သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဗံုးသံ၊ ေသနတ္သံလႊမ္းတဲ့ ကရင္ေဒသ သၾကၤန္ကာလ


ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ထဲက သႀကၤန္ေရကစားမ႑ပ္တခု။ (ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္အတြင္း မဟာသႀကၤန္ အတက္ေန႔က ေနရာ ၅ ေနရာမွာ ဗံုးေပါက္ကဲြမႈ ျဖစ္ခဲ့သလို ကရင္နဲ႔ မြန္နယ္စပ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ထဲမွာလည္း ပစ္ခတ္မႈေတြ ျဖစ္ခဲ့ပါတယ္။ ပစ္ခတ္မႈအတြင္း ေသဆံုးမႈေတြ ရွိတယ္လို႔လည္း ဆုိပါတယ္။ ဘားအံၿမိဳ႕အတြင္းမွာ ေပါက္ကဲြမႈေတြ ျဖစ္ခဲ့ၿပီးတဲ့ ေနာက္တရက္ျဖစ္တဲ့ ႏွစ္ဆန္း ၁ ရက္ေန႔မွာေတာ့ ဘားအံၿမိဳ႕ အဝင္အထြက္ေတြမွာ စစ္ေဆးမႈေတြ ရွိပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္အတြင္းမွာ စစ္ေကာင္စီဘက္က မဟာသႀကၤန္ကာလ လူစည္ကားဖို႔အတြက္ သႀကၤန္ပဲြေတာ္ေတြ၊ ေရကစားမ႑ပ္ေတြ လုပ္ခဲ့ေပမဲ့ ေဒသခံ လူထုေတြကေတာ့ ႏိုင္ငံအတြင္း မၿငိမ္သက္မႈေတြေၾကာင့္ ဒီႏွစ္သႀကၤန္မွာ ေရကစားတာေတြ သိပ္မလုပ္ၾကပါဘူး။ သႀကၤန္ကာလမွာေတာ့ တိုင္းနဲ႔ ျပည္နယ္ တခ်ိဳ႕မွာလည္း ေပါက္ပဲြမႈေတြ ျဖစ္ေနၿပီး ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္နဲ႔ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ထဲမွာ သႀကၤန္အတက္ေန႔က ေနရာ ၅ ေနရာမွာ ေပါက္ကဲြမႈေတြ ျဖစ္ခဲ့သလို ပစ္ခတ္မႈေတြ ျဖစ္ခဲ့ေၾကာင္း ကရင္ျပည္နယ္ထဲ အေျခအေနနဲ႔ ပတ္သက္လို႔ ကရင္သတင္းစဥ္ရဲ႕ တာဝန္ခံအယ္ဒီတာ ေစာသိန္းျမင့္က အခုလိုေျပာျပပါတယ္။

“သႀကၤန္အတက္ ဧၿပီလ ၁၆ ရက္ေန႔က ၅ ေနရာေလာက္ ေပါက္ကြဲမႈ ျဖစ္ပါတယ္။ ၅ ႀကိမ္ျဖစ္ပါတယ္။ ဘားအံၿမိဳ႕မွာ ျဖစ္ပါတယ္။ ဘယ္ေနရာမွာျဖစ္လဲဆိုေတာ့ ဘားအံ တုိင္းရင္းေဆး႐ုံ အေနာက္လမ္းရယ္၊ ၿမိဳင္ကေလး ဘိလပ္ေျမစက္႐ုံ ျမစ္ေရတင္တြန္းစက္ အဲဒီေနရာတေနရာရယ္၊ အိႏၵဳတိုက္နယ္ ရဲစခန္းေနရာေတြမွာ ၅ ႀကိမ္ေလာက္ ေပါက္ကဲြမႈျဖစ္တယ္။ ကရင္ျပည္နယ္ထဲမွာေတာ့ ႏွစ္ဆန္း ၁ ရက္အထိေတာ့ ဘားအံၿမိဳ႕နယ္ထဲမွာပဲ ေပါက္ကဲြမႈျဖစ္တယ္။ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္ နယ္စပ္ ေခ်ာင္းႏွစ္ခြတံတားမွာလည္း ပစ္ခတ္မႈျဖစ္တယ္။ တံတားေစာင့္တဲ့ လံုၿခံဳေရးအဖဲြ႔ဝင္ ၅ ဦးလည္း ေသသြားတယ္။ သႀကၤန္အတက္ေန႔မွာ ျဖစ္တာေပါ့ေလ။ BGF ကင္းစခန္း တိုက္ခိုက္ခံရမႈေပါ့။”

ကရင္ျပည္နယ္အတြင္း မဟာသႀကၤန္ကာလမွာပဲ စစ္ေကာင္စီတပ္ေတြနဲ႔ ေကအန္ယူ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ (KNLA) နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) ပူးေပါင္းတပ္ဖဲြ႔ေတြၾကားမွာလည္း တိုက္ပဲြေတြ ျပင္းထန္ေနပါတယ္။ ကရင္ျပည္နယ္ ျမဝတီခ႐ုိင္ ေလးေက့ေကာ္နဲ႔ ေကာ့ကရိတ္ေတာင္ဘက္ ကရင္ျပည္နယ္ ဖာပြန္ခ႐ုိင္ဘက္နဲ႔ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ဘက္မွာလည္း တိုက္ပဲြေတြ ေန႔စဥ္နီးပါး ရွိေနတယ္လို႔ ေစာသိန္းျမင့္က ေျပာပါတယ္။

“ပစ္ခတ္မႈေတြကေတာ့ ႀကိဳးၾကားႀကိဳးၾကား ေနရာအေတာ္မ်ားမ်ားမွာ ျဖစ္တယ္။ ေကာ့ကရိတ္တုိ႔ ၾကာအင္းဆိပ္ႀကီးတို႔ ဖာပြန္ေဒသတုိ႔မွာျဖစ္တယ္။ တိုက္ပဲြကေတာ့ ျဖစ္တာေပါ့ေနာ္။”

ကရင္ျပည္နယ္ ဘားအံၿမိဳ႕မွာ သႀကၤန္အတက္ေန႔က ေနရာ ၅ ခုေလာက္မွာ ဗံုးေပါက္ကြဲမႈေတြ ျဖစ္ပြားၿပီးတဲ့ ေနာက္တရက္ျဖစ္တဲ့ ႏွစ္ဆန္း ၁ ရက္ေန႔မွာေတာ့ ကရင္ျပည္နယ္အတြင္းက သံလြင္တံတားနဲ႔ ဘားအံၿမိဳ႕ အဝင္အထြက္ေနရာေတြကို စစ္ေကာင္စီဘက္က ပိတ္ဆို႔ရွာေဖြ စစ္ေဆးမႈေတြ ပုိလုပ္လာတယ္လို႔လည္း ေဒသခံေတြက ေျပာဆုိခဲ့ပါတယ္။

ဗံုးသံ၊ ေသနတ္သံလႊမ္းတဲ့ ကရင္ေဒသ သၾကၤန္ကာလ
please wait

No media source currently available

0:00 0:02:52 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ဗုံးသံ၊ သေနတ်သံလွှမ်းတဲ့ ကရင်ဒေသ သင်္ကြန်ကာလ

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း မဟာသင်္ကြန် အတက်နေ့က နေရာ ၅ နေရာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သလို ကရင်နဲ့ မွန်နယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာလည်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း သေဆုံးမှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ ဘားအံမြို့အတွင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်တရက်ဖြစ်တဲ့ နှစ်ဆန်း ၁ ရက်နေ့မှာတော့ ဘားအံမြို့ အဝင်အထွက်တွေမှာ စစ်ဆေးမှုတွေ ရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီဘက်က မဟာသင်္ကြန်ကာလ လူစည်ကားဖို့အတွက် သင်္ကြန်ပွဲတော်တွေ၊ ရေကစားမဏ္ဍပ်တွေ လုပ်ခဲ့ပေမဲ့ ဒေသခံ လူထုတွေကတော့ နိုင်ငံအတွင်း မငြိမ်သက်မှုတွေကြောင့် ဒီနှစ်သင်္ကြန်မှာ ရေကစားတာတွေ သိပ်မလုပ်ကြပါဘူး။ သင်္ကြန်ကာလမှာတော့ တိုင်းနဲ့ ပြည်နယ် တချို့မှာလည်း ပေါက်ပွဲမှုတွေ ဖြစ်နေပြီး ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ သင်္ကြန်အတက်နေ့က နေရာ ၅ နေရာမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သလို ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြောင်း ကရင်ပြည်နယ်ထဲ အခြေအနေနဲ့ ပတ်သက်လို့ ကရင်သတင်းစဉ်ရဲ့ တာဝန်ခံအယ်ဒီတာ စောသိန်းမြင့်က အခုလိုပြောပြပါတယ်။

“သင်္ကြန်အတက် ဧပြီလ ၁၆ ရက်နေ့က ၅ နေရာလောက် ပေါက်ကွဲမှု ဖြစ်ပါတယ်။ ၅ ကြိမ်ဖြစ်ပါတယ်။ ဘားအံမြို့မှာ ဖြစ်ပါတယ်။ ဘယ်နေရာမှာဖြစ်လဲဆိုတော့ ဘားအံ တိုင်းရင်းဆေးရုံ အနောက်လမ်းရယ်၊ မြိုင်ကလေး ဘိလပ်မြေစက်ရုံ မြစ်ရေတင်တွန်းစက် အဲဒီနေရာတနေရာရယ်၊ အိန္ဒုတိုက်နယ် ရဲစခန်းနေရာတွေမှာ ၅ ကြိမ်လောက် ပေါက်ကွဲမှုဖြစ်တယ်။ ကရင်ပြည်နယ်ထဲမှာတော့ နှစ်ဆန်း ၁ ရက်အထိတော့ ဘားအံမြို့နယ်ထဲမှာပဲ ပေါက်ကွဲမှုဖြစ်တယ်။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နယ်စပ် ချောင်းနှစ်ခွတံတားမှာလည်း ပစ်ခတ်မှုဖြစ်တယ်။ တံတားစောင့်တဲ့ လုံခြုံရေးအဖွဲ့ဝင် ၅ ဦးလည်း သေသွားတယ်။ သင်္ကြန်အတက်နေ့မှာ ဖြစ်တာပေါ့လေ။ BGF ကင်းစခန်း တိုက်ခိုက်ခံရမှုပေါ့။”

ကရင်ပြည်နယ်အတွင်း မဟာသင်္ကြန်ကာလမှာပဲ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေကြားမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်နဲ့ ကော့ကရိတ်တောင်ဘက် ကရင်ပြည်နယ် ဖာပွန်ခရိုင်ဘက်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ နေ့စဉ်နီးပါး ရှိနေတယ်လို့ စောသိန်းမြင့်က ပြောပါတယ်။

“ပစ်ခတ်မှုတွေကတော့ ကြိုးကြားကြိုးကြား နေရာအတော်များများမှာ ဖြစ်တယ်။ ကော့ကရိတ်တို့ ကြာအင်းဆိပ်ကြီးတို့ ဖာပွန်ဒေသတို့မှာဖြစ်တယ်။ တိုက်ပွဲကတော့ ဖြစ်တာပေါ့နော်။”

ကရင်ပြည်နယ် ဘားအံမြို့မှာ သင်္ကြန်အတက်နေ့က နေရာ ၅ ခုလောက်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးတဲ့ နောက်တရက်ဖြစ်တဲ့ နှစ်ဆန်း ၁ ရက်နေ့မှာတော့ ကရင်ပြည်နယ်အတွင်းက သံလွင်တံတားနဲ့ ဘားအံမြို့ အဝင်အထွက်နေရာတွေကို စစ်ကောင်စီဘက်က ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ ပိုလုပ်လာတယ်လို့လည်း ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG