သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေရးတင္းမာေနတဲ့ ပုလဲၿမိဳ႕နယ္မွာ အရပ္သား ေသဆုံးမႈေတြရွိ


ပုလဲၿမဳိ႕

[[ ZAWGYI / UNICODE ]]

စစ္ေရးတင္းမာေနတဲ့ ပုလဲၿမိဳ႕နယ္မွာ အရပ္သားေသဆုံးမႈေတြရွိ

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ ေတာင္႐ြာသစ္ေက်း႐ြာကုိ ဇူလိုင္လ ၁၁ ရက္ေန႔က စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္စီးနင္းျပီး ေနာက္တေန့မွာေတာ့ အသက္မျပည့္ေသးတဲ့ မိန္းကေလးေတြ အပါအ၀င္ ေဒသခံေတြ အသတ္ခံထားရတဲ့ အေလာင္းေတြ့ရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ ထားပါတယ္။


စစ္ကုိင္းတိုင္း ပုလဲျမိဳနယ္ ေတာင္ရြာသစ္ေက်းရြာကို စစ္ေကာင္စီတပ္ေတြက ဇူလိုင္လ ၁၁ ရက္ေန႔ ၀င္ေရာက္စီးနင္းျပီးေနာက္ ေဒသခံ အမ်ိဳးသမီးငယ္ေတြ အပါအ၀င္ ရြာသားေတြကို သတ္ျဖတ္သြားခ့ဲတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

" ၄ ဦး ၊ ဟုတ္တယ္ နာမည္က ကိုတင္ေမာင္တဲ့ ။ ကိုတင္ေမာင္က အသက္ ၆၅ ေလာက္ရွိတယ္။ ေဒၚညိဳက်င္က အသက္၄၅ ေလာက္ရွိတယ္။ မေအး၀င္းက ၄၅ ႏွစ္ မေအး၀င္းသမီး မမိုးရည္က အသက္ ၁၇ ႏွစ္ေလာက္ရွိတယ္။ သတ္ျဖတ္သြားၾကတာ စုစုေပါင္း ၄ ေယာက္ပါ။ မံုရြာ နမခက ေနလာႀကတာ ယင္းမာပင္တို႔ဘက္ တမာပင္ဂြတိုဘက္ကို ထုိးစစ္ဆင္ေနတဲ့စစ္ေႀကာင္းေတြပဲ။ အဲဒီကေန တဆက္တည္းလာတာပဲ အဲဒီမွာ စစ္ေႀကာင္းေတြျပန္သြားျပီးကာမွ ရြာသားေတြက ၀င္ရွာေတာ့မွ အဲဒီမွာ မနက္ ၈ နာ၇ီေလာက္မွာေတြ့တာပဲ။ စစ္ေကာင္စီ အေနနဲ႔ မဆုိင္တဲ့ျပည္သူေတြ အမ်ိဳးသမီးငယ္ေတြ သက္ႀကီးရြယ္အိုေတြ ျပည္သူလူထုကို မုိက္မိုက္ရိုင္းရိုင္း ညွင္းဆဲ သတ္ျဖတ္တာဟာ လူမဆန္တဲ့ လုပ္ရပ္ပဲ။ "

ေနာက္ရက္မွာေတာ့ အသက္ မျပည့္ေသးတဲ့ ၁၃ႏွစ္ရြယ္ မိန္းကေလးအေလာင္း တေလာင္းကိုလည္း ထပ္ျပီးေတြ႔ရွိတယ္လို့ ေဒသခံေတြက ဆိုပါတယ္။ သတ္ျဖတ္ခံထားရတဲ့ မိန္းကလးငယ္ေတြရဲ ႕ အေလာင္း အဓမၸျပဳက်င့္ထားတဲ့ အေနအထားေတြကို ေတြ႔ရေပမယ့္ အတည္ျပဳႏိုင္ဖို႔ ေသခ်ာစစ္ေဆးမႈေတြ မလုပ္ႏိုင္ေသးဘူးလို႔ ေဒသခံေတြကဆုိပါတယ္။ ေဒသခံ အမ်ိဳးသမီးငယ္ေတြ အပါအ၀င္ ေက်း၇ြာသားေတြ အသတ္ျဖတ္ခံရတာနဲ႔ပတ္သက္လို့ စစ္ေကာင္စီဘက္ကို ေမးျမန္းခဲ့ရာမွာအဆိုပါေနရာသို႔ တပ္မေတာ္စစ္ေၾကာင္းမ်ား ဝင္ေရာက္ခဲ့ျခင္း မရွိေၾကာင္းနဲ႔ PDF ေတြကသာ ေဆာင္႐ြက္ႏိုင္ျခင္းျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါတယ္။

ဒီရက္ပုိင္းမွာပဲ စစ္ေကာင္စီစစ္ေၾကာင္းေတြဟာ ဆိပ္ျဖဴရြာကိုလည္း ၀င္ေရာက္သြားခဲ့ျပီး သားသမီး ၂ ဦးရွိတဲ့ အမ်ိဳးသမီးတဦးကုိလည္း အဓမၸျပဳက်င့္ ၊ သတ္ျဖတ္သြားတယ္လို့ ေဒသခံေတြကေျပာပါတယ္။

အဲဒီေဒသမွာ စစ္ေကာင္စီတပ္ေတြ ထုိးစစ္ဆင္တုိင္းမွာ ေဒသခံရြာသားေတြ သတ္ျဖတ္ခံရတာေတြ မႀကာခန ရွိေနေႀကာင္း မႀကာေသးခင္တုန္းကလည္း ေဒသခံေတြ သတ္ျဖတ္ခံရတာ လက္နက္ႀကီးက်ည္ ထိမွန္ေသဆံုးတာ ရွိတယ္လို႔ ေဒသခံက ဆုိပါတယ္။

" အရင္တုန္းကလည္း က်ည္ရြာလည္းရွိေတာ့ က်ည္ရြာနားမွာ ႏြားေက်ာင္း သြားရင္းနဲ႔ ဆယ္တန္းေက်ာင္းသားတေယာက္လည္း ေသဘူးတဲ့ ျဖစ္စဥ္ရိွတယ္။ ေနာက္တခုက စစ္ေႀကာင္းတေႀကာင္းလာတုန္းကလဲ ေအာင္ျဖိဳး၀င္း ဆိုတဲ့ ဒုတိယႏွစ္ေက်ာင္းသားတေယာက္လည္း အသတ္ခံရဖူးတယ္။ ပုလဲ-ဂန္႔ေကာ လမ္းေပၚကေန လက္နက္ႀကီးနဲ႔ ထုလို့လည္း ေျမးအဖြား ၂ ေယာက္ အသက္ဆံုးရွံဳးဖူးတဲ့ ျဖစ္စဥ္လည္း ရွိခဲ့ဖူးပါတယ္။ "

စစ္ကုိင္းတိုင္းအတြင္း ပုလဲျမိဳ႕နယ္ထဲက ေက်းရြာေတြကို စစ္ေကာင္စီတပ္ေတြက မီးရွို႕တာေတြ ေဒသခံေတြကုိ ဖမ္းဆီးသတ္ျဖတ္တာေတြ မႀကာခန ရွိေနျပီး အဲဒီေဒသမွာေတာ့ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ ေတြနဲ့လည္း မၾကာခနဆိုသလို တုိက္ပဲြေတြျဖစ္ေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

================

{{ UNICODE }}

စစ်ရေးတင်းမာနေတဲ့ ပုလဲမြို့နယ်မှာ အရပ်သားသေဆုံးမှုတွေရှိ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တောင်ရွာသစ်ကျေးရွာကို ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး နောက်တနေ့မှာတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေ အပါအဝင် ဒေသခံတွေ အသတ်ခံထားရတဲ့ အလောင်းတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။


စစ်ကိုင်းတိုင်း ပုလဲမြိုနယ် တောင်ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၁၁ ရက်နေ့ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ အမျိုးသမီးငယ်တွေ အပါအဝင် ရွာသားတွေကို သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

" ၄ ဦး ၊ ဟုတ်တယ် နာမည်က ကိုတင်မောင်တဲ့ ။ ကိုတင်မောင်က အသက် ၆၅ လောက်ရှိတယ်။ ဒေါ်ညိုကျင်က အသက်၄၅ လောက်ရှိတယ်။ မအေးဝင်းက ၄၅ နှစ် မအေးဝင်းသမီး မမိုးရည်က အသက် ၁၇ နှစ်လောက်ရှိတယ်။ သတ်ဖြတ်သွားကြတာ စုစုပေါင်း ၄ ယောက်ပါ။ မုံရွာ နမခက နေလာကြတာ ယင်းမာပင်တို့ဘက် တမာပင်ဂွတိုဘက်ကို ထိုးစစ်ဆင်နေတဲ့စစ်ကြောင်းတွေပဲ။ အဲဒီကနေ တဆက်တည်းလာတာပဲ အဲဒီမှာ စစ်ကြောင်းတွေပြန်သွားပြီးကာမှ ရွာသားတွေက ဝင်ရှာတော့မှ အဲဒီမှာ မနက် ၈ နာရီလောက်မှာတွေ့တာပဲ။ စစ်ကောင်စီ အနေနဲ့ မဆိုင်တဲ့ပြည်သူတွေ အမျိုးသမီးငယ်တွေ သက်ကြီးရွယ်အိုတွေ ပြည်သူလူထုကို မိုက်မိုက်ရိုင်းရိုင်း ညှင်းဆဲ သတ်ဖြတ်တာဟာ လူမဆန်တဲ့ လုပ်ရပ်ပဲ။ "

နောက်ရက်မှာတော့ အသက် မပြည့်သေးတဲ့ ၁၃နှစ်ရွယ် မိန်းကလေးအလောင်း တလောင်းကိုလည်း ထပ်ပြီးတွေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သတ်ဖြတ်ခံထားရတဲ့ မိန်းကလးငယ်တွေရဲ့ အလောင်း အဓမ္ပပြုကျင့်ထားတဲ့ အနေအထားတွေကို တွေ့ရပေမယ့် အတည်ပြုနိုင်ဖို့ သေချာစစ်ဆေးမှုတွေ မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။ ဒေသခံ အမျိုးသမီးငယ်တွေ အပါအဝင် ကျေးရွာသားတွေ အသတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းခဲ့ရာမှာအဆိုပါနေရာသို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်ခဲ့ခြင်း မရှိကြောင်းနဲ့ PDF တွေကသာ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီစစ်ကြောင်းတွေဟာ ဆိပ်ဖြူရွာကိုလည်း ဝင်ရောက်သွားခဲ့ပြီး သားသမီး ၂ ဦးရှိတဲ့ အမျိုးသမီးတဦးကိုလည်း အဓမ္ပပြုကျင့် ၊ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီဒေသမှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တိုင်းမှာ ဒေသခံရွာသားတွေ သတ်ဖြတ်ခံရတာတွေ မကြာခန ရှိနေကြောင်း မကြာသေးခင်တုန်းကလည်း ဒေသခံတွေ သတ်ဖြတ်ခံရတာ လက်နက်ကြီးကျည် ထိမှန်သေဆုံးတာ ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။

" အရင်တုန်းကလည်း ကျည်ရွာလည်းရှိတော့ ကျည်ရွာနားမှာ နွားကျောင်း သွားရင်းနဲ့ ဆယ်တန်းကျောင်းသားတယောက်လည်း သေဘူးတဲ့ ဖြစ်စဉ်ရှိတယ်။ နောက်တခုက စစ်ကြောင်းတကြောင်းလာတုန်းကလဲ အောင်ဖြိုးဝင်း ဆိုတဲ့ ဒုတိယနှစ်ကျောင်းသားတယောက်လည်း အသတ်ခံရဖူးတယ်။ ပုလဲ-ဂန့်ကော လမ်းပေါ်ကနေ လက်နက်ကြီးနဲ့ ထုလို့လည်း မြေးအဖွား ၂ ယောက် အသက်ဆုံးရှုံးဖူးတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။ "

စစ်ကိုင်းတိုင်းအတွင်း ပုလဲမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့တာတွေ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မကြာခန ရှိနေပြီး အဲဒီဒေသမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့လည်း မကြာခနဆိုသလို တိုက်ပွဲတွေဖြစ်နေပါတယ်ရှင်။

XS
SM
MD
LG