သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း အင္းေတာ္နဲ႔ ၀န္းသိုမွာ စစ္ေရးတင္းမာမႈေၾကာင့္ ေဒသခံေတြတိမ္းေရွာင္


အင္းေတာ္ၿမဳိ႕

[[ ZAWGYI / UNICODE ]]

စစ္ကိုင္းတိုင္း အင္းေတာ္နဲ႔ ၀န္းသိုမွာ စစ္ေရးတင္းမာမႈေၾကာင့္ ေဒသခံေတြတိမ္းေရွာင္

စစ္ကိုင္းတုိင္း ၀န္းသိုၿမိဳ႕နယ္နဲ႔ အင္းေတာ္ၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္လာတာေၾကာင့္ ေဒသခံရြာသူ ရြာသားေတြ တိမ္းေရွာင္ထြက္ေျပးေနၾကသလို ေနအိမ္တြင္းရိွ ပစၥည္းေတြနဲ႔ ဆုိင္ကယ္အခ်ိဳ႕လည္း ဖ်က္ဆီးခံရေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ၀န္းသိုၿမိဳ႕နယ္အတြင္းမွာေတာ့ ေဒသခံ PDF နဲ႔ ရြာသားအခ်ိဳ႕ သတ္ျဖတ္ခံရေၾကာင္းလည္း ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ စစ္ကိုင္းတိုင္းအတြင္းက သတင္းကိုေတာ့ ကုိရဲမြန္က တင္ျပမွာပါ။

စစ္ကိုင္းတုိင္းအတြင္းက ဒီျဖစ္စဥ္ေတြဟာ ဒီလ ၁၃ရက္ေန႔က ျဖစ္ပြားခဲ့တာပါ။ ၀န္းသိုၿမိဳ႕နယ္မွာ အဓိက ျဖစ္ပြားခဲ့တာကေတာ့ ခ်ိဳးေတာင္ေက်းရြာအုပ္စုအတြင္းမွာ ျဖစ္ပြားခဲ့တာလုိ႔ ေဒသခံရြာသား တစ္ဦးက ေျပာပါတယ္။

“ ၁၃ ရက္ေန႔ကို စစ္ေၾကာင္း လာ၀င္တယ္ဗ်။ ၀န္းသိုၿမိဳ႔နယ္ျဖစ္တဲ့ အင္းမရြာ အလယ္ကြ်န္းရြာ၊ တံုးၾကိတ္ရြာ၊ ေညာင္အင္းရြာ၊ အဲကို အရင္ဆံုးစ၀င္လာတာဗ်။ ေနာက္ၿပီးေတာ့ စကားနီဆုိတဲ့ရြာမွာ တိုက္ပဲြ အေသးစားျဖစ္တယ္ဗ်။ ျပည္သူတစ္ဦးနဲ႔ ပကဖ တစ္ဦး အသတ္ခံရတယ္ဗ်။ စစ္ေၾကာင္း၀င္လာၿပီဆုိ အသံၾကားရေတာ့ နီးစပ္ရာရြာေတြ အကုန္ေျပးရတယ္ဗ်။ အားလံုးေပါင္းဆုိရင္ ၁၃ရြာ၊ ၁၄ရြာေလာက္ရိွတယ္ဗ်။ လူဦးေရနဲ႔ ဆုိရင္ေတာ့ ၅၀၀၀ ေက်ာ္ေလာက္ ရိွတယ္ဗ်။ ”

ထြက္ေျပးၾကတဲ့ ရြာေတြဟာ ဂ်ိဳးေတာင္ရြာ၊ဂ်ိဳးေတာင္ေစ်းသစ္ရြာ၊ က်ဴေတာရြာ၊ အင္ပင္ရြာ၊ ပန္းညိဳရြာ၊ စကားနီရြာ၊ ရြာသာရြာ၊ ေဆးခင္းခံုရြာ၊ မက်ည္းကုန္းရြာ စတာေတြ ပါ၀င္ေၾကာင္း၊ ဒီေန႔မနက္ပိုင္းမွာ စစ္ေကာင္စီစစ္ေၾကာင္းဟာ ဂ်ိဳးေတာင္ေစ်းသစ္ဘုန္းၾကီးေက်ာင္းမွာ အေလာင္း ၂ေလာင္ ထပ္မံေတြ႔ရိွေၾကာင္း ေျပာပါတယ္။

၀န္းသို ကာကြယ္ေရးအဖဲြ႔ေတြရဲ့ Wuntho Revolution_WR လူမႈကြန္ရက္ စာမ်က္ႏွာမွာေတာ့ ၁၃ ရက္ေန႔က ဂ်ိဳးေတာင္ေက်းရြာအုပ္စုက ျပည္သူ ၄၀၀ ေက်ာ္ တိမ္းေရွာင္ေနရေၾကာင္း ၊ ဒီမနက္မွာ စစ္ေၾကာင္းက ထြက္ခြာသြားေပမဲ့ ေဒသခံေတြဟာ ေနရပ္မျပန္ရဲေသးေၾကာင္း ေဖာ္ျပထားပါတယ္။

၁၃ ရက္ေန႔ မနက္ပိုင္းမွာ အင္းေတာ္ၿမိဳ႔နယ္ မဲဇာရြာမွာ ေရာက္ရိွေနတဲ့ စစ္ေကာင္စီစစ္ေၾကာင္းဟာ အလယ္ဆိပ္ရြာကို ၀င္ေရာက္လာတာေၾကာင့္ ေဒသခံေတြ တိမ္းေရွာင္ေနရသလို ေက်းရြာေနအိမ္က ပစၥည္းေတြ ဖ်က္ဆီးခံရတာရိွေၾကာင္း အင္းေတာ္ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ မေန႔ကေတာ့ ၀င္သြားတယ္ခင္ဗ်။ အလယ္ဆိပ္ကိုခင္ဗ်။ အလယ္ဆိပ္။ အကုန္ေရွာင္ေျပးရတာခင္ဗ်။ ၁၀၀၀ ေက်ာ္ေလာက္ေတာ့မရိွမယ္ခင္ဗ်။ ပိုက္ဆံရိွမယ္ထင္တဲ့အိမ္ေတြကို ေမႊေႏွာက္ၿပီးေတာ့ သူတို႔ ရခ်င္တာ အကုန္ယူသြားတာေပါ့ခင္ဗ်ာ။ ဆိုင္ကယ္တုိ႔ ဘာတုိ႔ကေတာ့ မီးရိႈ႔ထားခဲ့တာေပါ့ေနာ္။ ဆုိင္ကယ္ ၃စီး။ ရြာေတာ့ မီးမရိႈ႔ဘူး။ ဆုိင္ကယ္တုိ႔ ဘာတုိ႔သာ မီးရႈိ႔သြားတာ။”

စစ္ေကာင္စီစစ္ေၾကာင္းဟာ အင္အား ၇၀ ေက်ာ္ေလာက္ရိွၿပီး ညေနပိုင္းမွာ မဲဇာကို ျပန္သြားခဲ့ပါတယ္။ စစ္ကိုင္းတုိင္း အင္းေတာ္နဲ႔ ၀န္းသိုၿမိဳ႔နယ္ေတြက ေက်းရြာေတြ ထြက္ေျပးတိမ္းေရွာင္ေနတာနဲ႔ပတ္သက္ၿပီး စစ္ကိုင္းတိုင္းေဒသၾကီးအစိုးရအဖဲြ႔က လူမႈေရး၀န္ၾကီး ဦးေအးလိႈင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ အခုလုိ ျပန္လည္ ေျဖၾကားပါတယ္။

“ ၿပီးသြားတဲ့ ကိစၥေတြ ဆုိရင္ေတာ့ က်ေနာ္တို႔ ျပန္သိတာေပါ့ေနာ္။ ဒါေပမဲ့ လတ္တေလာကိစၥေတြ ဆုိရင္ေတာ့ သတင္းနဲ႔ပတ္သက္တဲ့ လုပ္ငန္းလုပ္တဲ့ဌာန မဟုတ္တဲ့ အခါက်ေတာ့ အခ်က္အလက္ ေနာက္က်တာ ျဖစ္ႏိုင္ပါတယ္။ အခု မိတ္ေဆြေျပာတဲ့ ကိစၥေတာ့ က်ေနာ္ တကယ္ မသိေသးဘူး။ ဒါေပမဲ့ တကယ္ေျမျပင္မွာ ျဖစ္ေနတာ ဆုိရင္လည္းပဲ အစုိးရစစ္ေၾကာင္းလာလုိ႔ ထြက္ေျပးတာ သူပုန္ပဲ ျဖစ္မွာေပါ့။”

ဒီလ ၁၀ ရက္ေန႔က မဲဇာရဲစခန္းကို KIA နဲ႔ PDF ပူးေပါင္းတပ္ဖဲြ႔ေတြက ၀င္ေရာက္ တုိက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္၊ ရဲနဲ႔ ပ်ဴေစာထီး ၃၀ေလာက္ ေသဆံုးေၾကာင္း ေဒသခံ PDF အဖဲြ႔က သတင္းထုတ္ျပန္ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ လံုၿခံဳေရးတပ္ဖဲြ႔၀င္ ၃ဦးထိခုိက္ဒဏ္ရာရခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီတုိက္ခုိက္မႈျဖစ္ပြားၿပီးေနာက္ မဲဇာရြာနဲ႔ တစ္မိုင္ေက်ာ္ေ၀းတဲ့ အလယ္ဆိပ္ကို စစ္ေကာင္စီစစ္ေၾကာင္းက ၀င္ေရာက္ ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

စစ်ကိုင်းတိုင်း အင်းတော်နဲ့ ဝန်းသိုမှာ စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေတိမ်းရှောင်

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်နဲ့ အင်းတော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ဒေသခံရွာသူ ရွာသားတွေ တိမ်းရှောင်ထွက်ပြေးနေကြသလို နေအိမ်တွင်းရှိ ပစ္စည်းတွေနဲ့ ဆိုင်ကယ်အချို့လည်း ဖျက်ဆီးခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဝန်းသိုမြို့နယ်အတွင်းမှာတော့ ဒေသခံ PDF နဲ့ ရွာသားအချို့ သတ်ဖြတ်ခံရကြောင်းလည်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ စစ်ကိုင်းတိုင်းအတွင်းက သတင်းကိုတော့ ကိုရဲမွန်က တင်ပြမှာပါ။

စစ်ကိုင်းတိုင်းအတွင်းက ဒီဖြစ်စဉ်တွေဟာ ဒီလ ၁၃ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ ဝန်းသိုမြို့နယ်မှာ အဓိက ဖြစ်ပွားခဲ့တာကတော့ ချိုးတောင်ကျေးရွာအုပ်စုအတွင်းမှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။

“ ၁၃ ရက်နေ့ကို စစ်ကြောင်း လာဝင်တယ်ဗျ။ ဝန်းသိုမြို့နယ်ဖြစ်တဲ့ အင်းမရွာ အလယ်ကျွန်းရွာ၊ တုံးကြိတ်ရွာ၊ ညောင်အင်းရွာ၊ အဲကို အရင်ဆုံးစဝင်လာတာဗျ။ နောက်ပြီးတော့ စကားနီဆိုတဲ့ရွာမှာ တိုက်ပွဲ အသေးစားဖြစ်တယ်ဗျ။ ပြည်သူတစ်ဦးနဲ့ ပကဖ တစ်ဦး အသတ်ခံရတယ်ဗျ။ စစ်ကြောင်းဝင်လာပြီဆို အသံကြားရတော့ နီးစပ်ရာရွာတွေ အကုန်ပြေးရတယ်ဗျ။ အားလုံးပေါင်းဆိုရင် ၁၃ရွာ၊ ၁၄ရွာလောက်ရှိတယ်ဗျ။ လူဦးရေနဲ့ ဆိုရင်တော့ ၅၀၀၀ ကျော်လောက် ရှိတယ်ဗျ။ ”

ထွက်ပြေးကြတဲ့ ရွာတွေဟာ ဂျိုးတောင်ရွာ၊ဂျိုးတောင်ဈေးသစ်ရွာ၊ ကျူတောရွာ၊ အင်ပင်ရွာ၊ ပန်းညိုရွာ၊ စကားနီရွာ၊ ရွာသာရွာ၊ ဆေးခင်းခုံရွာ၊ မကျည်းကုန်းရွာ စတာတွေ ပါဝင်ကြောင်း၊ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ ဂျိုးတောင်ဈေးသစ်ဘုန်းကြီးကျောင်းမှာ အလောင်း ၂လောင် ထပ်မံတွေ့ရှိကြောင်း ပြောပါတယ်။

ဝန်းသို ကာကွယ်ရေးအဖွဲ့တွေရဲ့ Wuntho Revolution_WR လူမှုကွန်ရက် စာမျက်နှာမှာတော့ ၁၃ ရက်နေ့က ဂျိုးတောင်ကျေးရွာအုပ်စုက ပြည်သူ ၄၀၀ ကျော် တိမ်းရှောင်နေရကြောင်း ၊ ဒီမနက်မှာ စစ်ကြောင်းက ထွက်ခွာသွားပေမဲ့ ဒေသခံတွေဟာ နေရပ်မပြန်ရဲသေးကြောင်း ဖော်ပြထားပါတယ်။

၁၃ ရက်နေ့ မနက်ပိုင်းမှာ အင်းတော်မြို့နယ် မဲဇာရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အလယ်ဆိပ်ရွာကို ဝင်ရောက်လာတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရသလို ကျေးရွာနေအိမ်က ပစ္စည်းတွေ ဖျက်ဆီးခံရတာရှိကြောင်း အင်းတော် ဒေသခံတစ်ဦးက ပြောပါတယ်။

“ မနေ့ကတော့ ဝင်သွားတယ်ခင်ဗျ။ အလယ်ဆိပ်ကိုခင်ဗျ။ အလယ်ဆိပ်။ အကုန်ရှောင်ပြေးရတာခင်ဗျ။ ၁၀၀၀ ကျော်လောက်တော့မရှိမယ်ခင်ဗျ။ ပိုက်ဆံရှိမယ်ထင်တဲ့အိမ်တွေကို မွှေနှောက်ပြီးတော့ သူတို့ ရချင်တာ အကုန်ယူသွားတာပေါ့ခင်ဗျာ။ ဆိုင်ကယ်တို့ ဘာတို့ကတော့ မီးရှို့ထားခဲ့တာပေါ့နော်။ ဆိုင်ကယ် ၃စီး။ ရွာတော့ မီးမရှို့ဘူး။ ဆိုင်ကယ်တို့ ဘာတို့သာ မီးရှို့သွားတာ။”

စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၇၀ ကျော်လောက်ရှိပြီး ညနေပိုင်းမှာ မဲဇာကို ပြန်သွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ဝန်းသိုမြို့နယ်တွေက ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေတာနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ အခုလို ပြန်လည် ဖြေကြားပါတယ်။

“ ပြီးသွားတဲ့ ကိစ္စတွေ ဆိုရင်တော့ ကျနော်တို့ ပြန်သိတာပေါ့နော်။ ဒါပေမဲ့ လတ်တလောကိစ္စတွေ ဆိုရင်တော့ သတင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းလုပ်တဲ့ဌာန မဟုတ်တဲ့ အခါကျတော့ အချက်အလက် နောက်ကျတာ ဖြစ်နိုင်ပါတယ်။ အခု မိတ်ဆွေပြောတဲ့ ကိစ္စတော့ ကျနော် တကယ် မသိသေးဘူး။ ဒါပေမဲ့ တကယ်မြေပြင်မှာ ဖြစ်နေတာ ဆိုရင်လည်းပဲ အစိုးရစစ်ကြောင်းလာလို့ ထွက်ပြေးတာ သူပုန်ပဲ ဖြစ်မှာပေါ့။”

ဒီလ ၁၀ ရက်နေ့က မဲဇာရဲစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီး ၃၀လောက် သေဆုံးကြောင်း ဒေသခံ PDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မဲဇာရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ အလယ်ဆိပ်ကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက် ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG