သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္နက္ႀကီးေၾကာင့္ ဇြန္လအတြင္း ကရင္အရပ္သား၁၂ဦးေသဆုံး


ေျမျမဳပ္မႈိင္းထိထားသူႏွင့္ ေျမျမဳပ္မႈိင္း (Reuters/Karen News)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ KNU ထိန္းခ်ဳပ္ေဒသေတြမွာ စစ္ေကာင္စီနဲ႔ နယ္ျခားေစာင့္ BGF တပ္ေတြရဲ႕ လက္နက္ႀကီး ပစ္ခတ္မႈေတြေၾကာင့္ ဇြန္လ တလတည္းမွာတင္ အရပ္သား ၁၂ေယာက္ေသဆုံးၿပီး၊ ၁၅ေယာက္ ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံးက ေျပာပါတယ္။ ဒီပစ္ခတ္မႈေတြေၾကာင့္ အရပ္သားေနအိမ္ အမ်ားအျပားလည္း မီးေလာင္၊ ပ်က္စီးခဲ့တာပါ။ အလားတူပဲ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းမွာလည္း ၿပီးခဲ့တဲ့ ဇြန္လတလတည္းမွာတင္ ႏွစ္ဘက္ပစ္ခတ္မႈေတြၾကားမွာ အရပ္သားထိခိုက္၊ ေသဆုံးမႈေတြ ရွိခဲ့ပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ ဒီသတင္း ကိုသိန္းထိုက္ဦး ေျပာျပပါမယ္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU အုပ္ခ်ဳပ္နယ္ေျမေတြျဖစ္တဲ့ သထုံခ႐ိုင္၊ ေတာင္ငူခ႐ိုင္၊ ေညာင္ေလးပင္ခ႐ိုင္၊ ဘိတ္ထားဝယ္ခ႐ိုင္၊ မူေၾတာ္ခ႐ိုင္၊ ဒူးပလာယာခ႐ိုင္ေတြမွာ ၿပီးခဲ့တဲ့ဇြန္လကေန အခုဇူလိုင္လအထိ တိုက္ပြဲေတြဆက္တိုက္ရွိေနၿပီး အရပ္သားထိခိုက္၊ ေသဆုံးမႈေတြ ရွိေနတယ္လို႔ KNU ကထုတ္ျပန္ထားပါတယ္။

ဒီနယ္ေျမေတြမွာ စစ္ေကာင္စီနဲ႔ BGF တပ္ဖြဲ႕ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ဇြန္လတလတည္းမွာတင္ အရပ္သား ၁၂ေယာက္ေသဆုံးၿပီး၊ ၁၅ေယာက္ဒဏ္ရာရခဲ့တယ္လို႔ KNU ဘက္ကေျပာပါတယ္။ ဒါ့အျပင္ အရပ္သားေနအိမ္ ၇၅လုံး လက္နက္ႀကီး ထိမွန္ခဲ့ၿပီး ေနအိမ္ ၆၁ လုံးကိုလည္း စစ္ေကာင္စီနဲ႔ နယ္ျခားေစာင့္တပ္ေတြက မီးရႈိ႕ခဲ့တယ္လို႔ KNU ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ဒီရက္ပိုင္းထဲမွာ ေလေၾကာင္းတိုက္ခိုက္မႈေတြကို စစ္ေကာင္စီဘက္က ပိုလုပ္လာတဲ့အတြက္ ေသဆုံးမႈေတြလည္း ထပ္ၿပီးရွိလာတယ္လို႔ ကရင္လူ႔အခြင့္အေရးအဖြဲ႕ KHRG ေျပာခြင့္ရ ေစာနႏၵဆူးက ဗြီအိုေအကို ေျပာပါတယ္။ ေနရာအႏွံ႔မွာ တိုက္ပြဲေတြရွိေနတဲ့အတြက္ အရပ္သား ထိခိုက္၊ ေသဆုံးရတဲ့ အေရအတြက္ အတိအက်ကို ဆန္းစစ္ဖို႔က ခက္ခဲေနတယ္လို႔ သူကေျပာပါတယ္။

" ဇူလိုင္ ၁ရက္မွာလည္း ေလေၾကာင္းတိုက္ခိုက္မႈေတြ ဆက္ၿပီးျဖစ္ပြားတယ္ေပါ့ အဲဒီမွာ ေဒသခံ၂ေယာက္ ေသဆုံးသြားတယ္၊ သုံးေယာက္ ဒဏ္ရာရတယ္။ ေနာက္ဇူလိုင္၂ရက္မွာလည္း ေဒသခံေနာက္ထပ္ ၄ေယာက္ ကေလးငယ္လည္း ပါတယ္ေပါ့ ဒဏ္ရာရတယ္။ ဆိုေတာ့ အခုအခ်ိန္မွာေတာ့ (ကရင္ျပည္နယ္ထဲမွာ) စစ္ေရးတင္းမွာမႈေတြက ဆက္ၿပီးျဖစ္ပြားေနတုန္းပဲ။ ႐ြာသားေတြလည္း ႐ြာလုံးကြၽတ္ အခုဆိုရင္ ေထာင္ေသာင္းခ်ီတဲ့ေဒသခံေတြ ထြက္ေျပး၊ တိမ္းေရွာင္ေနရတာေပါ့။"

ေျမျမႇဳပ္မိုင္းေၾကာင့္လည္း ကယားျပည္နယ္ထဲမွာ အရပ္သားထိခိုက္၊ ေသဆုံးမႈေတြ ရွိေနတာပါ။ ဇြန္လ ၂၁ရက္က ဥခူးရီေက်း႐ြာ တခုတည္းမွာတင္ စစ္ေကာင္စီေထာင္ထားတဲ့ မိုင္း ၁၈လုံးကို ေတြ႕ခဲ့ရတယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF ဘက္က ထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီတပ္ေတြ စြန႔္ခြာသြားတဲ့ ေက်း႐ြာေတြမွာ ေျမျမႇဳပ္မိုင္းေတြရွိေနတဲ့အတြက္ ဒီေက်း႐ြာေတြကို ျပန္သြားတဲ့ ေဒသခံေတြက ေျမျမႇဳပ္မိုင္းေၾကာင့္ အသက္ဆုံးရႈံးမႈေတြ ရွိေနပါတယ္။ ေျမျမႇဳပ္မိုင္းေတြနဲ႔ပတ္သက္လို႔ နယ္ေျမတပ္ခြဲေတြကတဆင့္ လူထုကိုအသိ ေပးေနရတယ္လို႔ KNDF ရဲ႕ သတင္းျပန္ၾကားေရး တာဝန္ရွိသူက ဗြီအိုေအကို ေျပာပါတယ္။

" စစ္ေရွာင္ရတာ ကာလအရမ္း ၾကာလာတဲ့အခါမွာ တခ်ိဳ႕က တိုက္ပြဲနည္းနည္းၿငိမ္ေနတယ္ ဒါေပမဲ့ စကစကေတာ့ ရွိေတာ့ရွိေနတယ္ေပါ့ သူတို႔႐ြာေတြနားမွာ ေျခကုပ္ယူထားတယ္ ဒါေပမဲ့ အရဲစြန႔္ၿပီးေတာ့ အိမ္ကိုရိကၡာျပန္ယူတာမ်ိဳး၊ ၿပီးရင္ ခဏျပန္တာမ်ိဳးေပါ့ အဲလိုမ်ိဳး လုပ္တဲ့အခါမ်ိဳးမွာ စကစရဲ႕မိုင္းေတြ ထိသြားတာမ်ားတယ္ေပါ့။ သူတို႔ေျခကုပ္ယူထားတဲ့ ေနရာေတြ အကုန္လုံးနီးပါးေလာက္မွာ မိုင္းကြင္းေတြ ျဖစ္ေနတယ္။"

ကယားျပည္နယ္ (ကရင္နီေဒသ) မွာေတာ့ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ရက္ကေန အခုႏွစ္ဇြန္လ ၃၁ရက္အထိ တိုက္ပြဲေပါင္း ၃၆၀ေက်ာ္ျဖစ္ပြားခဲ့ၿပီး အရပ္သား ၂၄၁ေယာက္ ေသဆုံးခဲ့တယ္လို႔ တိုးတက္ေသာ ကရင္နီ ျပည္သူ႔အင္အားစု PKPF ကထုတ္ျပန္ထားပါတယ္။ ဘာသာေရးအေဆာက္အဦ ၂၂လုံး၊ အိမ္ေျခ ၁,၁၂၁လုံး ပ်က္စီးခဲ့ၿပီး ဖမ္းဆီခံရတဲ့အရပ္သားက ၂၅၃ေယာက္ရွိတယ္လို႔ PKPF ရဲ႕သတင္းျပန္ၾကားေရးဘက္က ထုတ္ျပန္ထားတာပါ။

ဒီရက္ပိုင္းထဲမွာပဲ ခ်င္းျပည္နယ္၊ မင္းတပ္နဲ႔ မတူပီၿမိဳ႕ၾကားက ေက်း႐ြာတခ်ိဳ႕ကို စစ္ေကာင္စီက ေလေၾကာင္းကေနပစ္ခတ္ခဲ့လို႔ အရပ္သား ၃ဦးေသဆုံးခဲ့တယ္လို႔ ခ်င္းအရပ္ဘက္အဖြဲ႕တခ်ိဳ႕က ထုတ္ျပန္ထားပါတယ္။ အဲဒီေက်း႐ြာက စစ္ေရွာင္စခန္းေတြမွာ ကေလးနဲ႔သက္ႀကီး႐ြယ္အိုေတြ အပါအဝင္ လူဦးေရ ၇၀၀ ေလာက္ ခိုလႈံေနၾကတာပါ။

ေလယာဥ္ေပၚကေန ဒုံးက်ည္၁၁လုံး ပစ္ခတ္ခဲ့တယ္လို႔ ေက်း႐ြာေဒသခံေတြကို ကိုးကားၿပီး ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ CHRO က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

ကရင်ပြည်နယ် KNU ထိန်းချုပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့် BGF တပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဇွန်လ တလတည်းမှာတင် အရပ်သား ၁၂ယောက်သေဆုံးပြီး၊ ၁၅ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ပြောပါတယ်။ ဒီပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ် အများအပြားလည်း မီးလောင်၊ ပျက်စီးခဲ့တာပါ။ အလားတူပဲ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာလည်း ပြီးခဲ့တဲ့ ဇွန်လတလတည်းမှာတင် နှစ်ဘက်ပစ်ခတ်မှုတွေကြားမှာ အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်း ကိုသိန်းထိုက်ဦး ပြောပြပါမယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူးပလာယာခရိုင်တွေမှာ ပြီးခဲ့တဲ့ဇွန်လကနေ အခုဇူလိုင်လအထိ တိုက်ပွဲတွေဆက်တိုက်ရှိနေပြီး အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

ဒီနယ်မြေတွေမှာ စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဇွန်လတလတည်းမှာတင် အရပ်သား ၁၂ယောက်သေဆုံးပြီး၊ ၁၅ယောက်ဒဏ်ရာရခဲ့တယ်လို့ KNU ဘက်ကပြောပါတယ်။ ဒါ့အပြင် အရပ်သားနေအိမ် ၇၅လုံး လက်နက်ကြီး ထိမှန်ခဲ့ပြီး နေအိမ် ၆၁ လုံးကိုလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက မီးရှို့ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီရက်ပိုင်းထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီဘက်က ပိုလုပ်လာတဲ့အတွက် သေဆုံးမှုတွေလည်း ထပ်ပြီးရှိလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ဗွီအိုအေကို ပြောပါတယ်။ နေရာအနှံ့မှာ တိုက်ပွဲတွေရှိနေတဲ့အတွက် အရပ်သား ထိခိုက်၊ သေဆုံးရတဲ့ အရေအတွက် အတိအကျကို ဆန်းစစ်ဖို့က ခက်ခဲနေတယ်လို့ သူကပြောပါတယ်။

" ဇူလိုင် ၁ရက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ပြီးဖြစ်ပွားတယ်ပေါ့ အဲဒီမှာ ဒေသခံ၂ယောက် သေဆုံးသွားတယ်၊ သုံးယောက် ဒဏ်ရာရတယ်။ နောက်ဇူလိုင်၂ရက်မှာလည်း ဒေသခံနောက်ထပ် ၄ယောက် ကလေးငယ်လည်း ပါတယ်ပေါ့ ဒဏ်ရာရတယ်။ ဆိုတော့ အခုအချိန်မှာတော့ (ကရင်ပြည်နယ်ထဲမှာ) စစ်ရေးတင်းမှာမှုတွေက ဆက်ပြီးဖြစ်ပွားနေတုန်းပဲ။ ရွာသားတွေလည်း ရွာလုံးကျွတ် အခုဆိုရင် ထောင်သောင်းချီတဲ့ဒေသခံတွေ ထွက်ပြေး၊ တိမ်းရှောင်နေရတာပေါ့။"

မြေမြှုပ်မိုင်းကြောင့်လည်း ကယားပြည်နယ်ထဲမှာ အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေတာပါ။ ဇွန်လ ၂၁ရက်က ဥခူးရီကျေးရွာ တခုတည်းမှာတင် စစ်ကောင်စီထောင်ထားတဲ့ မိုင်း ၁၈လုံးကို တွေ့ခဲ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဘက်က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်တွေ စွန့်ခွာသွားတဲ့ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေရှိနေတဲ့အတွက် ဒီကျေးရွာတွေကို ပြန်သွားတဲ့ ဒေသခံတွေက မြေမြှုပ်မိုင်းကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ မြေမြှုပ်မိုင်းတွေနဲ့ပတ်သက်လို့ နယ်မြေတပ်ခွဲတွေကတဆင့် လူထုကိုအသိ ပေးနေရတယ်လို့ KNDF ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

" စစ်ရှောင်ရတာ ကာလအရမ်း ကြာလာတဲ့အခါမှာ တချို့က တိုက်ပွဲနည်းနည်းငြိမ်နေတယ် ဒါပေမဲ့ စကစကတော့ ရှိတော့ရှိနေတယ်ပေါ့ သူတို့ရွာတွေနားမှာ ခြေကုပ်ယူထားတယ် ဒါပေမဲ့ အရဲစွန့်ပြီးတော့ အိမ်ကိုရိက္ခာပြန်ယူတာမျိုး၊ ပြီးရင် ခဏပြန်တာမျိုးပေါ့ အဲလိုမျိုး လုပ်တဲ့အခါမျိုးမှာ စကစရဲ့မိုင်းတွေ ထိသွားတာများတယ်ပေါ့။ သူတို့ခြေကုပ်ယူထားတဲ့ နေရာတွေ အကုန်လုံးနီးပါးလောက်မှာ မိုင်းကွင်းတွေ ဖြစ်နေတယ်။"

ကယားပြည်နယ် (ကရင်နီဒေသ) မှာတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကနေ အခုနှစ်ဇွန်လ ၃၁ရက်အထိ တိုက်ပွဲပေါင်း ၃၆၀ကျော်ဖြစ်ပွားခဲ့ပြီး အရပ်သား ၂၄၁ယောက် သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ထားပါတယ်။ ဘာသာရေးအဆောက်အဦ ၂၂လုံး၊ အိမ်ခြေ ၁,၁၂၁လုံး ပျက်စီးခဲ့ပြီး ဖမ်းဆီခံရတဲ့အရပ်သားက ၂၅၃ယောက်ရှိတယ်လို့ PKPF ရဲ့သတင်းပြန်ကြားရေးဘက်က ထုတ်ပြန်ထားတာပါ။

ဒီရက်ပိုင်းထဲမှာပဲ ချင်းပြည်နယ်၊ မင်းတပ်နဲ့ မတူပီမြို့ကြားက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်ခဲ့လို့ အရပ်သား ၃ဦးသေဆုံးခဲ့တယ်လို့ ချင်းအရပ်ဘက်အဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။ အဲဒီကျေးရွာက စစ်ရှောင်စခန်းတွေမှာ ကလေးနဲ့သက်ကြီးရွယ်အိုတွေ အပါအဝင် လူဦးရေ ၇၀၀ လောက် ခိုလှုံနေကြတာပါ။

လေယာဉ်ပေါ်ကနေ ဒုံးကျည်၁၁လုံး ပစ်ခတ်ခဲ့တယ်လို့ ကျေးရွာဒေသခံတွေကို ကိုးကားပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG