သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေလွ်ာက္လဲခ်က္တခ်ိဳ႕


လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရး ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ျမန္မာႏိုင္ငံက ခ်ိဳးေဖာက္ထားတယ္ဆိုၿပီး ICJ ႏိုင္ငံတကာတရား႐ုံးမွာ တရားစြဲခံရတဲ့အမႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႕ ဗုဒၶဟူး ေန႔က ေခ်ပ ေလွ်ာက္လဲပါတယ္။ စြပ္စြဲထားသလို လူမ်ိဳးတုံးသတ္ျဖတ္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ လုပ္ေဆာင္ခဲ့တာ မဟုတ္ဘူးဆိုတာကို ျမန္မာႏိုင္ငံဘက္က ဥပေဒပညာရွင္ေတြက အဓိက တုံ႔ျပန္ေခ်ပ ေလွ်ာက္ထားၾကပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ေလွ်ာက္လဲခ်က္တခ်ိဳ႕ ကို မေအးသႏၲာေက်ာ္က စုစည္းတင္ျပထားပါတယ္။

ရခိုင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္ေတြဟာ လူမ်ိဳးတုန္း သတ္ျဖတ္မႈ မေျမာက္ေၾကာင္း ICJ ႏိုင္ငံတကာ တရား႐ုံးမွာ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ခုခံေခ်ပခဲ့တာပါ။ ႏွစ္ႏိုင္ငံအၾကား ဒုကၡသည္ျပန္လည္ လက္ခံေရး အစီအစဥ္ေတြ ေဆာင္႐ြက္ေနခ်ိန္မွာ လူမ်ိဳးတုံး သတ္ျဖတ္ဖို႔ ႀကံစည္တယ္ဆိုတာ ျဖစ္ႏိုင္ပါ့မလားလို႔ သူက ေမးခြန္းထုတ္သြားပါတယ္။

“IDP ဒုကၡသည္ေတြရဲ႕ စခန္းသုံးခု ပိတ္ၿပီးသားျဖစ္ၿပီး ဒီစခန္းေတြ ပိတ္ပစ္ေရး မဟာဗ်ဳဟာေတြကို ခ်မွတ္ေဆာင္႐ြက္ေနတယ္။ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ အေျခခံမူေတြအရ ဒုကၡသည္ေတြ သူတို႔ဆႏၵနဲ႔အညီ၊ ဂုဏ္သိကၡာရွိရွိ ျပန္လာႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံဘက္က ကတိကဝတ္ျပဳထားပါတယ္။ သဘာပတိႀကီးရွင္၊ ရခိုင္ေဒသမွာ ဒီလို ကတိကဝတ္ ေတြနဲ႔အညီ ေဆာင္႐ြက္ေနခ်ိန္မွာ ဘယ္လိုလုပ္ၿပီး လူမ်ိဳးတုံး သတ္ျဖတ္မႈေတြ ဆက္က်ဳးလြန္ေနတယ္၊ က်ဳးလြန္ဖို႔ ရည္႐ြယ္ခ်က္ရွိတယ္ဆိုၿပီး ေျပာႏိုင္ပါ့မလဲ။”

ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားခဲ့တဲ့ ပဋိပကၡေတြဟာ လက္နက္ကိုင္ပုန္ကန္မႈနဲ႔ အၾကမ္းဖက္မႈကို ရွင္းလင္းရင္း ေပၚေပါက္ခဲ့တာလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေထာက္ျပပါတယ္။ တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးဆိုတဲ့ အသုံးအႏႈံးကိုလည္း သူက ခုခံေျပာဆိုသြားပါတယ္။

“ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဥပေဒနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ တခါတရံ ကာကြယ္ေရးဌာန တပ္ဖြဲ႕ဝင္ေတြ၊ အင္အားအလြန္ အကြၽံသုံးခဲ့တယ္ဆိုတဲ့ ေျပာဆိုခ်က္၊ ARSA တိုက္ခိုက္ေရးအဖြဲ႕ဝင္ေတြလား အရပ္သားေတြလား ခြဲခြဲျခားျခား ရွင္းေအာင္၊ မလုပ္ခဲ့ဘူးဆိုတဲ့ ေျပာဆိုခ်က္ေတြအေပၚမွာေတာ့ မဟုတ္ဘူးလို႔ ယတိျပတ္ မျငင္းပါဘူး။”


ျမန္မာစစ္တပ္အေနနဲ႔ စစ္ရာဇဝတ္မႈ ေျမာက္တဲ့ လုပ္ရပ္ေတြ က်ဳးလြန္ခဲ့ရင္လည္း လက္ရွိ ျမန္မာႏိုင္ငံရဲ႕ ဥပေဒေတြနဲ႔အညီ အေရးယူမွာျဖစ္ေၾကာင္း ေျပာဆိုပါတယ္။ ရခိုင္ေဒသအတြင္း ျဖစ္ပြားေနတဲ့ ပဋိပကၡေတြဟာ ရႈပ္ေထြးနက္နဲၿပီး အထိခိုက္မခံတဲ့ ကိစၥေတြ ျဖစ္တယ္ဆိုတာကိုလည္း ေဒၚေအင္ဆန္းစုၾကည္ အဓိက ေထာက္ျပ ေျပာဆိုသြားပါတယ္။

“ရခိုင္ေဒသအတြင္း ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကို ထိပါးေစတဲ့ လက္နက္ကိုင္ ပဋိပကၡေတြကို ပိုဆိုးသြားေစမယ့္ လုပ္ရပ္မ်ိဳးေတြ ႏိုင္ငံတကာ တရား႐ုံးအေနနဲ႔ ျဖစ္ေစမွာ မဟုတ္ဘူးဆိုတာ က်မတို႔ ဆုေတာင္းပါတယ္။”

ရာစုႏွစ္နဲ႔ခ်ီ ႀကဳံေတြ႕ေနရတဲ့ လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ အေျခအေနကို နားလည္ဖို႔လည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခုခံေခ်ပခ်က္မွာ ပါရွိပါတယ္။

“၁၉၄၈ ခုႏွစ္ ျမန္မာႏိုင္ငံ လြတ္လပ္ေရး ရခဲ့ကတည္းက ျမန္မာျပည္သူေတြဟာ ၿငိမ္းခ်မ္းေရးနဲ႔ ႂကြယ္ဝမႈအတြက္ အသီးအပြင့္ျဖစ္တဲ့ အေျခခိုင္တဲ့ ေရရွည္ ဖြံ႕ၿဖိဳးမႈ၊ လုံၿခဳံမႈဆိုတာေတြကို သိခြင့္မရခဲ့ပါဘူး။ က်မတို႔ရဲ႕ အႀကီးဆုံး စိန္ေခၚမႈက ႏိုင္ငံရဲ႕ အေျခခံ အေဆာက္အအုံကို ထိခိုက္ေစတဲ့ မယုံၾကည္မႈေတြနဲ႔ စိုးရိမ္မႈေတြ၊ အစြဲေတြ၊ အမုန္းတရားေတြ အျမစ္တြယ္ေန တာေတြကို ေျဖရွင္းဖို႔ ျဖစ္ပါတယ္။”

ျမန္မာႏိုင္ငံမွာ ရာဇဝတ္မႈေတြကိုေျဖရွင္းတဲ့ စနစ္အခိုင္အမာ ရွိထားတဲ့အေၾကာင္းနဲ႔ ခ်ိဳးေဖါက္မႈေတြကို ျပည္တြင္းဥပေဒေတြနဲ႔ ကိုင္တြယ္တာကသာ ပထမ ျဖစ္သင့္တဲ့အေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုပါတယ္။ ႏိုင္ငံတကာဥပေဒေတြနဲ႔ အေလာတႀကီး ဆုံးျဖတ္ေဆာင္႐ြက္မယ္ဆိုရင္ ျပည္တြင္းမွာရွိတဲ့ ဥပေဒေတြကို ေက်ာ္လြန္လုပ္ေဆာင္ရာက်ၿပီး ျပည္တြင္းမွာ ယုံၾကည္မႈ က်ဆင္းႏိုင္တယ္လို႔ ေျပာဆိုပါတယ္။

“အၾကမ္းမဖက္ေရး၊ လူ႔အခြင့္အေရး၊ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရး၊ တရားဥပေဒ စိုးမိုးေရးနဲ႔ က်မတို႔ ႏိုင္ငံမွာ မ်ိဳးဆက္နဲ႔ခ်ီ ေမွ်ာ္မွန္းခဲ့ၾကတဲ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ အတြက္ အခိုင္အမာ ဆက္လုပ္သြားမယ္ ဆိုတာကို သႏၷိ႒ာန္ျပဳမွာပါ။”

ျမန္မာဘက္က အက်ိဳးေဆာင္ေရွ႕ေန ပါေမာကၡ William Schabas ကေတာ့ ဂမ္ဘီယာႏိုင္ငံဘက္က တင္ျပခ်က္ေတြဟာ ကုလသမဂၢ အထူးစုံစမ္းစစ္ေဆးေရး အဖြဲ႕ရဲ႕ အစီရင္ခံစာပါ အခ်က္ေတြထက္ မပိုတဲ့အေၾကာင္းနဲ႔ အေထာက္အထားေတြ မခိုင္လုံတဲ့အေၾကာင္း ခုခံေခ်ပခဲ့ပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ႏိုင္တဲ့အေျခအေနကို ျမန္မာအစိုးရဘက္က ဟန႔္တားဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံရဲ႕ ေလွ်ာက္ထားခ်က္ကို ICJ ေခၚ ႏိုင္ငံတကာ တရား႐ုံးက စတင္ လက္ခံၾကားနာတာျဖစ္ပါတယ္။

ျမန္မာဘက္က အက်ိဳးေဆာင္ေရွ႕ေန ပါေမာကၡ William Schabas ကေတာ့ ခ႐ိုေအးရွားနဲ႔ ဆားဗီးယား၊ ယူကရိန္းနဲ႔ ႐ုရွား ပဋိပကၡေတြမွာေတာင္ Genocide လူမ်ိဳးတုံးသတ္ျဖတ္မႈအျဖစ္ မသတ္မွတ္ဘဲ၊ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္ျပစ္မႈေတြ အျဖစ္နဲ႔သာ သတ္မွတ္ခဲ့တယ္ဆိုတာကို အဓိက ေထာက္ျပေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ICJ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လျှောက်လဲချက်တချို့

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်ကို မြန်မာနိုင်ငံက ချိုးဖောက်ထားတယ်ဆိုပြီး ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲခံရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဗုဒ္ဓဟူး နေ့က ချေပ လျှောက်ထားပါတယ်။ စွပ်စွဲထားသလို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးဆိုတာကို မြန်မာနိုင်ငံဘက်က ဥပဒေပညာရှင်တွေက အဓိက တုံ့ပြန်ချေပ လျှောက်ထားကြပါတယ်။ မြန်မာနိုင်ငံရဲ့ လျှောက်ထားချက်တချို့ ကို မအေးသန္တာကျော်က စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု မမြောက်ကြောင်း ICJ နိုင်ငံတကာ တရားရုံးမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ခုခံချေပခဲ့တာပါ။ နှစ်နိုင်ငံအကြား ဒုက္ခသည်ပြန်လည် လက်ခံရေး အစီအစဉ်တွေ ဆောင်ရွက်နေချိန်မှာ လူမျိုးတုံး သတ်ဖြတ်ဖို့ ကြံစည်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ သူက မေးခွန်းထုတ်သွားပါတယ်။

“IDP ဒုက္ခသည်တွေရဲ့ စခန်းသုံးခု ပိတ်ပြီးသားဖြစ်ပြီး ဒီစခန်းတွေ ပိတ်ပစ်ရေး မဟာဗျုဟာတွေကို ချမှတ်ဆောင်ရွက်နေတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူညီချက် အခြေခံမူတွေအရ ဒုက္ခသည်တွေ သူတို့ဆန္ဒနဲ့အညီ၊ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့အတွက် မြန်မာနိုင်ငံဘက်က ကတိကဝတ်ပြုထားပါတယ်။ သဘာပတိကြီးရှင်၊ ရခိုင်ဒေသမှာ ဒီလို ကတိကဝတ် တွေနဲ့အညီ ဆောင်ရွက်နေချိန်မှာ ဘယ်လိုလုပ်ပြီး လူမျိုးတုံး သတ်ဖြတ်မှုတွေ ဆက်ကျုးလွန်နေတယ်၊ ကျုးလွန်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုပြီး ပြောနိုင်ပါ့မလဲ။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ လက်နက်ကိုင်ပုန်ကန်မှုနဲ့ အကြမ်းဖက်မှုကို ရှင်းလင်းရင်း ပေါ်ပေါက်ခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်။ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးဆိုတဲ့ အသုံးအနှုံးကိုလည်း သူက ခုခံပြောဆိုသွားပါတယ်။

“နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေနဲ့ ကြည့်မယ်ဆိုရင်တော့ တခါတရံ ကာကွယ်ရေးဌာန တပ်ဖွဲ့ဝင်တွေ၊ အင်အားအလွန် အကျွံသုံးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်၊ ARSA တိုက်ခိုက်ရေးအဖွဲ့ဝင်တွေလား အရပ်သားတွေလား ခွဲခွဲခြားခြား ရှင်းအောင်၊ မလုပ်ခဲ့ဘူးဆိုတဲ့ ပြောဆိုချက်တွေအပေါ်မှာတော့ မဟုတ်ဘူးလို့ ယတိပြတ် မငြင်းပါဘူး။”

မြန်မာစစ်တပ်အနေနဲ့ စစ်ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ်တွေ ကျုးလွန်ခဲ့ရင်လည်း လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ အရေးယူမှာဖြစ်ကြောင်း ပြောဆိုပါတယ်။ ရခိုင်ဒေသအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ရှုပ်ထွေးနက်နဲပြီး အထိခိုက်မခံတဲ့ ကိစ္စတွေ ဖြစ်တယ်ဆိုတာကိုလည်း ဒေါ်အေင်ဆန်းစုကြည် အဓိက ထောက်ပြ ပြောဆိုသွားပါတယ်။

“ရခိုင်ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးစေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ပိုဆိုးသွားစေမယ့် လုပ်ရပ်မျိုးတွေ နိုင်ငံတကာ တရားရုံးအနေနဲ့ ဖြစ်စေမှာ မဟုတ်ဘူးဆိုတာ ကျမတို့ ဆုတောင်းပါတယ်။”

ရာစုနှစ်နဲ့ချီ ကြုံတွေ့နေရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အခြေအနေကို နားလည်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုခံချေပချက်မှာ ပါရှိပါတယ်။

“၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ကတည်းက မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝမှုအတွက် အသီးအပွင့်ဖြစ်တဲ့ အခြေခိုင်တဲ့ ရေရှည် ဖွံ့ဖြိုးမှု၊ လုံခြုံမှုဆိုတာတွေကို သိခွင့်မရခဲ့ပါဘူး။ ကျမတို့ရဲ့ အကြီးဆုံး စိန်ခေါ်မှုက နိုင်ငံရဲ့ အခြေခံ အဆောက်အအုံကို ထိခိုက်စေတဲ့ မယုံကြည်မှုတွေနဲ့ စိုးရိမ်မှုတွေ၊ အစွဲတွေ၊ အမုန်းတရားတွေ အမြစ်တွယ်နေ တာတွေကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေကိုဖြေရှင်းတဲ့ စနစ်အခိုင်အမာ ရှိထားတဲ့အကြောင်းနဲ့ ချိုးဖေါက်မှုတွေကို ပြည်တွင်းဥပဒေတွေနဲ့ ကိုင်တွယ်တာကသာ ပထမ ဖြစ်သင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ နိုင်ငံတကာဥပဒေတွေနဲ့ အလောတကြီး ဆုံးဖြတ်ဆောင်ရွက်မယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ ဥပဒေတွေကို ကျော်လွန်လုပ်ဆောင်ရာကျပြီး ပြည်တွင်းမှာ ယုံကြည်မှု ကျဆင်းနိုင်တယ်လို့ ပြောဆိုပါတယ်။

“အကြမ်းမဖက်ရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ကျမတို့ နိုင်ငံမှာ မျိုးဆက်နဲ့ချီ မျှော်မှန်းခဲ့ကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတွက် အခိုင်အမာ ဆက်လုပ်သွားမယ် ဆိုတာကို သန္နိဋ္ဌာန်ပြုမှာပါ။”

မြန်မာဘက်က အကျိုးဆောင်ရှေ့နေ ပါမောက္ခ William Schabas ကတော့ ဂမ်ဘီယာနိုင်ငံဘက်က တင်ပြချက်တွေဟာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အစီရင်ခံစာပါ အချက်တွေထက် မပိုတဲ့အကြောင်းနဲ့ အထောက်အထားတွေ မခိုင်လုံတဲ့အကြောင်း ခုခံချေပခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို မြန်မာအစိုးရဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတကာ တရားရုံးက စတင် လက်ခံကြားနာတာဖြစ်ပါတယ်။

မြန်မာဘက်က အကျိုးဆောင်ရှေ့နေ ပါမောက္ခ William Schabas ကတော့ ခရိုအေးရှားနဲ့ ဆားဗီးယား၊ ယူကရိန်းနဲ့ ရုရှား ပဋိပက္ခတွေမှာတောင် Genocide လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မသတ်မှတ်ဘဲ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေ အဖြစ်နဲ့သာ သတ်မှတ်ခဲ့တယ်ဆိုတာကို အဓိက ထောက်ပြပြောဆိုသွားပါတယ်။

XS
SM
MD
LG