သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ တရားရံုးေရွ႕ ျမင္ကြင္းနဲ႔ တုံ႔ျပန္ခ်က္


ICJ တရားရံုးေရွ႕ဆႏၵျပသူမ်ား ( ဒီဇင္ဘာလ ၁၁ ရက္ေန႕)

(Zawgyi/Unicode)

Netherlands ႏိုင္ငံ The Hague ၿမိဳ႕က ICJ တရား႐ံုးမွာ ျမန္မာႏိုင္ငံ တရားစြဲခံရတဲ့အမႈကို ၾကားေနခ်ိန္မွာ တရားရံုးအျပင္မွာ စိတ္၀င္တစားေစာင့္ၾကည့္ေနသူေတြရွိပါတယ္။ ျမန္မာႏိုင္ငံဘက္ကေနၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္လာၿပီးေတာ့ အမႈရင္ဆိုင္တဲ့အေပၚ အားေပးေထာက္ခံေနသူေတြ ရွိသလို အမွန္တရားေပၚေပါက္ေစေရး ေမွ်ာ္လင့္ေနၾကသူေတြပါ တရားရံုးအျပင္မွာ ရွိေနတာပါ။ အဲဒီေတာ့ တရားရံုးမွာ ေလွ်ာက္ထား တင္ျပခ်က္ေတြနဲ႔ ပတ္သက္လို႔ သူတို႔အျမင္ေတြ ဘယ္လိုရွိေနပါသလဲ ။ ICJ တရားရံုးအျပင္မွာသတင္းယူေနတဲ့ ကို၀င္းခန္႔ေမာင္က ေျပာျပမွာပါ။

က်ေနာ္ေရာက္ရွိတာကေတာ့ ICJ ႏိုင္ငံတကာ တရား႐ံုးခ်ဳပ္ေရွ႕ျဖစ္ပါတယ္။ ဒီေန႔ ဂမ္ဘီယာကေန ျမန္မာကို တရားစြဲဆိုထားတဲ့ လူမ်ိဳးတံုးသတ္ျဖတ္မႈဆိုင္ရာ စာခ်ဳပ္ခ်ိဳးေဖာက္မႈနဲ႔ ပတ္သက္ၿပီးေတာ့ ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္ေတြ ျပဳသင့္ ၊မျပဳသင့္ ၾကားနာစစ္ေဆးမယ့္ ေနာက္ဆံုးေန႔ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ကေတာ့ ဂမ္ဘီယာနဲ႔ ျမန္မာ အျပန္အလွန္တင္ျပခ်က္ေတြကို ၾကားနာၿပီးပါၿပီ။ ဒီေန႔မွာေတာ့ ၂ ခ်ိန္ခြဲၿပီးလုပ္မွာျဖစ္ပါတယ္။ ျမန္မာစံေတာ္ခ်ိန္ ၃ နာရီမွာ ဂမ္ဘီယာဘက္က စတင္တင္သြင္းမွာျဖစ္ၿပီး၊ ျမန္မာစံေတာ္ခ်ိန္ ည ၁၀ နာရီမွာေတာ့ ျမန္မာဘက္က ေခ်ပခ်က္ေတြကို ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ တင္ျပမွာျဖစ္ပါတယ္။

ICJ ကို ေထာက္ခံတဲ့ ႐ိုဟင္ဂ်ာ အုပ္စုေတြဘက္ကေတာ့ ဒီကေန႔ ဆႏၵျပၾကဖို႔ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံအားေပးသူေတြကေတာ့ ဒီကေန႔မနက္မွာ တဖြဲဖြဲ ေရာက္ရွိေနၿပီး ညေနက်ရင္ေတာ့ မေန႔ကလို ဆက္လက္ေထာက္ခံ ဆႏၵျပၾကမယ္လို႔ သိရပါတယ္။

နယ္သာလန္ႏိုင္ငံမွာ ႏွစ္ေပါင္းသံုးဆယ္ေက်ာ္ၾကာေနထိုင္ခဲ့သူေဒၚခ်ိဳမာက သူအခု ေရာက္ရွိလာရျခင္း အေၾကာင္းကို အခုလိုေျပာပါတယ္

“ဒီေန႔လာရတဲ့ အေၾကာင္းအရင္းကေတာ့ အန္တီအေနနဲ႔ ျမန္မာျပည္သားျဖစ္ပါတယ္။ အေမေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီကိုလာၿပီးေတာ့ ႏိုင္ငံအတြက္ လာေရာက္ေျဖရွင္းတဲ့အတြက္ အန္တီတို႔ကလည္း တဘက္ကေနၿပီးေတာ့ ၀ိုင္း၀န္းကူညီတဲ့ သေဘာပါ။”

ဆီြဒင္ႏိုင္ငံ လြန္းတကၠသိုလ္မွာ ျပည္သူ႕က်န္းမာေရးမာစတာဘြဲ႕အတြက္ ပညာေတာ္သင္ လာေရာက္သင္ယူေနသူ မလဲ့ႏွင္းစိုးကေတာ့ မေန႔က တရားခြင္မွာ လာေရာက္နားေထာင္ခဲ့ရတဲ့သူ႔အေတြ႕အႀကံဳကို အခုလို ေဝမွ်ပါတယ္။

“မေန႔က ၅ နာရီခြဲေလာက္ကတည္းက ဒီမွာ လာတန္းစီခဲ့ရတယ္၊ လူေတြကေတာ့ အမ်ားႀကီးပဲေပါ့ေနာ္ ။ ညီမတို႔ အစက ၾကားထားတာက ဘယ္လိုၾကားထားသလဲဆိုရင္ ဂမ္ဘီယာဘက္ကေနၿပီးေတာ့ public hearing အတြက္ကို လူ ၂၅ ခံု၊ ၿပီးရင္ ျမန္မာဘက္က လာၿပီးနားေထာင္သူေတြကို ၂၅ ခံုေပးမယ္လို႔ ၾကားထားတယ္။ ဒါေပမယ့္ သူတို႔ သတ္မွတ္ထားတဲ့ အခ်က္ေတြကဘာျဖစ္သြားသလဲဆိုေတာ့ ႏွစ္ဖက္စလံုးအတြက္ကို ဟိုဘက္၊ ဒီဘက္ မခြဲေတာ့ဘူး ၿပီးေတာ့ ticket ကို ၂၀ ပဲ ေပးတယ္။ အဲဒီေတာ့ ၂၀ ပဲေပးတဲ့အတြက္ ညီမတို႔လာတဲ့သူေတြထဲမွာဆိုရင္ ညီမတို႔ အေရွ႕မွာေတာ့ ေရာက္ေနတယ္ေပါ့ေနာ္။ မနက္ ၅ နာရီခြဲကတည္းက ေရာက္ေနတဲ့အတြက္ ticket ကိုေတာ့ရခဲ့တယ္ ။ ဒါေပမယ့္ ဒီျမန္မာဘက္က နားေထာင္တဲ့သူဆိုလို႔ ညီမထင္တယ္ ျမန္မာလူမ်ိဳး လူ ၇ ေယာက္ ၈ ေယာက္ေလာက္ပဲ ေတြ႕တယ္။ က်န္တာကေတာ့ လူမ်ိဳးစံုေပါ့ေနာ္။ အဲဒီေတာ့ မေန႔က ညီမတို႔ လူ ၂၀ နားေထာင္ခြင့္ရခဲ့တယ္။”

ျမန္မာမူလဆင္ Association နယ္သာလန္ရဲ႕ အတြင္းေရးမွဴးလည္းျဖစ္ European Rohingya Council ရဲ႕ အဖြဲ႕ဝင္လည္းျဖစ္တဲ့ မိုဟာမက္အီလီယာစ္ကေတာ့ ၿပီးခဲ့တဲ့ ႏွစ္ရက္က တရားခြင္ၾကားနာမႈေတြနဲ႔ ပတ္သက္လို႔ သူ႔အျမင္ကို အခုလို ေျပာပါတယ္။

“ဟုတ္ကဲ့ က်ေနာ္တို႔ ပထမ တရက္ကေတာ့ Gambia ကေန က်ေနာ္တို႔ ႐ိုဟင္ဂ်ာ လူမ်ိဳးဘက္က ေလ်ွာက္လဲခ်က္တင္တာေပါ့။ က်ေနာ္တို႔ Genocide လူမ်ိဳးတံုးသတ္ျဖတ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ သူတို႔က အေသးစိတ္ အေထာက္အထားနဲ႔ေပါ့ တင္ျပတယ္။ ေနာက္ၿပီးေတာ့ မေန႔က ေဒၚေအာင္ဆန္းစုၾကည္က လာၿပီးေတာ့ အဲ့ဒါကို ေခ်ပတာေပါ့။ အဲ့ဒါကို ေျဖေပးတယ္။ ဒါမဲ့ ေနာက္တခုက စိတ္မေကာင္းတာက ေဒၚစုက ကိုယ္တိုင္ အကုန္သိၿပီးေတာ့ ေဒၚစုက ႏိုဘယ္လ္ဆုရထားတာက Peace မွာ ႏိုဘယ္လ္ဆု ရထားတဲ့ အမ်ိဳးသမီး ျဖစ္တယ္။ က်ေနာ္တို႔က အစထဲက ႐ိုေသတယ္၊ ေလးစားတယ္၊ သူ႔ကို ယံုၾကည္တယ္။ ဒါေပမဲ့ သူ႔ရဲ႕ ဆက္ဆံပံု၊ ေျပာပံုေတြကေတာ့ အားမရဘူးေပါ့။ သူက ႐ိုဟင္ဂ်ာလူမ်ိဳးဆိုၿပီးေတာ့ နာမည္ေတာင္ မသံုးခဲ့ဘူး မေန႔က။ အကုန္လံုးကို သူက ျငင္းတာေတာ့ ျငင္းတယ္။ မီးရိႈ႕တာ၊ မုဒိမ္း က်င့္တာေတြ အဲ့ဒါေတြကို ျငင္းေတာ့ ျငင္းတယ္။ ဒါေပမဲ့ ႐ိုဟင္ဂ်ာနာမည္ေတာင္ မကိုင္ဘူးဆိုေတာ့ ေတာ္ေတာ္ေလးကို စိတ္မေကာင္းဘူး။ အဲ့ဒါလည္း လူမ်ဳိးတခုရဲ႕ နာမည္ တခုကို Deny လုပ္တာ။ အဲ့ဒါလည္း Genocide ရဲ႕ Stages တခုပါပဲ။"

ျမန္မာႏိုင္ငံကို Gambia က တရားစဲြဆိုထားတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ Genocide Convention စာခ်ဳပ္ ခ်ိဳးေဖာက္မႈနဲ႔ ပတ္သက္လို႔ ၾကားျဖတ္ စီမံေဆာင္ရြက္မႈေတြ ျပဳသင့္၊ မျပဳသင့္... ဒီကေန႔ ေနာက္ဆံုး ၾကားနားမႈၿပီးသြားတဲ့ အခါမွာ တရား႐ံုးရဲ႕ ဆံုးျဖတ္ခ်က္ကိုေတာ့ ေနာက္ထပ္ ရက္ သတၱပတ္ ၂ ရက္ အၾကာ အၿပီးမွာ သိရမယ္လို႔ ခန္႔မွန္းရပါတယ္။

..................

ICJ တရားရံုးေရွ႕ ျမင္ကြင္းနဲ႔ တုံ႔ျပန္ခ်က္
please wait

No media source currently available

0:00 0:04:27 0:00
တိုက္႐ိုက္ လင့္ခ္

ICJ တရားရုံးရှေ့ မြင်ကွင်းနဲ့ တုံ့ပြန်ချက်

(Unicode)

Netherlands နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာ မြန်မာနိုင်ငံ တရားစွဲခံရတဲ့အမှုကို ကြားနေချိန်မှာ တရားရုံးအပြင်မှာ စိတ်ဝင်တစားစောင့်ကြည့်နေသူတွေရှိပါတယ်။ မြန်မာနိုင်ငံဘက်ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လာပြီးတော့ အမှုရင်ဆိုင်တဲ့အပေါ် အားပေးထောက်ခံနေသူတွေ ရှိသလို အမှန်တရားပေါ်ပေါက်စေရေး မျှော်လင့်နေကြသူတွေပါ တရားရုံးအပြင်မှာ ရှိနေတာပါ။ အဲဒီတော့ တရားရုံးမှာ လျှောက်ထား တင်ပြချက်တွေနဲ့ ပတ်သက်လို့ သူတို့အမြင်တွေ ဘယ်လိုရှိနေပါသလဲ ။ ICJ တရားရုံးအပြင်မှာသတင်းယူနေတဲ့ ကိုဝင်းခန့်မောင်က ပြောပြမှာပါ။

ကျနော်ရောက်ရှိတာကတော့ ICJ နိုင်ငံတကာ တရားရုံးချုပ်ရှေ့ဖြစ်ပါတယ်။ ဒီနေ့ ဂမ်ဘီယာကနေ မြန်မာကို တရားစွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စာချုပ်ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ ပြုသင့် ၊မပြုသင့် ကြားနာစစ်ဆေးမယ့် နောက်ဆုံးနေ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ ဂမ်ဘီယာနဲ့ မြန်မာ အပြန်အလှန်တင်ပြချက်တွေကို ကြားနာပြီးပါပြီ။ ဒီနေ့မှာတော့ ၂ ချိန်ခွဲပြီးလုပ်မှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ၃ နာရီမှာ ဂမ်ဘီယာဘက်က စတင်တင်သွင်းမှာဖြစ်ပြီး၊ မြန်မာစံတော်ချိန် ည ၁၀ နာရီမှာတော့ မြန်မာဘက်က ချေပချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တင်ပြမှာဖြစ်ပါတယ်။

ICJ ကို ထောက်ခံတဲ့ ရိုဟင်ဂျာ အုပ်စုတွေဘက်ကတော့ ဒီကနေ့ ဆန္ဒပြကြဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူတွေကတော့ ဒီကနေ့မနက်မှာ တဖွဲဖွဲ ရောက်ရှိနေပြီး ညနေကျရင်တော့ မနေ့ကလို ဆက်လက်ထောက်ခံဆန္ဒပြကြမယ်လို့ သိရပါတယ်။

နယ်သာလန်နိုင်ငံမှာ နှစ်ပေါင်းသုံးဆယ်ကျော်ကြာနေထိုင်ခဲ့သူဒေါ်ချိုမာက သူအခု ရောက်ရှိလာရခြင်း အကြောင်းကို အခုလိုပြောပါတယ်

“ဒီနေ့လာရတဲ့ အကြောင်းအရင်းကတော့ အန်တီအနေနဲ့ မြန်မာပြည်သားဖြစ်ပါတယ်။ အမေဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကိုလာပြီးတော့ နိုင်ငံအတွက် လာရောက်ဖြေရှင်းတဲ့အတွက် အန်တီတို့ကလည်း တဖက်ကနေပြီးတော့ ဝိုင်းဝန်းကူညီတဲ့ သဘောပါ။”

ဆွီဒင်နိုင်ငံ လွန်းတက္ကသိုလ်မှာ ပြည်သူ့ကျန်းမာရေးမာစတာဘွဲ့အတွက် ပညာတော်သင် လာရောက်သင်ယူနေသူ မလဲ့နှင်းစိုးကတော့ မနေ့က တရားခွင်မှာ လာရောက်နားထောင်ခဲ့ရတဲ့သူ့အတွေ့အကြုံကို အခုလို ဝေမျှပါတယ်။

“မနေ့က ၅ နာရီခွဲလောက်ကတည်းက ဒီမှာ လာတန်းစီခဲ့ရတယ်၊ လူတွေကတော့ အများကြီးပဲပေါ့နော် ။ ညီမတို့ အစက ကြားထားတာက ဘယ်လိုကြားထားသလဲဆိုရင် ဂမ်ဘီယာဘက်ကနေပြီးတော့ public hearing အတွက်ကို လူ ၂၅ ခုံ၊ ပြီးရင် မြန်မာဘက်က လာပြီးနားထောင်သူတွေကို ၂၅ ခုံပေးမယ်လို့ ကြားထားတယ်။ ဒါပေမယ့် သူတို့ သတ်မှတ်ထားတဲ့ အချက်တွေကဘာဖြစ်သွားသလဲဆိုတော့ နှစ်ဖက်စလုံးအတွက်ကို ဟိုဘက်၊ ဒီဘက် မခွဲတော့ဘူး ပြီးတော့ ticket ကို ၂၀ ပဲ ပေးတယ်။ အဲဒီတော့ ၂၀ ပဲပေးတဲ့အတွက် ညီမတို့လာတဲ့သူတွေထဲမှာဆိုရင် ညီမတို့ အရှေ့မှာတော့ ရောက်နေတယ်ပေါ့နော်။ မနက် ၅ နာရီခွဲကတည်းက ရောက်နေတဲ့အတွက် ticket ကိုတော့ရခဲ့တယ် ။ ဒါပေမယ့် ဒီမြန်မာဘက်က နားထောင်တဲ့သူဆိုလို့ ညီမထင်တယ် လူ ၇ ယောက် ၈ ယောက်လောက်ပဲ တွေ့တယ်။ ကျန်တာကတော့ လူမျိုးစုံပေါ့နော်။ အဲဒီတော့ မနေ့က ညီမတို့ လူ ၂၀ နားထောင်ခွင့်ရခဲ့တယ်။”

မြန်မာမူလဆင် Association နယ်သာလန်ရဲ့ အတွင်းရေးမှူးလည်းဖြစ် European Rohingya Council ရဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ မိုဟာမက်အီလီယာစ်ကတော့ ပြီးခဲ့တဲ့ နှစ်ရက်က တရားခွင်ကြားနာမှုတွေနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ ပထမ တရက်ကတော့ Gambia ကနေ ကျနော်တို့ ရိုဟင်ဂျာ လူမျိုးဘက်က လျှောက်လဲချက်တင်တာပေါ့။ ကျနော်တို့ Genocide လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ သူတို့က အသေးစိတ် အထောက်အထားနဲ့ပေါ့ တင်ပြတယ်။ နောက်ပြီးတော့ မနေ့က ဒေါ်အောင်ဆန်းစုကြည်က လာပြီးတော့ အဲ့ဒါကို ချေပတာပေါ့။ အဲ့ဒါကို ဖြေပေးတယ်။ ဒါမဲ့ နောက်တခုက စိတ်မကောင်းတာက ဒေါ်စုက ကိုယ်တိုင် အကုန်သိပြီးတော့ ဒေါ်စုက နိုဘယ်လ်ဆုရထားတာက Peace မှာပဲ နိုဘယ်လ်ဆု ရထားတဲ့ အမျိုးသမီး ဖြစ်တယ်။ ကျနော်တို့က အစထဲက ရိုသေတယ်၊ လေးစားတယ်၊ သူ့ကို ယုံကြည်တယ်။ ဒါပေမဲ့ သူ့ရဲ့ ဆက်ဆံပုံ၊ ပြောပုံတွေကတော့ အားမရဘူးပေါ့။ သူက ရိုဟင်ဂျာလူမျိုးဆိုပြီးတော့ နာမည်တောင် မသုံးခဲ့ဘူး မနေ့က။ အကုန်လုံးကို သူက ငြင်းတာတော့ ငြင်းတယ်။ မီးရှို့တာ၊ မုဒိမ်း ကျင့်တာတွေ အဲ့ဒါတွေကို ငြင်းတော့ ငြင်းတယ်။ ဒါပေမဲ့ ရိုဟင်ဂျာနာမည်တောင် မကိုင်ဘူးဆိုတော့ တော်တော်လေးကို စိတ်မကောင်းဘူး။ အဲ့ဒါလည်း လူမျိုးတခုရဲ့ နာမည် တခုကို Deny လုပ်တာ။ အဲ့ဒါလည်း Genocide ရဲ့ Stages တခုပါပဲ။

မြန်မာနိုင်ငံကို Gambia က တရားစွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ Genocide Convention စာချုပ် ချိုးဖောက်မှုနဲ့ ပတ်သက်လို့ ကြားဖြတ် စီမံဆောင်ရွက်မှုတွေ ပြုသင့်၊ မပြုသင့်... ဒီကနေ့ နောက်ဆုံး ကြားနားမှုပြီးသွားတဲ့ အခါမှာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုတော့ နောက်ထပ် ရက် သတ္တပတ် ၂ ရက် အကြာ အပြီးမှာ သိရမယ်လို့ ခန့်မှန်းရပါတယ်။

XS
SM
MD
LG