ရုရှားသမ္မတ ဗလာဒီမီယာ ဘဝဇာတ်ကြောင်း ရုပ်ရှင်အမြည်းကား ထွက်လာတာကို အတုလို့ ရုရှားတွေ ယူကျုမှာ ပြောနေကြပါတယ်။ တကယ်တမ်း ရုပ်ရှင်က အစစ်အမှန်ပါ။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ရေခဲမှတ်အောက် ချမ်းအေးတဲ့ အရပ်က ဆောင်းကြိုရေကူးပြိုင်ပွဲ၊ တောင်ပေါ်ရေခဲ ရေတံခွန်ကနေ ၆၅ ပေ အောက်ကို ထိုးချ လှေလှော်သူ၊ အထီးကျန်ဆုံး သိုးမလေးကို ကယ်တင်၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြားသတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရခိုင်မြောက်ပိုင်းက မြို့နယ် ၆ ခု လောက်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေ ပိုများလာနေ တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ် ကနေဒီတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်ပြီး ၂ ဖက်ထိခိုက်ကျဆုံးမှု ကြီးမားခဲ့ပေမယ့် စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အင်တာနက် အွန်လိုင်းပေါ်ကနေ တရားမဝင် စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံသား ၂,၃၀၀ ကျော်ကို မြန်မာဘက်က နောက်ထပ် လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်အစိုးရက တနင်္လာနေ့က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း သံအမတ်ကြီးနေရာမှာ လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်ထား မထား Credential Committee နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရေးကော်မတီက ဆုံးဖြတ်ဖို့ရှိနေချိန်မှာ သူ့ကိုပဲဆက်ထားဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း တောင်းဆိုနေကြပါတယ်။
မန္တလေးတိုင်း မြင်းခြံထောင်မှာ နိုင်ငံရေး ပုဒ်မနဲ့ အကျဉ်းကျခံနေရသူတဦး အကျဉ်းထောင်ထဲမှာ မနေ့က သေဆုံးသွားပါတယ်။ အစာအိမ်သွေးကြောပေါက် သေဆုံးတာလို့ အာဏာပိုင်တွေက ပြောပေမဲ့ သေဆုံးသူရဲ့ အလောင်းမှာ ကြိုး တုတ်ခံထားရတဲ့ အညိုအမဲ ဒဏ်ရာတွေ တွေ့ရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကမ္ဘာပေါ်မှာ ၃ မိနစ်တိုင်း လူတဦးဟာ အိုးအိမ်စွန့်ခွာနေရပ်ပျောက်နေရတာပါ။ လူ ၉၇ ဦးမှာ တဦးက ခိုလှုံခွင့်တောင်းခံသူ (asylum seeker) ၊ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာပြေးရသူ (IDP) သို့မဟုတ် ဒုက္ခသည် (refugee) ဖြစ်ကြရပါတယ်။ ဒီလို ဒုက္ခသည်ဆိုင်ရာ ခေါ်ဝေါ်အသုံးအနှုန်းတွေက ဘယ်လိုကွာခြားပါသလဲ။
RCSS ရှမ်းတပ်နဲ့ PNLO ပအိုဝ်း တပ်တွေဟာ မောက်မယ်မြို့နယ်အတွင်းမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး နှစ်ဘက်အကြား တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း နှစ်ဘက်စလုံးက ပြောဆိုနေပါတယ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ၂ ဖက် အကျအဆုံးရှိခဲ့သလို အရပ်သားသေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ ခင်ဦးမြို့နယ်နဲ့ စလင်းနဲ့ ပေါက်မြို့နယ်အစပ်မှာလည်း နယ်မြေရှင်းလင်းတာတွေကြောင့် အရပ်သားတွေ တိမ်းရှောင်နေရပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်းက ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တွေမှာ ၂၀၂၃ ဇန်နဝါရီလအတွင်း ကျေးရွာ ၁၁ ရွာ မီးရှို့ခံရပြီး၊ ကလေး ၃ ဦးအပါအဝင် ဒေသခံ ၁၅ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဖမ်းဆီးခံထားရသူ တချို့လည်းရှိသလို သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း စစ်ဘေးရှောင်နေကြရဆဲ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့က ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၃၆၈ နဲ့ စစ်ကောင်စီကဖွဲ့ထားတဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား၁၀၀ ဝန်းကျင်လောက် ဝင်ရောက်ပြီး၊ ညောင်ကုန်းရွာကို ဒုတိယတစ်ကြိမ် မီးထပ်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူးယစ်မှုနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းခံထားရတဲ့ ဒေါက်တာ ထွန်းမင်းလတ်ဆီမှာ စစ်ကောင်စီအကြီးအကဲ မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ တွေ့၊ ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံတဝန်း လူဦးရေစာရင်းတွေကောက်ယူ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
“မီးရှို့တာဆိုရင် ဒီတကြိမ်နဲ့ဆို ၃ ကြိမ်ရှိသွားပါပြီဗျ။ ၈ လပိုင်းကတကြိမ်၊ ၁၁ လပိုင်း ၁၃ ရက့်တုန်းက တကြိမ်။ အခု ၁၂ လပိုင်း ၅ ရက်နေ့မှာ တကြိမ်ဝင်ပြီး ရှို့သွားပါတယ်ခင်ဗျ။ ခုလောလောဆယ် ရွာထဲကို ပြန်မဝင်ရဲသေးဘူးဗျ။ ဒုတိယတကြိမ်စစ်ကြောင်းမှာက သူတို့က နင်းမိုင်းတွေပါ ထောင်ထားခဲ့တာဗျ။” (ပင့်သာရွာခံ)
အခုနှစ်ပိုင်းတွေအတွင်း မြန်မာလူငယ်တွေဟာ ပြည်ပမှာ အလုပ်လုပ်ဖို့ အလုံးအရင်းလိုက် ထွက်ခွာနေကြပါတယ်။ နယ်ပယ်အသီးသီးမှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေ ငွေကြေး ချေးငှားပြီး ဖြစ်စေ အိမ်ခြံမြေတွေကို ရောင်းချပြီးဖြစ်စေ စွန့်စားပြီး ပြည်ပထွက်အလုပ်လုပ်နေကြတာပါ။
အာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့က ပညာရေးစင်တာတခုမှာ ကျောင်းသူအများစုပါဝင်တဲ့လူပေါင်း ဒါဇင်ချီသေဆုံးခဲ့ရတဲ့အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက်ပိုင်းအာဖဂန်နစ္စတန်အမျိုးသမီးတွေဟာလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ ဗွီအိုအေ သတင်းထောက် Nazrana Ghaffar Yousufzai သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင်က ပြောပြပါမယ်။
NASA ရဲ့ Artemis ဒုံးယာဉ်အစီအစဉ် နဲ့ လကမ္ဘာ စူးစမ်းရေး Orion အာကာသယာဉ် လွှတ်တင်ဖို့ နှောင့်နှေးမှုတွေရှိနေသလို၊ ဒီအစီအစဉ်တွေကို တာဝန်ရှိသူတွေ ပြန်သုံးသပ်နေကြပါတယ်။ VOA သတင်းထောက် Kane Farabaugh ပေးပို့တာကို ကိုဝင်းခန့်မောင် ပြောပြပါမယ်။
မလေးရှားအစိုးရက သူ့နိုင်ငံထဲတရားမဝင် ဝင်ရောက်လာတဲ့သူတွေကို စီမံချက်နဲ့ဖမ်းဆီးနေတာမှာ မြန်မာနိုင်ငံသား အများအပြားပါဝင်နေတယ်လို့ မလေးရှားရောက် မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။
ဒေသတွင်း ခြိမ်းခြောက်မှုတွေကို အတူတကွ ရင်ဆိုင်ဖို့အတွက် ဂျပန်နဲ့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးလိုလားတယ်လို့ တောင်ကိုရီးယား သမ္မတကပြောပါတယ်။ ချဉ်းကပ်မှု အပြောင်းအလဲကို ဂျပန်က ကြိုဆိုပေမဲ့ သမိုင်းကြောင်းအရယုံကြည်မှုတည်ဆောက်ဖို့ကခက်ခဲနေဦးမယ့် အကြောင်း တိုကျိုကပေးပို့တဲ့သတင်းကို ဝင်းခန့်မောင်က ပြောပြပေးပါမယ်။
တရုတ်နိုင်ငံမှာ COVID-19 ကပ်ဘေးကာလကန့်သတ်ချက်တွေ ဖယ်ရှားပေးခဲ့ပြီးတဲ့နောက် လူတွေ အပြင်ထွက် ကိုယ်လက်လှုပ်ရှား အားကစား လုပ်တာတွေမှာ ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ အဆောက်အဦးတွင်း ကျန်းမာရေး လှုပ်ရှားမှု လုပ်တာထက် အိမ်ပြင်ဘက် စက်ဘီးစီးတာကိုပိုပြီး လုပ်လာကြတဲ့ အကြောင်း ကိုဝင်းခန့်မောင်ကတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်