သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ ဝေါ်လေလမ်းမှာ တိုက်ပွဲဆက်လက်ပြင်းထန်


KNLA + PDF ပူးပေါင်းတပ်ဖွဲ့ ( ဓါတ်ပုံ - KNU )
KNLA + PDF ပူးပေါင်းတပ်ဖွဲ့ ( ဓါတ်ပုံ - KNU )

[[ ZAWGYI /UNICODE ]]

မြဝတီ ဝေါ်လေလမ်းမှာ တိုက်ပွဲဆက်လက်ပြင်းထန်

ကရင် ပြည်နယ် မြဝတီ မြို့နယ် သုံးထပ်ကွေ့နဲ့ သရက်တပင် ရွာကြား၊ မြဝတီ - ဝေါ်လေသွား လမ်းမကြီးပေါ်မှာ KNLA -တပ်ရင်း ၂၇ နဲ့ PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပါဝင်တဲ့ ကော်ဘရာ စစ်ကြောင်း ပူးပေါင်း အဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေ ဇူလိုင်လ ၁၃ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ကရင် အမျိုးသား လွတ်မြောက်ရေးတပ် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပါတယ်။ PDF ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုစောမွန်က အခုလို ပြောပါတယ်။

“ မြဝတီ ဝေါ်လေကြားက သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ရွာကြားမှာ ဟိုတနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲ နယ်မြေရှင်းလင်းရေးကိုကော်ပရာစစ်ကြောင်းက ထပ်လုပ်တယ် စစ်ကြောင်းတွေကိုလိုက်ရှင်းလင်းရင်းနဲ့ တိုက်ပွဲတွေဖြစ်တယ် တပ်မ၄၄ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက ကစဉ်ကလျား ဆုက်ပြေးတာကို ကျနော်တို့ဘက်က နယ်မြေရှင်းလင်းရေးတွေဆက်လုပ်နေပါတယ် စကစဘက် ယာယီတပ်ရင်းမူးတယောက်ကျဆုံးတယ် ရဲဘော်တွေလည်းသေတယ် စစ်လက်နက်ပစ္စည်းတွေလည်းအများကြီးရရှိတယ်ပေါ့နော် မြဝတီဝေါ်လေ လမ်းကြောင်းမှာပဲတိုက်ပွဲတွေဆက်ပြီးဖြစ်နေတယ်။ ”

ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တို့မှာ ၂ ရက် ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဘက်က သိမ်းဆည်းရမိတဲ့ လက်နက်တွေလို့ ဆိုတဲ့ လက်နက်တွေကိုလည်း ကော်ဘရာ စစ်ကြောင်းက ဓာတ်ပုံတွေ ထုတ်ပြန်ထားပါတယ်။ မြန်မာ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲ အကျအဆုံး အခြေအနေ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

===================

{{ UNICODE }}





XS
SM
MD
LG