သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ တပ္သား ၅ ဦး KNU ထံခိုလႈံ


KNU ထံ ဘက္ေျပာင္းခိုလႈံလာတဲ့ ျမန္မာ တပ္မေတာ္သားမ်ား (Photo: KNLA ေကာ္ပရာစစ္ေၾကာင္း)

[[ ZAWGYI / UNICODE ]]

စစ္ေကာင္စီ တပ္သား ၅ ဦး KNU ထံခိုလႈံ

ထိုင္းျမန္မာနယ္စပ္ ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ဖလူးေဒသတဝိုက္နဲ႔ ဥကရစ္ထ စခန္းတိုက္ပြဲအတြက္ စစ္ကူလာတဲ့ စစ္ေကာင္စီ တပ္မ ၄၄ ၊ တပ္ရင္း ၁၀၂ က စစ္ေကာင္စီတပ္သား ၅ ေယာက္ ကရင္အမ်ိဳးသားအစည္းအ႐ုံး အဖြဲ႕ဘက္ကို ဘက္ေျပာင္း ခိုလႈံခဲ့ပါတယ္။ အားလုံးက လူငယ္ေတြျဖစ္ၿပီး အသက္မျပည့္ေသးတဲ့ ကေလးတဦး ပါဝင္တယ္လို႔ ကရင္လက္နက္ကိုင္ KNU က ေျပာပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ အေအးေအးမာက သတင္းေပးပို႔ထားပါတယ္။


စစ္ေကာင္စီ တပ္ေတြနဲ႔ KNU ကရင္ လက္နက္ကိုင္တပ္ အပါအဝင္ ပူးေပါင္းတပ္ေတြ တိုက္ပြဲျဖစ္ခဲ့တဲ့ ထိုင္းျမန္မာနယ္စပ္ ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ဖလူးေဒသ တဝိုက္နဲ႔ ဥကရစ္ထ စခန္းတိုက္ပြဲအတြက္ စစ္ကူလာတဲ့ စစ္ေကာင္စီ တပ္မ ၄၄ ၊ တပ္ရင္း ၁၀၂ က စစ္ေကာင္စီတပ္သား ၅ ေယာက္ ဟာ ၊ ဇူလိုင္လ ၉ ရက္ေန႔က အၾကမ္းမဖက္ အာဏာဖီဆန္ CDM လုပ္ၿပီး ေကအန္ယူထံကို ခိုလႈံလာခဲ့တာပါ။ ဒီထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးတဦး အပါအဝင္ အားလုံးက လူငယ္ေတြျဖစ္ေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ ဖဒိုေစာေတာနီးက အခုလိုေျပာပါတယ္။

" တိုက္ပြဲျဖစ္တယ္ ဆိုတာထက္ တိုက္ပြဲကေတာ့ ေတာက္ေလွ်ာက္ျဖစ္ေနတာပဲ သူတို႔ကေတာ့ အဆက္သြယ္လုပ္ၿပီး ေျပးလာၾကတာပဲ။ ၅ ဦးလုံးက လူငယ္ေတြပဲ အငယ္ဆုံးတေယာက္က အသက္ ၁၇ ႏွစ္ပဲ ရွိေသးတယ္၊ အသက္ ၁၈ ေတာင္မျပည့္ေသးဘူးေလ။"

CDM လုပ္သားတဲ့ တပ္သားေတြနဲ႔အတူ လက္နက္ေတြ ပါမပါ ဆိုတာကိုေတာ့ KNU က သတင္းထုတ္ျပန္ျခင္း မရွိေသးပါဘူး။ CDM လုပ္လာၾကတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကေတာ့ တပ္သား ေဇာ္ထက္ေအာင္၊ တပ္သား ေအာင္ေက်ာ္ထူး၊ တပ္သား ေအာင္ၿငိမ္းခ်မ္း၊ တပ္သား ေအာင္ေအာင္နဲ႔ တပ္သား ရဲျမင့္ျမတ္ တို႔ျဖစ္ၾကၿပီး သူတို႔ဟာ ရခိုင္ျပည္နယ္ မေကြးတိုင္း ကရင္ျပည္နယ္ေတြမွာ တာဝန္ ထမ္းေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔ဟာ မၾကာေသးခင္က တိုက္ပြဲျပင္းထန္ေနတဲ့ ဥကရစ္ထ စခန္းတိုက္ပြဲအတြက္ စစ္ကူအျဖစ္ ေရာက္ရွိလာၾကသူေတြ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္မွာ စစ္တပ္ကေန လက္နက္ကိုင္တိုင္းရင္းသား အဖြဲ႕ေတြဘက္ကို ဘက္ေျပာင္း ခိုလႈံၾကသူေတြ ရွိေနၿပီး ရာထူးအျမင့္ဆုံး ဗိုလ္မႉးႀကီးအဆင့္အထိ ရွိပါတယ္။ အခု KNU ဘက္ ခိုလႈံလာသူ ေတြအေနနဲ႔ ေကအန္ယူနဲ႔ ပူးေပါင္းၿပီး ျပန္လည္တိုက္ပြဲဝင္ဖို႔ အစီအစဥ္ ရွိမရွိဆိုတာကေတာ့ မသိရေသးေၾကာင္း၊ ဒါဟာ သူတို႔ရဲ႕ဆႏၵအတိုင္းသာ ဆုံးျဖတ္ရမွာျဖစ္ၿပီး လက္ရွိမွာေတာ့ သူတို႔ကို ေကအန္ယူက ေကာင္းေကာင္းမြန္မြန္ ဆက္ဆံၿပီး လုံၿခဳံတဲ့ေနရာမွာ ထားတယ္လို႔လည္း ဖဒိုေစာေတာနီးက ေျပာပါတယ္။

"အဲဒါကေတာ့ သူတို႔သေဘာထားေပၚမွာလည္း မူတည္တာပဲ။ က်ေနာ္တို႔ကေတာ့ ေကာင္းေကာင္းမြန္မြန္ ထားတယ္။ ေနာက္တဆင့္ကေတာ့ သူတို႔ဘာလုပ္ခ်င္လဲ အတူတူပဲ တိုက္ပြဲျပန္ဝင္ခ်င္လား ဆိုတာေတာ့ တဆင့္ခ်င္း ေမးရပါဦးမယ္။"

စစ္ေကာင္စီတပ္သားေတြဟာ ဇူလိုင္လ ၉ ရက္ညက ဒဏ္ရာရတဲ့ စစ္သားေတြကို ပို႔ေဆာင္ၿပီးတဲ့ေနာက္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္ဖြဲ႕ေတြနဲ႔ ဆက္သြယ္ကာ အာဏာဖီဆန္ၿပီးCDM လုပ္လာတာျဖစ္တဲ့အတြက္ ႀကိဳဆိုတယ္လို႔ KNU နဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြကလည္း ေျပာပါတယ္။ အခုဆိုရင္ စစ္တပ္အာဏာသိမ္းၿပီးကတည္းက အၾကမ္းမဖက္ အာဏာဖီဆန္ CDM လုပ္တဲ့ ရဲနဲ႔ စစ္သား ေထာင္နဲ႔ခ်ီ ရွိေနၿပီး အမ်ားအျပားဟာ အိႏၵိယႏိုင္ငံဘက္ကို ထြက္ေျပး ခိုလႈံခဲ့ၾကပါတယ္။

စစ္ေကာင္စီ တပ္သား ၅ ဦး KNU ထံခိုလႈံ
please wait

No media source currently available

0:00 0:03:08 0:00
တိုက္႐ိုက္ လင့္ခ္

=============

{{ UNICODE }}

စစ်ကောင်စီ တပ်သား ၅ ဦး KNU ထံခိုလှုံ

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင် ဖလူးဒေသတဝိုက်နဲ့ ဥကရစ်ထ စခန်းတိုက်ပွဲအတွက် စစ်ကူလာတဲ့ စစ်ကောင်စီ တပ်မ ၄၄ ၊ တပ်ရင်း ၁၀၂ က စစ်ကောင်စီတပ်သား ၅ ယောက် ကရင်အမျိုးသားအစည်းအရုံး အဖွဲ့ဘက်ကို ဘက်ပြောင်း ခိုလှုံခဲ့ပါတယ်။ အားလုံးက လူငယ်တွေဖြစ်ပြီး အသက်မပြည့်သေးတဲ့ ကလေးတဦး ပါဝင်တယ်လို့ ကရင်လက်နက်ကိုင် KNU က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် အအေးအေးမာက သတင်းပေးပို့ထားပါတယ်။


စစ်ကောင်စီ တပ်တွေနဲ့ KNU ကရင် လက်နက်ကိုင်တပ် အပါအဝင် ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင် ဖလူးဒေသ တဝိုက်နဲ့ ဥကရစ်ထ စခန်းတိုက်ပွဲအတွက် စစ်ကူလာတဲ့ စစ်ကောင်စီ တပ်မ ၄၄ ၊ တပ်ရင်း ၁၀၂ က စစ်ကောင်စီတပ်သား ၅ ယောက် ဟာ ၊ ဇူလိုင်လ ၉ ရက်နေ့က အကြမ်းမဖက် အာဏာဖီဆန် CDM လုပ်ပြီး ကေအန်ယူထံကို ခိုလှုံလာခဲ့တာပါ။ ဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတဦး အပါအဝင် အားလုံးက လူငယ်တွေဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပါတယ်။

" တိုက်ပွဲဖြစ်တယ် ဆိုတာထက် တိုက်ပွဲကတော့ တောက်လျှောက်ဖြစ်နေတာပဲ သူတို့ကတော့ အဆက်သွယ်လုပ်ပြီး ပြေးလာကြတာပဲ။ ၅ ဦးလုံးက လူငယ်တွေပဲ အငယ်ဆုံးတယောက်က အသက် ၁၇ နှစ်ပဲ ရှိသေးတယ်၊ အသက် ၁၈ တောင်မပြည့်သေးဘူးလေ။"

CDM လုပ်သားတဲ့ တပ်သားတွေနဲ့အတူ လက်နက်တွေ ပါမပါ ဆိုတာကိုတော့ KNU က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ CDM လုပ်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ တပ်သား ဇော်ထက်အောင်၊ တပ်သား အောင်ကျော်ထူး၊ တပ်သား အောင်ငြိမ်းချမ်း၊ တပ်သား အောင်အောင်နဲ့ တပ်သား ရဲမြင့်မြတ် တို့ဖြစ်ကြပြီး သူတို့ဟာ ရခိုင်ပြည်နယ် မကွေးတိုင်း ကရင်ပြည်နယ်တွေမှာ တာဝန် ထမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ မကြာသေးခင်က တိုက်ပွဲပြင်းထန်နေတဲ့ ဥကရစ်ထ စခန်းတိုက်ပွဲအတွက် စစ်ကူအဖြစ် ရောက်ရှိလာကြသူတွေ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ စစ်တပ်ကနေ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေဘက်ကို ဘက်ပြောင်း ခိုလှုံကြသူတွေ ရှိနေပြီး ရာထူးအမြင့်ဆုံး ဗိုလ်မှူးကြီးအဆင့်အထိ ရှိပါတယ်။ အခု KNU ဘက် ခိုလှုံလာသူ တွေအနေနဲ့ ကေအန်ယူနဲ့ ပူးပေါင်းပြီး ပြန်လည်တိုက်ပွဲဝင်ဖို့ အစီအစဉ် ရှိမရှိဆိုတာကတော့ မသိရသေးကြောင်း၊ ဒါဟာ သူတို့ရဲ့ဆန္ဒအတိုင်းသာ ဆုံးဖြတ်ရမှာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ကို ကေအန်ယူက ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး လုံခြုံတဲ့နေရာမှာ ထားတယ်လို့လည်း ဖဒိုစောတောနီးက ပြောပါတယ်။

"အဲဒါကတော့ သူတို့သဘောထားပေါ်မှာလည်း မူတည်တာပဲ။ ကျနော်တို့ကတော့ ကောင်းကောင်းမွန်မွန် ထားတယ်။ နောက်တဆင့်ကတော့ သူတို့ဘာလုပ်ချင်လဲ အတူတူပဲ တိုက်ပွဲပြန်ဝင်ချင်လား ဆိုတာတော့ တဆင့်ချင်း မေးရပါဦးမယ်။"

စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင်လ ၉ ရက်ညက ဒဏ်ရာရတဲ့ စစ်သားတွေကို ပို့ဆောင်ပြီးတဲ့နောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့တွေနဲ့ ဆက်သွယ်ကာ အာဏာဖီဆန်ပြီးCDM လုပ်လာတာဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကလည်း ပြောပါတယ်။ အခုဆိုရင် စစ်တပ်အာဏာသိမ်းပြီးကတည်းက အကြမ်းမဖက် အာဏာဖီဆန် CDM လုပ်တဲ့ ရဲနဲ့ စစ်သား ထောင်နဲ့ချီ ရှိနေပြီး အများအပြားဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

XS
SM
MD
LG