သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရေသ့ေတာင္၊ ပုဏၰားကၽြန္းကားလမ္း ပိတ္ဆို႔မႈေၾကာင့္ ေဒသခံေတြအခက္ၾကံဳ


[[ ZAWGYI / UNICODE ]]

ရေသ့ေတာင္၊ ပုဏၰားကၽြန္းကားလမ္း ပိတ္ဆို႔မႈေၾကာင့္ ေဒသခံေတြအခက္ၾကံဳ

ရေသ့ေတာင္နဲ႔ပုဏၰားကြၽန္းကားလမ္းကို စစ္ေကာင္စီက လမ္းပိတ္ထားတာေၾကာင့္ ေဒသခံေတြ အခက္ႀကဳံေနရပါတယ္။ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႔ အျပန္အလွန္ဖမ္းဆီးမႈျဖစ္ ပြားခဲ့တဲ့ေနာက္ပိုင္း ပိတ္လိုက္တာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။ ဒီအေၾကာင္းအျပည့္အစုံကိုေတာ့ ရန္ကုန္ကလာတဲ့ သတင္းကို ကုိဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ပုဏၰားကြၽန္းနဲ႔ ရေသ့ေတာင္ကို ဆက္သြယ္ထားတဲ့ ကားလမ္းကို စစ္ေကာင္စီဖက္က ၿပီးခဲ့တဲ့ ဇြန္လ ၁၆ရက္ကတည္းပိတ္ထားတယ္လို႔ ေဒသခံေတြ ကေျပာပါ တယ္။

ၿပီးခဲ့တဲ့ ဇြန္လဒုတိယအပတ္ေလာက္က ပုဏၰားကြၽန္းၿမိဳ႕ေပၚက စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ တဦးကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ဖက္က ဖမ္းဆီးသြားၿပီးေနာက္ အခုလို ကားလမ္းကို ပိတ္ထားတာျဖစ္တယ္လို႔လည္း ပုဏၰားကြၽန္းနဲ႔ ရေသ့ေတာင္ ကားလမ္းအနီးမွာ ရွိတဲ့ ေတာဖ်ားေခ်ာင္းေဒသ ဆင္ေသေက်း႐ြာ ေဒသခံ ကိုေက်ာ္ႏိုင္ ကေျပာပါတယ္။

“ ဇြန္လ ၁၆ရက္ေန႔ ကတည္းက ၿပီးေတာ့ ပိတ္တာ။ ပုဏၰားကြၽန္းမွာ ျမန္မာစစ္တပ္ တပ္ဖြဲ႕ဝင္ တဦးကို ရကၡိဳင့္တပ္ေတာ္ AAက ဖမ္းသြားၿပီးတဲ့ေနာက္ မွာ အခုလို ကားလမ္းေတြကို ပိတ္ထား တာေပါ့။”

လက္ရွိပိတ္ထားတဲ့ ကားလမ္းအနီးမွာရွိတဲ့ ေတာဖ်ားေခ်ာင္းေဒသမွာ လူဦးေရ ၅ေသာင္း ေက်ာ္ ေနထိုင္ၾကတာျဖစ္ၿပီး က်န္းမာေရး ပညာေရး စီးပြားေရးနဲ႔ စတဲ့ ကိစၥေတြအတြက္ ပုဏၰားကြၽန္းနဲ႔ရေသ့ေတာင္ကားလမ္းကို အဓိကထားၾကရတာပါ။ အခုလို ကားလမ္းကို ပိတ္ထားတာေၾကာင့္ ေရေၾကာင္းကေန တဆင့္သြားလာေနၾကရၿပီး အခ်ိန္ၾကန႔္ၾကာတာေတြ သြားလာေရး အဆင္မေျပတာေတြနဲ႔ ရင္ဆိုင္ေနၾကတယ္လို႔လည္း ကိုေက်ာ္ႏိုင္ကေျပာပါတယ္။

“ က်ေနာ္တို႔ဖက္က ေက်း႐ြာ ၁၆႐ြာေပါ့အဓိက အဲဒီမွာ လူေတြအမ်ားႀကီးရွိတယ္၊ ဒီလူေတြအကုန္လုံးက အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာ။ စီးပြားေရး အဆင္ မေျပ တာရွိတယ္။ ကုန္ေရာင္းကုန္ဝယ္ကိစၥေတြမွာ ၾကန႔္ၾကာတာေတြရွိတယ္၊ က်ေနာ္တို႔ဖက္က ကြန္း႐ြက္ေတြ သံဖရာသီးေတြ အမ်ားႀကီးထြက္တာေပါ့၊ အခုလို ကားလမ္းပိတ္ထားေတာ့ ေရေၾကာင္းလမ္းက ပို႔ရတဲ့ အခါ ၾကာတဲ့အတြက္ ကြမ္း႐ြက္ေတြဆိုရင္ ပုတ္သြားတာတို႔ အဲလိုမ်ိဳးေတြလည္းရွိတယ္”

ဒီလထဲမွာပဲ ေတာဖ်ားေခ်ာင္းေဒသ ဆင္ေသေက်း႐ြာကေန အေရးေပၚလူနာတဦး စစ္ေတြေဆး႐ုံပို႔ ေဆာင္ခဲ့ေပမယ့္ လမ္းခရီးၾကန႔္ၾကာမႈေတြေၾကာင့္ ေသဆုံးခဲ့တယ္လို႔ ဆင္ေသေဒသခံ ကိုေက်ာ္ႏိုင္ကေျပာပါတယ္။

စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA တပ္ဖြဲ႕တို႔ စစ္ေရးတင္းမာမႈေတြ အျပန္အလွန္ ဖမ္းဆီးမႈေတြၾကားမွာ ေဒသခံေတြ မၾကာခဏ ဖမ္းဆီးခံရတာေတြရွိေနတာပါ။ ဒါျပင့္ တၿမိဳ႕နဲ႔ တၿမိဳ႕ ခရီးသြားလာေရးေတြ ကုန္စည္တင္ပို႔ေတြကိုလည္း စစ္ေကာင္စီဖက္က တင္းၾကပ္ထားသလို ၿမိဳ႕ဝင္ၿမိဳ႕ထြက္ေတြမွာ လုံၿခဳံေရးတင္းၾကပ္ စစ္ေဆးေနတာေၾကာင့္ ေဒသခံေတြ အခက္ႀကဳံေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

======================

{{ UNICODE }}

ရသေ့တောင်၊ ပုဏ္ဏားကျွန်းကားလမ်း ပိတ်ဆို့မှုကြောင့် ဒေသခံတွေအခက်ကြုံ

ရသေ့တောင်နဲ့ပုဏ္ဏားကျွန်းကားလမ်းကို စစ်ကောင်စီက လမ်းပိတ်ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ အပြန်အလှန်ဖမ်းဆီးမှုဖြစ် ပွားခဲ့တဲ့နောက်ပိုင်း ပိတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်ကို ဆက်သွယ်ထားတဲ့ ကားလမ်းကို စစ်ကောင်စီဖက်က ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်ကတည်းပိတ်ထားတယ်လို့ ဒေသခံတွေ ကပြောပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လဒုတိယအပတ်လောက်က ပုဏ္ဏားကျွန်းမြို့ပေါ်က စစ်ကောင်စီ တပ်ဖွဲ့ဝင် တဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်က ဖမ်းဆီးသွားပြီးနောက် အခုလို ကားလမ်းကို ပိတ်ထားတာဖြစ်တယ်လို့လည်း ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင် ကားလမ်းအနီးမှာ ရှိတဲ့ တောဖျားချောင်းဒေသ ဆင်သေကျေးရွာ ဒေသခံ ကိုကျော်နိုင် ကပြောပါတယ်။

“ ဇွန်လ ၁၆ရက်နေ့ ကတည်းက ပြီးတော့ ပိတ်တာ။ ပုဏ္ဏားကျွန်းမှာ မြန်မာစစ်တပ် တပ်ဖွဲ့ဝင် တဦးကို ရက္ခိုင့်တပ်တော် AAက ဖမ်းသွားပြီးတဲ့နောက် မှာ အခုလို ကားလမ်းတွေကို ပိတ်ထား တာပေါ့။”

လက်ရှိပိတ်ထားတဲ့ ကားလမ်းအနီးမှာရှိတဲ့ တောဖျားချောင်းဒေသမှာ လူဦးရေ ၅သောင်း ကျော် နေထိုင်ကြတာဖြစ်ပြီး ကျန်းမာရေး ပညာရေး စီးပွားရေးနဲ့ စတဲ့ ကိစ္စတွေအတွက် ပုဏ္ဏားကျွန်းနဲ့ရသေ့တောင်ကားလမ်းကို အဓိကထားကြရတာပါ။ အခုလို ကားလမ်းကို ပိတ်ထားတာကြောင့် ရေကြောင်းကနေ တဆင့်သွားလာနေကြရပြီး အချိန်ကြန့်ကြာတာတွေ သွားလာရေး အဆင်မပြေတာတွေနဲ့ ရင်ဆိုင်နေကြတယ်လို့လည်း ကိုကျော်နိုင်ကပြောပါတယ်။

“ ကျနော်တို့ဖက်က ကျေးရွာ ၁၆ရွာပေါ့အဓိက အဲဒီမှာ လူတွေအများကြီးရှိတယ်၊ ဒီလူတွေအကုန်လုံးက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ။ စီးပွားရေး အဆင် မပြေ တာရှိတယ်။ ကုန်ရောင်းကုန်ဝယ်ကိစ္စတွေမှာ ကြန့်ကြာတာတွေရှိတယ်၊ ကျနော်တို့ဖက်က ကွန်းရွက်တွေ သံဖရာသီးတွေ အများကြီးထွက်တာပေါ့၊ အခုလို ကားလမ်းပိတ်ထားတော့ ရေကြောင်းလမ်းက ပို့ရတဲ့ အခါ ကြာတဲ့အတွက် ကွမ်းရွက်တွေဆိုရင် ပုတ်သွားတာတို့ အဲလိုမျိုးတွေလည်းရှိတယ်”

ဒီလထဲမှာပဲ တောဖျားချောင်းဒေသ ဆင်သေကျေးရွာကနေ အရေးပေါ်လူနာတဦး စစ်တွေဆေးရုံပို့ ဆောင်ခဲ့ပေမယ့် လမ်းခရီးကြန့်ကြာမှုတွေကြောင့် သေဆုံးခဲ့တယ်လို့ ဆင်သေဒေသခံ ကိုကျော်နိုင်ကပြောပါတယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့တို့ စစ်ရေးတင်းမာမှုတွေ အပြန်အလှန် ဖမ်းဆီးမှုတွေကြားမှာ ဒေသခံတွေ မကြာခဏ ဖမ်းဆီးခံရတာတွေရှိနေတာပါ။ ဒါပြင့် တမြို့နဲ့ တမြို့ ခရီးသွားလာရေးတွေ ကုန်စည်တင်ပို့တွေကိုလည်း စစ်ကောင်စီဖက်က တင်းကြပ်ထားသလို မြို့ဝင်မြို့ထွက်တွေမှာ လုံခြုံရေးတင်းကြပ် စစ်ဆေးနေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။

XS
SM
MD
LG