စစ္ကိုင္းတိုင္း၊ ခ်င္းတြင္းျမစ္ အေနာက္ဘက္ကမ္း ေက်ာက္မ်က္ေတာင္နဲ႔ အနီးတဝိုက္မွာရွိတဲ့ ေက်း႐ြာ ၅ ႐ြာက ေဒသခံေတြဟာ ႏွစ္ဖက္တိုက္ပြဲ အေျခအေနေၾကာင့္ ေဘးလြတ္ရာ ေရွာင္တိမ္းေနရတယ္လို႔ ကူညီသူေတြနဲ႔ ေဒသခံေတြက ေျပာပါတယ္။ ႐ြာထဲျပန္ဝင္သူ တခ်ိဳ႕ရွိေပမယ့္၊ ထြက္ေျပးလာသူေတြကို ေက်း႐ြာနီးစပ္ ေဒသခံေတြကပဲ ကူညီေပးေနတာပါ။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးမွာပါ။
စစ္ကိုင္းတိုင္း၊ ခ်င္းတြင္းျမစ္ အေနာက္ဘက္ကမ္းက ေက်ာက္မ်က္ေတာင္မွာ တပ္စြဲထားတဲ့ စစ္ေကာင္စီစခန္းကို ေဒသခံေတာ္လွန္ေရး အဖြဲ႕ေတြပူးေပါင္းၿပီး ေဖေဖာ္ဝါရီလ ၁၉ ရက္၊ တနဂၤေႏြေန႔ ညေနပိုင္းတုန္းက သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ ေတာ္လွန္ေရးအဖြဲ႕ေတြဘက္က ထုတ္ျပန္ထားပါတယ္။ အဲဒီစခန္းသိမ္းပိုက္အၿပီး စစ္ေကာင္စီနဲ႔ အျပန္အလွန္ ပစ္ခတ္မႈေတြေၾကာင့္ အနီးဝန္းက်င္မွာရွိတဲ့ ေဒသခံေတြဟာ ထြက္ေျပးတိမ္းေရွာင္ေနတာ ေက်း႐ြာေပါင္း ၅ ႐ြာေလာက္ရွိတယ္လို႔ ယင္းမာပင္နဲ႔ ဆားလင္းႀကီးက စစ္ေဘးေရွာင္ေတြကို ကူညီေနသူတစ္ဦးက ေျပာပါတယ္။
"မေန႔က ညေနေလာက္က စၿပီးေတာ့ တိုက္ပြဲျဖစ္တယ္။ ေက်ာက္မ်က္ေတာင္ဘက္ကေန စကစဘက္က ဆင္းလာတာေပါ့။ အဲဒါကို ဒီ PDF ပူးေပါင္းတပ္ဖြဲ႕ေတြ ပူးေပါင္းၿပီးေတာ့ တိုက္တယ္ေပါ့။ စခန္းသိမ္းႏိုင္ခဲ့တယ္လို႔ေတာ့ ၾကားတယ္၊ ဒါေပမဲ့ အဲဒါကို အတည္ေတာ့ မျပဳရေသးဘူး။ အဲဒီနားက ေဘးပတ္ပတ္လည္က ႐ြာေတြကေတာ့ အကုန္ေျပးလာရတယ္။ ဆားလင္းႀကီး ေျမာက္ဘက္ျခမ္းမွာ ျဖစ္တာဆိုေတာ့ ေတာင္ဘက္ျခမ္းကို ေျပးလာၾကတယ္။ စစ္ေဘးေရွာင္လာတဲ့ ေက်း႐ြာကေတာ့ ၅ ႐ြာေလာက္ ေျပးရတယ္။ ခ်င္းတြင္းျမစ္ကမ္း ေဘးတေလွ်ာက္ေပါ့ေနာ္။ က်န္တဲ့႐ြာေတြကေတာ့ ေဘးပတ္ဝန္းက်င္က ေျပးလာတာဆိုေတာ့ ေကြၽးေမြးၿပီးေတာ့ ေစာင့္ေရွာက္ထားတယ္။"
ေဖေဖာ္ဝါရီလ ၂၀ ရက္၊ ဒီကေန႔ ေန႔လည္အခ်ိန္မွာေတာ့ ပစ္ခတ္သံေတြ မၾကားရေတာ့ဘူးလို႔ ေျပာပါတယ္။ အျပန္အလွန္ ပစ္ခတ္တာေတြ မရွိေတာ့လို႔ ႐ြာထဲျပန္သူေတြ ရွိသလို၊ တခ်ိဳ႕ကေတာ့ အေျခအေနကို ေစာင့္ေနၿပီး အိမ္မျပန္ႏိုင္ၾကေသးပါဘူး။
ေက်ာက္မ်က္ေတာင္က ဆားလင္းႀကီးနဲ႔ ယင္းမာပင္ ၾကားမွာရွိေနၿပီး အဲဒီအနီးတဝိုက္ ေဒသခံေတြ တိုက္ပြဲေၾကာင့္ ထြက္ေျပးေနၾကတာပါ။ ေတာ္လွန္ေရး အင္အားစုေတြ အားေကာင္းသလို၊ စစ္အုပ္ခ်ဳပ္ေရး အာဏာထုတ္ျပန္ထားတဲ့ စစ္ကိုင္းတိုင္းထဲမွာ အျပန္အလွန္ ပစ္ခတ္တာေတြ၊ စစ္ေၾကာင္းထိုးတာေတြ မၾကာခဏရွိေနတာေၾကာင့္ ေဒသခံအေတာ္မ်ားမ်ား ေနရပ္တိမ္းေရွာင္ၾကရတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။
"သူတို႔က စစ္ေၾကာင္း တစ္ခါထိုးၿပီးရင္ နည္းနည္းနားတယ္။ နားၿပီးရင္ တစ္ခါ ျပန္လာတယ္ေပါ့။ ေလာေလာဆယ္ေတာ့ လကုန္၊ လကုန္ပိုင္းေလာက္ဆိုရင္ အေနအထိုင္ ဂ႐ုစိုက္ရတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ အခုဆိုရင္ မုံ႐ြာနဲ႔ ယင္းမာပင္ ၿမိဳ႕ေပၚေတြမွာ သူတို႔ရဲ႕ အင္အားေတြတိုးသလို၊ မထင္ရင္ မထင္သလို အကုန္လုံး၊ ေတာ္လွန္ေရး လုပ္တဲ့သူေရာ၊ မလုပ္တဲ့သူေရာ ဖမ္းဆီး ႏွိပ္စက္တာမ်ိဳးေတြေတာ့ ၾကားေနရတယ္။"
ဆားလင္းႀကီးၿမိဳ႕နယ္နဲ႔ ယင္းမာပင္ၿမိဳ႕နယ္ၾကားက ေက်ာက္မ်က္ေတာင္ေပၚမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ကို ဝင္ေရာက္စီးနင္းခဲ့ၿပီး အျပန္အလွန္ပစ္ခတ္တာေတြ ၁ နာရီေက်ာ္ၾကာ ရွိခဲ့တယ္လို႔ နဂါးညီေနာင္ အထူးတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီရဲ႕ လက္နက္ခဲယမ္းေတြကိုလည္း သိမ္းဆည္းႏိုင္ခဲ့တယ္လို႔ ေတာ္လွန္ေရး ပူးေပါင္းအဖြဲ႕ေတြဘက္က ထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီဖက္ကေတာ့ တစုံတရာ ထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။
{Unicode}
ချင်းတွင်းအနောက်ဖက်ကမ်း ကျောက်မျက်တောင်တဝိုက်တိုက်ပွဲပြင်းထန်ခဲ့
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကျောက်မျက်တောင်နဲ့ အနီးတဝိုက်မှာရှိတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေဟာ နှစ်ဖက်တိုက်ပွဲ အခြေအနေကြောင့် ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ကူညီသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ရွာထဲပြန်ဝင်သူ တချို့ရှိပေမယ့်၊ ထွက်ပြေးလာသူတွေကို ကျေးရွာနီးစပ် ဒေသခံတွေကပဲ ကူညီပေးနေတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးမှာပါ။
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက ကျောက်မျက်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဒေသခံတော်လှန်ရေး အဖွဲ့တွေပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၉ ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်းတုန်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။ အဲဒီစခန်းသိမ်းပိုက်အပြီး စစ်ကောင်စီနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေတာ ကျေးရွာပေါင်း ၅ ရွာလောက်ရှိတယ်လို့ ယင်းမာပင်နဲ့ ဆားလင်းကြီးက စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
"မနေ့က ညနေလောက်က စပြီးတော့ တိုက်ပွဲဖြစ်တယ်။ ကျောက်မျက်တောင်ဘက်ကနေ စကစဘက်က ဆင်းလာတာပေါ့။ အဲဒါကို ဒီ PDF ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ တိုက်တယ်ပေါ့။ စခန်းသိမ်းနိုင်ခဲ့တယ်လို့တော့ ကြားတယ်၊ ဒါပေမဲ့ အဲဒါကို အတည်တော့ မပြုရသေးဘူး။ အဲဒီနားက ဘေးပတ်ပတ်လည်က ရွာတွေကတော့ အကုန်ပြေးလာရတယ်။ ဆားလင်းကြီး မြောက်ဘက်ခြမ်းမှာ ဖြစ်တာဆိုတော့ တောင်ဘက်ခြမ်းကို ပြေးလာကြတယ်။ စစ်ဘေးရှောင်လာတဲ့ ကျေးရွာကတော့ ၅ ရွာလောက် ပြေးရတယ်။ ချင်းတွင်းမြစ်ကမ်း ဘေးတလျှောက်ပေါ့နော်။ ကျန်တဲ့ရွာတွေကတော့ ဘေးပတ်ဝန်းကျင်က ပြေးလာတာဆိုတော့ ကျွေးမွေးပြီးတော့ စောင့်ရှောက်ထားတယ်။"
ဖေဖော်ဝါရီလ ၂၀ ရက်၊ ဒီကနေ့ နေ့လည်အချိန်မှာတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူးလို့ ပြောပါတယ်။ အပြန်အလှန် ပစ်ခတ်တာတွေ မရှိတော့လို့ ရွာထဲပြန်သူတွေ ရှိသလို၊ တချို့ကတော့ အခြေအနေကို စောင့်နေပြီး အိမ်မပြန်နိုင်ကြသေးပါဘူး။
ကျောက်မျက်တောင်က ဆားလင်းကြီးနဲ့ ယင်းမာပင် ကြားမှာရှိနေပြီး အဲဒီအနီးတဝိုက် ဒေသခံတွေ တိုက်ပွဲကြောင့် ထွက်ပြေးနေကြတာပါ။ တော်လှန်ရေး အင်အားစုတွေ အားကောင်းသလို၊ စစ်အုပ်ချုပ်ရေး အာဏာထုတ်ပြန်ထားတဲ့ စစ်ကိုင်းတိုင်းထဲမှာ အပြန်အလှန် ပစ်ခတ်တာတွေ၊ စစ်ကြောင်းထိုးတာတွေ မကြာခဏရှိနေတာကြောင့် ဒေသခံအတော်များများ နေရပ်တိမ်းရှောင်ကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"သူတို့က စစ်ကြောင်း တစ်ခါထိုးပြီးရင် နည်းနည်းနားတယ်။ နားပြီးရင် တစ်ခါ ပြန်လာတယ်ပေါ့။ လောလောဆယ်တော့ လကုန်၊ လကုန်ပိုင်းလောက်ဆိုရင် အနေအထိုင် ဂရုစိုက်ရတာပေါ့နော်။ နောက်ပြီးတော့ အခုဆိုရင် မုံရွာနဲ့ ယင်းမာပင် မြို့ပေါ်တွေမှာ သူတို့ရဲ့ အင်အားတွေတိုးသလို၊ မထင်ရင် မထင်သလို အကုန်လုံး၊ တော်လှန်ရေး လုပ်တဲ့သူရော၊ မလုပ်တဲ့သူရော ဖမ်းဆီး နှိပ်စက်တာမျိုးတွေတော့ ကြားနေရတယ်။"
ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ကြားက ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး အပြန်အလှန်ပစ်ခတ်တာတွေ ၁ နာရီကျော်ကြာ ရှိခဲ့တယ်လို့ နဂါးညီနောင် အထူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဖက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။