သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာ တိုက္ပြဲေတြ ႀကိဳၾကားျဖစ္ေနဆဲ


စစ္ေကာင္စီတပ္နဲ႔ ရင္ဆုိင္တုိက္ခုိက္ေနတဲ့ KNU တပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ယခင္မွတ္တမ္း႐ုပ္ပံု)

စစ္ေရးတင္းမာေနတဲ့ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာ စစ္ေကာင္စီဖက္က စစ္ေၾကာင္းတိုးခ်ဲ႕ၿပီး နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနတာေၾကာင့္ လက္နက္ကိုင္ ေတာ္လွန္းေရးအဖြဲ႕အစည္းေတြနဲ႔ ေန႔စဥ္လိုလို တိုက္ပြဲ ႀကိဳၾကားႀကိဳၾကား ျဖစ္ေနဆဲပဲလို႔ ေဒသခံနဲ႔ စစ္ေရွာင္ကူညီေပးသူေတြက ဗီြအိုေအကို ေျပာပါတယ္။ ဒါေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးေနတဲ့ ႐ြာသူ႐ြာသား ၅,၀၀၀ ေလာက္ဟာ ခုခ်ိန္ထိ ေနရပ္ျပန္ႏိုင္ၾကေသးပါဘူး။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မျမသဇင္ေအာင္က ေျပာျပမွာပါ။

ဇန္နဝါရီလ ပထမအပတ္ထဲက ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာ တိုက္ပြဲျပင္းထန္ခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းတိုးခ်ဲ႕ နယ္ေျမရွင္းလင္းမႈေတြ ပိုမိုလုပ္ေဆာင္လာတယ္လို႔ ေဒသခံေတြနဲ႔ စစ္ေရွာင္ကူညီေရးအဖြဲ႕က ေျပာပါတယ္။ စစ္ေကာင္စီအဖြဲ႕ေတြဟာ ေက်း႐ြာေတြမွာ တပ္စြဲေနရာထိုင္ၿပီး ေဒသခံေနအိမ္ေတြကို ေဖာက္ထြင္းကာ လိုခ်င္တဲ့ ပစၥည္းေတြ ယူေဆာင္သြားတာလို႔ စစ္ေရွာင္ကူညီေနသူတစ္ဦးက ဗီြအိုေအကို ခုလိုေျပာပါတယ္။

“တခ်ိဳ႕ေက်း႐ြာေတြမွာ စစ္တပ္က တပ္စြဲၿပီးေတာ့ ေနထိုင္တဲ့အေပၚမွာ ႐ြာသားေတြကေတာ့ မျပန္ျဖစ္ဘူးေပါ့။ ျပန္လို႔မရဲဘူးေပါ့ေလ။ သူတို႔ အိမ္ေတြမွာလည္း ေဖာက္ထြင္းခံရတာေတြ ရွိတယ္၊ ဒီစားနရိကၡာေတြ။ ၿပီးေတာ့ သူတို႔ ဆိုလာျပားေတြ သိမ္းၿပီး စကစက ယူသြားတာရွိတယ္။ သူတို႔မျပန္ရဲဘူး။ လက္ရွိေတာ့ ေတာေတာင္ဥယ်ာဥ္ၿခံေတြမွာ၊ တခ်ိဳ႕က ၿမိဳ႕ေပၚေတြမွာ၊ အဲ့လိုပုန္းေရွာင္ေနၾကတာေပါ့။ ဒီဝင္ေရာ္ေဒသမွာဆိုရင္ စစ္ေရွာင္က ၅,၀၀၀ အထက္ေလာက္ေတာ့ ရွိလိမ့္မယ္ထင္တယ္။ အဲ့ထက္လည္း မ်ားေကာင္းမ်ားႏိုင္တယ္။”

စစ္ေရးလႈပ္ရွားမႈေၾကာင့္ ၾကာအင္းဆိပ္ႀကီးနယ္တခြင္မွာ ေဒသခံ ၅,၀၀၀ ထက္မနည္း ခုခ်ိန္ထိ ေနရပ္မျပန္ရဲဘဲ အိုးပစ္အိမ္ပစ္ ေဘးလြတ္ရာမွာ တိမ္းေရွာင္ေနၾကရတာလို႔ ဆိုပါတယ္။ စစ္ေရွာင္ေဒသခံေတြဟာ ျပန႔္က်ဲ တိမ္းေရွာင္ ေနထိုင္ေနတာေၾကာင့္ တခ်ိဳ႕က စားနပ္ရိကၡာအကူအညီမရရွိဘဲ အေတာ္ေလးခက္ခဲေနၾကတယ္လို႔ ေျပာပါတယ္။ စစ္ေကာင္စီရဲ႕ စစ္ဆင္ေရးေၾကာင့္ ေန႔စဥ္လိုလို ႀကိဳၾကားႀကိဳၾကား တိုက္ပြဲျဖစ္ေနတာလို႔ စစ္ေရွာင္ကူညီေနသူက ေျပာပါတယ္။

“ျဖစ္တာက်ေတာ့ KNU တပ္မဟာ ၆ မွာဆိုရင္ ဒီၾကာအင္းဆိပ္ႀကီးၿမိဳ႕နဲ႔ ၃ ၄ ၅ မိုင္ေလာက္ အကြာမွာရွိတဲ့ ဒီ ခလယ္႐ြာတို႔ နတ္ေခ်ာင္းတို႔ အဲ့ဖက္ျခမ္းမွာ စစ္ေၾကာင္း လႈပ္ရွားေတာ့ ဒါ ေတာ္လွန္းေရး အစုအဖြဲ႕ေတြနဲ႔ ထိေတြ႕မႈေတြေတာ့ ျဖစ္တာေပါ့။ ေနာက္ပိုင္း ႀကိဳၾကားႀကိဳၾကား အဲ့ဘက္ တစ္ခုရွိမယ္။ ေနာက္တစ္ခုက ဒီသံျဖဴဇရပ္ အနန္းကြင္း ဘုရားသုံးဆူလမ္းမဘက္မွာလည္း အနန္းကြင္းစစ္တပ္ေတြေရာ၊ ေတာင္စြန္းစစ္တပ္ေတြေရာ သူတို႔ဒီစစ္ေၾကာင္းသြားလာမႈ နယ္ေျမ ရွင္းလင္းမႈေတြ အဲ့လိုသူတို႔လုပ္ေဆာင္ေနတဲ့ အေပၚမွာ ဒါ ေတာ္လွန္းေရး ပူေပါင္းအဖြဲ႕ေတြနဲ႔ေတာ့ ေန႔စဥ္လိုလို ထိေတြ႕မႈေတြေတာ့ အနည္းအက်ဥ္းေတာ့ ရွိေနတာေပါ့။ အဲ့လိုျဖစ္တဲ့အေပၚမွာ ႐ြာသားေတြက မျပန္ႏိုင္ၾကေသးဘူးေပါ့ေလ။”

အခုရက္ပိုင္း စစ္ေကာင္စီဖက္က အနန္းကြင္း႐ြာ ေတာင္စြန္း႐ြာတဝိုက္ကို စစ္ေၾကာင္း တိုးခ်ဲ႕ ၿပီး တစ္႐ြာဝင္ တစ္႐ြာထြက္ သြားလာလႈပ္ရွားကာ ေနအိမ္ေတြ ေမႊေႏွာက္ၿပီး ေတြ႕တဲ့ ပစၥည္းေတြကို ယူသြားတယ္လို႔ ေဒသခံတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။ စစ္တပ္ဘက္ တစ္႐ြာဝင္တစ္႐ြာထြက္ သြားလာလႈပ္ရွားေနတာေၾကာင့္ အေျခအေန ပိုမိုစိုး႐ြားလာမွာကို ေဒသခံ စိုးရိမ္ေနရၾကတယ္လို႔ ႐ြာခံတစ္ဦးက ေျပာပါတယ္။

“ေတာင္စြန္းဆိုလို႔ရွိရင္ေတာ့ ျပန္သြားတဲ့လူေတြဆိုလို႔ရွိရင္ သူတို႔ ႐ြာကို ျပန္ေပးမထြက္ဘူး။ ဒီ စစ္ေကာင္စီက တခ်ိဳ႕က ျပန္ဝင္လာတယ္ေပါ့ေနာ္။ စားစရာေတြ၊ အိုးခြက္ပန္ကန္ အဝတ္အစားေတြ လာျပန္ယူတယ္ေပါ့။ ကိုယ့္အိမ္ကို လာျပန္ၾကည့္ၾကတယ္ေပါ့။ အဲ့လိုလူမ်ိဳးေတြ ျပန္လာလို႔၊ ျပန္ထြက္သြားလို႔ သူတို႔ေတြ႕ရင္ သူတို႔ ေပးမထြက္ဘူး။ ဘာလို႔ျပန္မထြက္ခိုင္းတာလဲ ဆိုေတာ့ သူတို႔က ေျပာမယ္ဆို သူတို႔ လိုအပ္ရင္ သူတို႔ ခုတုံးလုပ္မယ္၊ ကာဗာလုပ္မယ္၊ အဲ့ဒီသေဘာေတြေပါ့၊ ႐ြာသားေတြကလည္းပဲ ဘယ္ျပန္ရဲမလဲ။ အေျခအေနေတြ ထပ္ဆိုးလာမွာ ေၾကာက္တာလည္း ရွိတယ္။”

ေတာေတာင္ေတြထဲမွာ ခိုလႈံေနသူေတြအမ်ားစုက အေအးဒဏ္ေၾကာင့္ ဖ်ားနာ ေခ်ာင္းဆိုးေနၾကပါတယ္။ စစ္ေျပးဒုကၡသည္ေတြအတြက္ စားေရးေသာက္ေရး၊ ေဆးဝါး၊ ေစာင္နဲ႔ အဝတ္အထည္ စတဲ့ အေရးေပၚပစၥည္းေတြ အလြန္ပင္ လိုအပ္ေနၾကတယ္လို႔ စစ္ေရွာင္ကူညီေပးသူက ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ တိုက်ပွဲတွေ ကြိုကြားဖြစ်နေဆဲ

စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီဖက်က စစ်ကြောင်းတိုးချဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် လက်နက်ကိုင် တော်လှန်းရေးအဖွဲ့အစည်းတွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲ ကြိုကြားကြိုကြား ဖြစ်နေဆဲပဲလို့ ဒေသခံနဲ့ စစ်ရှောင်ကူညီပေးသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေတဲ့ ရွာသူရွာသား ၅,၀၀၀ လောက်ဟာ ခုချိန်ထိ နေရပ်ပြန်နိုင်ကြသေးပါဘူး။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြမှာပါ။

ဇန်နဝါရီလ ပထမအပတ်ထဲက ကြာအင်းဆိပ်ကြီးမြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ စစ်ကြောင်းတိုးချဲ့ နယ်မြေရှင်းလင်းမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီအဖွဲ့တွေဟာ ကျေးရွာတွေမှာ တပ်စွဲနေရာထိုင်ပြီး ဒေသခံနေအိမ်တွေကို ဖောက်ထွင်းကာ လိုချင်တဲ့ ပစ္စည်းတွေ ယူဆောင်သွားတာလို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“တချို့ကျေးရွာတွေမှာ စစ်တပ်က တပ်စွဲပြီးတော့ နေထိုင်တဲ့အပေါ်မှာ ရွာသားတွေကတော့ မပြန်ဖြစ်ဘူးပေါ့။ ပြန်လို့မရဲဘူးပေါ့လေ။ သူတို့ အိမ်တွေမှာလည်း ဖောက်ထွင်းခံရတာတွေ ရှိတယ်၊ ဒီစားနရိက္ခာတွေ။ ပြီးတော့ သူတို့ ဆိုလာပြားတွေ သိမ်းပြီး စကစက ယူသွားတာရှိတယ်။ သူတို့မပြန်ရဲဘူး။ လက်ရှိတော့ တောတောင်ဥယျာဉ်ခြံတွေမှာ၊ တချို့က မြို့ပေါ်တွေမှာ၊ အဲ့လိုပုန်းရှောင်နေကြတာပေါ့။ ဒီဝင်ရော်ဒေသမှာဆိုရင် စစ်ရှောင်က ၅,၀၀၀ အထက်လောက်တော့ ရှိလိမ့်မယ်ထင်တယ်။ အဲ့ထက်လည်း များကောင်းများနိုင်တယ်။”

စစ်ရေးလှုပ်ရှားမှုကြောင့် ကြာအင်းဆိပ်ကြီးနယ်တခွင်မှာ ဒေသခံ ၅,၀၀၀ ထက်မနည်း ခုချိန်ထိ နေရပ်မပြန်ရဲဘဲ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။ စစ်ရှောင်ဒေသခံတွေဟာ ပြန့်ကျဲ တိမ်းရှောင် နေထိုင်နေတာကြောင့် တချို့က စားနပ်ရိက္ခာအကူအညီမရရှိဘဲ အတော်လေးခက်ခဲနေကြတယ်လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကြောင့် နေ့စဉ်လိုလို ကြိုကြားကြိုကြား တိုက်ပွဲဖြစ်နေတာလို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။

“ဖြစ်တာကျတော့ KNU တပ်မဟာ ၆ မှာဆိုရင် ဒီကြာအင်းဆိပ်ကြီးမြို့နဲ့ ၃ ၄ ၅ မိုင်လောက် အကွာမှာရှိတဲ့ ဒီ ခလယ်ရွာတို့ နတ်ချောင်းတို့ အဲ့ဖက်ခြမ်းမှာ စစ်ကြောင်း လှုပ်ရှားတော့ ဒါ တော်လှန်းရေး အစုအဖွဲ့တွေနဲ့ ထိတွေ့မှုတွေတော့ ဖြစ်တာပေါ့။ နောက်ပိုင်း ကြိုကြားကြိုကြား အဲ့ဘက် တစ်ခုရှိမယ်။ နောက်တစ်ခုက ဒီသံဖြူဇရပ် အနန်းကွင်း ဘုရားသုံးဆူလမ်းမဘက်မှာလည်း အနန်းကွင်းစစ်တပ်တွေရော၊ တောင်စွန်းစစ်တပ်တွေရော သူတို့ဒီစစ်ကြောင်းသွားလာမှု နယ်မြေ ရှင်းလင်းမှုတွေ အဲ့လိုသူတို့လုပ်ဆောင်နေတဲ့ အပေါ်မှာ ဒါ တော်လှန်းရေး ပူပေါင်းအဖွဲ့တွေနဲ့တော့ နေ့စဉ်လိုလို ထိတွေ့မှုတွေတော့ အနည်းအကျဉ်းတော့ ရှိနေတာပေါ့။ အဲ့လိုဖြစ်တဲ့အပေါ်မှာ ရွာသားတွေက မပြန်နိုင်ကြသေးဘူးပေါ့လေ။”

အခုရက်ပိုင်း စစ်ကောင်စီဖက်က အနန်းကွင်းရွာ တောင်စွန်းရွာတဝိုက်ကို စစ်ကြောင်း တိုးချဲ့ ပြီး တစ်ရွာဝင် တစ်ရွာထွက် သွားလာလှုပ်ရှားကာ နေအိမ်တွေ မွှေနှောက်ပြီး တွေ့တဲ့ ပစ္စည်းတွေကို ယူသွားတယ်လို့ ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ စစ်တပ်ဘက် တစ်ရွာဝင်တစ်ရွာထွက် သွားလာလှုပ်ရှားနေတာကြောင့် အခြေအနေ ပိုမိုစိုးရွားလာမှာကို ဒေသခံ စိုးရိမ်နေရကြတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

“တောင်စွန်းဆိုလို့ရှိရင်တော့ ပြန်သွားတဲ့လူတွေဆိုလို့ရှိရင် သူတို့ ရွာကို ပြန်ပေးမထွက်ဘူး။ ဒီ စစ်ကောင်စီက တချို့က ပြန်ဝင်လာတယ်ပေါ့နော်။ စားစရာတွေ၊ အိုးခွက်ပန်ကန် အဝတ်အစားတွေ လာပြန်ယူတယ်ပေါ့။ ကိုယ့်အိမ်ကို လာပြန်ကြည့်ကြတယ်ပေါ့။ အဲ့လိုလူမျိုးတွေ ပြန်လာလို့၊ ပြန်ထွက်သွားလို့ သူတို့တွေ့ရင် သူတို့ ပေးမထွက်ဘူး။ ဘာလို့ပြန်မထွက်ခိုင်းတာလဲ ဆိုတော့ သူတို့က ပြောမယ်ဆို သူတို့ လိုအပ်ရင် သူတို့ ခုတုံးလုပ်မယ်၊ ကာဗာလုပ်မယ်၊ အဲ့ဒီသဘောတွေပေါ့၊ ရွာသားတွေကလည်းပဲ ဘယ်ပြန်ရဲမလဲ။ အခြေအနေတွေ ထပ်ဆိုးလာမှာ ကြောက်တာလည်း ရှိတယ်။”

တောတောင်တွေထဲမှာ ခိုလှုံနေသူတွေအများစုက အအေးဒဏ်ကြောင့် ဖျားနာ ချောင်းဆိုးနေကြပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် စားရေးသောက်ရေး၊ ဆေးဝါး၊ စောင်နဲ့ အဝတ်အထည် စတဲ့ အရေးပေါ်ပစ္စည်းတွေ အလွန်ပင် လိုအပ်နေကြတယ်လို့ စစ်ရှောင်ကူညီပေးသူက ပြောဆိုပါတယ်။

XS
SM
MD
LG