သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ အမှု အတိုင်ပင်ခံရင်ဆိုင်တဲ့အပေါ် တပ်မတော်အမြင်


(Zawgyi/Unicode)

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာတရားရုံး ICJ မှာ တရားရင်ဆိုင်နေတာနဲ့ ပတ်သက်ပြီးတပ်မတော်ရဲ့အမြင်က ဘယ်လိုရှိပါသလဲ ။ တချိန်တည်းမှာပဲ အမေရိကန်အစိုးရက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် စစ်ဆောင်တချို့ကို ဒဏ်ခတ်အရေးယူ ခဲ့တာနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့သဘောကရော ဘယ်လိုရှိပါသလဲ။ အပြည့်အစုံကို ကိုမိုးဇော်က တင်ပြပေးမှာပါ။

နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုနဲ့ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ဂမ်ဘီယာနိုင်ငံ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ပဲ ရှင်းလင်း ထွက်ဆိုနေတာဖြစ်ပါ။

ဒါနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက VOA ကို အခုလို ပြောပါတယ်။

“ဌာနဝန်ကြီးအနေနဲ့ရော ဝန်ကြီးအနေနဲ့ရော ဒီနိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ရော ကိုယ်စားပြုပြီး နိုင်ငံတော်ကို ကိုယ်စားပြုပြီး သွားရောက်တုံ့ပြန် ရှင်းလင်းတာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ကလည်း နိုင်ငံတော် အစိုးရရဲ့ညွှန်ကြားချက်အရ ဒီ တရားရုံးရဲ့ ပတ်သက်တဲ့ တုံ့ပြန်ဆောင်ရွက်ရန် အဖွဲ့ကို နိုင်ငံတော် သမ္မတရုံးကနေ အဖွဲ့ဖွဲ့ပြီးထားရှိတယ်။

အဖွဲ့မှာလည်း ဒီတပ်မတော်ဘက်က အရာရှိကြီး ၂ ဦး ပါဝင်ပြီးတော့ နိုင်ငံတော်အစိုးရ ညွှန်ကြားချက်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ လိုအပ်တာမှန်သမျှလည်း ဒီနိုင်ငံတော် အစိုးရက ညွှန်ကြားတာ မှန်သမျှလည်း ကျနော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒါမျိုး ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ်မှာ ထင်နေတဲ့အမြင် အများအားဖြင့်ကတော့ ကျနော်တို့ မကောင်းမြင်နေတဲ့ အမြင်တွေကို အဖြစ်မှန်အတိုင်း ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

တပ်မတော်ဟာ လုံခြုံရေး၊ ကာကွယ်ရေးကိစ္စတွေကို အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းလည်း အခုလိုဆက် ပြောပါတယ်။

“ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ပေါ့။ ပြဿနာမှာ သူ့ရဲ့ သမိုင်းတွေရှိတယ်။ သူ့ရဲ့ ဆက်စပ်နေတဲ့ ပထဝီအနေအထားတွေရှိတယ်။ ဒီသမိုင်းကြောင်းအရ ပြောရရင် ရှည်ပါတယ်။ အနီးဆုံးဖြစ်ခဲ့တဲ့ ၂၀၁၂တို့၊ ၂၀၁၆၊ ၂၀၁၇ကိစ္စတွေမှာဆိုရင် ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ နဲ့ တပ်မတော်က စခဲ့တာလည်း မဟုတ်ဘူး။အဲဒီမှာနေတဲ့ တိုင်းရင်းသားတွေက စခဲ့တာလည်း မဟုတ်ဘူး။ ARSA အကြမ်းဖက်အဖွဲ့နဲ့ အစွန်းရောက် အဖွဲ့တွေက စခဲ့တာလည်း သိပြီးသားဖြစ်တယ်။ ဒီလုပ်ရပ်တွေ ပေါ်ပေါက်လာတဲ့အတွက်ကြောင့်သာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ တပ်မတော်က လုံခြုံရေးနဲ့ ကာကွယ်ရေးအရ ဆောင်ရွက်ရတာဖြစ်တယ်။ အမေရိကန်မှာ မက္ကဆီကိုကနေ လူတွေ အလုံးအရင်းနဲ့ ဝင်လာတဲ့အခါမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဘာလုပ်ဆောင်ခဲ့သလဲ။ အမေရိကန်အစိုးရရဲ့ ညွှန်ကြားချက် အတိုင်း လုံခြုံရေးကာကွယ်ရေး ဆောင်ရွက်ရတာပေါ့။ ကျနော်တို့ဆီမှာလည်း အစိုးရရဲ့ ညွှန်ကြားချက် အတိုင်း လုံခြုံရေး၊ ကာကွယ်ရေးဆောင်ရွက်ရတာဖြစ်တယ်။ သို့သော် ပဋိပက္ခစခဲ့ရတဲ့အကြောင်းတွေ၊ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေ မပါဘဲနဲ့ ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်ကိုပဲ တဘက်သတ် ဖော်ပြ တာဝန်ရှိတယ်လို့ စွပ်စွဲတာကတော့ သူတို့ စွပ်စွဲသူတွေရဲ့ အာဘော်သာ ဖြစ်ပါတယ်။”

ဒါအပြင် အင်္ဂါနေ့မှာပဲ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်နဲ့ တခြားတိုင်းရင်းသား ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှု တွေအတွက် တာဝန်ရှိတယ်ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမှတ် ၉၉ တပ်မမှူး ဗိုလ်ချုပ်သန်းဦးနဲ့ အမှတ် ၃၃ တပ်မမှူး ဗိုလ်ချုပ်အောင်အောင်တို့ကို ဒဏ်ခတ်အရေးယူလိုက်တာပါ။

ဒီလို ဒဏ်ခတ်အရေးယူတာနဲ့ပတ်သက်လို့ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက

“ ဒီကိစ္စကတော့ တပ်ချုပ်ကြီးကလည်း ပြောခဲ့ပါတယ်ခင်ဗျ။ ဒီဟာ ရည်ရွယ်ချက် ရှိရှိနဲ့ နိုင်ငံရေးအရ ပစ်မှတ်ထား ဖိအားပေးမှုလို့ပဲ ကျနော်တို့ မြင်ပါတယ်။”

ဒီဒဏ်ခတ်အရေးယူမှုအရအမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ တပ်မတော်အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ ဒါမှမဟုတ် သူတို့အနေနဲ့ အနည်းဆုံး ၅၀% ပိုင်ဆိုင်တဲ့ ဖက်စပ်လုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေ၊ တခြားသူ တဦး တယောက်ရဲ့အမည်နဲ့ လွှဲပြောင်းပေးထားတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို OFAC လို့ခေါ်တဲ့ အမေရိကန် နိုင်ငံရပ်ခြားငွေကြေးနဲ့ ပစ္စည်းပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာဌာနကို သတင်းပို့ကြရမှာဖြစ်ပြီး အဲဒီပိုင်ဆိုင်မှုတွေကို အမေရိကန်အစိုးရက ထိန်းချုပ်ထားမှာဖြစ်ပါတယ်။

အခု ဒဏ်ခတ်အရေးယူခံရတဲ့ တပ်မတော်ထိပ်ပိုင်း အရာရှိကြီး ၄ဦးဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်သန်းဦးနဲ့ ဗိုလ်ချုပ်အောင်အောင်တို့ကို အခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်



.................


(Unicode)













XS
SM
MD
LG