သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္နဲ႔ကယား စာနာမႈ နဲ႔ လံုျခံဳေရး ယိုယြင္းလာမႈ ကုလ စိုးရိမ္


စစ္ေကာင္စီနဲ႔ KNU ၾကားတိုက္ပဲြေတြေၾကာင့္ ေဘးလြတ္ရာ ထိုင္းနယ္စပ္ကို ထြက္ေျပးလာၾကတဲ့ ကရင္ ရြာသူရြာသားမ်ား (ဓါတ္ပံု- ထိုင္းကာကြယ္ေရးတပ္)

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစၿပီး ျမန္မာႏိုင္ငံ အေရွ႕ေတာင္ပိုင္း ကရင္နဲ႔ ကယားျပည္နယ္ေတြမွာ အိုးအိမ္စြန္႔ခြါထြက္ေျပးရသူ ၂ သိန္းနီးပါး ရွိေနၿပီလို႔ ကုလသမဂၢက ဇန္နဝါရီလ ၁၇ ရက္ တနလၤာေန႔ နယူးေရာက္ရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစၿပီး ျမန္မာႏိုင္ငံ အေရွ႕ေတာင္ပိုင္း ေဒသမွာ အိုးအိမ္စြန္႔ခြါထြက္ေျပးရတဲ့ အမ်ိဳးသမီး၊ ကေလးငယ္နဲ႔ အမ်ိဳးသား အေရအတြက္ ၁၈၁ ၄၀၀ ေက်ာ္ ရွိလာေနၿပီလို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ Stephane Dujarric ကေျပာသြားတာပါ။

ဒါ့အျပင္ ျမန္မာႏိုင္ငံတြင္းမွာ ရွိတဲ့ ကုလသမဂၢနဲ႔ လက္တြဲေဆာင္ရြက္ေနတဲ့အဖြဲ႔ေတြက အေရးတႀကီး လိုအပ္တဲ့ အကူညီေတြ ေပးလို႔ရတဲ့ေနရာေတြမွာ ဆက္ေပးအပ္ေနခ်ိန္မွာပဲ လူသားခ်င္းစာနာမႈ အကူညီေပးေရး အတူ ေဆာင္ရြက္ေနတဲ့ အဖြဲ႔အမ်ားအျပားကေတာ့ ေဘးအႏၲရာယ္မလံုျခံဳတာေၾကာင့္ ဒီဇင္ဘာလထဲမွာ သူတို႔လုပ္ငန္းေတြ ရပ္ဆိုင္းခဲ့ရတယ္လို႔လည္း ေျပာပါတယ္။ ဒါေၾကာင့္ အကူအညီလိုအပ္တဲ့ ေနရာက လူတိုင္းကို လူသားခ်င္းစာနာမႈအကူညီေတြ အႏၲရာယ္ကင္းကင္းနဲ႔ အတားအဆီးမရွိ သြားေရာက္ ေပးခြင့္ျပဳဖို႔ပါ ကုလသမဂၢက ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံ အေရွ႕ေတာင္ပိုင္း အထူးသျဖင့္ ကရင္နဲ႔ ကယားျပည္နယ္ေတြမွာ မၾကာေသးခင္က တိုက္ပြဲေတြ အရွိန္ျမင့္လာခဲ့တဲ့ေနာက္ပိုင္း အဲဒီေဒသတြင္း လူသားခ်င္းစာနာမႈနဲ႔ လံုျခံဳေရး အေျခေနေတြဆိုးလာေနတာနဲ႔ ပတ္သက္ၿပီး ဌာေန ကုသအဖြဲ႔က စိုးရိမ္ေၾကာင္းလည္း ေျပာပါတယ္။

ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ OCHA ရဲ႕ မွတ္တမ္းေတြအရ ကယားျပည္နယ္ထဲမွာ ခရစ္ယန္ ဘုရားေက်ာင္းေတြ၊ ဘုန္းႀကီးေက်ာင္းေတြ၊ စာသင္ေက်ာင္းေတြ အပါအဝင္ အရပ္သားပိုင္ အိုးအိမ္အေဆာက္အဦးေပါင္း ၆၅၀ ေက်ာ္ မီးရိႈ႕အဖ်က္ဆီးခံခဲ့ရသလို ၂၀၂၁ ေမလကစၿပီး အဲဒီေဒသေတြမွာ ျပည္တြင္းအိုးအိမ္စြန္႔ခြါ ထြက္ေျပးရသူ အေရအတြက္တိုးလာေနတယ္ လို႔ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်နဲ့ ကယားပြည်နယ်တွေမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၂ သိန်းနီးပါး ရှိနေပြီလို့ ကုလသမဂ္ဂက ဇန်နဝါရီလ ၁၇ ရက် တနင်္လာနေ့ နယူးရောက်ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့ အမျိုးသမီး၊ ကလေးငယ်နဲ့ အမျိုးသား အရေအတွက် ၁၈၁ ၄၀၀ ကျော် ရှိလာနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric ကပြောသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ကုလသမဂ္ဂနဲ့ လက်တွဲဆောင်ရွက်နေတဲ့အဖွဲ့တွေက အရေးတကြီး လိုအပ်တဲ့ အကူညီတွေ ပေးလို့ရတဲ့နေရာတွေမှာ ဆက်ပေးအပ်နေချိန်မှာပဲ လူသားချင်းစာနာမှု အကူညီပေးရေး အတူ ဆောင်ရွက်နေတဲ့ အဖွဲ့အများအပြားကတော့ ဘေးအန္တရာယ်မလုံခြုံတာကြောင့် ဒီဇင်ဘာလထဲမှာ သူတို့လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် အကူအညီလိုအပ်တဲ့ နေရာက လူတိုင်းကို လူသားချင်းစာနာမှုအကူညီတွေ အန္တရာယ်ကင်းကင်းနဲ့ အတားအဆီးမရှိ သွားရောက် ပေးခွင့်ပြုဖို့ပါ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း အထူးသဖြင့် ကရင်နဲ့ ကယားပြည်နယ်တွေမှာ မကြာသေးခင်က တိုက်ပွဲတွေ အရှိန်မြင့်လာခဲ့တဲ့နောက်ပိုင်း အဲဒီဒေသတွင်း လူသားချင်းစာနာမှုနဲ့ လုံခြုံရေး အခြေနေတွေဆိုးလာနေတာနဲ့ ပတ်သက်ပြီး ဌာနေ ကုသအဖွဲ့က စိုးရိမ်ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OCHA ရဲ့ မှတ်တမ်းတွေအရ ကယားပြည်နယ်ထဲမှာ ခရစ်ယန် ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ အပါအဝင် အရပ်သားပိုင် အိုးအိမ်အဆောက်အဦးပေါင်း ၆၅၀ ကျော် မီးရှို့အဖျက်ဆီးခံခဲ့ရသလို ၂၀၂၁ မေလကစပြီး အဲဒီဒေသတွေမှာ ပြည်တွင်းအိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ အရေအတွက်တိုးလာနေတယ် လို့ပြောပါတယ်။

XS
SM
MD
LG