သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KNU ထိန္းခ်ဳပ္ရာေဒသမွာ ဒုကၡသည္သိန္းခ်ီခိုလႈံ  


KNU ထိန္းခ်ဳပ္ရာေဒသမွာ ဒုကၡသည္သိန္းခ်ီခိုလႈံ

ကရင္အမ်ဳိးသားအစည္းအ႐ုံး ထိန္းခ်ဳပ္ရာ ေဒသေတြကို တိမ္းေရွာင္လာတဲ့ ဒုကၡသည္ အေရအတြက္ဟာ ၃ သိန္းခဲြေက်ာ္ ရွိေနၿပီလို႔ KNU က အဂၤါေန႔ က သတင္းထုတ္ျပန္ပါတယ္။ ဒုကၡသည္ေတြရဲ႔ အေျခအေနနဲ႔ ပတ္သက္လို႔ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ ထားပါတယ္။ 

KNU ထိန္းခ်ဳပ္ရာေဒသမွာ ဒုကၡသည္သိန္းခ်ီခိုလႈံ

{{Zawgyi/Unicode}}
လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး ထိန္းခ်ဳပ္ရာ ေဒသေတြကို တိမ္းေရွာင္လာတဲ့ ဒုကၡသည္ အေရအတြက္ဟာ ၃ သိန္းခဲြေက်ာ္ ရွိေနၿပီလို႔ KNU က အဂၤါေန႔ က သတင္းထုတ္ျပန္ပါတယ္။ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ပဋိပကၡေတြ ႀကီးထြားလာရာက ထြက္ေျပးၾကရတဲ့ ဒုကၡသည္ေတြရဲ႔ အေျခအေနနဲ႔ ပတ္သက္လို႔ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းျပီးကတည္းက ကရင္ျပည္နယ္အတြင္းက ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအရံုး ထိန္းခ်ဳပ္ရာ တပ္မဟာ(၆)ခုမွာ စစ္ေဘးေရွာင္ ဒုကၡသည္ ဦးေရတိုးလာခဲ့ရာမွာ အခုဆိုရင္ သံုးသိန္း ငါးေသာင္းေက်ာ္ရွိသြားျပီလို႔ ကအန္ယူ ဗဟိုသတင္းနဲ႔ ျပန္ႀကားေရးဌာနခဲြရဲ ဒုတာ၀န္ခံ ေစာယြာ‌ခြီဒူး VOA ကုိအခုလိုေျပာျပပါတယ္။

" စစ္ေဘးေရွာင္ေတြက သံုးသိန္းနဲ႔ ငါးေသာင္းေက်ာ္ျပီေပါ့ ။ က်ေနာ္တို႔ နယ္ေျမမွာက စစ္တပ္က အာဏာမသိမ္းခင္ကတည္းက အထူးသျဖင့္ တပ္မဟာ(၅)နဲ႔ တပ္မဟာ(၃)က စစ္ေဘးေရွာင္ေတြက ရွိျပီးသားေလ။ အာဏာသိမ္းျပီးအလြန္မွာ တုိက္ပဲြကပိုမ်ားလာတယ္ ။ တပ္မဟာ(၆)ခုလံုးမွာ တိုက္ပဲြေတြ ျဖစ္တာမ်ားလာေတာ့ ဒုကၡသည္ ဦးေရကတုိးလာတယ္ေလ "

ေကအန္ယူ တပ္မဟာ(၅) နယ္ေျမ မုေႀတာ္ခရိုင္ထဲမွာ ၉ေသာင္းေက်ာ္ရွိျပီး ေညာင္ေလးပင္ခရိုင္ထဲက တပ္မဟာ (၃)နယ္ေျမမွာ စစ္ေဘးေရွာင္ ၆ေသာင္းေက်ာ္ရွိေနတာပါ ။အခုရက္ပိုင္းအတြင္းမွာေတာ့ ေညာင္ေလးပင္ခရိုင္၊ ေက်ာက္ႀကီးျမိဳ့နယ္ထဲမွာ ေလေႀကာင္းပစ္ခတ္တာေကာ၊ ႏွစ္ဖက္တိုက္ပဲြေႀကာင္းပါ ဒုကၡသည္ေတြ ပုိတိုးလာေႀကာင္း ေဒသခံတဦးကလည္း ေျပာျပပါတယ္ ။

" ေညာင္ေလးပင္ခရိုင္ဆိုတာ ေက်ာက္ႀကီးျမိဳ့နယ္အပုိင္ေပါ့၊ ေကအန္ယူ တပ္ရင္း(၈)နဲ႔ တပ္ရင္း(၉)ရွိတယ္။ တပ္ရင္း(၈)ဘက္မွာလည္း ဒုကၡသည္က အရင္ကတည္းက ရွိတယ္ ။ အခုကေတာ့ ျပန္လာလို႔ မရတဲ့သူေတြကေတာ့ ပုန္းေရွာင္ေနတဲ့ CDM ၀န္ထမ္းေတြေကာ။ အခုတပ္ရင္း(၉)မွာလည္းတိုက္ပဲြျဖစ္ေနေတာ့ ထြက္ေျပးေနရတဲ့သူေတြေကာ။ တပ္ရင္း(၉)ဘက္မွာစစ္ေႀကာင္းက အဲဒီဘက္ကုိဖိျပီးတုိက္ပဲြျဖစ္ေနတာ။ တိုက္ပဲြျဖစ္ရင္ တခါပစ္ရင္ အဲဒီေနရာကိုျပန္လာလို႔မရ။ ေနာက္တေနရာမွာထပ္ျဖစ္ရင္ အဲဒီေနရာက ေလးငါးဆယ္ရြာက။ ျပန္လာလို႔ မရနဲ႔ အဲဒီေနရာမွာပဲ ေသာင္တင္ျပီးစုပံုေနတာ"

ေကအန္ယူ တပ္မဟာ(၆)နယ္ေျမ ဒူးပလာယာခရိုင္ ထဲမွာေတာ့ ျပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက စျပီး တုိက္ပဲြေတြျဖစ္တဲ့အတြက္ စစ္ေဘးေရွာင္ ဒုကၡသည္ ေသာင္းနဲ႔ခ်ီရိိွေနတာပါ။ အဲဒီေဒသက ေက်းရြာေပါင္း ၁၀ရြာေက်ာ္ဟာ ေနရပ္မျပန္ႏိုင္ႀကေသးပဲ ေသာင္ရင္းျမစ္တေလ်ွာက္မွာ ေနထုိင္ေနရတာဟာအခုဆိုရင္ ၈လေက်ာ္ ၉လထဲေရာက္ေနျပီ။ အစားအေသာက္ နဲ႔ ေနထုိင္ေရး အခက္အခဲေတြ၊ ကေလးေတြ စာသင္ႀကားခြင့္မရတာေတြ၊ ေနရပ္ျပန္ခ်င္ေပမယ့္ျပန္လုိ႔ မရေသးတဲ့ အခက္အခဲေတြရွိေနတယ္လို႔ ေလးေက့ေကာ္ စစ္ေဘးေရွာင္ဒုကၡသည္ တဦးကလည္း ေျပာပါတယ္။

"မနက္ဖန္က်ရင္ ၉လထဲ၀င္ေနျပီ ။ ဒီေန႔က ၁၆ရက္ေန႔ေလ ။ က်မတို႔ ေျပးတာက ၁၂လပုိင္း ၁၆ရက္ေန႔ေလ။ စိတ္ညစ္တယ္ ။ ကိုယ့္ရြာ ကိုယ့္ေဒသကုိျပန္ခ်င္တာေပါ့ ။ သတိရတယ္။ အခုက အစားေသာက္ကခက္တယ္ ။ ဒုကၡသည္က ဒုကၡေရာက္တယ္။ အလုပ္ေတြကလည္းမရွိဘူး ။ ဒီလိုမ်ိဳးပဲေနရတယ္။ က်မတို့ေရာက္ေတာ့ ဖက္ေကာက္ျပီး ထုိးျပီး အမုိးေလးေတြလုပ္ျပီးေနတယ္။ သူမ်ားေတြျပန္ရရင္ ေတာင္က်မကေတာ့ ျပန္လို့ရမွာမဟုတ္ဘူး ။ က်မအိမ္ကခ်ိတ္ပိတ္ခံထားရတယ္ေလ။ အိမ္ခ်ိတ္ပိတ္တာမခံရတဲ့ သူေတြက ေတာ့ရြာျပန္ဖြင့္ရင္ေတာ့ျပန္လို႔ရတယ္။ အခုေလာေလာဆယ္ေတာ့ ပဟိကေလာ္ရြာကပိတ္ထားတယ္။ ေလးေက့ေကာ္လည္းပိတ္ထားတယ္။ မယ္၀ါးခီးလည္းပိတ္ထားတယ္။ ဘယ္သူမွလဲျပန္လို႔ မရေသးဘူ။း ဒုကၡေတြ ဒုကၡေတြပါ။ ဘယ္အခ်ိန္က်မွ ျပီးမလဲမသိပါဘူး"

ေကအန္ယူ ထိန္းခ်ဳပ္ရာခရိုင္ေတြကေန အတည္ျပဳႏိုင္တဲ့ စစ္ေဘးေရွာင္ဒုကၡသည္ အေရအတြက္ကေတာ့ သထုံခ႐ိုင္မွာ ကုိးေသာင္းေလးေထာင္ေက်ာ္၊ ေတာင္ငူခ႐ိုင္တြင္ ခုႏွစ္ေထာင့္ငါးရာေက်ာ္ ၊ ေညာင္ေလးပင္ခ႐ိုင္မွာ ေျခာက္ေသာင္း တေထာင္ေက်ာ္ ၊ ဘိတ္ထား၀ယ္ခရိုင္မွာ ေျခာက္ေထာင္၊ မူေႀတာ္ခရိုင္မွာ ကုိးေသာင္းေက်ာ္နဲ႔ စုစုေပါင္းစစ္ေဘးေရွာင္ သံုးသိန္းငါးေသာင္းေက်ာ္ရွိတယ္လို႔ ေကအန္ယူက သတင္းထုတ္ျပန္ထားပါတယ္။

KNU ထိန္းခ်ဳပ္ရာေဒသမွာ ဒုကၡသည္သိန္းခ်ီခိုလႈံ
please wait

No media source currently available

0:00 0:03:52 0:00
တိုက္႐ိုက္ လင့္ခ္

...................................................................

KNU ထိန်းချုပ်ရာဒေသမှာ ဒုက္ခသည်သိန်းချီခိုလှုံ

{{Zawgyi/Unicode}}
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ဒေသတွေကို တိမ်းရှောင်လာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၃ သိန်းခွဲကျော် ရှိနေပြီလို့ KNU က အင်္ဂါနေ့ က သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေ ကြီးထွားလာရာက ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ကရင်ပြည်နယ်အတွင်းက ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ(၆)ခုမှာ စစ်ဘေးရှောင် ဒုက္ခသည် ဦးရေတိုးလာခဲ့ရာမှာ အခုဆိုရင် သုံးသိန်း ငါးသောင်းကျော်ရှိသွားပြီလို့ ကအန်ယူ ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနခွဲရဲ ဒုတာဝန်ခံ စောယွာ‌ခွီဒူး VOA ကိုအခုလိုပြောပြပါတယ်။

" စစ်ဘေးရှောင်တွေက သုံးသိန်းနဲ့ ငါးသောင်းကျော်ပြီပေါ့ ။ ကျနော်တို့ နယ်မြေမှာက စစ်တပ်က အာဏာမသိမ်းခင်ကတည်းက အထူးသဖြင့် တပ်မဟာ(၅)နဲ့ တပ်မဟာ(၃)က စစ်ဘေးရှောင်တွေက ရှိပြီးသားလေ။ အာဏာသိမ်းပြီးအလွန်မှာ တိုက်ပွဲကပိုများလာတယ် ။ တပ်မဟာ(၆)ခုလုံးမှာ တိုက်ပွဲတွေ ဖြစ်တာများလာတော့ ဒုက္ခသည် ဦးရေကတိုးလာတယ်လေ "

ကေအန်ယူ တပ်မဟာ(၅) နယ်မြေ မုတြော်ခရိုင်ထဲမှာ ၉သောင်းကျော်ရှိပြီး ညောင်လေးပင်ခရိုင်ထဲက တပ်မဟာ (၃)နယ်မြေမှာ စစ်ဘေးရှောင် ၆သောင်းကျော်ရှိနေတာပါ ။အခုရက်ပိုင်းအတွင်းမှာတော့ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲမှာ လေကြောင်းပစ်ခတ်တာကော၊ နှစ်ဖက်တိုက်ပွဲကြောင်းပါ ဒုက္ခသည်တွေ ပိုတိုးလာကြောင်း ဒေသခံတဦးကလည်း ပြောပြပါတယ် ။

" ညောင်လေးပင်ခရိုင်ဆိုတာ ကျောက်ကြီးမြို့နယ်အပိုင်ပေါ့၊ ကေအန်ယူ တပ်ရင်း(၈)နဲ့ တပ်ရင်း(၉)ရှိတယ်။ တပ်ရင်း(၈)ဘက်မှာလည်း ဒုက္ခသည်က အရင်ကတည်းက ရှိတယ် ။ အခုကတော့ ပြန်လာလို့ မရတဲ့သူတွေကတော့ ပုန်းရှောင်နေတဲ့ CDM ဝန်ထမ်းတွေကော။ အခုတပ်ရင်း(၉)မှာလည်းတိုက်ပွဲဖြစ်နေတော့ ထွက်ပြေးနေရတဲ့သူတွေကော။ တပ်ရင်း(၉)ဘက်မှာစစ်ကြောင်းက အဲဒီဘက်ကိုဖိပြီးတိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲဖြစ်ရင် တခါပစ်ရင် အဲဒီနေရာကိုပြန်လာလို့မရ။ နောက်တနေရာမှာထပ်ဖြစ်ရင် အဲဒီနေရာက လေးငါးဆယ်ရွာက။ ပြန်လာလို့ မရနဲ့ အဲဒီနေရာမှာပဲ သောင်တင်ပြီးစုပုံနေတာ"

ကေအန်ယူ တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ထဲမှာတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စပြီး တိုက်ပွဲတွေဖြစ်တဲ့အတွက် စစ်ဘေးရှောင် ဒုက္ခသည် သောင်းနဲ့ချီရှိနေတာပါ။ အဲဒီဒေသက ကျေးရွာပေါင်း ၁၀ရွာကျော်ဟာ နေရပ်မပြန်နိုင်ကြသေးပဲ သောင်ရင်းမြစ်တလျှောက်မှာ နေထိုင်နေရတာဟာအခုဆိုရင် ၈လကျော် ၉လထဲရောက်နေပြီ။ အစားအသောက် နဲ့ နေထိုင်ရေး အခက်အခဲတွေ၊ ကလေးတွေ စာသင်ကြားခွင့်မရတာတွေ၊ နေရပ်ပြန်ချင်ပေမယ့်ပြန်လို့ မရသေးတဲ့ အခက်အခဲတွေရှိနေတယ်လို့ လေးကေ့ကော် စစ်ဘေးရှောင်ဒုက္ခသည် တဦးကလည်း ပြောပါတယ်။

"မနက်ဖန်ကျရင် ၉လထဲဝင်နေပြီ ။ ဒီနေ့က ၁၆ရက်နေ့လေ ။ ကျမတို့ ပြေးတာက ၁၂လပိုင်း ၁၆ရက်နေ့လေ။ စိတ်ညစ်တယ် ။ ကိုယ့်ရွာ ကိုယ့်ဒေသကိုပြန်ချင်တာပေါ့ ။ သတိရတယ်။ အခုက အစားသောက်ကခက်တယ် ။ ဒုက္ခသည်က ဒုက္ခရောက်တယ်။ အလုပ်တွေကလည်းမရှိဘူး ။ ဒီလိုမျိုးပဲနေရတယ်။ ကျမတို့ရောက်တော့ ဖက်ကောက်ပြီး ထိုးပြီး အမိုးလေးတွေလုပ်ပြီးနေတယ်။ သူများတွေပြန်ရရင် တောင်ကျမကတော့ ပြန်လို့ရမှာမဟုတ်ဘူး ။ ကျမအိမ်ကချိတ်ပိတ်ခံထားရတယ်လေ။ အိမ်ချိတ်ပိတ်တာမခံရတဲ့ သူတွေက တော့ရွာပြန်ဖွင့်ရင်တော့ပြန်လို့ရတယ်။ အခုလောလောဆယ်တော့ ပဟိကလော်ရွာကပိတ်ထားတယ်။ လေးကေ့ကော်လည်းပိတ်ထားတယ်။ မယ်ဝါးခီးလည်းပိတ်ထားတယ်။ ဘယ်သူမှလဲပြန်လို့ မရသေးဘူ။း ဒုက္ခတွေ ဒုက္ခတွေပါ။ ဘယ်အချိန်ကျမှ ပြီးမလဲမသိပါဘူး"

ကေအန်ယူ ထိန်းချုပ်ရာခရိုင်တွေကနေ အတည်ပြုနိုင်တဲ့ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်ကတော့ သထုံခရိုင်မှာ ကိုးသောင်းလေးထောင်ကျော်၊ တောင်ငူခရိုင်တွင် ခုနှစ်ထောင့်ငါးရာကျော် ၊ ညောင်လေးပင်ခရိုင်မှာ ခြောက်သောင်း တထောင်ကျော် ၊ ဘိတ်ထားဝယ်ခရိုင်မှာ ခြောက်ထောင်၊ မူတြော်ခရိုင်မှာ ကိုးသောင်းကျော်နဲ့ စုစုပေါင်းစစ်ဘေးရှောင် သုံးသိန်းငါးသောင်းကျော်ရှိတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG