သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္တြင္း တိုက္ပြဲေတြတိုးလာမႈအေပၚ အျမင္တခ်ိဳ႕ 


KNLA/PDF (Crd: KNU)

ကရင္ျပည္နယ္ထဲမွာ တိုက္ခိုက္ဗံုးၾကဲမႈေတြ ဒီရက္ပိုင္းအတြင္း ပိုၿပီး ခပ္စိပ္စိပ္ ျဖစ္လာပံုရတယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။ ကရင္ျပည္နယ္တြင္း တိုက္ပြဲအ ေျခေန၊ ေရွ႕အလားအလာေတြနဲ႔ ပတ္သက္ၿပီး စစ္ေရးသံုးသပ္သူေတြရဲ႕ အျမင္ကို ကိုဝင္းမင္းက တင္ျပ ေပးမွာပါ။ 

ကရင္ျပည္နယ္တြင္း တိုက္ပြဲေတြတိုးလာမႈအေပၚ အျမင္တခ်ိဳ႕

{{Zawgyi/Unicode}}
ကရင္ျပည္နယ္ထဲမွာ တိုက္ခိုက္ဗံုးၾကဲမႈေတြ ဒီရက္ပိုင္းအတြင္း ပိုၿပီး ခပ္စိပ္စိပ္ ျဖစ္လာပံုရတယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။ ကရင္ျပည္နယ္တြင္း တိုက္ပြဲအ ေျခေန၊ ေရွ႕အလားအလာေတြနဲ႔ ပတ္သက္ၿပီး စစ္ေရးသံုးသပ္သူေတြရဲ႕ အျမင္ကို ကိုဝင္းမင္းက တင္ျပ ေပးမွာပါ။

ကိုဝင္းမင္း ။. ။ ဘာေၾကာင့္ အခု တိုက္ခိုက္မႈေတြ မ်ားလာရတာကို NUG အမ်ဳိးသား ညီညြတ္ေရး အစုိးရ ျပည္ထဲေရး နဲ႔ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး နဲ႔ ေတာင္ပိုင္းတိုင္း (ကရင္ျပည္နယ္အပါအဝင္) စစ္တာဝန္ခံ ဦးလြင္ကိုလတ္ ကို ေမးရာမွာ

ဦးလြင္ကိုလတ္ (NUG ဝန္ႀကီး နဲ႔ ေတာင္ပိုင္းတိုင္း စစ္တာဝန္ခံ ) ။. ။ ERO (တိုင္းရင္းသားလက္နက္ကိုင္) အဖြဲ႔အစည္းေတြ နဲ႔ က်ေနာ္တို႔ အထူးသျဖင့္ NUG (အမ်ိဳးသားညီညြတ္ေရးအစိုးရ) ၾကားထဲမွာ ႏိုင္ငံေရးအရ သေဘာတူညီမူ ခိုင္ခုိင္မာမာရွိဖို႔ အေရးႀကီးတာေပါ့။ အဲဒါၿပီးမွ စစ္ေရးပူးေပါင္းေဆာင္ရြက္မူကို သြားရမွာ ။ က်ေနာ္တို႔က အခုဟာက မႏွစ္က ကာလအတြင္းမွာေတာ့ ႏိုင္ငံေရးအရ သေဘာတူညီမူ ေတာ္ေတာ္မ်ားမ်ားရခဲ့ၿပီ။ စစ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မူလည္း သေဘာတူညီမူ ရွိလာခဲ့ၿပီေပါ့။ မဟာဗ်ူဟာ အရကို သေဘာတူညီမူ ဒါရလာခဲ့တယ္ေပါ့။ တိုက္ပြဲေဖာ္ေဆာင္မူ အရွိန္ကို ျမွင့္လာႏိုင္တယ္။ ေနာက္တခုရွိတာက က်ေနာ္တို႔ လက္နက္ခဲယမ္းလည္း ထုိက္သင့္သေလာက္ရွိလာပါတယ္။ ဒီအေပၚမွာ အေျခခံၿပီးေတာ့ တုိက္ပြဲေတြ ပိုၿပီးေတာ့ ျဖစ္လာတဲ့ အေနအထားရွိလာပါတယ္။

ကိုဝင္းမင္း ။. ။ ဒီအေပၚမွာ MIPS ၿငိမ္းခ်မ္းေရး နဲ႔ လုံၿခဳံေရးဆုိင္ရာ ျမန္မာ အင္စတီက်ဳ႕ ရဲ႕ အမူေဆာင္ ဒါရိုက္တာ ေဒါက္တာ မင္းေဇာ္ဦး ကေတာ့

ေဒါက္တာ မင္းေဇာ္ဦး (ၿငိမ္းခ်မ္းေရး နဲ႔ လုံၿခဳံေရးဆိုင္ရာ ျမန္မာ အင္စတီက်ဳ႕ MIPS) ။. ။ တုိက္ပြဲေတြ စိပ္တာကတာ့ အခုမွ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ၂ဝ၂၁ ၊ ၂ဝ၂၂ ကတည္းက တုိက္ပြဲေတြ မ်ားပါတယ္။ က်ေနာ္တို႔ ကရင္ျပည္နယ္ကို ၾကည့္ရင္ တပ္မဟာ ၅ ဖာပြန္ဖက္ျဖစ္တယ္။ တပ္မေတာ္ဖက္က သူတို႔ စခန္းေတြ အတိုက္ခံရတာကို အတိုက္မခံရေရး KNLA (ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္) ကို တန္ျပန္တာေတြ၊ KNLA အေျခခ်တဲ့ေနရာေတြ ၊ ေနာက္ၿပီးေတာ့ အဲဒီမွာရွိတဲ့ ရြာေတြကို ဗုံးၾကဲတာေတြ စိတ္စိတ္ျဖစ္လာတာေတြရပါတယ္။ ေနာက္ၿပီးေတာ့ ျမဝတီေတာင္ဖက္ခ်မ္းမွာ လႈပ္ရွားတဲ့အဖြဲ႔ေတြက ၾကာအင္ဆိပ္ႀကီး ၊ ေကာ့ကရိတ္တို႔ဖက္မွာ ျဖစ္တဲ့ ဖက္ကို ေရာက္သြားတာပါ။ ေလးေကေကာ္ ၊ ေဝါေလ ဖက္က လႈပ္ရွားတဲ့အဖြဲ႔ေတြက အဲဒီဖက္ကေန ထြက္လာတာေပါ့။ ေနရာအႏွံ႔ လို႔ေျပာတာထက္ တေနရာမွာ လႈပ္ရွားတဲအဖြဲ႔က တျခားေနရာကို ေရႊ႕သြားတဲ့ပုံစံမ်ဳိး ပိုေတြ႔ရတယ္။

ကိုဝင္းမင္း ။. ။ အဲဒီေတာ့ အခုလို ၾကာအင္းဆိပ္ႀကီး ဖက္ နဲ႔ ဖားပြန္ဖက္ (မဲ့ဝိုင္) မွာ စခန္းသိမ္းႏိုင္ဖို႔ ႀကိဳးစားတဲ့ တိုက္ပြဲအၿပီး ဆက္ျဖစ္လာတာလား လို႔ ေမးရာမွာ ဦးလြင္ကိုလတ္ က

ဦးလြင္ကိုလတ္ (NUG ဝန္ႀကီး နဲ႔ ေတာင္ပိုင္းတိုင္း စစ္တာဝန္ခံ ) ။. ။ ဟုတ္ပါတယ္။ အခုအခ်ိန္အခါ က စစ္ေရးအရ ျပည္သူ႔စစ္ မဟာဗ်ဴဟာကို ဦးတည္ၿပီးေတာ့ သြားေနတာျဖစ္လို႔ အရင္တုံးကေတာ့ ၿခဳံခိုတုိက္ခိုက္တာေတြ၊ ေပ်ာက္ၾကားတိုက္ခိုက္တာေတြ က ပိုမ်ားခဲ့တယ္။ အခုအခ်ိန္မွာေတာ့ ဒီထက္ပိုတဲ့ မစ္ရွင္ေတြကို ျမွင့္ၿပီးေတာ့ ေဆာင္ရြက္တာမွာ ဒုတိယ အဆင့္ကို ေရာက္လာၿပီ ။ အေရးႀကီးတာကေတာ့ တန္ျပန္ထိုးစစ္အႀကိဳကာလ နဲ႔ ထိုးစစ္ႀကီးကို ေပါင္းစပ္ႏိုင္ဖို႔ ႀကိဳးစားတဲ့ အေျခေနကို ေရာက္လာၿပီ။ စစ္ေရးအရေတာ့ ဒုတိယအဆင့္ကို ေကာင္းေကာင္း တက္လွမ္းႏိုင္ေနၿပီ။ ရန္သူေရွ႕တန္းစခန္းေတြ ၊ ရန္သူတပ္ရင္းေတြကိုပါ ၿခိမ္းေျခာက္ႏိုင္တဲ့အဆင့္ ကို ေရာက္ေနၿပီလို႔ သုံးသပ္လို႔ရပါတယ္။

ကိုဝင္းမင္း ။. ။ ဒီေနရာမွာ ေရွ႕ဆက္ျဖစ္လာႏိုင္ေခ်ကို ေမးရာမွာလည္း ေဒါက္တာ မင္းေဇာ္ဦး က

ေဒါက္တာ မင္းေဇာ္ဦး (ၿငိမ္းခ်မ္းေရး နဲ႔ လုံၿခဳံေရးဆိုင္ရာ ျမန္မာ အင္စတီက်ဳ႕ MIPS) ။. ။ ႏိုင္ငံေရး အခင္းအက်င္းကေတာ့ ဒီ ေရြးေကာက္ပြဲအထိ ျဖစ္လာၿပီေပါ့။ တကယ္လို႔ ဒီ SAC (စစ္ေကာင္စီ) ဖက္ကေန ဒီႏွစ္ထဲမွာ ေရြးေကာက္ပြဲလုပ္ဖို႔ တက္သုပ္လုပ္လာရင္ေတာ့ အတိုက္အခံဖက္ကလည္း မျဖစ္ေအာင္ ရည္ရြယ္ၿပီး စစ္ေရးလႈပ္ရွားမႈေတြ ပိုလုပ္လာၿပီး ၂ဝ၂၃ ကေတာ့ လက္နက္ကိုင္ ပဋိပကၡေတြ ပိုမ်ားလာႏိုင္တယ္ေပါ့။

ကိုဝင္းမင္း ။. ။ ဒါေတြနဲ႕ ပတ္သက္ၿပီး စစ္ေကာင္စီ ေျပာခြင့္ရကို ႀကိဳးစားဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။ တကယ္ေတာ့ အခုမၾကာေသးခင္က တိုက္ခုိက္ ဗုံးႀကဲမူေတြေၾကာင့္ စစ္ေကာင္စီဖက္က ဗိုလ္မွဴးအဆင့္ေတြ ထိခိုက္က်ဆုံးခဲ့ရသလို ၂ ဖက္စလုံးမွာ အက်အဆုံး မ်ားခဲ့ၿပီး အရပ္သားျပည္သူေတြ အမ်ားအျပားလည္း ေသဆုံးခဲ့ၾကရတယ္လို႔ စစ္ေရးေစာင့္ၾကည့့္သူေတြက ေထာက္ျပေနပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေတိုးလာမှုအပေါ် အမြင်တချို့

{{Zawgyi/Unicode}}
ကရင်ပြည်နယ်ထဲမှာ တိုက်ခိုက်ဗုံးကြဲမှုတွေ ဒီရက်ပိုင်းအတွင်း ပိုပြီး ခပ်စိပ်စိပ် ဖြစ်လာပုံရတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ကရင်ပြည်နယ်တွင်း တိုက်ပွဲအ ခြေနေ၊ ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး စစ်ရေးသုံးသပ်သူတွေရဲ့ အမြင်ကို ကိုဝင်းမင်းက တင်ပြ ပေးမှာပါ။

ကိုဝင်းမင်း ။. ။ ဘာကြောင့် အခု တိုက်ခိုက်မှုတွေ များလာရတာကို NUG အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်ထဲရေး နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး နဲ့ တောင်ပိုင်းတိုင်း (ကရင်ပြည်နယ်အပါအဝင်) စစ်တာဝန်ခံ ဦးလွင်ကိုလတ် ကို မေးရာမှာ

ဦးလွင်ကိုလတ် (NUG ဝန်ကြီး နဲ့ တောင်ပိုင်းတိုင်း စစ်တာဝန်ခံ ) ။. ။ ERO (တိုင်းရင်းသားလက်နက်ကိုင်) အဖွဲ့အစည်းတွေ နဲ့ ကျနော်တို့ အထူးသဖြင့် NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ကြားထဲမှာ နိုင်ငံရေးအရ သဘောတူညီမူ ခိုင်ခိုင်မာမာရှိဖို့ အရေးကြီးတာပေါ့။ အဲဒါပြီးမှ စစ်ရေးပူးပေါင်းဆောင်ရွက်မူကို သွားရမှာ ။ ကျနော်တို့က အခုဟာက မနှစ်က ကာလအတွင်းမှာတော့ နိုင်ငံရေးအရ သဘောတူညီမူ တော်တော်များများရခဲ့ပြီ။ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မူလည်း သဘောတူညီမူ ရှိလာခဲ့ပြီပေါ့။ မဟာဗျူဟာ အရကို သဘောတူညီမူ ဒါရလာခဲ့တယ်ပေါ့။ တိုက်ပွဲဖော်ဆောင်မူ အရှိန်ကို မြှင့်လာနိုင်တယ်။ နောက်တခုရှိတာက ကျနော်တို့ လက်နက်ခဲယမ်းလည်း ထိုက်သင့်သလောက်ရှိလာပါတယ်။ ဒီအပေါ်မှာ အခြေခံပြီးတော့ တိုက်ပွဲတွေ ပိုပြီးတော့ ဖြစ်လာတဲ့ အနေအထားရှိလာပါတယ်။

ကိုဝင်းမင်း ။. ။ ဒီအပေါ်မှာ MIPS ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု့ ရဲ့ အမူဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကတော့

ဒေါက်တာ မင်းဇော်ဦး (ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု့ MIPS) ။. ။ တိုက်ပွဲတွေ စိပ်တာကတာ့ အခုမှ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ဝ၂၁ ၊ ၂ဝ၂၂ ကတည်းက တိုက်ပွဲတွေ များပါတယ်။ ကျနော်တို့ ကရင်ပြည်နယ်ကို ကြည့်ရင် တပ်မဟာ ၅ ဖာပွန်ဖက်ဖြစ်တယ်။ တပ်မတော်ဖက်က သူတို့ စခန်းတွေ အတိုက်ခံရတာကို အတိုက်မခံရရေး KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်) ကို တန်ပြန်တာတွေ၊ KNLA အခြေချတဲ့နေရာတွေ ၊ နောက်ပြီးတော့ အဲဒီမှာရှိတဲ့ ရွာတွေကို ဗုံးကြဲတာတွေ စိတ်စိတ်ဖြစ်လာတာတွေရပါတယ်။ နောက်ပြီးတော့ မြဝတီတောင်ဖက်ချမ်းမှာ လှုပ်ရှားတဲ့အဖွဲ့တွေက ကြာအင်ဆိပ်ကြီး ၊ ကော့ကရိတ်တို့ဖက်မှာ ဖြစ်တဲ့ ဖက်ကို ရောက်သွားတာပါ။ လေးကေကော် ၊ ဝေါလေ ဖက်က လှုပ်ရှားတဲ့အဖွဲ့တွေက အဲဒီဖက်ကနေ ထွက်လာတာပေါ့။ နေရာအနှံ့ လို့ပြောတာထက် တနေရာမှာ လှုပ်ရှားတဲအဖွဲ့က တခြားနေရာကို ရွှေ့သွားတဲ့ပုံစံမျိုး ပိုတွေ့ရတယ်။

ကိုဝင်းမင်း ။. ။ အဲဒီတော့ အခုလို ကြာအင်းဆိပ်ကြီး ဖက် နဲ့ ဖားပွန်ဖက် (မဲ့ဝိုင်) မှာ စခန်းသိမ်းနိုင်ဖို့ ကြိုးစားတဲ့ တိုက်ပွဲအပြီး ဆက်ဖြစ်လာတာလား လို့ မေးရာမှာ ဦးလွင်ကိုလတ် က

ဦးလွင်ကိုလတ် (NUG ဝန်ကြီး နဲ့ တောင်ပိုင်းတိုင်း စစ်တာဝန်ခံ ) ။. ။ ဟုတ်ပါတယ်။ အခုအချိန်အခါ က စစ်ရေးအရ ပြည်သူ့စစ် မဟာဗျူဟာကို ဦးတည်ပြီးတော့ သွားနေတာဖြစ်လို့ အရင်တုံးကတော့ ခြုံခိုတိုက်ခိုက်တာတွေ၊ ပျောက်ကြားတိုက်ခိုက်တာတွေ က ပိုများခဲ့တယ်။ အခုအချိန်မှာတော့ ဒီထက်ပိုတဲ့ မစ်ရှင်တွေကို မြှင့်ပြီးတော့ ဆောင်ရွက်တာမှာ ဒုတိယ အဆင့်ကို ရောက်လာပြီ ။ အရေးကြီးတာကတော့ တန်ပြန်ထိုးစစ်အကြိုကာလ နဲ့ ထိုးစစ်ကြီးကို ပေါင်းစပ်နိုင်ဖို့ ကြိုးစားတဲ့ အခြေနေကို ရောက်လာပြီ။ စစ်ရေးအရတော့ ဒုတိယအဆင့်ကို ကောင်းကောင်း တက်လှမ်းနိုင်နေပြီ။ ရန်သူရှေ့တန်းစခန်းတွေ ၊ ရန်သူတပ်ရင်းတွေကိုပါ ခြိမ်းခြောက်နိုင်တဲ့အဆင့် ကို ရောက်နေပြီလို့ သုံးသပ်လို့ရပါတယ်။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ ရှေ့ဆက်ဖြစ်လာနိုင်ချေကို မေးရာမှာလည်း ဒေါက်တာ မင်းဇော်ဦး က

ဒေါက်တာ မင်းဇော်ဦး (ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု့ MIPS) ။. ။ နိုင်ငံရေး အခင်းအကျင်းကတော့ ဒီ ရွေးကောက်ပွဲအထိ ဖြစ်လာပြီပေါ့။ တကယ်လို့ ဒီ SAC (စစ်ကောင်စီ) ဖက်ကနေ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ တက်သုပ်လုပ်လာရင်တော့ အတိုက်အခံဖက်ကလည်း မဖြစ်အောင် ရည်ရွယ်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ်လာပြီး ၂ဝ၂၃ ကတော့ လက်နက်ကိုင် ပဋိပက္ခတွေ ပိုများလာနိုင်တယ်ပေါ့။

ကိုဝင်းမင်း ။. ။ ဒါတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရကို ကြိုးစားဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ တကယ်တော့ အခုမကြာသေးခင်က တိုက်ခိုက် ဗုံးကြဲမူတွေကြောင့် စစ်ကောင်စီဖက်က ဗိုလ်မှူးအဆင့်တွေ ထိခိုက်ကျဆုံးခဲ့ရသလို ၂ ဖက်စလုံးမှာ အကျအဆုံး များခဲ့ပြီး အရပ်သားပြည်သူတွေ အများအပြားလည်း သေဆုံးခဲ့ကြရတယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက ထောက်ပြနေပါတယ်ခင်ဗျာ။

XS
SM
MD
LG