သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီနဲ႔ ေရႊကုကၠိဳလ္


BGF တပ္ဖြဲ႔ဝင္မ်ား။ (ဓာတ္ပံု - KIC - ၾသဂုတ္ ၂၀၊ ၂၀၁၉)

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ကရင္ျပည္နယ္ ျမဝတီၿမိဳ ႔ေျမာက္ဘက္ပိုင္းက ေရႊကုကိၠဳလ္ၿမိဳ ႔သစ္မွာ စစ္ေကာင္စီတပ္ လက္ေအာက္ခံ ကရင္နယ္ျခားေစာင့္တပ္က စစ္သားစုေဆာင္းတာကို လြန္ခဲ့တဲ့ ဒီဇင္ဘာ (၁၆) ရက္ေန႔ထုတ္ မဇိၥဳမသတင္းမွာ ေဖာ္ျပထားပါတယ္။ ေရႊကုကိၠဳလ္ၿမိဳ ႔သစ္ကို ကရင္နယ္ျခားေစာင့္တပ္နဲ႔ ရထိုက္ႏိုင္ငံတကာကုမၸဏီ ဖက္စပ္လုပ္ၿပီး တည္ေဆာက္ေနတာ ငါးႏွစ္ ရိွေနပါၿပီ။ အေမရိကန္ေဒၚလာသန္း (၁၅,၀၀၀) ကုန္က်မယ့္ စီမံကိန္းျဖစ္ၿပီး၊ ရထိုက္ကုမၸဏီက (၈၀) ရာခိုင္ႏႈန္း၊ ကရင္နယ္ျခားေစာင့္က (၂၀) ရာခိုင္ႏႈန္း အက်ဳိးအျမတ္ ခံစားရမွာ ျဖစ္ပါတယ္။ လာမယ့္ ငါးႏွစ္အတြင္း ေရႊကုကၠိဳလ္ၿမိဳ ႔သစ္ ၿပီးစီးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ကရင္ျပည္နယ္မွာ စစ္ေကာင္စီလက္ေအာက္ခံ နယ္ျခားေစာင့္တပ္ (၁၃) ခု ရိွပါတယ္။ ဧၿပီလ (၂၉) ရက္ေန႔က ျမဝတီၿမိဳ ႔အနီးမွာ စစ္ေကာင္စီတပ္နဲ႔ ကရင္နယ္ျခားေစာင့္ကတဘက္ KNU နဲ႔ ပူးေပါင္းတပ္ဖြဲ႔ေတြကတဘက္ တိုက္ပြဲျဖစ္ေၾကာင္း KIC ကရင္ျပန္ၾကားေရးဌာနသတင္းမွာ ေဖာ္ျပထားပါတယ္။ ထင္ရွားတာကေတာ့ NLD အစိုးရက အေရးယူဖို႔ စီစဥ္ေနတဲ့ ေရႊကုကိၠဳလ္ ေလာင္းကစားၿမိဳ ႔ေတာ္စီမံကိန္း ျပန္လည္သက္ဝင္လႈပ္ရွားလာတာ ျဖစ္ပါတယ္။

ကရင္ျပည္နယ္မွာ လက္နက္ကိုင္တပ္အမ်ဳိးမ်ဳိး ရိွပါတယ္။ သက္တမ္း (၇၅) ႏွစ္ရိွတဲ့ KNU ကရင္အမ်ဳိးသားအစည္းအရံုးဟာ တခ်ိန္က အစိုးရတခုလို ၾသဇာအရိွန္အဝါ ရိွခဲ့ပါတယ္။ ဒါေပမဲ့ ၁၉၉၅ မွာ DKBA ကရင္ဗုဒၶဘာသာေတြက ခြဲထြက္ၿပီး၊ စစ္အစုိးရနဲ႔ မဟာမိတ္လုပ္လို႔ KNU မယ္နာပေလာဌာနခ်ဳပ္ က်ဆံုးသြားတဲ့ေနာက္ပိုင္းမွာ KNU မွာ အဖြဲ႔ခြဲေတြ မ်ားလာပါတယ္။ KNU မွာ ဗဟိုခ်ဳပ္ကိုင္မႈ အားနည္းၿပီး တပ္ရင္းေတြဟာ သူ႔နည္းသူ႔ဟန္နဲ႔ လႈပ္ရွားၾကတာမို႔ ကရင္တပ္ဖြဲ႔အမ်ဳိးမ်ဳိး ေပၚထြက္လာပါတယ္။ ဗိုလ္ခ်ဳပ္ထိန္ေမာင္ ဦးစီးတဲ့ တပ္ဖြဲ႔ဟာ ၂၀၀၇ မွာ KNU တပ္မဟာ (၇) က ခြဲထြက္ၿပီး၊ စစ္အစိုးရနဲ႔ အပစ္ရပ္တဲ့အတြက္ KNU ၿငိမ္းခ်မ္းေရးေကာင္စီ ျဖစ္လာပါတယ္။ DKBA ကရင္ဗုဒၶဘာသာတပ္ဖြဲ႔ကို တပ္မေတာ္လက္ေအာက္ခံ နယ္ျခားေစာင့္တပ္အျဖစ္ ၂၀၁၀ မွာ အသြင္ေျပာင္းတဲ့အခါ နယ္ျခားေစာင့္တပ္ မလုပ္ခ်င္သူေတြဟာ DKBA တပ္မဟာ (၅) လို႔ေခၚတဲ့ ‘ကလိုထူးေဘာ’ တပ္ဖြဲ႔ကို ဖြဲ႔စည္းပါတယ္။

DKBA တပ္မဟာ (၅) ဟာ ကရင္အက်ဳိးျပဳတပ္ဖြဲ႔ ျဖစ္လာေပမယ့္ ‘ကလိုထူးေဘာ’ တပ္ဖြဲ႔လိုသာ လူသိမ်ားပါတယ္။ ဒါေၾကာင့္ KNU တပ္ဖြဲ႔၊ DKBA ‘ကလိုထူးေဘာ’ တပ္ဖြဲ႔နဲ႔ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီတပ္ဖြဲ႔ စသျဖင့္ ကရင္လက္နက္ကိုင္ သံုးဖြဲ႔ ရိွလာပါတယ္။ သူတို႔မွာ ႏုိင္ငံေရးအျမင္ရိွတဲ့အတြက္ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ေလ့ ရိွပါတယ္။ မၾကာမီကပဲ DKBA တပ္မွဴးဗိုလ္စလံုးနဲ႔ အင္အား (၂၀၀) ေက်ာ္ဟာ KNU လက္ေအာက္ခံ၊ KNDO နဲ႔ လာေရာက္ပူးေပါင္းပါတယ္။ ျပည္သူ႔ဘက္က ရပ္တည္ၿပီး စစ္အုပ္ခ်ဳပ္ေရးကို တိုက္ဖ်က္ဖို႔ KNU နဲ႔ ပူးေပါင္းရတာလို႔ ဆိုပါတယ္။ နယ္ျခားေစာင့္မွာေတာ့ ဒီလိုရွင္းလင္းျပတ္သားတဲ့ ႏိုင္ငံေရးအေတြးအေခၚ ကင္းမဲ့ေနတာမို႔ စစ္ေကာင္စီအမိန္႔ကို နာခံေနတာ ျဖစ္ပါတယ္။

ကရင္နယ္ျခားေစာင့္တပ္ပိုင္တဲ့ ခ်စ္လင္းၿမိဳင္ကုမၼဏီနဲ႔ ရထိုက္ႏိုင္ငံတကာဦးပိုင္ကုမၸဏီ ဖက္စပ္လုပ္ၿပီး ေသာင္းရင္းျမစ္ကမ္းက ေရႊကုကိၠဳလ္ၿမိဳ ႔သစ္စီမံကိန္းကို ၂၀၁၇ မွာ စတင္ အေကာင္အထည္ ေဖာ္ပါတယ္။ ေလာင္းကစားၿမိဳ ႔ေတာ္အျဖစ္ စီးပြားရွာတာကို ကန္႔ကြက္မႈနဲ႔ ဖိအားေပးမႈေတြ မ်ားလာတဲ့အတြက္ ကရင္နယ္ျခားတပ္ေခါင္းေဆာင္ ဗိုလ္မွဴးႀကီးေစာခ်စ္သူနဲ႔အဖြဲ႔ ႏုတ္ထြက္စာတင္တဲ့ အေျခအေနအထိ ျဖစ္သြားပါတယ္။ ဒါေပမဲ့ နယ္ျခားေစာင့္တပ္ရင္း (၁၃) ရင္းနဲ႔ စုေပါင္းႏုတ္ထြက္စာကို တပ္မေတာ္က လက္မခံဘဲ ဆိုင္းငံ့ထားခဲ့ပါတယ္။ ဒီအေတာအတြင္း စစ္ေကာင္စီ အာဏာသိမ္းေတာ့ KNU တပ္ဖြဲ႔နဲ႔ တိုက္ပြဲျပန္ျဖစ္ပါတယ္။ စစ္ေကာင္စီိတပ္ဘက္က ကူညီတိုက္ခိုက္ေပးေနတဲ့ ကရင္နယ္ျခားေစာင့္တပ္ဟာ စီးပြားေရးလုပ္ငန္းေတြမွာ ျပႆနာ မရိွေတာ့ဘဲ အက်ဳိးအျမတ္ ခံစားလာရပါတယ္။

ကရင္နယ္ျခားေစာင့္တပ္ ခ်ဳပ္ကိုင္ထားတဲ့ ျမန္မာ-ထိုင္းနယ္စပ္က ေမွာင္ခိုကုန္သြယ္ေရးဂိတ္ေတြနဲ႔ ကစီးႏိုး ေလာင္းကစားဝိုင္းေတြ ျပန္လည္ဖြင့္လွစ္တဲ့အထိ အလုပ္ျဖစ္လာေၾကာင္း သိရပါတယ္။ ေရႊကုကိၠဳလ္စီကရင္နယ္ျခားေစာင့္ စီမံကိန္းကို စစ္ေကာင္စီတပ္နဲ႔ အက်ဳိးတူပူးေပါင္းေဆာင္ရြက္ဖို႔ေတာင္ ေဆြးေႏြးလာတယ္လို႔ သတင္းထြက္ေနပါတယ္။ ကရင္နယ္ျခားေစာင့္ အေျခခ်တဲ့ ျမဝတီၿမိဳ ႔နယ္ဟာ ျမန္မာ-ထိုင္းနယ္စပ္ ေသာင္းရင္းျမစ္ အေနာက္ဘက္ကမ္းမွာရိွၿပီး အေရွ ႔ဘက္ကမ္းမွာ ထုိင္းႏုိင္ငံ မယ္ေတာ္ရြာ မဲေဆာက္ၿမိဳ ႔နယ္ တည္ရိွပါတယ္။ ၾကာအင္းဆိပ္ႀကီး၊ ေကာ့ကရိတ္၊ လိႈင္းဘြဲနဲ႔လည္း နယ္နမိတ္ခ်င္း ထိစပ္ေနပါတယ္။

ဒါေပမဲ့ ေသာင္းရင္းျမစ္တေလွ်ာက္က ေလွဂိတ္ေတြကိုသံုးၿပီး နယ္စပ္ကုန္သြယ္ေရး လုပ္ၾကတာမ်ားပါတယ္။ ေလွဂိတ္ေတြသံုးတဲ့ အလြတ္ကုန္သြယ္ေရးဟာ ထိုင္း-ျမန္မာ နယ္စပ္ကုန္သြယ္ေရးရဲ ႔ (၆၀) ရာခိုင္ႏႈန္းေလာက္ရိွၿပီး၊ ေဒၚလာသန္းတေထာင္ေက်ာ္ တန္းဖိုးရိွတယ္လို႔ ဆိုပါတယ္။ နယ္ျခားေစာင့္ ခ်ဳပ္ကိုင္တဲ့ ေလွဂိတ္ (၂၇) ဂိတ္ရိွၿပီး၊ KNU နဲ႔ ကလိုထူးေဘာ DKBA ထိန္းခ်ဳပ္ထားတဲ့ ေလွဂိတ္ကေတာ့ (၇) ခုသာ ရိွပါတယ္။ ဒါေၾကာင့္ ေရႊကုကိၠဳလ္မွာ ကရင္နယ္ျခားေစာင့္နဲ႔ အက်ဳိးတူ စီးပြားေရးလုပ္ဖို႔ စစ္ေကာင္စီက လုပ္ေဆာင္လာဖြယ္ရိွေၾကာင္း တင္ျပလိုက္ရပါတယ္။

==Unicode===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက်ပိုင်းက ရွှေကုက္ကိုလ်မြို့သစ်မှာ စစ်ကောင်စီတပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်က စစ်သားစုဆောင်းတာကို လွန်ခဲ့တဲ့ ဒီဇင်ဘာ (၁၆) ရက်နေ့ထုတ် မဇ္စိုမသတင်းမှာ ဖော်ပြထားပါတယ်။ ရွှေကုက္ကိုလ်မြို့သစ်ကို ကရင်နယ်ခြားစောင့်တပ်နဲ့ ရထိုက်နိုင်ငံတကာကုမ္ပဏီ ဖက်စပ်လုပ်ပြီး တည်ဆောက်နေတာ ငါးနှစ် ရှိနေပါပြီ။ အမေရိကန်ဒေါ်လာသန်း (၁၅,၀၀၀) ကုန်ကျမယ့် စီမံကိန်းဖြစ်ပြီး၊ ရထိုက်ကုမ္ပဏီက (၈၀) ရာခိုင်နှုန်း၊ ကရင်နယ်ခြားစောင့်က (၂၀) ရာခိုင်နှုန်း အကျိုးအမြတ် ခံစားရမှာ ဖြစ်ပါတယ်။ လာမယ့် ငါးနှစ်အတွင်း ရွှေကုက္ကိုလ်မြို့သစ် ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။

ကရင်ပြည်နယ်မှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (၁၃) ခု ရှိပါတယ်။ ဧပြီလ (၂၉) ရက်နေ့က မြဝတီမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်ကတဘက် KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတဘက် တိုက်ပွဲဖြစ်ကြောင်း KIC ကရင်ပြန်ကြားရေးဌာနသတင်းမှာ ဖော်ပြထားပါတယ်။ ထင်ရှားတာကတော့ NLD အစိုးရက အရေးယူဖို့ စီစဉ်နေတဲ့ ရွှေကုက္ကိုလ် လောင်းကစားမြို့တော်စီမံကိန်း ပြန်လည်သက်ဝင်လှုပ်ရှားလာတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ လက်နက်ကိုင်တပ်အမျိုးမျိုး ရှိပါတယ်။ သက်တမ်း (၇၅) နှစ်ရှိတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးဟာ တချိန်က အစိုးရတခုလို သြဇာအရှိန်အဝါ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၅ မှာ DKBA ကရင်ဗုဒ္ဓဘာသာတွေက ခွဲထွက်ပြီး၊ စစ်အစိုးရနဲ့ မဟာမိတ်လုပ်လို့ KNU မယ်နာပလောဌာနချုပ် ကျဆုံးသွားတဲ့နောက်ပိုင်းမှာ KNU မှာ အဖွဲ့ခွဲတွေ များလာပါတယ်။ KNU မှာ ဗဟိုချုပ်ကိုင်မှု အားနည်းပြီး တပ်ရင်းတွေဟာ သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားကြတာမို့ ကရင်တပ်ဖွဲ့အမျိုးမျိုး ပေါ်ထွက်လာပါတယ်။ ဗိုလ်ချုပ်ထိန်မောင် ဦးစီးတဲ့ တပ်ဖွဲ့ဟာ ၂၀၀၇ မှာ KNU တပ်မဟာ (၇) က ခွဲထွက်ပြီး၊ စစ်အစိုးရနဲ့ အပစ်ရပ်တဲ့အတွက် KNU ငြိမ်းချမ်းရေးကောင်စီ ဖြစ်လာပါတယ်။ DKBA ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ကို တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ၂၀၁၀ မှာ အသွင်ပြောင်းတဲ့အခါ နယ်ခြားစောင့်တပ် မလုပ်ချင်သူတွေဟာ DKBA တပ်မဟာ (၅) လို့ခေါ်တဲ့ ‘ကလိုထူးဘော’ တပ်ဖွဲ့ကို ဖွဲ့စည်းပါတယ်။

DKBA တပ်မဟာ (၅) ဟာ ကရင်အကျိုးပြုတပ်ဖွဲ့ ဖြစ်လာပေမယ့် ‘ကလိုထူးဘော’ တပ်ဖွဲ့လိုသာ လူသိများပါတယ်။ ဒါကြောင့် KNU တပ်ဖွဲ့၊ DKBA ‘ကလိုထူးဘော’ တပ်ဖွဲ့နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ စသဖြင့် ကရင်လက်နက်ကိုင် သုံးဖွဲ့ ရှိလာပါတယ်။ သူတို့မှာ နိုင်ငံရေးအမြင်ရှိတဲ့အတွက် ပူးတွဲကြေညာချက် ထုတ်ပြန်လေ့ ရှိပါတယ်။ မကြာမီကပဲ DKBA တပ်မှူးဗိုလ်စလုံးနဲ့ အင်အား (၂၀၀) ကျော်ဟာ KNU လက်အောက်ခံ၊ KNDO နဲ့ လာရောက်ပူးပေါင်းပါတယ်။ ပြည်သူ့ဘက်က ရပ်တည်ပြီး စစ်အုပ်ချုပ်ရေးကို တိုက်ဖျက်ဖို့ KNU နဲ့ ပူးပေါင်းရတာလို့ ဆိုပါတယ်။ နယ်ခြားစောင့်မှာတော့ ဒီလိုရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေးအတွေးအခေါ် ကင်းမဲ့နေတာမို့ စစ်ကောင်စီအမိန့်ကို နာခံနေတာ ဖြစ်ပါတယ်။

ကရင်နယ်ခြားစောင့်တပ်ပိုင်တဲ့ ချစ်လင်းမြိုင်ကုမ္မဏီနဲ့ ရထိုက်နိုင်ငံတကာဦးပိုင်ကုမ္ပဏီ ဖက်စပ်လုပ်ပြီး သောင်းရင်းမြစ်ကမ်းက ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို ၂၀၁၇ မှာ စတင် အကောင်အထည် ဖော်ပါတယ်။ လောင်းကစားမြို့တော်အဖြစ် စီးပွားရှာတာကို ကန့်ကွက်မှုနဲ့ ဖိအားပေးမှုတွေ များလာတဲ့အတွက် ကရင်နယ်ခြားတပ်ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့အဖွဲ့ နုတ်ထွက်စာတင်တဲ့ အခြေအနေအထိ ဖြစ်သွားပါတယ်။ ဒါပေမဲ့ နယ်ခြားစောင့်တပ်ရင်း (၁၃) ရင်းနဲ့ စုပေါင်းနုတ်ထွက်စာကို တပ်မတော်က လက်မခံဘဲ ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒီအတောအတွင်း စစ်ကောင်စီ အာဏာသိမ်းတော့ KNU တပ်ဖွဲ့နဲ့ တိုက်ပွဲပြန်ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က ကူညီတိုက်ခိုက်ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ်ဟာ စီးပွားရေးလုပ်ငန်းတွေမှာ ပြဿနာ မရှိတော့ဘဲ အကျိုးအမြတ် ခံစားလာရပါတယ်။

ကရင်နယ်ခြားစောင့်တပ် ချုပ်ကိုင်ထားတဲ့ မြန်မာ-ထိုင်းနယ်စပ်က မှောင်ခိုကုန်သွယ်ရေးဂိတ်တွေနဲ့ ကစီးနိုး လောင်းကစားဝိုင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အထိ အလုပ်ဖြစ်လာကြောင်း သိရပါတယ်။ ရွှေကုက္ကိုလ်စီကရင်နယ်ခြားစောင့် စီမံကိန်းကို စစ်ကောင်စီတပ်နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့တောင် ဆွေးနွေးလာတယ်လို့ သတင်းထွက်နေပါတယ်။ ကရင်နယ်ခြားစောင့် အခြေချတဲ့ မြဝတီမြို့နယ်ဟာ မြန်မာ-ထိုင်းနယ်စပ် သောင်းရင်းမြစ် အနောက်ဘက်ကမ်းမှာရှိပြီး အရှေ့ဘက်ကမ်းမှာ ထိုင်းနိုင်ငံ မယ်တော်ရွာ မဲဆောက်မြို့နယ် တည်ရှိပါတယ်။ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲနဲ့လည်း နယ်နမိတ်ချင်း ထိစပ်နေပါတယ်။

ဒါပေမဲ့ သောင်းရင်းမြစ်တလျှောက်က လှေဂိတ်တွေကိုသုံးပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ကြတာများပါတယ်။ လှေဂိတ်တွေသုံးတဲ့ အလွတ်ကုန်သွယ်ရေးဟာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ (၆၀) ရာခိုင်နှုန်းလောက်ရှိပြီး၊ ဒေါ်လာသန်းတထောင်ကျော် တန်းဖိုးရှိတယ်လို့ ဆိုပါတယ်။ နယ်ခြားစောင့် ချုပ်ကိုင်တဲ့ လှေဂိတ် (၂၇) ဂိတ်ရှိပြီး၊ KNU နဲ့ ကလိုထူးဘော DKBA ထိန်းချုပ်ထားတဲ့ လှေဂိတ်ကတော့ (၇) ခုသာ ရှိပါတယ်။ ဒါကြောင့် ရွှေကုက္ကိုလ်မှာ ကရင်နယ်ခြားစောင့်နဲ့ အကျိုးတူ စီးပွားရေးလုပ်ဖို့ စစ်ကောင်စီက လုပ်ဆောင်လာဖွယ်ရှိကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG