သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီေလေၾကာင္း တိုက္ခိုက္မႈ ကရင္ေက်း႐ြာသားႏွစ္ဦး ေသဆုံး


Photo - ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခံရတဲ့ ေသ့ေဘာဘိုးေက်း႐ြာ (CJ)

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ေတာင္ဘက္မွာရွိတဲ့ ဒုကၡသည္ေတြ ခိုလႈံေနရာ ေသ့ေဘာဘိုးေက်း႐ြာထဲကို ေသာၾကာေန႔ညက စစ္ေကာင္စီတပ္က ေလေၾကာင္းနဲ႔ လာေရာက္ဗုံးႀကဲမူေတြ ေၾကာင့္ အရပ္သား ၂ ဦးေသဆုံးၿပီး၊ ၃ ဦးျပင္းထန္တဲ့ဒဏ္ရာ ရရွိခဲ့ပါတယ္ စေန႔ေန႔မနက္မွာလည္း ထပ္မံဗုံးႀကဲတိုက္ခိုက္တာေၾကာင့္ အဲဒီ႐ြာမွာပဲ ႐ြာသား ၄ ဦးထက္မနည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ေတာင္ဘက္မွာရွိတဲ့ ဒုကၡသည္ေတြ ခိုလႈံေနရာ ေသ့ေဘာဘိုးေက်း႐ြာထဲကို ေသာၾကာေန႔ညက စစ္ေကာင္စီတပ္က ေလေၾကာင္းနဲ႔ လာေရာက္ဗုံးႀကဲမူေတြ ေၾကာင့္ ေက်း႐ြာသူႀကီးအိမ္နဲ႔ သူ႔ညီမအိမ္ ထိမွန္ၿပီး ေနအိမ္ထဲမွာ ထမင္းစားေနတဲ့ မိသားစုဝင္ (၂) ဦး ေသဆုံးကာ၊ (၃) ဦးကေတာ့ ျပင္းထန္တဲ့ဒဏ္ရာေတြ ရခဲ့ပါတယ္ စေနေနမွာလည္း အဲဒီ႐ြာကို ထပ္မံဗုံးႀကဲတိုက္ခိုက္တဲ့အတြက္ ေက်း႐ြာသားေတြ ထိခိုက္ဒဏ္ရာရ သူ (၄) ဦးထက္မနည္း ရွိတယ္လို႔ အဲဒီ႐ြာမွာခိုလံႈေနတဲ့ စစ္ေဘးေရွာင္ဒုကၡသည္တဦးကေျပာျပပါတယ္။

ည (ရ) နာရီေလာက္ကပါ သူတို႔လာႀကဲတာက ဒုကၡသည္ေတြရွိတဲ့ေနရာကိုပဲ ဒါေပမဲ့ ဒုကၡသည္ေတြကို မထိဘဲ၊ ေက်း႐ြာဥကၠဌ အိမ္ကိုထိသြားတယ္ တခါတည္း (၂) ေယာက္ပြဲခ်င္း ၿပီးသြားတယ္။ တခါတည္း ေခါင္းေတြကို ကြဲၿပဲသြားတာပဲ ဗုံးက်တဲ့ေနရာမွာပဲ (၂) ေယာက္က ပြဲခ်င္းၿပီးသြားတယ္။ (၃) ေယာက္ကေတာ့ ဒဏ္ရာရရွိတယ္။ မဲေဆာက္ေဆး႐ုံဘက္မွာ ျမန္မာဘက္က ဥကၠဌက ဒုကၡသည္ေတြကို အုပ္ခ်ဳပ္ေပးေနတဲ့ ဥကၠ႒ပါ။ ေသေဘာ့ဘိုးမွာ ေလးေက့ေကာ္က ဒုကၡည္ေတြ ရေသ့ဂူတို႔ ပဟိကေလာ္တို႔က ဒုကၡသည္တို႔ ရွိတယ္။ ဒုကၡသည္စခန္း ရွိတယ္။ သူပဲအုပ္ခ်ဳပ္ေပးေနတာ။ သူ႔ညီတေယာက္နဲ႔ သူ႔တူတေယာက္ ေသသြားတာ။ ဥကၠဌကေတာ့ မေသဘူး။ ဥကၠဌက မထိဘူးတလုံးပဲ။ ကြဲတယ္ တစ္လုံးက ေျမႀကီးမွာ စိုက္ေနတယ္။ အခု ဒဏ္ရာရတာကေတာ့ ဥကၠ႒ အေဖနဲ႔ အေမနဲ႔ သူ႔ညီမ ထိသြားတာ။ သူ႔အေဖဆိုရင္ ေျခေထာက္ေတြ ေႂကြမြသြားတာ။ ေျခေထာက္ေတြ ျဖတ္ပစ္ရမယ္လို႔ ဥကၠ႒က ေျပာတယ္။ အခုလဲ လာပစ္သြားျပန္ၿပီ ေလယာဥ္နဲ႔ပဲ လာပစ္တာေလ (၄) ေယာက္ထိသြားတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ေတြဟာ ျမဝတီခ႐ိုင္ထဲက ဥကရစ္ထ ေျခကုတ္စခန္း တိုက္ပြဲျပင္းထန္ေနတာ တပတ္နီးပါး ၾကာၿပီျဖစ္သလို၊ အဲဒီေနရာေတြက ေက်း႐ြာေတြကိုလည္း စစ္ေကာင္စီဘက္က ဗုံးႀကဲတိုက္ခိုက္မူေတြ လုပ္ခဲ့တာပါ။

အခု ဗုံးႀကဲတိုက္ခိုက္ခံရလို႔ အရပ္သားေတြ ေသဆုံးခဲ့တဲ့ေနရာကေတာ့ ဥကရစ္ထစခန္းနဲ႔ ေဝးၿပီး၊ ေလးေက့ေကာ္ေဒသက စစ္ေဘးေရွာင္ေတြ ခိုလႈံေနတဲ့ေနရာလည္း ျဖစ္ပါတယ္။ လက္ရွိ တိုက္ပြဲျဖစ္ေနတဲ့ေနရာ မဟုတ္ပဲ၊ ဒုကၡသည္ေတြ ခိုလွံုေနတဲ့ေနရာကို ဗုံးႀကဲတိုက္ခိုက္ခဲ့တာက မသင့္ေတာ္ဘူးလို႔လည္း ဒုကၡသည္က ဆက္ေျပာျပပါတယ္။

အဲဒီေနရာမွာ ေလယာဥ္နဲ႔လည္း လာမႀကဲသင့္ပါဘူး။ အဲဒီမွာက မႀကဲသင့္ဘူးဆိုတာ။ အဲဒီမွာ တိုက္ပြဲေတြမွ ျဖစ္ေနတာမွ၊ မဟုတ္တာ။ တိုက္ပြဲေတြ မျဖစ္သလို႔ စခန္းေတြလည္း မရွိဘူး။ PDF လည္းမရွိဘူး။ ကရင္စစ္တပ္စခန္းေတြလည္း မရွိဘူး။ ရဲေဘာ္ေတြလည္း မရွိဘူး။ အဲဒီမွာ ဥကၠဌနဲ႔ ဒုကၡသည္ေတြပဲရွိတာ။ ေတာ္ေသးတာေပါ့။ ဒုကၡသည္ေတြရွိတဲ့ေနရာကို မက်တာ။ က်ရင္ေတာ့ ဒုကၡသည္ေတြ ကုန္သြားမွာ။ အဲဒီမွာ တဲတလုံးတလုံးက ကပ္ရက္ျဖစ္ေနတာ ေလးေက့ေကာ္တို႔ ရေသ့ဂူတို႔က ျပန္လို႔မွမရတာ၊ ျပန္လို႔မရေတာ့ အဲဒီမွာပဲမွီခိုၿပီး ေနေနရတာေပါ့။

ေသ့ေဘာ္ဘိုး႐ြာထဲကို ဗုံးႀကဲတိုက္ခိုက္မူ႔ေတြေၾကာင့္ ေသ့ေဘာ့ဘိုးေက်း႐ြာသားေတြနဲ႔ ေလးေက့ေကာ္ေဒသက ဒုကၡသည္ေတြဟာ ေဘးလြတ္ရာကို ထပ္ၿပီးထြက္ေျပးတိမ္းေရွာင္ေနၾကရာမွာ ရာဂဏန္းရွိတဲ့ ဒုကၡသည္ေတြဟာ ညတြင္းခ်င္း ထိုင္းဘက္ကို ထြက္ေျပးခိုလႈံၾကရတယ္လို႔္လည္း ဆိုပါတယ္။

အခုဆိုရင္ ျမဝတီခ႐ိုင္အတြင္းက ဥကရစ္ထစခန္း တိုက္ပြဲေၾကာင့္ အရပ္သား (၅) ဦးထက္မနည္း ေသဆုံးခဲ့ၿပီး၊ ထိခိုက္ဒဏ္ရာရသူေတြလည္း အမ်ားအျပား ရွိေနတာပါ။ စစ္ေကာင္စီဘက္ေတာ့ ထိုင္းျမန္မာနယ္စပ္မွာ တိုက္ေလယာဥ္ေတြနဲ႔ ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္မူေတြကို ဆက္တိုက္လုပ္ေနရမွာ၊ ဇူလိုင္လ (၂) ရက္ေန႔အထိဆိုရင္ (၆) ရက္ ဆက္တိုက္ရွိသြားၿပီ ျဖစ္ပါတယ္။ ဥကရစ္ထစခန္း တိုက္ပြဲေၾကာင့္ ထိုင္းျမန္မာနယ္စပ္ ထိုင္းဘက္ျခမ္းထိ လက္နက္က်ည္ဆံေတြ က်ေရာက္တာ စစ္ေကာင္စီတပ္ေတြရဲ႕ ေလယာဥ္ေတြက ထိုင္းဘက္ကို နယ္ေက်ာ္ၿပီး ပ်ံသန္းမူေတြလုပ္တဲ့အတြက္ ထိုင္းဘက္ကလည္း ကန႔္ကြက္မူေတြ ရွိခဲ့ပါတယ္။

=== Unicode ===

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ ဒုက္ခသည်တွေ ခိုလှုံနေရာ သေ့ဘောဘိုးကျေးရွာထဲကို သောကြာနေ့ညက စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ဗုံးကြဲမူတွေ ကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၃ ဦးပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့ပါတယ် စနေ့နေ့မနက်မှာလည်း ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် အဲဒီရွာမှာပဲ ရွာသား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ် ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ ဒုက္ခသည်တွေ ခိုလှုံနေရာ သေ့ဘောဘိုးကျေးရွာထဲကို သောကြာနေ့ညက စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ဗုံးကြဲမူတွေ ကြောင့် ကျေးရွာသူကြီးအိမ်နဲ့ သူ့ညီမအိမ် ထိမှန်ပြီး နေအိမ်ထဲမှာ ထမင်းစားနေတဲ့ မိသားစုဝင် (၂) ဦး သေဆုံးကာ၊ (၃) ဦးကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ပါတယ် စနေနေမှာလည်း အဲဒီရွာကို ထပ်မံဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကျေးရွာသားတွေ ထိခိုက်ဒဏ်ရာရ သူ (၄) ဦးထက်မနည်း ရှိတယ်လို့ အဲဒီရွာမှာခိုလှုံနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တဦးကပြောပြပါတယ်။

ည (ရ) နာရီလောက်ကပါ သူတို့လာကြဲတာက ဒုက္ခသည်တွေရှိတဲ့နေရာကိုပဲ ဒါပေမဲ့ ဒုက္ခသည်တွေကို မထိဘဲ၊ ကျေးရွာဥက္ကဌ အိမ်ကိုထိသွားတယ် တခါတည်း (၂) ယောက်ပွဲချင်း ပြီးသွားတယ်။ တခါတည်း ခေါင်းတွေကို ကွဲပြဲသွားတာပဲ ဗုံးကျတဲ့နေရာမှာပဲ (၂) ယောက်က ပွဲချင်းပြီးသွားတယ်။ (၃) ယောက်ကတော့ ဒဏ်ရာရရှိတယ်။ မဲဆောက်ဆေးရုံဘက်မှာ မြန်မာဘက်က ဥက္ကဌက ဒုက္ခသည်တွေကို အုပ်ချုပ်ပေးနေတဲ့ ဥက္ကဋ္ဌပါ။ သေဘော့ဘိုးမှာ လေးကေ့ကော်က ဒုက္ခည်တွေ ရသေ့ဂူတို့ ပဟိကလော်တို့က ဒုက္ခသည်တို့ ရှိတယ်။ ဒုက္ခသည်စခန်း ရှိတယ်။ သူပဲအုပ်ချုပ်ပေးနေတာ။ သူ့ညီတယောက်နဲ့ သူ့တူတယောက် သေသွားတာ။ ဥက္ကဌကတော့ မသေဘူး။ ဥက္ကဌက မထိဘူးတလုံးပဲ။ ကွဲတယ် တစ်လုံးက မြေကြီးမှာ စိုက်နေတယ်။ အခု ဒဏ်ရာရတာကတော့ ဥက္ကဋ္ဌ အဖေနဲ့ အမေနဲ့ သူ့ညီမ ထိသွားတာ။ သူ့အဖေဆိုရင် ခြေထောက်တွေ ကြွေမွသွားတာ။ ခြေထောက်တွေ ဖြတ်ပစ်ရမယ်လို့ ဥက္ကဋ္ဌက ပြောတယ်။ အခုလဲ လာပစ်သွားပြန်ပြီ လေယာဉ်နဲ့ပဲ လာပစ်တာလေ (၄) ယောက်ထိသွားတယ်။

စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေဟာ မြဝတီခရိုင်ထဲက ဥကရစ်ထ ခြေကုတ်စခန်း တိုက်ပွဲပြင်းထန်နေတာ တပတ်နီးပါး ကြာပြီဖြစ်သလို၊ အဲဒီနေရာတွေက ကျေးရွာတွေကိုလည်း စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မူတွေ လုပ်ခဲ့တာပါ။

အခု ဗုံးကြဲတိုက်ခိုက်ခံရလို့ အရပ်သားတွေ သေဆုံးခဲ့တဲ့နေရာကတော့ ဥကရစ်ထစခန်းနဲ့ ဝေးပြီး၊ လေးကေ့ကော်ဒေသက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့နေရာလည်း ဖြစ်ပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့နေရာ မဟုတ်ပဲ၊ ဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာက မသင့်တော်ဘူးလို့လည်း ဒုက္ခသည်က ဆက်ပြောပြပါတယ်။

အဲဒီနေရာမှာ လေယာဉ်နဲ့လည်း လာမကြဲသင့်ပါဘူး။ အဲဒီမှာက မကြဲသင့်ဘူးဆိုတာ။ အဲဒီမှာ တိုက်ပွဲတွေမှ ဖြစ်နေတာမှ၊ မဟုတ်တာ။ တိုက်ပွဲတွေ မဖြစ်သလို့ စခန်းတွေလည်း မရှိဘူး။ PDF လည်းမရှိဘူး။ ကရင်စစ်တပ်စခန်းတွေလည်း မရှိဘူး။ ရဲဘော်တွေလည်း မရှိဘူး။ အဲဒီမှာ ဥက္ကဌနဲ့ ဒုက္ခသည်တွေပဲရှိတာ။ တော်သေးတာပေါ့။ ဒုက္ခသည်တွေရှိတဲ့နေရာကို မကျတာ။ ကျရင်တော့ ဒုက္ခသည်တွေ ကုန်သွားမှာ။ အဲဒီမှာ တဲတလုံးတလုံးက ကပ်ရက်ဖြစ်နေတာ လေးကေ့ကော်တို့ ရသေ့ဂူတို့က ပြန်လို့မှမရတာ၊ ပြန်လို့မရတော့ အဲဒီမှာပဲမှီခိုပြီး နေနေရတာပေါ့။

သေ့ဘော်ဘိုးရွာထဲကို ဗုံးကြဲတိုက်ခိုက်မူ့တွေကြောင့် သေ့ဘော့ဘိုးကျေးရွာသားတွေနဲ့ လေးကေ့ကော်ဒေသက ဒုက္ခသည်တွေဟာ ဘေးလွတ်ရာကို ထပ်ပြီးထွက်ပြေးတိမ်းရှောင်နေကြရာမှာ ရာဂဏန်းရှိတဲ့ ဒုက္ခသည်တွေဟာ ညတွင်းချင်း ထိုင်းဘက်ကို ထွက်ပြေးခိုလှုံကြရတယ်လို့်လည်း ဆိုပါတယ်။

အခုဆိုရင် မြဝတီခရိုင်အတွင်းက ဥကရစ်ထစခန်း တိုက်ပွဲကြောင့် အရပ်သား (၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေတာပါ။ စစ်ကောင်စီဘက်တော့ ထိုင်းမြန်မာနယ်စပ်မှာ တိုက်လေယာဉ်တွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေကို ဆက်တိုက်လုပ်နေရမှာ၊ ဇူလိုင်လ (၂) ရက်နေ့အထိဆိုရင် (၆) ရက် ဆက်တိုက်ရှိသွားပြီ ဖြစ်ပါတယ်။ ဥကရစ်ထစခန်း တိုက်ပွဲကြောင့် ထိုင်းမြန်မာနယ်စပ် ထိုင်းဘက်ခြမ်းထိ လက်နက်ကျည်ဆံတွေ ကျရောက်တာ စစ်ကောင်စီတပ်တွေရဲ့ လေယာဉ်တွေက ထိုင်းဘက်ကို နယ်ကျော်ပြီး ပျံသန်းမူတွေလုပ်တဲ့အတွက် ထိုင်းဘက်ကလည်း ကန့်ကွက်မူတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG