သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ ပစ်ခတ်မှုဖြစ်ပွါး

မြဝတီ - ကော့ကရိပ် အာရှလမ်းမကြီးပေါ်မှာ စနေ့နေ့မနက်မှာ လောင်စာဆီတင်လာတဲ့ ကားတစီး ပစ်ခတ်ခံခဲ့ရတာကြောင့် ကားပေါ်မှာ ပါလာတဲ့ အငွေ့တွေ ယိုစိမ့်ပြီး မီးခိုးငွေ့တွေ ထွက်နေတာ တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောဆိုပါတယ်။

Zawgyi/Unicode

မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ ပစ်ခတ်မှုဖြစ်ပွါး

အသွားအလာ မလုပ်ဖို့ KNU က သတိပေးထားတဲ့ ကရင်ပြည်နယ် မြဝတီ - ကော့ကရိပ် အာရှလမ်း ကော့နွဲ့ရွာအနီးမှာ စနေ့နေ့မနက်က လောင်စာဆီ တင်လာတဲ့ ကားတစီး အပစ်ခတ်ခံခဲ့ရသလို အဲဒီရွာနားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်ခတ်မူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ကရင်ပြည်နယ် မြဝတီ - ကော့ကရိပ် အာရှလမ်းမကြီးပေါ်မှာ စနေ့နေ့မနက်မှာ လောင်စာဆီတင်လာတဲ့ ကားတစီး ပစ်ခတ်ခံခဲ့ရတာကြောင့် ကားပေါ်မှာ ပါလာတဲ့ အငွေ့တွေ ယိုစိမ့်ပြီး မီးခိုးငွေ့တွေ ထွက်နေတာ တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောဆိုပါတယ်။ အာရှလမ်းပေါ်က လောင်စာဆီတင်တဲ့ယာဉ် အပစ်ခတ်ခံရတာ မှန်ကန်ကြောင်း ပြည်သူကာကွယ်ရေးတပ်က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကပြောပါတယ်။

“အဲဒီကားတစီးကို စစ်ကောင်စီအတွက် သယ်ဆောင်လာတဲ့ စက်သုံးဆီကားတစီးကိုတော့ နော်ရေတံခွန် အရောက်မှာပစ်လိုက်တာ စကစရဲ့ ယန္တာယားကိုဖျက်စီးလိုက်တာပါ။ ဟန့်တားတဲ့ အစီစဉ်တခုပါပဲ။ ဘယ်အဖွဲ့ လဲဆိုတာတော့ မထုတ်ပြန်သေးပါဘူး။ တိုက်ပွဲတော့မဖြစ်ဘူး။ အဲဒီအနားက တောနော်ရေတံခွန်နားက စကစ စခန်းကတော့ လက်နက်ကြီးတွေနဲ့ တော့ ရမ်းသမ်းပစ်တာပေါ့”

ဒီပစ်ခတ်မူဟာ ဘယ်သူတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။ ဒီလောင်စာဆီကားဟာ စစ်ကောင်စီပိုင်ကားလား၊ ကုန်သည်ကားလား ဆိုတာလည်း ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဇူလိုင်လ၂၂ရက်နေ့ ညနေပိုင်းမှာတော့ မြဝတီ မြို့အဝင်မှာစခန်းချထားတဲ့ နယ်ခြားစောင့်တပ် စခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခဲ့တယ်လို့လည်း ကိုစောမွန်က ဆိုပါတယ်။

“BGF စခန်း မြဝတီ အဝင်က ဗိုလ်မုတ်သုန်လက်အောက်ခံ စခန်းတခုကို KNLA ကမနေ့က ဝင်တိုက်တာရှိတယ်။ မနေ့က ညနေကပေါ့နော်။ သူတို့ စကစကတော့ သင်္ကန်းညီနောင်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာရှိတယ်။ သူ့စခန်းကိုဝင်တိုက်တော့ BGF ၂ယောက်တော့သေတယ်။ ရဲဘော် ၂ ယောက် သေတာပေါ့”

မြဝတီ-ကော့ကရိတ် အာရှလမ်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်၊ တိုးတက်သောကရင်ဗုဒဘာသာတပ်၊ စတဲ့ တပ်ဖွဲတွေကြားမှာ မကြာခန ပစ်ခတ်မူတွေ ရှိနေပြီး ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေမှာ လောင်စာဆီတင် ယာဉ်တွေသာမက ခရီးသည်တင် ကားတွေလည်း ပစ်ခတ် မီးရှို့ခံရတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလမ်းတွေမှာ ခရီးသွားလာတာတွေ မလုပ်ဖို့ စစ်ကောင်စီအတွက် ထောက်ပံ့တဲ့လမ်းကြောင်းမဖြစ်စေဖို့ အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ် တပ်မဟာ(၆)နယ်မြေက တာဝန်ရှိသူတွေက သတိပေးခဲ့တာတွေရှိခဲ့ပါတယ်ရှင်။

##

Unicode

XS
SM
MD
LG