သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း ပုလဲနဲ႔ကနီမွာ တိုက္ပြဲေတြဆက္ျဖစ္ 


စစ္ကိုင္းတိုင္းထဲက ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ဝင္တခ်ိဳ႕

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားရာမွာ၊ ကာကြယ္ေရးအဖြဲ႕ေတြဘက္က အက်အဆုံးေတြရွိသလို အရပ္သား ထိခိုက္ေသဆုံးမႈလည္း ရွိေနပါတယ္။ ကနီၿမိဳ႕မွာလည္း ျမန္မာစစ္တပ္ရဲ႕ စက္ေလွေတြ ခ်င္းတြင္းျမစ္ေၾကာင္း တေလွ်ာက္က ဆန္တက္လာတာေၾကာင့္၊ ျမစ္ေဘး ေက်း႐ြာက ေဒသခံေတြ တိမ္းေရွာင္ေနရပါတယ္။ စစ္ကိုင္းတိုင္းရဲ႕ အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုေအာင္ေအာင္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္က ေက်း႐ြာေတြကို စစ္ေၾကာင္းထိုးလာတဲ့ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ဇန္နဝါရီ ၃၁ ရက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ကာကြယ္ေရး အဖြဲ႕ေတြဘက္က ၆ ဦး အထိ က်ဆုံးခဲ့ပါတယ္။ တိုက္ပြဲေၾကာင့္ စစ္ေဘးတိမ္းေရွာင္ရင္း အေမာေဖာက္ၿပီး အသက္ ၄၀ အ႐ြယ္ ေဒသခံတဦးလည္း ေသဆုံးခဲ့ရတယ္လို႔ ပုလဲၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ တာဝန္ရွိသူတဦးက အခုလို ေျပာပါတယယ္။

“သူတို႔စစ္ေၾကာင္းထိုးလာလို႔ နယ္ေျမခံ PDF ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ေတြ႕ၾကတာေပါ့ေနာ္။ ေညာင္ပင္သာ (ေက်း႐ြာ) နားေလးမွာ မေန႔က တိုက္ပြဲအျပင္းအထန္ျဖစ္တယ္။ အဲ့မွာ တိုက္ပြဲအျပင္းအထန္ျဖစ္တယ္။ ကိုယ့္ဘက္ကလည္း အထိနာမႈရွိတယ္ သူတို႔ဘက္ကလည္း အထိနာမႈရွိတယ္ အဲ့လိုေတာ့ရွိတယ္။ ျပည္သူေတြကေတာ့ ေျပးရင္းလႊားရင္း အေမာဆို႔ၿပီးေသသြားတာက အေရွ႕မင္းမက ျပည္သူ တေယာက္ခင္ဗ်။ အသက္ ၄၀ ေက်ာ္ ေယာက္က်ားေလး တေယာက္။ ပစ္ခတ္ရင္း ျဖစ္သြားတာက ကြၽန္ေတာ္တို႔ ရဲေဘာ္ေတြဘက္က ၆ ေယာက္ေလာက္ က်မယ္ထင္တယ္။”

တိုက္ပြဲနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္ကထုတ္ျပန္ေျပာဆိုတာမရွိပါဘူး။ ေဖေဖာ္ဝါရီ ၁ ရက္မွာ ျမန္မာစစ္တပ္ေတြဟာ နယ္ေျမရွင္းလင္းေရးေတြ ဆက္လုပ္ေနေပမယ့္၊ တိုက္ပြဲျဖစ္ပြားတာေတာ့ မရွိေသးဘူးလို႔လည္း ေျပာပါတယ္။ တိုက္ပြဲေၾကာင့္ အနီးအနားက ေက်း႐ြာ ၁၃ ႐ြာထက္မနည္းက ေဒသခံ ေသာင္းနဲ႔ခ်ီဟာ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး ျမန္မာစစ္တပ္သြားရာလမ္းတေလွ်ာက္က ေက်း႐ြာေတြက ေဒသခံေတြ တိမ္းေရွာင္ေနရပါတယ္။

ပုလဲနယ္မွာ ဇန္နဝါရီလအတြင္း ျမန္မာစစ္တပ္နဲ႔ စစ္တပ္ေထာက္ခံအားေပးတဲ့ ပ်ဴေစာထီးေတြ တပ္စြဲထားတဲ့ ေနရာေတာ္ေတာ္မ်ားကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက တိုက္ခိုက္ေနတာမွာ ၿမိဳ႕ေပၚမွာရွိတဲ့ ရဲစခန္းနဲ႔ ေထြအုပ္႐ုံးကို ပစ္ခတ္တိုက္ခိုက္တာေတြေၾကာင့္ စစ္ေရးတင္းမာေနပါတယ္။

ကနီဘက္မွာဆိုရင္လည္း ခ်င္းတြင္းျမစ္အတိုင္း ျမန္မာ စစ္တပ္ရဲ႕ စက္ေလွေတြ ဆန္တက္လာတဲ့အတြက္ ျမစ္ေဘးက ေက်း႐ြာေတြက ေဒသခံအမ်ားအျပား ေဘးလြတ္ရာကို တိမ္းေရွာင္ေနရပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ NUG အမ်ိဳးသား ညီၫြတ္ေရးအစိုးရ လူသားစာနာကူညီမႈဝန္ႀကီးဌာန ကနီၿမိဳ႕ တာဝန္ခံက အခုလို ေျပာပါတယ္။

“ေဒသခံေတြ ထြက္ေျပးေနရတာ အခုဆိုရင္ ျမစ္ေၾကာင္းတေလွ်ာက္မွာ ၁ ေသာင္း ဝန္းက်င္ေလာက္ ရွိပါတယ္။ အခုက ယင္းမာပင္ၿမိဳ႕နယ္နဲ႔ ကနီၿမိဳ႕နယ္ၾကားမွာ နယ္စပ္မွာ ျဖစ္တဲ့အတြက္ ယင္းမာပင္ၿမိဳ႕နယ္ေကာ ကနီၿမိဳ႕နယ္ေကာဆိုေတာ့ ေက်း႐ြာေပါင္း ၈ ႐ြာေလာက္ရွိတယ္။ စားဝတ္ေနေရးကေတာ့ အဆင္ေျပတယ္ေတာ့ မဟုတ္ပါဘူး ကြၽန္ေတာ္တို႔လည္း တတ္ႏိုင္သေလာက္ ကူညီေနၿပီးေတာ့ လိုအပ္ခ်က္ေတြေတာ့ ရွိေနပါတယ္။”

စစ္ကိုင္းတိုင္းေအာက္ပိုင္းနဲ႔ အထက္ပိုင္းကို သြားလာဖို႔အတြက္ စစ္ေကာင္စီဘက္က ခ်င္းတြင္းျမစ္ေၾကာင္းကို အဓိက အားထား အသုံးျပဳေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ျမစ္ေဘးက ေက်း႐ြာေတြကို နယ္ေျမရွင္းလင္းေရးေတြ လုပ္သလို ေဒသခံကာကြယ္ေရး အဖြဲ႕ေတြနဲ႔လည္း တိုက္ပြဲေတြ မၾကာခဏျဖစ္ေနပါတယ္။

[Unicode]

စစ်ကိုင်းတိုင်း ပုလဲနဲ့ကနီမှာ တိုက်ပွဲတွေဆက်ဖြစ်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရာမှာ၊ ကာကွယ်ရေးအဖွဲ့တွေဘက်က အကျအဆုံးတွေရှိသလို အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေပါတယ်။ ကနီမြို့မှာလည်း မြန်မာစစ်တပ်ရဲ့ စက်လှေတွေ ချင်းတွင်းမြစ်ကြောင်း တလျှောက်က ဆန်တက်လာတာကြောင့်၊ မြစ်ဘေး ကျေးရွာက ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို ကိုအောင်အောင် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီ ၃၁ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး အဖွဲ့တွေဘက်က ၆ ဦး အထိ ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ရင်း အမောဖောက်ပြီး အသက် ၄၀ အရွယ် ဒေသခံတဦးလည်း သေဆုံးခဲ့ရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယယ်။

“သူတို့စစ်ကြောင်းထိုးလာလို့ နယ်မြေခံ PDF ကာကွယ်ရေးအဖွဲ့တွေနဲ့ တွေ့ကြတာပေါ့နော်။ ညောင်ပင်သာ (ကျေးရွာ) နားလေးမှာ မနေ့က တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ အဲ့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ ကိုယ့်ဘက်ကလည်း အထိနာမှုရှိတယ် သူတို့ဘက်ကလည်း အထိနာမှုရှိတယ် အဲ့လိုတော့ရှိတယ်။ ပြည်သူတွေကတော့ ပြေးရင်းလွှားရင်း အမောဆို့ပြီးသေသွားတာက အရှေ့မင်းမက ပြည်သူ တယောက်ခင်ဗျ။ အသက် ၄၀ ကျော် ယောက်ကျားလေး တယောက်။ ပစ်ခတ်ရင်း ဖြစ်သွားတာက ကျွန်တော်တို့ ရဲဘော်တွေဘက်က ၆ ယောက်လောက် ကျမယ်ထင်တယ်။”

တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာစစ်တပ်တွေဟာ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပေမယ့်၊ တိုက်ပွဲဖြစ်ပွားတာတော့ မရှိသေးဘူးလို့လည်း ပြောပါတယ်။ တိုက်ပွဲကြောင့် အနီးအနားက ကျေးရွာ ၁၃ ရွာထက်မနည်းက ဒေသခံ သောင်းနဲ့ချီဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး မြန်မာစစ်တပ်သွားရာလမ်းတလျှောက်က ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။

ပုလဲနယ်မှာ ဇန်နဝါရီလအတွင်း မြန်မာစစ်တပ်နဲ့ စစ်တပ်ထောက်ခံအားပေးတဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ နေရာတော်တော်များကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာမှာ မြို့ပေါ်မှာရှိတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် စစ်ရေးတင်းမာနေပါတယ်။

ကနီဘက်မှာဆိုရင်လည်း ချင်းတွင်းမြစ်အတိုင်း မြန်မာ စစ်တပ်ရဲ့ စက်လှေတွေ ဆန်တက်လာတဲ့အတွက် မြစ်ဘေးက ကျေးရွာတွေက ဒေသခံအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရ လူသားစာနာကူညီမှုဝန်ကြီးဌာန ကနီမြို့ တာဝန်ခံက အခုလို ပြောပါတယ်။

“ဒေသခံတွေ ထွက်ပြေးနေရတာ အခုဆိုရင် မြစ်ကြောင်းတလျှောက်မှာ ၁ သောင်း ဝန်းကျင်လောက် ရှိပါတယ်။ အခုက ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ နယ်စပ်မှာ ဖြစ်တဲ့အတွက် ယင်းမာပင်မြို့နယ်ကော ကနီမြို့နယ်ကောဆိုတော့ ကျေးရွာပေါင်း ၈ ရွာလောက်ရှိတယ်။ စားဝတ်နေရေးကတော့ အဆင်ပြေတယ်တော့ မဟုတ်ပါဘူး ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကူညီနေပြီးတော့ လိုအပ်ချက်တွေတော့ ရှိနေပါတယ်။”

စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ အထက်ပိုင်းကို သွားလာဖို့အတွက် စစ်ကောင်စီဘက်က ချင်းတွင်းမြစ်ကြောင်းကို အဓိက အားထား အသုံးပြုနေတာဖြစ်ပါတယ်။ ဒါကြောင့် မြစ်ဘေးက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးတွေ လုပ်သလို ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။

XS
SM
MD
LG