သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမင္းမူတိုက္ပြဲအတြင္း အရပ္သားအပါအဝင္ ႏွစ္ဘက္ က်ဆုံးမႈေတြရွိ


စစ္ကိုင္းတိုင္းထဲက ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ဝင္တခ်ိဳ႕

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး ၂ ဖက္ အက်အဆုံးရွိခဲ့သလို အရပ္သားေသဆုံးတာေတြလည္းရွိခဲ့ပါတယ္။ စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္နဲ႔ မေကြးတိုင္း၊ စလင္းနဲ႔ ေပါက္ၿမိဳ႕နယ္အစပ္မွာလည္း နယ္ေျမရွင္းလင္းတာေတြေၾကာင့္ အရပ္သားေတြ တိမ္းေရွာင္ေနရပါတယ္။ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းက အေျခအေနအျပည့္အစုံကို ကိုဝင္းခန႔္ေမာင္က တင္ျပေပးပါမယ္။

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္နဲ႔ ၆ မိုင္ကြာေဝးတဲ့ ကန္ေတာ္ ေက်း႐ြာအနီးမွာ ေဒသခံပူးေပါင္း ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ မနက္ ၉ နာရီကေန ညအထိ တိုက္ပြဲျပင္းထန္ခဲ့တာပါ။ စစ္ေကာင္စီတပ္ဟာ ေဖေဖာ္ဝါရီ ၂၃ ရက္က ျမင္းမူနဲ႔ အရာေတာ္အစပ္ျဖစ္တဲ့ ကန္ရင္းေက်း႐ြာကေန ျမင္းမူၿမိဳ႕နယ္ထဲကို နယ္ေျမရွင္းလင္းဖို႔ ဝင္ေရာက္လာခ်ိန္ ကန္ေတာ္ေက်း႐ြာအနီး ေရာက္ခ်ိန္မွာ တိုက္ပြဲျဖစ္ၾကတာလည္း ျဖစ္ပါတယ္။ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ Zero ေပ်ာက္ၾကားတပ္ဖြဲ႕က ကို Z ႀကီး (ကိုဇက္ႀကီး) က အခုလို ေျပာျပပါတယ္။

“ျမင္းမူရဲ႕အေရွ႕ဘက္ ၆ မိုင္အကြာရွိတဲ့ ကန္ေတာ္႐ြာကို စစ္ေၾကာင္းထိုးလာတယ္။ စစ္ေၾကာင္းထိုးတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က ျဖတ္တိုက္တာေပါ့ေနာ္။ လမ္းက ျဖတ္တိုက္တာ တႀကိမ္ သူတို႔ ကန္ေတာ္႐ြာထဲ ေရာက္သြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က ပတ္ၿပီးေတာ့ တိုက္တာ တစ္ႀကိမ္ေပါ့။ မနက္ ၉ နာရီကေန ည ၇ နာရီခြဲအထိ တိုက္ပြဲအၾကာႀကီး ၾကာျမင့္ပါတယ္။ ကြၽန္ေတာ္တို႔ဘက္က ကေလး ၂ ေယာက္ က်ဆုံးပါတယ္။ တိုက္ပြဲမွာ သူတို႔ဘက္က ၁၇ ေယာက္ေလာက္ ကြၽန္ေတာ္တို႔ ရလိုက္ပါတယ္။ အခုေတာ့ ဒီေန႔ မနက္အေစာမွာ သူတို႔က ျပန္ဆုတ္သြားပါၿပီ။ ျမင္းမူကေနမွ ထီးေဆာင္း ထီးေဆာင္ကေနမွ အျခားတေနရာကို ျပန္ဆုတ္သြားပါတယ္။ လက္ရွိေတာ့ ဒီေန႔ေတာ့ ေအးေအးေဆးေဆးပါ နယ္ေျမရွင္းလင္းေရးေတြ ေဒသခံေတြ လုပ္ေနၾကပါတယ္။”

နယ္ေျမရွင္းလင္းမႈအတြက္ ကန္ဆြယ္ေက်း႐ြာက အသက္ ၁၂ ႏွစ္အ႐ြယ္ နဲ႔ အသက္ ၁၃ ႏွစ္ အသက္မျပည့္ေသးတဲ့ ကေလးငယ္ ၂ ဦးလည္း သတ္ျဖတ္ခံရတယ္လို႔ ေဒသခံေတြက ေျပာေပမယ့္ ဒါနဲ႔ပတ္သက္လို႔ေတာ့ ဗြီအိုေအက သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။

စစ္ကိုင္းတိုင္းထဲက ခင္ဦးၿမိဳ႕နယ္ထဲမွာဆိုရင္လည္း ေဖေဖာ္ဝါရီ ဒုတိယအပတ္ကစလို႔ စစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့အတြက္ ေဒသခံေတြဟာ ေဘးလြတ္ရာေတြကို တိမ္းေရွာင္ေနရပါတယ္။ ေဒသခံ အေျခအေနေတြနဲ႔ ပတ္သက္လို႔ စစ္ေဘးေရွာင္ ကူညီေပးေနသူ တစ္ဦးက အခုလို ေျပာပါတယ္။

“ဒီ ၂၃ လား၊ ၂၄ လား၊ အဲ့ေန႔က ၿမိဳ႕ေပၚမွာ ၁၀ ဦးထက္ မနည္း ဖမ္းဆီးခံရတယ္ေပါ့ေနာ္။ ေတြ႕တဲ့သူ အကုန္ဖမ္းတာေပါ့ေနာ္။ လက္ဖက္ရည္ဆိုင္ တီးဆရာ မုန႔္လုပ္တဲ့သူ အကုန္ဖမ္းတယ္။ ၂၅ ရက္ေန႔က ခင္ဦးရဲ႕ အေနာက္ဖက္ အျခမ္းကို တက္လာတယ္ တက္လာၿပီးေတာ့ တအိုးကို တညအိပ္တယ္။ ဒီဘက္က ဟိုတေန႔က ေျပးတဲ့ဟာေတြကေတာ့ ျပန္ဝင္ၿပီေပါ့။ အခုက ဟိုဘက္က ႐ြာေတြ ဆက္ေျပးရတာေပါ့။ ခန႔္မွန္းအားလုံးေပါင္း ၁၀ ႐ြာေက်ာ္တယ္ဆိုေတာ့ အားလုံးေပါင္း ၁ ေသာင္းဝန္းက်င္ေလာက္ရွိမယ္။ သူတို႔ သက္သက္မဲ့ စစ္ေၾကာင္းလွည့္ မီးရႈိ႕တာေပါ့။”

ဒါက စစ္ကိုင္းတိုင္းထဲက အေျခအေနပါ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္နဲ႔ ဆိပ္ျဖဴၿမိဳ႕ အစပ္မွာ စစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္ တပ္စြဲေနတဲ့အတြက္ေဒသခံေတြ တိမ္းေရွာင္ေနရပါတယ္။ တိမ္းေရွာင္ေနရတာေၾကာင့္ စားနပ္ရိကၡာ အခက္အခဲေတြလည္း ရွိေနတယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“စစ္ေဘးေရွာင္ေတြမွာ ဆီတို႔၊ ဟင္းခ်ိဳမႈန႔္တို႔၊ ငါးပိတို႔ အဲ့လို စားနပ္ရိကၡာေတြ ျပတ္ေနတာ။”

ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းရဲ႕ ကုန္စည္ စီဆင္းတာေတြကို စစ္ေကာင္စီဘက္က တင္းၾကပ္ထားတဲ့အတြက္ စစ္တပ္နယ္ေျမရွင္းလင္းေရးလုပ္လို႔ တိမ္းေရွာင္ရခ်ိန္မွာ အခုလိုစားနပ္ရိကၡာ ျပတ္လပ္တာေတြ ႀကဳံေတြ႕ေနရတာလည္း ျဖစ္ပါတယ္။

၂၀၂၃ ခုႏွစ္ကစလို႔ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲေတြပိုၿပီး ျပင္းထန္လာခဲ့သလို အာဏာသိမ္း ၂ ႏွစ္ျပည့္တဲ့အခ်ိန္မွာ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ျပည္နယ္နဲ႔ တိုင္း ၈ ခုက ၿမိဳ႕နယ္ ၄၀ ကို စစ္ေကာင္စီက စစ္အုပ္ခ်ဳပ္ေရး ေၾကျငာခဲ့ပါေသးတယ္။

{Unicode}

မြင်းမူတိုက်ပွဲအတွင်း အရပ်သားအပါအဝင် နှစ်ဘက် ကျဆုံးမှုတွေရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ၂ ဖက် အကျအဆုံးရှိခဲ့သလို အရပ်သားသေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ မကွေးတိုင်း၊ စလင်းနဲ့ ပေါက်မြို့နယ်အစပ်မှာလည်း နယ်မြေရှင်းလင်းတာတွေကြောင့် အရပ်သားတွေ တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အခြေအနေအပြည့်အစုံကို ကိုဝင်းခန့်မောင်က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နဲ့ ၆ မိုင်ကွာဝေးတဲ့ ကန်တော် ကျေးရွာအနီးမှာ ဒေသခံပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ မနက် ၉ နာရီကနေ ညအထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၃ ရက်က မြင်းမူနဲ့ အရာတော်အစပ်ဖြစ်တဲ့ ကန်ရင်းကျေးရွာကနေ မြင်းမူမြို့နယ်ထဲကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာချိန် ကန်တော်ကျေးရွာအနီး ရောက်ချိန်မှာ တိုက်ပွဲဖြစ်ကြတာလည်း ဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ Zero ပျောက်ကြားတပ်ဖွဲ့က ကို Z ကြီး (ကိုဇက်ကြီး) က အခုလို ပြောပြပါတယ်။

“မြင်းမူရဲ့အရှေ့ဘက် ၆ မိုင်အကွာရှိတဲ့ ကန်တော်ရွာကို စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းထိုးတဲ့အချိန်မှာ ကျွန်တော်တို့က ဖြတ်တိုက်တာပေါ့နော်။ လမ်းက ဖြတ်တိုက်တာ တကြိမ် သူတို့ ကန်တော်ရွာထဲ ရောက်သွားတဲ့အချိန်မှာ ကျွန်တော်တို့က ပတ်ပြီးတော့ တိုက်တာ တစ်ကြိမ်ပေါ့။ မနက် ၉ နာရီကနေ ည ၇ နာရီခွဲအထိ တိုက်ပွဲအကြာကြီး ကြာမြင့်ပါတယ်။ ကျွန်တော်တို့ဘက်က ကလေး ၂ ယောက် ကျဆုံးပါတယ်။ တိုက်ပွဲမှာ သူတို့ဘက်က ၁၇ ယောက်လောက် ကျွန်တော်တို့ ရလိုက်ပါတယ်။ အခုတော့ ဒီနေ့ မနက်အစောမှာ သူတို့က ပြန်ဆုတ်သွားပါပြီ။ မြင်းမူကနေမှ ထီးဆောင်း ထီးဆောင်ကနေမှ အခြားတနေရာကို ပြန်ဆုတ်သွားပါတယ်။ လက်ရှိတော့ ဒီနေ့တော့ အေးအေးဆေးဆေးပါ နယ်မြေရှင်းလင်းရေးတွေ ဒေသခံတွေ လုပ်နေကြပါတယ်။”

နယ်မြေရှင်းလင်းမှုအတွက် ကန်ဆွယ်ကျေးရွာက အသက် ၁၂ နှစ်အရွယ် နဲ့ အသက် ၁၃ နှစ် အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦးလည်း သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပေမယ့် ဒါနဲ့ပတ်သက်လို့တော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်းထဲက ခင်ဦးမြို့နယ်ထဲမှာဆိုရင်လည်း ဖေဖော်ဝါရီ ဒုတိယအပတ်ကစလို့ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အတွက် ဒေသခံတွေဟာ ဘေးလွတ်ရာတွေကို တိမ်းရှောင်နေရပါတယ်။ ဒေသခံ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင် ကူညီပေးနေသူ တစ်ဦးက အခုလို ပြောပါတယ်။

“ဒီ ၂၃ လား၊ ၂၄ လား၊ အဲ့နေ့က မြို့ပေါ်မှာ ၁၀ ဦးထက် မနည်း ဖမ်းဆီးခံရတယ်ပေါ့နော်။ တွေ့တဲ့သူ အကုန်ဖမ်းတာပေါ့နော်။ လက်ဖက်ရည်ဆိုင် တီးဆရာ မုန့်လုပ်တဲ့သူ အကုန်ဖမ်းတယ်။ ၂၅ ရက်နေ့က ခင်ဦးရဲ့ အနောက်ဖက် အခြမ်းကို တက်လာတယ် တက်လာပြီးတော့ တအိုးကို တညအိပ်တယ်။ ဒီဘက်က ဟိုတနေ့က ပြေးတဲ့ဟာတွေကတော့ ပြန်ဝင်ပြီပေါ့။ အခုက ဟိုဘက်က ရွာတွေ ဆက်ပြေးရတာပေါ့။ ခန့်မှန်းအားလုံးပေါင်း ၁၀ ရွာကျော်တယ်ဆိုတော့ အားလုံးပေါင်း ၁ သောင်းဝန်းကျင်လောက်ရှိမယ်။ သူတို့ သက်သက်မဲ့ စစ်ကြောင်းလှည့် မီးရှို့တာပေါ့။”

ဒါက စစ်ကိုင်းတိုင်းထဲက အခြေအနေပါ မကွေးတိုင်း ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့ အစပ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ် တပ်စွဲနေတဲ့အတွက်ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ တိမ်းရှောင်နေရတာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေလည်း ရှိနေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“စစ်ဘေးရှောင်တွေမှာ ဆီတို့၊ ဟင်းချိုမှုန့်တို့၊ ငါးပိတို့ အဲ့လို စားနပ်ရိက္ခာတွေ ပြတ်နေတာ။”

ပေါက်မြို့နယ်တောင်ပိုင်းရဲ့ ကုန်စည် စီဆင်းတာတွေကို စစ်ကောင်စီဘက်က တင်းကြပ်ထားတဲ့အတွက် စစ်တပ်နယ်မြေရှင်းလင်းရေးလုပ်လို့ တိမ်းရှောင်ရချိန်မှာ အခုလိုစားနပ်ရိက္ခာ ပြတ်လပ်တာတွေ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ကစလို့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေပိုပြီး ပြင်းထန်လာခဲ့သလို အာဏာသိမ်း ၂ နှစ်ပြည့်တဲ့အချိန်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပြည်နယ်နဲ့ တိုင်း ၈ ခုက မြို့နယ် ၄၀ ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပါသေးတယ်။

XS
SM
MD
LG