သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင်တွင်း သင်္ကြန်ပွဲ ကျင်းပဖို့ စီစဉ် 


Insein Prison Overview
Insein Prison Overview

အင်းစိန်အကျဉ်းထောင်ထဲမှာ ထောင်တွင်းသင်္ကြန်ပွဲတော်လုပ်ဖို့ အကျဉ်းဦးစီးက ပြင်ဆင်နေပါတယ်။ တချိန်ထဲမှာပဲ အင်းစိန်ဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကတော့ သင်္ကြန်ပွဲတွေမှာ ပါဝင်ခြင်းမပြုဖို့ တိုက်တွန်းနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် က တင်ပြပါမယ်။

အင်းစိန်ထောင်တွင်း သင်္ကြန်ပွဲ ကျင်းပဖို့ စီစဉ်

{{Zawgyi/Unicode}}

အင်းစိန်အကျဉ်းထောင်ထဲမှာ ထောင်တွင်းသင်္ကြန်ပွဲတော်လုပ်ဖို့ အကျဉ်းဦးစီးက ပြင်ဆင်နေပါတယ်။ တချိန်ထဲမှာပဲ အင်းစိန်ဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကတော့ သင်္ကြန်ပွဲတွေမှာ ပါဝင်ခြင်းမပြုဖို့ တိုက်တွန်းနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် က တင်ပြပါမယ်။

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ အကျဉ်းထောင်ထဲ အဝင်အထွက်ရှိသူတွေက ပြောပါတယ်။ ထောင်တွင်းတရားရုံးတွေမှာ အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတယောက်ကလည်း သူမြင်တွေ့ခဲ့ရတဲ့ သင်္ကြန်ပွဲပြင်ဆင်မှု အခြေအနေတွေကို ခုလိုပြောပြပါတယ်။

" ထောင်ထဲမှာတော့ အဲလို သင်္ကြန်လုပ်မယ်လို့တော့ ပြောတယ်။ ဒီနေ့ဆိုရင် ကျမတို့ အမှုစစ်နေရင်းနဲ့ ၃ နာရီလောက်မှာ ထောင်အကျတွေကို အလုပ်ခိုင်းတာပေါ့နော်။ အပြင်ဘုတ်ကို ထုတ်လာပြီးတော့ လူအယောက် ၂၀ - ၂၅ လောက်ရှိတယ်။ ထောင်ထဲမှာ ကျမတို့ အမှုစစ်တဲ့ အားကစားရုံထဲမှာ အမှုစစ်တဲ့ အဲဒီထိုင်ခုံတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေပေါ့နော် - အဲဒါတွေအကုန်လုံးကို သူတို့တွေသိမ်းတယ်။ ပြီးတော့ အဲဒီထဲမှာ သန့်ရှင်းရေးတွေလုပ်တယ်။ သူတို့တွေ အခမ်းအနားတခုခု လုပ်သလိုမျိုး သူတို့ပြင်ဆင်နေတယ်ပေါ့နော်။ အဲဒီထဲမှာ အကတိုက်တာတို့ ဘာတို့ရှိတယ်လို့တော့ ပြောသံကြားတယ်။”

စစ်အာဏာသိမ်းထားချိန် ထောင်တွင်းသင်္ကြန်နဲ့ နိုင်ငံအနှံ့ကျင်းပမယ့် သင်္ကြန်ပွဲတွေကို ပူးပေါင်း ပါဝင်ခြင်းမပြုဖို့ အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေက သဘောထားထုတ်ပြန်ထားတာပါတယ်။ အတုအယောင်ပျော်ရွင်စေခြင်းဖြင့် အဓမ္မပျော်ရွှင်စေခြင်းမျိုးဖြစ်တာမို့ သူတို့အနေနဲ့ သူတို့အနေနဲ့ ပါဝင်ဆင်နွဲမှာ မဟုတ်ဘူးလို့လည်း သဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။ လက်ရှိအင်းစိန်ထောင်ထဲမှာတော့ ဖမ်းဆီးခံထားရသူတွေ များလွန်းတာကြောင့် အကျဉ်းခန်းတွေထဲမှာ လူတွေပြွတ်သိပ်နေတယ်လို့လည်း ရှေ့နေကပြောပါတယ်။

“ထောင်တွင်းအခြေအနေကတော့ အထဲထဲမှာဆိုရင် နေရထိုင်ရတာ တအားများနေတာပေါ့နော်။ အရင်တုန်းကဆို လူ ၆၀ - ၇၀ - ၈၀ အထိ ထားတဲ့အခန်းတွေဆိုရင် အခု ၁၅၀ - ၁၇၀ အဲလောက်ထိ ကြပ်သပ်နေအောင် နေရတယ်ပေါ့နော်။ ဟိုတနေ့ကဆိုရင် ဒါကျမသိသလောက်ပေါ့နော် - ရှောင်တခင်စစ်ဆေးတယ် ဆိုပြီးတော့ အထဲထဲမှာ စစ်ဆေးရေးဝင်တယ်ပေါ့။ စစ်ဆေးရေးဝင်တဲ့အချိန်မှာ ပိုက်ဆံတွေ သိမ်းသွားခံရတယ်။ အဲဒီ အဆောင်တခုတည်းကိုပဲ ပိုက်ဆံ သိန်း ၃၀ လောက် အသိမ်းခံလိုက်ရတယ်ပေါ့။ အဲဒါတွေဆိုရင်လည်း အမှန်တကယ်က သူတို့တွေက အထဲထဲကနေ ဘယ်လောက်ယူလာခဲ့၊ ပြီးရင် ထောင်ဝန်ထမ်းတွေကလည်း ၁ သိန်းကို ၂ သောင်းဖြတ်တယ်။ ၁ သောင်းကို ၂ ထောင်ဖြတ်တယ်။ ၂၀ ရာခိုင်နှုန်းအဖြတ်နဲ့ သူတို့အထဲထဲကို သွင်းထားတဲ့ ပိုက်ဆံတွေပေါ့နော်။ မိသားစုတွေက ပေးထားတယ်၊ အထဲထဲကလူတွေ အဆင်ပြေအောင်လို့။ အထဲထဲက လူကလည်း ဒီပိုက်ဆံရမှပဲ သူတို့စားချင်တာလေးတွေ ဝယ်စားလို့ရမယ်၊ အဆင်ပြေပြေလေး နေရမယ်ဆိုပြီး ယူထားကြတာပေါ့နော်။ အဲဒါတွေကို ရှောင်တခင်စစ်ဆေးပြီးတော့ ဝင်သိမ်းသွားတာ။”

မတ်လ ၂၇ ရက်နေ့က အခုလို အကျဉ်းခန်းတွေ ရှောင်တခင်စစ်ဆေးခံရပြီး ငွေကြေးသိမ်းယူခံရတဲ့ အခြေအနေ ဖြစ်ခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသားတချို့ကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးကလည်း ပြစ်ဒဏ်မကျခင် အလုပ်ကြမ်းခိုင်းစေမှုတွေနဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“တချို့ဆိုလို့ရှိရင် တော်တော်ဆိုးဆိုးရွားရွား အလုပ်တွေလုပ်ရတာ။ ထောင်ထဲမှာ အလုပ်ဘုတ်တွေ ခွဲတဲ့အခါကျရင်။ နောက်တခုက ပြစ်ဒဏ် မချခင်ရော၊ ချပြီးကာလမှာရော တချို့ဆိုလို့ရှိရင် ထောင်တွင်းမှာ သူတို့အခွင့်အရေးတို့၊ တခြား နိုင်ငံရေးဆိုင်ရာပေါ့နော်။ အဲလိုမျိုးပြောရင်းနဲ့ သူတို့ဘာဖြစ်လဲဆိုတော့ အရိုက်အနှက်ခံရတာတွေလည်း ရှိတာပဲ။ အဲဒါတွေရော၊ ပုံစံအမောင်းခံရတာတွေရော ကြားနေရတာပါပဲ။”

စစ်အာဏာသိမ်းထားတာ ဒုတိယမြောက်နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် သင်္ကြန်ပွဲတော်ကို သပိတ်မှောက်ကြဖို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆော်သြ တောင်းဆိုနေကြပါတယ်။ ၂၀၂၁ ခုနှစ် သင်္ကြန်ပွဲတော်ကာလတုန်းကတော့ သင်္ကြန်ရက်တိုင်းမှာ အတာအိုးသပိတ်၊ မုန့်လုံးရေပေါ်သပိတ် စသဖြင့် အကြမ်းမဖက် နည်းမျိုးစုံနဲ့ လူမှုကွန်ယက်တွေပေါ်မှာ ဆန့်ကျင် သပိတ်မှောက်ခဲ့ကြပါတယ်။

စစ်ကောင်စီကတော့ ဒီနှစ် သင်္ကြန်ပွဲအခမ်းအနားတွေကို ကိုဗစ်စည်းကမ်းတွေနဲ့အညီ ကျင်းပသွားမယ်လို့ ပြောကြားထားပါတယ်။ ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့မှာလည်း သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ပြင်ဆင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

......................................................


{{Unicode}}










XS
SM
MD
LG