သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြန်မာနယ်စပ် လုံခြုံရေးတိုးမြှင့်


ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့အနီးက ထိုင်းတပ်သား
ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့အနီးက ထိုင်းတပ်သား

ထိုင်းမြန်မာနယ်စပ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့တပ်ဖွဲတွေကို ဇွန်လ ၃၀ ရက်နေ့က မြန်မာစစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီရဲ့ လေယာဉ်တစီး ထိုင်းလေကြောင်းပိုင်နက်ထဲကို နယ်ကျော်ဝင်ရောက်လာတဲ့အတွက် ထိုင်းအာဏာပိုင်တွေက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သလို ထိုင်းမြန်မာ နယ်စပ်မှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချနေတယ်လို့ သောကြာနေ့မှာပဲ ထိုင်းကာကွယ်ရေး ဒုတိယဝန်ကြီး Chaichan Changmongkol က ထိုင်းလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေရဲ့တိုက်ပွဲတွေအတွင်းမှာ မြန်မာဘက်က တိုက်လေယဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မူတွေလုပ်ခဲ့တာ ဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ လေယာဉ်တစင်းကတော့ ထိုင်း မြန်မာနယ်စပ် ထိုင်းနယ်နမိတ်ဖြစ်တဲ့ ဖွတ်ဖရ မြိုနယ်ထဲက ကျေးရွာပေါ်ကို ပျံသန်းခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီး ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ကတော့ ခုလို လေကြောင်းကနယ်ကျော်မှုအတွက် မြန်မာဖက်က တောင်းပန်ခဲ့ကြောင်းနဲ့ သူ့အနေနဲ့ အလေးအနက်ကိစ္စအဖြစ် သဘောမထားကြောင်း ပြောဆိုခဲ့တာပါ။

ဒီနောက်မှာတော့ ဇူလိုင်လ၈ရက်နေ့မှာ ထိုင်းလွှတ်တော်ထဲမှာ လွှတ်တော်အမတ်တွေက ထိုင်းဝန်ကြီးချုပ်ကိုမေးခွန်းထုတ်ခဲ့တာကြောင့် ကာကွယ်ရေးဒုတိယဝန်ကြီး Chaichan Changmongkol က ခုလို နယ်ကျော်ပြီးလေယာဉ်ပျံသန်းခဲ့တာနဲပတ်သက်လို့ မြန်မာသံအမတ်ကြီးကိုဆင့်ခေါ်ခဲ့သလို နယ်စပ်မှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း တင်ပြခဲ့တာ တွေ့ရတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့က ဦးမင်းဦးက VOA ကို ခုလိုပြောပြပါတယ်။

"ဝန်ကြီးချုပ်ကိုလွှတ်တော်အမတ်က မေးခွန်းထုတ်တယ် ဒီတိုင်းရင်းသားလက်နက်ကိုင်တွေကို မြန်မာစစ်တပ်က လေယာဉ်နဲ့ တိုက်ခိုက်တဲ့ကိစ္စမှာ ပူးပေါင်းပါဝင်မူ့ရှိမရှိမေးခွန်းထုတ်တယ်။ မေးတယ်။ အခုလို ကျူးကျော်ဝင်ရောက်လာတဲ့ ကိစ္စကို ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုသဘောတူညီမူ့ရထားသလဲ။ ထိုင်းအစိုးရအနေနဲ့ ဘာတွေသဘောတူညီမူ့ရထားသလဲ ဘာတွေလုပ်ထားသလဲ မေးတယ်။ ထိုင်းဝန်ကြီးချု့ပ်ကိုယ်စား ကာကွယ်ရေးဒုဝန်ကြီးကဖြေတယ်။ သူက ၂နိုင်ငံ နိုင်ငံခြာရေးဌာနကတဆင့် ဆွေးနွေးထားတယ်။ ပြီးတော့မြန်မာဘက်ကလည်း တောင်းပန်ထားတယ်ဆိုတာကို မေးခွန်းထုတ်တဲ့ လွှတ်တော်အမတ်တွေကို ပြန်ဖြေထားတယ်။ ရှင်းပြတယ်။ ကျူးကျော်တာနဲ့ ပတ်သက်ပြီး မြန်မာသံအမတ်ကြီးကိုဆင့်ခေါ်တယ်ပေါ့နော်။ ဒီကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းပေးဖို့ပေါ့။ ဒုကာကွယ်ရေးဝန်ကြီး ကလည်း အဲဒါကိုရှင်းတာပေါ့"

ထိုင်းနယ်နမိတ်ကိုကျော်ပြီး မြန်မာစစ်တပ်က လေယာဉ်ပျံသန်းခဲ့တဲ့အပေါ်မှာ မြန်မာနဲ့ နယ်စပ်မှာ လေယာဉ်မပျံသန်းရဇုံအဖြစ် သတ်မှတ်ဖို့ လူ့အခွင့်ရေးလှုပ်ရှားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ Campaign for Popular Democracy (CPD) အတွင်းရေးမှူးချုပ်ကလည်း တောင်းဆိုထားပါတယ်။ မြန်မာစစ်တပ်က ထိုင်းနိုင်ငံ အချုပ်အခြာအာဏာကို ထိပါးတာမျိုးကိုလည်း လက်မခံဖို့ကိုလည်း ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံရေးလောကမှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်းအစိုးရက မြန်မာစစ်ကောင်စီနဲ့ပူးပေါင်းလုပ်ဆောင်တာရှိမရှိ မေးခွန်းထုတ်တာ ခံခဲ့ရပါတယ်။ နယ်စပ်မှာ ဒါမျိုးနောက်မဖြစ်စေရဘူးလို့ ထိုင်းကာကွယ်ရေးဒုဝန်ကြီးက တုံ့ပြန်ပြောဆို ခဲ့ကြောင်လည်း းအခုလိုဆက်ပြောပြပါတယ်။


"ဒုကာကွယ်ရေးဝန်ကြီးကလည်း အဲဒါကိုရှင်းတာပေါ့။ သူတို့အနေနဲ့ပူးပေါင်းတာမဟုတ်ဘူးပေါ့။ လောလောဆည်တော့ ဒီဘက်ခြမ်းမှာ နောက်တကြိမ်ဒါမျိုးမဖြစ်အောင်လို့၊ အစိုးရအနေနဲ့ အထူးစောင့်ကြပ် ကြည့်ရူ့နေတယ်ဆိုတဲ့ အကြောင်းကို လေတပ်ကော နယ်ခြားစောင့်တပ်တွေကကော စောင့်ကြပ်နေတယ်။ ဒါမျိုး နောက်ထပ်အဖြစ်မခံဘူး ဆိုတာမျိုးတော့ပြောတယ်ဓ

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ နယ်စပ်မှာ F16 တိုက်လေယာဉ်၂စီးနဲ့ ကင်းလှည့်နေတယ်လို့ ထိုင်းကာကွယ်ရေးဒုဝန်ကြီးက ဖြေရှင်းသွားခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေရဲ့နှစ်ဖက်တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူ့လုပ်ခဲ့သလို KNU ဘက်ကလည်းစစ်ကောင်စီရဲ့စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် လုပ်ဆောင်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲတွေအတွင်း လေကြောင်း တိုက်ခိုက်တာကြောင့်ကော လက်နက်ကြီးကျည်ဆံတွေပါ ကျရောက်ပေါက်ကွဲတဲ့အတွက်ပါ အရပ်သားတွေ သေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိခဲ့ပြီး ထိုင်းနိုင်ငံဘက်ကို ရာနဲ့ချီရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း ထွက်ပြေးခိုလှုံခဲ့ရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Unicode










XS
SM
MD
LG