သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလးေက့ေကာ္ေဒသ တိုက္ပဲြေတြေၾကာင့္ ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြ ေနရပ္မျပန္ႏိုင္ေသး 


ေလးေက့ေကာ္ေဒသ တိုက္ပဲြေတြေၾကာင့္ ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြ ေနရပ္မျပန္ႏိုင္ေသး 

ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) ထိန္းခ်ဳပ္ရာ နယ္ေျမမွာ စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ပဲြေတြေၾကာင့္ တိမ္းေရွာင္ေနရတဲ့ ေဒသခံေတြဟာ တႏွစ္ေက်ာ္တဲ့အထိ ေနရပ္မျပန္ႏိုင္ပဲ ျဖစ္ေနၾကပါတယ္။ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ ထားပါတယ္။

ေလးေက့ေကာ္ေဒသ တိုက္ပဲြေတြေၾကာင့္ ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြ ေနရပ္မျပန္ႏိုင္ေသး

{{Zawgyi/Unicode}}
ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) ထိန္းခ်ဳပ္ရာ နယ္ေျမမွာ စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ပဲြေတြေၾကာင့္ တိမ္းေရွာင္ေနရတဲ့ ေဒသခံေတြဟာ တႏွစ္ေက်ာ္တဲ့အထိ ေနရပ္မျပန္ႏိုင္ပဲ ျဖစ္ေနၾကပါတယ္။ ေလးေက့ေကာ္ ေဒသမွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကစ တိုက္ပဲြေတြ ျဖစ္ခဲ့ၿပီးေနာက္ အခုအခ်ိန္အထိ နယ္ေျမတည္ၿငိမ္မႈ မရွိေသးတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြ မျပန္ႏိုင္ပဲျဖစ္ေနတဲ့ အေျခအေနကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ ထားပါတယ္။

ကရင္ျပည္နယ္ ျမ၀တီျမိဳ႔ ေတာင္ဘက္ ကရင္အမ်ိဳးသားအစည္းအရံုး KNU တပ္မဟာ(၆) ဒူးပလာယာခရိုင္အတြင္းမွာ ျပီးခဲ့တဲ့၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ (၁၅) ရက္ေန႔ ကစျပီး ႏွစ္ဖက္တိုက္ပဲြေတြ ျပင္းထန္တာေႀကာင့္ စစ္ေဘးေရွာင္ေတြ ေသာင္းနဲ႔ခ်ီျပီး နယ္စပ္ေသာင္ရင္းျမစ္ တေလွ်ာက္ထြက္ေျပး တိမ္းေရွာင္ခဲ့ရပါတယ္။

အခု အခ်ိန္မွေတာ့ စစ္ေကာင္စီဘက္က နယ္ေျမေတြကို ထိမ္းခ်ဳပ္ႏို္င္ျပီျဖစ္ေႀကာင္း ေနရပ္ျပန္ဖို ေဒသခံေတြကို ေျပာဆုိေပမဲ႔ ေဒသခံတခ်ဳိ႔သာ ေနရပ္ျပန္ႏိုင္ျပီး ေလးေက့ေကာ္ေဒသက ေဒသခံအမ်ားစုဟာ ေတာေတာင္ထဲမွာ ပုန္းေအာင္းေနရတာမို႔ ေနရပ္မျပန္ႏိုင္ေသးဘူးလို႔ ဒုကၡသည္ အမ်ိဳးသမီးတဦးက အခုလိုေျပာပါတယ္။

" အခုက မျပန္ႏိုင္ေသးဘူး ။ အခု ေလးေက့ေကာ္ ဆိုရင္ လံုးလံုးဘယ္လိုမွ ျပန္လို႔မရေသးဘူး ။ ျပန္ရတယ္ဆိုလို႔ မဲ၀ါးခီး နဲ႔ ပဟိကေလာ္ နဲ႔ပဲ ျပန္ရတယ္ ဆုိတာကေတာ့ ေလးေက့ေကာ္ ကေတာ့ ျပန္ဖုိ႔ခြင့္ မေပးေသးဘူး ။ ပဟိကေလာတို႔ မဲ့၀ါးခီး တို႔ ကျပန္တဲ့သူေတြကေတာ့ ျမိဳ႔ထဲမွာ သြားလာေနတဲ့ သူေတြကိုက်ေတာ့ ဓါတ္ပံုရိုက္ေပးတယ္ ။ သူတို႔ ကဒ္ထုတ္ေပးထားတယ္ ။ ကဒ္ရွိမွ ၀င္လို႔ ထြက္လို႔ရတယ္ ။ ကဒ္မရွိရင္ ၀င္ထြက္ခြင့္ မရဘူး ။ အခု ဒီအိမ္မွာ မိသားစု ၅ေယာက္ဆုိရင္ ကဒ္က ၅ခုလုပ္ေပးထားတယ္။ ကဒ္ပါမွ သြားလာလုိ႔ရတယ္ ။ ကဒ္မပါရင္ေတာ့ သူတို႔၀င္ထြက္လို႔မရဘူး။ အခက္အခဲျဖစ္ေတာ့ သူတုိ႔လည္း ျပန္၀င္ေနရတာေပါ့ ။ေႀကာက္ေႀကာက္ရြံ႔ရြ႕ံနဲ႔ ေနရတာေပါ့။ မျပန္ဘူးဆိုတာ ေႀကာက္ေနရေတာ့ ျပန္ေနလို႔ တခုခုျဖစ္ရင္ ကုိယ္ျဖစ္ကိုယ္ခံပဲ ။ ဘယ္သူမွ ကူမယ့္သူရွိမွာမဟုတ္ဘူး"

ေလးေက့ေကာ္ေဒသဘက္ကုိ မျပန္ရဲတာကေတာ့ အဲဒီေဒသတ၀ုိက္ မွာ စစ္အင္အားေတြနဲ႔ လံုျခံဳေရးခ်ထားသလို ေထာင္ထားတဲ့မုိင္းေတြေႀကာင့္ မျပန္ရဲႀကတာျဖစ္တယ္လို႔လည္း ဒုကၡသည္ အမ်ိဳးသမီး က ဆက္ေျပာျပပါတယ္။

" ရြာထဲမွာေတာ့ မုိင္းေတြ ေထာင္ထားတာေတြရွိတယ္။ ေလးေက့ေကာ္ က မျပန္ရဲႀကတာ အဲဒီမိုင္းေတြေႀကာင့္ပဲ။ ေသာင္ရင္းျမစ္တေလွ်ာက္မွာ စစ္ေဘးေရွာင္ေတြရွိတယ္။ က်မတို႔ ေနရာမွာပဲ ရာေက်ာ္ရွိတယ္။ ေမာ္လီခ်ိဳင္းတေလွ်ာက္ စစ္ေဘးေရွာင္ေတြ တဲေလးေတြ အမိုးေလးေတြ လုပ္ျပီး ေနႀကတာပဲ"

ထိုင္း ျမန္မာနယ္စပ္ ျမဝတီခရိုင္ထဲက KNU တပ္မဟာ ၆ ထိန္းခ်ဳပ္ရာ ေလးေကေကာ္ျမိဳ႔သစ္ ထဲကို စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ျပီး ဧရာဝတီတိုင္းက လႊတ္ေတာ္အမတ္ ၂ ဦး အပါအဝင္ တက္ႂကြလွဳပ္ရွားသူ လူငယ္ေတြကို ဖမ္းဆီးခဲ့ျပီးတဲ့ေနာက္ KNU တပ္ေတြနဲ႔ ျမန္မာစစ္တပ္ႀကား တိုက္ပဲြေတြ ဒီေန႔ထိ ဆက္ျဖစ္ခဲ့ပါတယ္။

ျပီးခဲတဲ့ႏွစ္ ကာလမွာ စစ္ေကာင္စီတပ္ေတြက ေနရာယူ တပ္စဲြလာတဲ့အတြက္ မဲ့ေထာ္သေလး အပါအဝင္ ဖလူးႀကီး၊ ဖလူးေလး၊ ပဟိကေလာ္၊ မင္းလက္ပံ၊ ေလးေက့ေကာ္၊ ရေသ့ဂူ စတဲ့ ပစ္ခတ္မႈေတြၾကား မလြတ္ႏိုင္တဲ့ ေက်းရြာေတြက ေဒသခံျပည္သူေတြဟာ ေသာင္ရင္းျမစ္ကိုျဖတ္ျပီး ထုိင္းဘက္ကို မႀကာခန ထြက္ေျပးတာေတြလုပ္ခဲ့ပါတယ္ ။

တိုက္႐ိုက္ လင့္ခ္

လေးကေ့ကော်ဒေသ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေး

{{Zawgyi/Unicode}}
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ တနှစ်ကျော်တဲ့အထိ နေရပ်မပြန်နိုင်ပဲ ဖြစ်နေကြပါတယ်။ လေးကေ့ကော် ဒေသမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် အခုအချိန်အထိ နယ်မြေတည်ငြိမ်မှု မရှိသေးတာကြောင့် စစ်ဘေးဒုက္ခသည်တွေ မပြန်နိုင်ပဲဖြစ်နေတဲ့ အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်အတွင်းမှာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်တာကြောင့် စစ်ဘေးရှောင်တွေ သောင်းနဲ့ချီပြီး နယ်စပ်သောင်ရင်းမြစ် တလျှောက်ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

အခု အချိန်မှတော့ စစ်ကောင်စီဘက်က နယ်မြေတွေကို ထိမ်းချုပ်နိုင်ပြီဖြစ်ကြောင်း နေရပ်ပြန်ဖို ဒေသခံတွေကို ပြောဆိုပေမဲ့ ဒေသခံတချို့သာ နေရပ်ပြန်နိုင်ပြီး လေးကေ့ကော်ဒေသက ဒေသခံအများစုဟာ တောတောင်ထဲမှာ ပုန်းအောင်းနေရတာမို့ နေရပ်မပြန်နိုင်သေးဘူးလို့ ဒုက္ခသည် အမျိုးသမီးတဦးက အခုလိုပြောပါတယ်။

" အခုက မပြန်နိုင်သေးဘူး ။ အခု လေးကေ့ကော် ဆိုရင် လုံးလုံးဘယ်လိုမှ ပြန်လို့မရသေးဘူး ။ ပြန်ရတယ်ဆိုလို့ မဲဝါးခီး နဲ့ ပဟိကလော် နဲ့ပဲ ပြန်ရတယ် ဆိုတာကတော့ လေးကေ့ကော် ကတော့ ပြန်ဖို့ခွင့် မပေးသေးဘူး ။ ပဟိကလောတို့ မဲ့ဝါးခီး တို့ ကပြန်တဲ့သူတွေကတော့ မြို့ထဲမှာ သွားလာနေတဲ့ သူတွေကိုကျတော့ ဓါတ်ပုံရိုက်ပေးတယ် ။ သူတို့ ကဒ်ထုတ်ပေးထားတယ် ။ ကဒ်ရှိမှ ဝင်လို့ ထွက်လို့ရတယ် ။ ကဒ်မရှိရင် ဝင်ထွက်ခွင့် မရဘူး ။ အခု ဒီအိမ်မှာ မိသားစု ၅ယောက်ဆိုရင် ကဒ်က ၅ခုလုပ်ပေးထားတယ်။ ကဒ်ပါမှ သွားလာလို့ရတယ် ။ ကဒ်မပါရင်တော့ သူတို့ဝင်ထွက်လို့မရဘူး။ အခက်အခဲဖြစ်တော့ သူတို့လည်း ပြန်ဝင်နေရတာပေါ့ ။ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေရတာပေါ့။ မပြန်ဘူးဆိုတာ ကြောက်နေရတော့ ပြန်နေလို့ တခုခုဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ခံပဲ ။ ဘယ်သူမှ ကူမယ့်သူရှိမှာမဟုတ်ဘူး"

လေးကေ့ကော်ဒေသဘက်ကို မပြန်ရဲတာကတော့ အဲဒီဒေသတဝိုက် မှာ စစ်အင်အားတွေနဲ့ လုံခြုံရေးချထားသလို ထောင်ထားတဲ့မိုင်းတွေကြောင့် မပြန်ရဲကြတာဖြစ်တယ်လို့လည်း ဒုက္ခသည် အမျိုးသမီး က ဆက်ပြောပြပါတယ်။

" ရွာထဲမှာတော့ မိုင်းတွေ ထောင်ထားတာတွေရှိတယ်။ လေးကေ့ကော် က မပြန်ရဲကြတာ အဲဒီမိုင်းတွေကြောင့်ပဲ။ သောင်ရင်းမြစ်တလျှောက်မှာ စစ်ဘေးရှောင်တွေရှိတယ်။ ကျမတို့ နေရာမှာပဲ ရာကျော်ရှိတယ်။ မော်လီချိုင်းတလျှောက် စစ်ဘေးရှောင်တွေ တဲလေးတွေ အမိုးလေးတွေ လုပ်ပြီး နေကြတာပဲ"

ထိုင်း မြန်မာနယ်စပ် မြဝတီခရိုင်ထဲက KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေကော်မြို့သစ် ထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ဧရာဝတီတိုင်းက လွှတ်တော်အမတ် ၂ ဦး အပါအဝင် တက်ကြွလှုပ်ရှားသူ လူငယ်တွေကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် KNU တပ်တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဒီနေ့ထိ ဆက်ဖြစ်ခဲ့ပါတယ်။

ပြီးခဲတဲ့နှစ် ကာလမှာ စစ်ကောင်စီတပ်တွေက နေရာယူ တပ်စွဲလာတဲ့အတွက် မဲ့ထော်သလေး အပါအဝင် ဖလူးကြီး၊ ဖလူးလေး၊ ပဟိကလော်၊ မင်းလက်ပံ၊ လေးကေ့ကော်၊ ရသေ့ဂူ စတဲ့ ပစ်ခတ်မှုတွေကြား မလွတ်နိုင်တဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကို မကြာခန ထွက်ပြေးတာတွေလုပ်ခဲ့ပါတယ် ။

XS
SM
MD
LG