သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္းစိန္ေထာင္တြင္းႏွိပ္စက္မႈမ်ား တရား႐ုံးကိုတင္ျပ


Insein Prison

[[Zawgyi/Unicode]]

အင္းစိန္ေထာင္ထဲမွာ မၾကာခဏဆိုသလို ျဖစ္ေပၚေနတဲ့ အက်ဥ္းသားေတြကို ႐ိုက္ႏွက္တဲ့ကိစၥေတြ၊ အက်ဥ္းသားဥပေဒအတိုင္း ေထာင္အာဏာပိုင္ေတြက မေဆာင္႐ြက္တဲ့ ကိစၥေတြကို ေရွ႕ေနတခ်ိဳ႕က အခ်က္အလက္ေတြ စုေဆာင္းၿပီး တရား႐ုံးေတြဆီကို ဒီရက္ပိုင္းထဲမွာ ေပးပို႔လိုက္ပါတယ္။ ဒါေပမယ့္ တရား႐ုံးေတြဘက္ကေတာ့ ဒီကိစၥကို တစုံတရာတုံ႔ျပန္တာ မရွိေသးပါဘူး။ ရန္ကုန္ကေပးပို႔ထားတဲ့ ဒီသတင္းကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

အင္းစိန္ေထာင္ထဲက ဆႏၵျပလႈပ္ရွားမႈေတြမွာ ပူးေပါင္းပါဝင္တဲ့ အက်ဥ္းသားေတြကို ႐ိုက္ႏွက္အျပစ္ေပးတာ၊ ေဆးကုသခြင့္မေပးတာ၊ အေထြေထြ ရာဇဝတ္အက်ဥ္းသားေတြနဲ႔ ေရာေႏွာထားတာေတြဟာ လက္ရွိဥပေဒနဲ႔ မညီၫြတ္ဘူးလို႔ ေရွ႕ေနတခ်ိဳ႕က ေထာက္ျပၿပီး တရား႐ံုးေတြကို တင္ျပခဲ့ၾကပါတယ္။ အင္းစိန္ေထာင္တြင္း အထူးတရား႐ုံးေတြမွာ စစ္ေဆးေနတဲ့ အမႈေတြအတြက္ လိုက္ပါေဆာင္႐ြက္ေနတဲ့ ေရွ႕ေနတစုက သက္ဆိုင္ရာ တရား႐ုံးေတြအလိုက္ အခ်က္အလက္ေတြကို ေပးပို႔တိုင္တန္းလိုက္တာျဖစ္ပါတယ္။ ရန္ကုန္တိုင္းထဲက စစ္ခုံ႐ုံး ၆ ႐ုံးနဲ႔ ကိုကိုးကြၽန္းၿမိဳ႕နယ္ကလြဲၿပီး က်န္တဲ့အရပ္ဘက္ အထူးတရား႐ုံး ၃၈ ႐ုံးကို ေရွ႕ေနေတြက အခ်က္အလက္ေတြ ေပးပို႔ၿပီး တင္ျပခဲ့ၾကတာပါ။ အင္းစိန္ေထာင္ထဲက ဒီကိစၥေတြဟာ ၁၈၉၄ ခုႏွစ္ အက်ဥ္းေထာင္အက္ဥပေဒနဲ႔ မကိုက္ညီဘူးလို႔ အင္းစိန္ေထာင္ အထူးတရား႐ုံးေတြမွာ အမႈလိုက္ေနတဲ့ ေရွ႕ေနတဦးက ဗြီအိုေအ ကို ေျပာပါတယ္။

အက်ဥ္းေထာင္ဝန္ထမ္းေတြက ဥပေဒကိုမသိလို႔ ဒါေတြက်ဴးလြန္ေနတာမဟုတ္ဘဲ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေနတာျဖစ္တယ္လို႔ သူကေျပာပါတယ္။

“ဒီအက်ဥ္းသား၊ အခ်ဳပ္သားေတြကို အက်ဥ္းေထာင္ အာဏာပိုင္ေတြနဲ႔ ဝန္ထမ္းေတြက ႐ိုက္ႏွက္ရမယ္ဆိုတာ မပါ,ပါဘူး။ အဲလို ႐ိုက္ႏွက္ခံရတဲ့သူေတြက ၾကားနာစစ္ေဆးဆဲ အခ်ဳပ္တရားခံေတြ ျဖစ္တဲ့အတြက္ အထူးတရား႐ုံးေတြကို လာတဲ့အခါမွာ ဒဏ္ရာႀကီး၊ငယ္ေတြပါလာခဲ့တာ က်ေနာ္တို႔ေတြ႔ခဲ့ရတယ္။ ႏွိပ္စက္ညႇင္းပန္းမႈကလည္း ေတာ္ေတာ္ျပင္းျပင္းထန္ထန္ လုပ္တာျဖစ္တဲ့အတြက္ ဖမ္းဆီးထိန္းသိမ္းခံရသူေတြရဲ႕ ေရွ႕ေနေတြကတဆင့္ တရားသူႀကီးေတြကို က်ေနာ္တို႔ ဒဏ္ရာေတြျပတယ္၊ မွတ္တမ္းေတြ တင္ခိုင္းပါတယ္။ တရားဝင္ က်ေနာ္တို႔ မွတ္တမ္းတင္ထားတာေတြ ရွိပါတယ္။ ဒီလိုကို ေဆာင္႐ြက္ဖို႔ အတြက္ ရည္႐ြယ္ စုဖြဲ႔ၿပီး ရည္႐ြယ္ခ်က္ရွိရွိ ေဆာင္႐ြက္တဲ့သေဘာျဖစ္တယ္လို႔ က်ေနာ္တို႔ သုံးသပ္လို႔ရပါတယ္။”

ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္အသီးသီးကို ကိုယ္စားျပဳတဲ့ ဒီအထူးတရား႐ုံးေတြမွာ အမႈလိုက္ေနတဲ့ေရွ႕ေနက ၂၀၀ ေလာက္ရွိေပမဲ့ အခုလို ေထာင္အာဏာပိုင္ေတြကို တိုင္တန္းတာကိုေတာ့ ေရွ႕ေနတစုကပဲ ေဆာင္႐ြက္ခဲ့တာပါ။

အင္းစိန္ေထာင္တာဝန္ခံေတြ၊ ေထာင္ပိုင္ေတြကုိ ဇြန္လေနာက္ပိုင္းမွာ အေျပာင္းအလဲ လုပ္ၿပီးတဲ့ေနာက္ ဒီကိစၥေတြက ပိုၿပီးဆိုး႐ြားလာတယ္လို႔ သူကေျပာပါတယ္။ ဇူလိုင္လ ၂၃ ရက္တုန္းက ေသြးသစၥာသီခ်င္း သံၿပိဳင္ဆိုခဲ့တဲ့ အက်ဥ္းသားေတြကို အင္းစိန္ေထာင္ အာဏာပိုင္ေတြ ႐ိုက္ႏွက္ တိုက္ပိတ္ခဲ့သလုိ ဒီဇင္ဘာ ၁၀ ရက္ အသံတိတ္သပိတ္မွာ ပါဝင္ခဲ့တဲ့ အက်ဥ္းသား ၈၉ ေယာက္ကိုလည္း ႐ိုက္ႏွက္ခဲ့ပါတယ္။ တခ်ိဳ႕ဆိုရင္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရၿပီး ေဆးကုသခြင့္မရတာ၊ ေထာင္ဝင္စာကန႔္သတ္ခံရတာေတြ ျဖစ္ခဲ့တာပါ။

“ဒါေတြကို ေပၚေပၚထင္ထင္ လုပ္ေနတယ္ေပါ့၊ ဘယ္သူမွကို ဂ႐ုမစိုက္ဘဲ လူ႔အခြင့္အေရးကိုထိပါး ဒီလိုမ်ိဳး လုပ္ေဆာင္ေနတယ္ေပါ့။ ၿပီးေတာ့ ရန္ကုန္မွာမဟုတ္ဘဲ ေနရာအႏွံ႔ ေထာင္ေတြတိုင္းမွာလို ျဖစ္ေနတယ္ေပါ့။ အထဲက ညီမတို႔ရဲ႕ ဒီအမိန႔္က်ေနတဲ့သူေတြ အေတာ္ခံစားေနရတယ္။ ဒါလုံးဝမျဖစ္သင့္တဲ့ ကိစၥလို႔ ညီမကျမင္တယ္။ ဒီဟာကို ထိထိေရာက္ေရာက္လဲ တခုခုလုပ္ေဆာင္ေပးဖို႔လည္း ညီမတို႔ အကူအညီ ေတာင္းခ်င္တယ္ေပါ့ေနာ္။”

အင္းစိန္ေထာင္တြင္းကေန တရားရင္ဆိုင္ေနတဲ့ အက်ဥ္းသားတဦးရဲ႕ မိသားစုဝင္တဦး ေျပာသြားတာပါ။

ေထာင္တြင္းအခြင့္အေရးခ်ဳိးေဖာက္ခံရမႈေတြနဲ႔ ပါတ္သက္တဲ့ အခ်က္အလက္ေတြကို ေ႐ွ႕ေနတခ်ဳိ႕ က ၂၀၂၁ ခုနွစ္ ႏွစ္ကုန္ပိုင္းမွာ တင္ျပခဲ့တာကို တရား႐ုံးတခ်ိဳ႕ကပဲ မွတ္တမ္းအျဖစ္ယူထားၿပီး ဆုံးျဖတ္ခ်က္တစုံတရာ ခ်မွတ္တာေတာ့ မရွိေသးပါဘူး။၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီလုံၿခဳံေရး တပ္ဖြဲ႔ေတြေၾကာင့္ ေသဆုံးခဲ့သူ အေရအတြက္က ၁,၃၉၃ ဦးရွိတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကစာရင္းျပဳစုထားပါတယ္။ ၂၀၂၂ ဇန္နဝါရီ ၁ ရက္အထိ ၈၃၄၄ ဦး ဖမ္းဆီးခံခဲ့ရၿပီး အဲဒီအထဲမွာ အေယာက္ ၅၀၀ ေလာက္ AAPP က ထုတ္ျပန္ပါတယ္။စစ္ေကာင္စီကေတာ့ AAPP ရဲ႕ အခ်က္အလက္ဟာ ခ်ဲ႕ကားထားတဲ့ အခ်က္အလက္ဆိုၿပီး ပယ္ခ်ေလ့ရွိပါတယ္။

၂၀၂၁ ေဖေဖာ္ဝါရီ ၁ရက္ အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီလုံၿခဳံေရး တပ္ဖြဲ႕ေတြေၾကာင့္ ေသဆုံးခဲ့သူ အေရအတြက္က ၁၃၉၃ ဦးရွိပါတယ္။ ၂၀၂၂ ဇန္နဝါရီ ၁ရက္အထိ ၈၃၄၄ ဦး ဖမ္းဆီးခံခဲ့ရၿပီး အဲဒီအထဲမွာ အေယာက္ ၅၀၀ ေလာက္ ေထာင္ဒဏ္ခ်မွတ္ခံရတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ေဖာ္ျပပါတယ္။ စစ္ေကာင္စီကေတာ့ AAPP ရဲ႕ အခ်က္အလက္ဟာ ခ်ဲ႕ကားထားတဲ့ အခ်က္အလက္ဆိုၿပီး ပယ္ခ်ေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

အင်းစိန်ထောင်တွင်းနှိပ်စက်မှုများ တရားရုံးကိုတင်ပြ

အင်းစိန်ထောင်ထဲမှာ မကြာခဏဆိုသလို ဖြစ်ပေါ်နေတဲ့ အကျဉ်းသားတွေကို ရိုက်နှက်တဲ့ကိစ္စတွေ၊ အကျဉ်းသားဥပဒေအတိုင်း ထောင်အာဏာပိုင်တွေက မဆောင်ရွက်တဲ့ ကိစ္စတွေကို ရှေ့နေတချို့က အချက်အလက်တွေ စုဆောင်းပြီး တရားရုံးတွေဆီကို ဒီရက်ပိုင်းထဲမှာ ပေးပို့လိုက်ပါတယ်။ ဒါပေမယ့် တရားရုံးတွေဘက်ကတော့ ဒီကိစ္စကို တစုံတရာတုံ့ပြန်တာ မရှိသေးပါဘူး။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အင်းစိန်ထောင်ထဲက ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်တဲ့ အကျဉ်းသားတွေကို ရိုက်နှက်အပြစ်ပေးတာ၊ ဆေးကုသခွင့်မပေးတာ၊ အထွေထွေ ရာဇဝတ်အကျဉ်းသားတွေနဲ့ ရောနှောထားတာတွေဟာ လက်ရှိဥပဒေနဲ့ မညီညွတ်ဘူးလို့ ရှေ့နေတချို့က ထောက်ပြပြီး တရားရုံးတွေကို တင်ပြခဲ့ကြပါတယ်။ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွေမှာ စစ်ဆေးနေတဲ့ အမှုတွေအတွက် လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတစုက သက်ဆိုင်ရာ တရားရုံးတွေအလိုက် အချက်အလက်တွေကို ပေးပို့တိုင်တန်းလိုက်တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းထဲက စစ်ခုံရုံး ၆ ရုံးနဲ့ ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်တဲ့အရပ်ဘက် အထူးတရားရုံး ၃၈ ရုံးကို ရှေ့နေတွေက အချက်အလက်တွေ ပေးပို့ပြီး တင်ပြခဲ့ကြတာပါ။ အင်းစိန်ထောင်ထဲက ဒီကိစ္စတွေဟာ ၁၈၉၄ ခုနှစ် အကျဉ်းထောင်အက်ဥပဒေနဲ့ မကိုက်ညီဘူးလို့ အင်းစိန်ထောင် အထူးတရားရုံးတွေမှာ အမှုလိုက်နေတဲ့ ရှေ့နေတဦးက ဗွီအိုအေ ကို ပြောပါတယ်။

အကျဉ်းထောင်ဝန်ထမ်းတွေက ဥပဒေကိုမသိလို့ ဒါတွေကျူးလွန်နေတာမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။

“ဒီအကျဉ်းသား၊ အချုပ်သားတွေကို အကျဉ်းထောင် အာဏာပိုင်တွေနဲ့ ဝန်ထမ်းတွေက ရိုက်နှက်ရမယ်ဆိုတာ မပါ,ပါဘူး။ အဲလို ရိုက်နှက်ခံရတဲ့သူတွေက ကြားနာစစ်ဆေးဆဲ အချုပ်တရားခံတွေ ဖြစ်တဲ့အတွက် အထူးတရားရုံးတွေကို လာတဲ့အခါမှာ ဒဏ်ရာကြီး၊ငယ်တွေပါလာခဲ့တာ ကျနော်တို့တွေ့ခဲ့ရတယ်။ နှိပ်စက်ညှင်းပန်းမှုကလည်း တော်တော်ပြင်းပြင်းထန်ထန် လုပ်တာဖြစ်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံရသူတွေရဲ့ ရှေ့နေတွေကတဆင့် တရားသူကြီးတွေကို ကျနော်တို့ ဒဏ်ရာတွေပြတယ်၊ မှတ်တမ်းတွေ တင်ခိုင်းပါတယ်။ တရားဝင် ကျနော်တို့ မှတ်တမ်းတင်ထားတာတွေ ရှိပါတယ်။ ဒီလိုကို ဆောင်ရွက်ဖို့ အတွက် ရည်ရွယ် စုဖွဲ့ပြီး ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တဲ့သဘောဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။”

ရန်ကုန်တိုင်းထဲက မြို့နယ်အသီးသီးကို ကိုယ်စားပြုတဲ့ ဒီအထူးတရားရုံးတွေမှာ အမှုလိုက်နေတဲ့ရှေ့နေက ၂၀၀ လောက်ရှိပေမဲ့ အခုလို ထောင်အာဏာပိုင်တွေကို တိုင်တန်းတာကိုတော့ ရှေ့နေတစုကပဲ ဆောင်ရွက်ခဲ့တာပါ။

အင်းစိန်ထောင်တာဝန်ခံတွေ၊ ထောင်ပိုင်တွေကို ဇွန်လနောက်ပိုင်းမှာ အပြောင်းအလဲ လုပ်ပြီးတဲ့နောက် ဒီကိစ္စတွေက ပိုပြီးဆိုးရွားလာတယ်လို့ သူကပြောပါတယ်။ ဇူလိုင်လ ၂၃ ရက်တုန်းက သွေးသစ္စာသီချင်း သံပြိုင်ဆိုခဲ့တဲ့ အကျဉ်းသားတွေကို အင်းစိန်ထောင် အာဏာပိုင်တွေ ရိုက်နှက် တိုက်ပိတ်ခဲ့သလို ဒီဇင်ဘာ ၁၀ ရက် အသံတိတ်သပိတ်မှာ ပါဝင်ခဲ့တဲ့ အကျဉ်းသား ၈၉ ယောက်ကိုလည်း ရိုက်နှက်ခဲ့ပါတယ်။ တချို့ဆိုရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ဆေးကုသခွင့်မရတာ၊ ထောင်ဝင်စာကန့်သတ်ခံရတာတွေ ဖြစ်ခဲ့တာပါ။

“ဒါတွေကို ပေါ်ပေါ်ထင်ထင် လုပ်နေတယ်ပေါ့၊ ဘယ်သူမှကို ဂရုမစိုက်ဘဲ လူ့အခွင့်အရေးကိုထိပါး ဒီလိုမျိုး လုပ်ဆောင်နေတယ်ပေါ့။ ပြီးတော့ ရန်ကုန်မှာမဟုတ်ဘဲ နေရာအနှံ့ ထောင်တွေတိုင်းမှာလို ဖြစ်နေတယ်ပေါ့။ အထဲက ညီမတို့ရဲ့ ဒီအမိန့်ကျနေတဲ့သူတွေ အတော်ခံစားနေရတယ်။ ဒါလုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ ညီမကမြင်တယ်။ ဒီဟာကို ထိထိရောက်ရောက်လဲ တခုခုလုပ်ဆောင်ပေးဖို့လည်း ညီမတို့ အကူအညီ တောင်းချင်တယ်ပေါ့နော်။”

အင်းစိန်ထောင်တွင်းကနေ တရားရင်ဆိုင်နေတဲ့ အကျဉ်းသားတဦးရဲ့ မိသားစုဝင်တဦး ပြောသွားတာပါ။

ထောင်တွင်းအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို ရှေ့နေတချို့ က ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ တင်ပြခဲ့တာကို တရားရုံးတချို့ကပဲ မှတ်တမ်းအဖြစ်ယူထားပြီး ဆုံးဖြတ်ချက်တစုံတရာ ချမှတ်တာတော့ မရှိသေးပါဘူး။၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့တွေကြောင့် သေဆုံးခဲ့သူ အရေအတွက်က ၁,၃၉၃ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကစာရင်းပြုစုထားပါတယ်။ ၂၀၂၂ ဇန်နဝါရီ ၁ ရက်အထိ ၈၃၄၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ အယောက် ၅၀၀ လောက် AAPP က ထုတ်ပြန်ပါတယ်။စစ်ကောင်စီကတော့ AAPP ရဲ့ အချက်အလက်ဟာ ချဲ့ကားထားတဲ့ အချက်အလက်ဆိုပြီး ပယ်ချလေ့ရှိပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့တွေကြောင့် သေဆုံးခဲ့သူ အရေအတွက်က ၁၃၉၃ ဦးရှိပါတယ်။ ၂၀၂၂ ဇန်နဝါရီ ၁ရက်အထိ ၈၃၄၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ အယောက် ၅၀၀ လောက် ထောင်ဒဏ်ချမှတ်ခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖော်ပြပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ အချက်အလက်ဟာ ချဲ့ကားထားတဲ့ အချက်အလက်ဆိုပြီး ပယ်ချလေ့ရှိပါတယ်။

#MyanmarPoliticalPrisoners #InseinPrison #MyanmarTorture #VOABurmese #အင်းစိန်ထောင် #နှိပ်စက်ညှင်းပန်း #အကျဉ်းသား #သွေးသစ္စာသီချင်း #အသံတိတ်သပိတ် #ဗွီအိုအေ

==========

XS
SM
MD
LG