သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္းစိန္အက်ဥ္းေထာင္က ဆႏၵျပမႈကို အေလးထားဖို႔ အေနာက္ႏိုင္ငံသံ႐ုံးေတြ တိုက္တြန္း


အင္းစိန္ေထာင္ အဝင္ဝဂိတ္

[ Zawgyi ]

ရန္ကုန္ အင္းစိန္ေထာင္အတြင္း ကိုဗစ္ကပ္ေရာဂါ ကူးစက္ျပန္႔ပြားေနတဲ့အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ ရရွိေရး အက်ဥ္းသားေတြက ဆႏၵျပေတာင္းဆိုေနၾကတာကို ေလးစားလိုက္နာေပးဖို႔ ျမန္မာစစ္ေကာင္စီကို အေနာက္ႏိုင္ငံ သံ႐ုံးေတြက မေန႔ ဇူလိုင္ ၂၃ရက္ေန႔က တိုက္တြန္းလိုက္ပါတယ္။

ဒါအျပင္ အေျခအေနကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖရွင္းေပး ဖို႔လည္း ေတာင္းဆိုလိုက္ေၾကာင္း နဲ႔ ျဖစ္စဥ္ေတြကို အနီးကပ္ေစာင့္ၾကည့္ေနေၾကာင္းလည္း ေက်ညာခ်က္မွာ ပါရွိပါတယ္။

အဲဒီေက်ညာခ်က္ကို ျမန္မာႏိုင္ငံဆိုင္ရာ ၾသစေတးလ်၊ ကေနဒါ၊ အေမရိကန္၊ ၿဗိတိ နဲ႔ ဥေရာပသမဂၢအဖြဲ႔ဝင္ႏိုင္ငံေတြရဲ႕ သံ႐ုံးေတြက သံအမတ္ႀကီးေတြ၊ သံ႐ုံးယာယီတာဝန္ခံေတြက စုေပါင္းလက္မွတ္ထိုုးထုတ္ျပန္ထားပါတယ္။ |

ဒီေက်ညာခ်က္ကို အေမရိကန္၊ ၾသစေတးလ်နဲ႔ ယူေကသံ႐ုံးတို႔ရဲ႕ Facebook လူမႈကြန္ရက္ စာမ်က္ႏွာမွာေတြမွာလည္း တင္ထားပါတယ္။

မေန႔ ဇူလိုင္ ၂၃ရက္ မနက္ ၇ နာရီခြဲေလာက္က အင္းစိန္ေထာင္အတြင္းမွာ အက်ဥ္းသားေတြက ဒို႔အေရး ေႂကြးေၾကာ္သံေတြနဲ႔ သီခ်င္းသံၿပိဳင္ ေအာ္ဟစ္သီဆိုၾကၿပီး ဆႏၵျပလႈပ္ရွားမႈတခု လုပ္ခဲ့ၾကတယ္လို႔ ကိုယ္တိုင္ၾကားခဲ့ရသူ ေရွ႕ေနတဦးျဖစ္တဲ့ ေဒၚျမသဇင္က ဗီြအိုေအကို ေျပာျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

အင်းစိန်အကျဉ်းထောင်းက ဆန္ဒပြမှုတွေကို အလေးထားဖို့ အနောက်နိုင်ငံသံရုံးတွေ တိုက်တွန်း

ရန်ကုန် အင်စိန်ထောင်အတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားနေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး အကျဉ်းသားတွေက ဆန္ဒပြတောင်းဆိုနေကြတာကို လေးစားလိုက်နာပေးဖို့ မြန်မာစစ်ကောင်စီကို အနောက်နိုင်ငံ သံရုံးတွေက မနေ့ ဇူလိုင် ၂၃ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

ဒါအပြင် အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပေး ဖို့လည်း တောင်းဆိုလိုက်ကြောင်း နဲ့ ဖြစ်စဉ်တွေကို အနီးကပ်စောင့်ကြည့်နေကြောင်းလည်း ကျေညာချက်မှာ ပါရှိပါတယ်။

အဲဒီကျေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျ၊ ကနေဒါ၊ အမေရိကန်၊ ဗြိတိ နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေက သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေက စုပေါင်းလက်မှတ်ထိုးထုတ်ပြန်ထားပါတယ်။ |

ဒီကျေညာချက်ကို အမေရိကန်၊ သြစတေးလျနဲ့ ယူကေသံရုံးတို့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာတွေမှာလည်း တင်ထားပါတယ်။

မနေ့ ဇူလိုင် ၂၃ရက် မနက် ၇ နာရီခွဲလောက်က အင်းစိန်ထောင်အတွင်းမှာ အကျဉ်းသားတွေက ဒို့အရေး ကြွေးကြော်သံတွေနဲ့ သီချင်းသံပြိုင် အော်ဟစ်သီဆိုကြပြီး ဆန္ဒပြလှုပ်ရှားမှုတခု လုပ်ခဲ့ကြတယ်လို့ ကိုယ်တိုင်ကြားခဲ့ရသူ ရှေ့နေတဦးဖြစ်တဲ့ ဒေါ်မြသဇင်က ဗွီအိုအေကို ပြောပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG