္း တုံ႔ျပန္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ ဒီကနေ့ နောက်ဆုံးနေ့အဖြစ် ၂ ဘက်အပြန်အလှန် လျှောက်လဲချက်တွေ တင်သွင်းနေကြပါတယ်။

ICJ မှာ တရားလိုလုပ် တရားစွဲဆိုခဲ့တဲ့ ဂမ်ဘီယာနိုင်ငံက ဥပဒေ အကျိုးဆောင်တွေကတော့ ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့ကြောင်း လျှောက်လဲခဲ့ကြတာပါ။

ခုခံချေပမယ့် မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မနေ့တုန်းက လျှောက်လဲချက် ပေးရာမှာ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့တာတွေကို ငြင်းဆန်ခဲ့တာ မရှိကြောင်းလည်း ဂမ်ဘီယာနိုင်ငံဘက်က အကျိုးဆောင်ရှေ့နေ Philippe Sands က ဒီကနေ့ လျှောက်လဲချက်ပေးရာမှာ ထောက်ပြသွားခဲ့တာပါ။

ဒီအတွက်လည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိခဲ့ကြောင်းနဲ့ အခြေအနေတွေကို ဟန့်တားနိုင်ဖို့ အရေးပေါ် အစီအမံတွေ လိုအပ်ကြောင်းလည်း လျှောက်လဲခဲ့ကြပါတယ်။

ဒီကနေ့ ကြားနာပွဲ ဒုတိယပိုင်းအဖြစ် မြန်မာနိုင်ငံဘက်က လျှောက်လဲရာမှာတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မမြောက်ကြောင်း မနေ့တုန်းကပဲ ICJ မှာ လျှောက်လဲချက်ပေးခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင် ရှေ့နေတွေက စွပ်စွဲချက်တွေကို တုံ့ပြန်ချေပကြမှာပါ။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့က စီးနင်းတိုက်ခိုက်တာကို မြန်မာစစ်တပ်က တုံ့ပြန်ရာမှာ ရိုဟင်ဂျာမွတ်ဆလင် အများအပြား သေဆုံးပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့အပေါ် တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းခဲ့ကြသလို အခုနောက်ဆုံး ICJ အပါအဝင် နိုင်ငံတကာ တရားရုံးတွေမှာ အရေးယူနိုင်ဖို့အထိ ကြိုးပမ်းလာကြတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာတာဝန်ရှိသူတွေကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ခဲ့တာတွေ၊ ဖော်ထုတ်ဖို့ ကြိုးစားနေတာတွေနဲ့ အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း တုံ့ပြန်ထားကြပါတယ်။

XS
SM
MD
LG