သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမ၀တီနဲ႔ ေ၀ၚေလလမ္းမွာ စစ္ေကာင္စီနဲ႔ KNU တိုက္ပဲြျဖစ္


KNU+PDF /Cobra Force

ျမဝတီ, ေဝၚေလသြား လမ္းမႀကီးေပၚ မွာ KNLA နဲ႔ ျပည္သူကာကြယ္ေရးတပ္ဖြဲေတြ ပါဝင္တဲ့ ေကာ္ဘရာ စစ္ေၾကာင္းနဲ႔ စစ္ေကာင္စီတပ္မ၄၄ လက္ေအာက္ခံတပ္ဖြဲ႕ ေတြဇူလိုင္လ ၁၂ရက္ေန႔ မနက္ပိုင္းကတိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က အရာရွိအပါအဝင္အက်အဆုံးမ်ားၿပီး လက္နက္ခဲ့ယမ္းအမ်ားအျပားသိမ္းဆည္းမိေၾကာင္းKNUကေျပာပါတယ္။

Zawgyi/Unicode

ျမ၀တီနဲ႔ ေ၀ၚေလလမ္းမွာ စစ္ေကာင္စီနဲ႔ KNU တိုက္ပဲြျဖစ္

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ သုံးထပ္ေကြ႕နဲ႔ သရက္တစ္ပင္႐ြာၾကားရွိ ျမဝတီ, ေဝၚေလသြား လမ္းမႀကီးေပၚ မွာ KNLA တပ္ရင္း ၂၇နဲ႔ ျပည္သူကာကြယ္ေရးတပ္ဖဲြေတြ ပါ၀င္တဲ့ ေကာ္ဘရာ စစ္ေၾကာင္းပူးေပါင္း တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္မ၄၄ လက္ေအာက္ခံ တပ္ရင္းတပ္ဖဲြေတြဟာ ဇူလိုင္လ ၁၂ရက္ေန့ မနက္ပိုင္းကစျပီးတုိက္ပဲြေတြျပင္းထန္ခဲ့ျပီး စစ္ေကာင္စီဘက္က အရာရွိေတြအက်အဆံုးမ်ားျပီး လက္နက္ခဲ့ယမ္းအမ်ားအျပားသိမ္းဆည္းမိေႀကာင္းကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ ေကာ္ပရာစစ္ေႀကာင္းကသတင္းထုတ္ျပန္ခဲ့ပါတယ္။ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပုိ့ထားပါတယ္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ျမဝတီ, ေဝၚေလသြား လမ္းမႀကီးေပၚ မွာ KNLA တပ္ရင္း ၂၇ ျပည္သူကာ ကြယ္ေရးတပ္ဖဲြေတြ ပါ၀င္တဲ့ ေကာ္ဘရာ စစ္ေၾကာင္းပူးေပါင္းအဖြဲတပ္ဖြဲ႕ေတြ နဲ့စစ္ေကာင္စီတပ္မ၄၄ လက္ေအာက္ခံ တပ္ရင္းတပ္ဖဲြေတြဟာ ဇူလိုင္လ ၁၂ရက္ေန့ မနက္ပိုင္းကစျပီးတုိက္ပဲြေတြျပင္းထန္ခဲ့တာပါ ကရင္ျပည္နယ္ ျမ၀တီခရိုင္ထဲကဥကရစ္ထစခန္းအတြက္ ေျမျပင္ကေနစစ္ကူလာတဲ့တပ္မ ၄၄ လက္ေအာက္ခံ တပ္ရင္းတပ္ဖဲြ ့ျဖစ္တဲ့ခလရ ၈ ။ခမရ ၁၀၂ ။ခမရ ၂၀၇တပ္ရင္းေတြကုိ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္နဲ့ ျပည္သူ့ကာကြယ္ေရးပူးေပါင္းတပ္ဖဲြေတြက တိုက္ခိုက္ခဲ့တာေႀကာင္း ျပည္သူကာကြယ္ေရးတပ္ဖဲြ ကေခါင္းေဆာင္တဦးျဖစ္တဲ့ကုိေစာမြန္က ေျပာျပပါတယ္။


“ ျမ၀တီေ၀ၚေလကားလမ္းမမွာပဲ သံုးထပ္ေကြ့နဲ့သရက္တပင္ရြာႀကား က်တာက တပ္ရင္းမွူးကုိယ္တုိင္က်တယ္ စႏိုက္ပါနဲ့ေခ်ာင္းပစ္တာ စႏိုင္ပါနဲ့ေခ်ာင္းပစ္တာ တပ္ရင္းမူးက်တယ္ တျခား အရာရွိေတြလည္းက်တယ္ စႏိုက္ပါဆုိေတာ့ အရာရွိကုိပဲေရြးပစ္တာေလ ေကာ္ပရာစစ္ေႀကာင္းကပစ္တာ ပစ္ေတာ့ သူတို့အေလာင္းေတြ ကေတာ့အခုညထိရိွတုန္းပဲလာမေကာက္ေသးဘူး”

စစ္ေကာင္းစီဘက္က စစ္လက္နက္ခဲ့ယမ္းအေျမာက္အမ်ား ကိုသိမ္းဆည္းရမိေႀကာင္း ေကာ္ပရာစစ္ေႀကာင္း ကသတင္းထုတ္ျပန္ခဲ့ျပီး တုိက္ပဲြျဖစ္ျပီးတဲ့ေနာက္ စစ္ေကာင္းစီဘက္ကလည္း လက္နက္ႀကီးေတြနဲ့ျပန္လည္ပစ္ခဲ့တယ္လို့ဆိုပါတယ္ ေကာပရာစစ္ေႀကာင္းဘက္ကေတာ့ စစ္ေကာင္စီဘက္က အႀကမ္းအဖက္ အာဏာဖီဆန္CDM လုပ္လာမယ့္သူေတြကို ဆက္ျပီးႀကိဳဆုိေနတယ္လို့လည္း ကုိေစာမြန္ကဆိုပါတယ္။

“ေကာ္ပရာစစ္ေႀကာင္းကေတာ့ရပ္လုိက္တယ္ ဆက္မတိုးဘူး ေ၀ၚေလ ဗ်ဴဟာကုန္းက လက္နက္ႀကီးေတြနဲ့ လွမ္းပစ္တယ္ ၁၂၀ မမေတြနဲ့ပစ္တယ္ ဒီဘက္ကဆက္မတုိးဘူး မိုးခ်ဳပ္သြားတာလည္းပါတယ္ ေနာက္ျပီးေတာ့ CDM ေတြ၀င္လာဖို လမ္းေႀကာင္းဖြင့္ေပးထားတာလည္းပါတယ္ အမ်ားႀကိီဖိမတိုက္ဘူး”

ဇူလိုင္လ ၁၂ရက္ေန့မနက္ပုိင္းကျဖစ္ခဲ့တဲ့တုိက္ပဲြနဲ့ပတ္သက္လုိ့စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရိွေသးပါဘူး ။ျပီးခဲ့တဲ့ရက္ကေတာ့ စစ္ေကာင္စီရဲ့တပ္မ ၄၄ လက္ေအာက္ခံ တပ္ေတြထဲက တပ္သား ၅ဦးဟာေကအန္ယူထံခိုလွံုလာခဲ့ျပီး အာဏာဖီဆန္စီဒီအမ္လုပ္ခဲ့တဲ့အတြက္ ေကအန္ယူဘက္ကလည္း ဘက္ေျပာင္းလာသူေတြကိုႀကိဳဆုိခဲ့ပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေ၇းတပ္ ျပည္သူ့ကာကြယ္ေရးတပ္စတဲ့ပူးေပါင္းတပ္ဖဲြေတြဟာ ဇြန္လကုန္ကစျပီး ျမ၀တီခရိုင္ထဲမွာ တုိက္ပဲြေတြျပင္းထန္ခဲ့ျပီး စစ္ေကာင္စီဘက္ကေလေႀကာင္းကေန အႀကိမ္ႀကိမ္ဗံုးႀကဲတိုက္ခုိက္မူေတြ လုပ္ခဲ့ပါတယ္ရွင္။

##

တိုက္႐ိုက္ လင့္ခ္

မြဝတီနဲ့ ဝေါ်လေလမ်းမှာ စစ်ကောင်စီနဲ့ KNU တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ရွာကြားရှိ မြဝတီ, ဝေါ်လေသွား လမ်းမကြီးပေါ် မှာ KNLA တပ်ရင်း ၂၇နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲတွေ ပါဝင်တဲ့ ကော်ဘရာ စစ်ကြောင်းပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်မ၄၄ လက်အောက်ခံ တပ်ရင်းတပ်ဖွဲတွေဟာ ဇူလိုင်လ ၁၂ရက်နေ့ မနက်ပိုင်းကစပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတွေအကျအဆုံးများပြီး လက်နက်ခဲ့ယမ်းအများအပြားသိမ်းဆည်းမိကြောင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ် ကော်ပရာစစ်ကြောင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ, ဝေါ်လေသွား လမ်းမကြီးပေါ် မှာ KNLA တပ်ရင်း ၂၇ ပြည်သူကာ ကွယ်ရေးတပ်ဖွဲတွေ ပါဝင်တဲ့ ကော်ဘရာ စစ်ကြောင်းပူးပေါင်းအဖွဲတပ်ဖွဲ့တွေ နဲ့စစ်ကောင်စီတပ်မ၄၄ လက်အောက်ခံ တပ်ရင်းတပ်ဖွဲတွေဟာ ဇူလိုင်လ ၁၂ရက်နေ့ မနက်ပိုင်းကစပြီးတိုက်ပွဲတွေပြင်းထန်ခဲ့တာပါ ကရင်ပြည်နယ် မြဝတီခရိုင်ထဲကဥကရစ်ထစခန်းအတွက် မြေပြင်ကနေစစ်ကူလာတဲ့တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဖြစ်တဲ့ခလရ ၈ ။ခမရ ၁၀၂ ။ခမရ ၂၀၇တပ်ရင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲတွေက တိုက်ခိုက်ခဲ့တာကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ ကခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်က ပြောပြပါတယ်။


“ မြဝတီဝေါ်လေကားလမ်းမမှာပဲ သုံးထပ်ကွေ့နဲ့သရက်တပင်ရွာကြား ကျတာက တပ်ရင်းမှူးကိုယ်တိုင်ကျတယ် စနိုက်ပါနဲ့ချောင်းပစ်တာ စနိုင်ပါနဲ့ချောင်းပစ်တာ တပ်ရင်းမူးကျတယ် တခြား အရာရှိတွေလည်းကျတယ် စနိုက်ပါဆိုတော့ အရာရှိကိုပဲရွေးပစ်တာလေ ကော်ပရာစစ်ကြောင်းကပစ်တာ ပစ်တော့ သူတို့အလောင်းတွေ ကတော့အခုညထိရှိတုန်းပဲလာမကောက်သေးဘူး”

စစ်ကောင်းစီဘက်က စစ်လက်နက်ခဲ့ယမ်းအမြောက်အများ ကိုသိမ်းဆည်းရမိကြောင်း ကော်ပရာစစ်ကြောင်း ကသတင်းထုတ်ပြန်ခဲ့ပြီး တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်းစီဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခဲ့တယ်လို့ဆိုပါတယ် ကောပရာစစ်ကြောင်းဘက်ကတော့ စစ်ကောင်စီဘက်က အကြမ်းအဖက် အာဏာဖီဆန်CDM လုပ်လာမယ့်သူတွေကို ဆက်ပြီးကြိုဆိုနေတယ်လို့လည်း ကိုစောမွန်ကဆိုပါတယ်။

“ကော်ပရာစစ်ကြောင်းကတော့ရပ်လိုက်တယ် ဆက်မတိုးဘူး ဝေါ်လေ ဗျူဟာကုန်းက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ် ၁၂၀ မမတွေနဲ့ပစ်တယ် ဒီဘက်ကဆက်မတိုးဘူး မိုးချုပ်သွားတာလည်းပါတယ် နောက်ပြီးတော့ CDM တွေဝင်လာဖို လမ်းကြောင်းဖွင့်ပေးထားတာလည်းပါတယ် အများကြီဖိမတိုက်ဘူး”

ဇူလိုင်လ ၁၂ရက်နေ့မနက်ပိုင်းကဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး ။ပြီးခဲ့တဲ့ရက်ကတော့ စစ်ကောင်စီရဲ့တပ်မ ၄၄ လက်အောက်ခံ တပ်တွေထဲက တပ်သား ၅ဦးဟာကေအန်ယူထံခိုလှုံလာခဲ့ပြီး အာဏာဖီဆန်စီဒီအမ်လုပ်ခဲ့တဲ့အတွက် ကေအန်ယူဘက်ကလည်း ဘက်ပြောင်းလာသူတွေကိုကြိုဆိုခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ပူးပေါင်းတပ်ဖွဲတွေဟာ ဇွန်လကုန်ကစပြီး မြဝတီခရိုင်ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ကလေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်မူတွေ လုပ်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG