သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလာင္စာဆီသယ္ေဆာင္လာတဲ႔ ထရပ္ကား၂ စီး ကရင္တပ္ နဲ႔ PDF တို႔ ပစ္ခတ္ဖ်က္ဆီး


စစ္ေကာင္စီတပ္နဲ႔ ရင္ဆုိင္တုိက္ခုိက္ေနတဲ့ KNU တပ္ဖြဲ႔ဝင္အခ်ဳိ႕။

ကရင္ျပည္နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KNU နဲ႔ PDF ပူးေပါင္းတပ္ေတြ ဇန္နဝါရီလ ၁၇ ရက္မွာ ရင္ဆိုင္တိုက္ပြဲေတြ ၿငိမ္ေနေပမဲ့ ညဘက္ေတြမွာ ေက့ာကရိတ္ျမိဳနယ္ဘက္က ေက်း႐ြာေတြအေပၚ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တယ္လို႔ေဒသခံေတြက ေျပာပါတယ္။ ျမဝတီ-ေကာ့ကရိတ္သြား အာ႐ွလမ္းမႀကီးေပၚမွာ ေလာင္စာဆီကားေတြ တိုက္ခိုက္ခံရတယ္ လို႔ စစ္ေကာင္စီက ေျပာပါတယ္။ အျပည့္အစံုကို ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ KNU၊ PDF ပူးေပါင္းတပ္ေတြ တိုက္ပြဲေတြျဖစ္ေနတဲ့ ကရင္ျပည္နယ္ အတြင္းက KNU ကရင္အမ်ိဳးသားအစည္းအရံုး တပ္မဟာ (၆) ထိမ္းခ်ဳပ္ရာ ျမ၀တီခရိုင္နဲ႔ ေကာ့ကရိတ္ၿမိဳ႕နယ္ဘက္ေတြမွာ ဇန္နဝါရီ ၁၇ ရက္ ညေနပိုင္းအထိ တိုက္ပြဲေတြ မ႐ွိဘဲ ၿငိမ္ေနပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီတပ္ေတြဘက္က ေက့ာကရိတ္ျမိဳနယ္ဘက္က ေက်း႐ြာေတြအေပၚ လက္နက္ႀကီးေတြနဲ႔ ညတိုင္းနီးပါးပစ္ခတ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဇန္န၀ါရီလ ၁၆ရက္ေန႔ကေတာ့ ျမဝတီၿမိဳ႕ကေန ေလာင္စာဆီတင္လာတဲ့ ဆီေဘာက္ဆာကားေတြကို KNU ကရင္အမ်ိဳသား လြတ္ေျမာက္ေရးတပ္နဲ႔ PDF ျပည္သူ႔ကာကြယ္ေရးတပ္စတဲ့ ပူးေပါင္းတပ္ေတြက တုိက္ခိုက္ခဲ့တယ္လို့ ျပည္သူကာကြယ္ေရးတပ္က ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္ကေျပာပါတယ္။

"က်ေနာ္တို့ဘက္ကလည္းမေန့ကသင္တန္းဆရာတေယာက္က်သြားတယ္က်ေနာ္တို့အင္အားစုထဲကေပါ့။သူတို့ဘက္ကလည္းက်တယ္ အေလာင္းေတာင္ လာမေကာက္ႏုိင္တာ ရွိတယ္။ တိုက္ပဲြကေန ့တိုင္းရွိေနတယ္။ ဆီသယ္တဲ့ကားကို PDF ကပစ္လိုက္တယ္ ဆုိတာလည္း ဟုတ္တယ္ PDF ခ်ည္းပဲမဟုတ္ဘူး KNU နဲ့ပူးေပါင္းတပ္ေတြက ပစ္တာပါ။ ဒါက သူတို့အတြက္စစ္ေရးအတြက္ အေထာက္အကူျဖစ္ေစမယ့္ဟာေတြကိုရွင္းတာပါ ။သူတို့ကေတာ့ ဂက္စ္ေတြဆုိေပမယ့္လည္းေလယာဥ္ဆီေတြလည္းျဖစ္ေကာင္းျဖစ္မယ္။ က်ေနာ္တုိ႔ စာထုတ္ထားပါတယ္ သူတုိ႔ မလုိက္နာလို႔ ပစ္လိုက္တာပါ။"

ျမဝတီကေန ေရးၿမိဳ႕နဲ႔ ေမာ္လၿမိဳင္ၿမိဳ႕ကို သြားတဲ့ LP Gas သဘာဝဓါတ္ေငြ႔ရည္ တင္ေဆာင္လာတဲ့ ကား ၂ စီး ျမဝတီ-ေကာ့ကရိတ္သြား အာ႐ွလမ္းမႀကီးေပၚမွာ တိုက္ခိုက္ခံရတာမွာ ယာဥ္ေမာင္း ၂ ဦးလံုးေသဆံုးသြားတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေလာင္စာဆီသယ္ေဆာင္လာတဲ့ ကားေတြကို ပစ္ခတ္ခံရတာနဲ႔ ပတ္သက္လုိ႔ VOA ကုိ အခုလိုေျပာပါတယ္။

"ေကာ့ကရိပ္ျမိဳ ့ေပၚ ျမ၀တီေကာ့ကရိပ္လမ္းေပၚက ဒီ LPG ဓါတ္ေငြ ့ သယ္လာတဲ့ႀသရကုမဏီပုိင္တဲ့ ယာဥ္၂စင္းကုိ ကုိ DKBA ခဲြထြက္အဖဲြ ့က ပစ္တာရွိတယ္။ ေရးနဲ့ေမာ္လျမိဳင္ကုိပို့မယ့္ ထင္းအစားထုိးေလာင္စာဆီျဖစ္တယ္။ျမ၀တီဘက္က အဲဒီတခုျဖစ္ခဲ့တာရွိတယ္။ ေကာ့ကရိပ္ဘက္မွာေတာ့ ေမာင္းမရြာသစ္အနီးမွာ KNU နဲ့ PDF ၅၀ေလာက္က ပစ္တာရွိတယ္။အဲဒီမွာေတာ့က်ေနာ္တို့ဆီက စစ္သည္တခ်ိဳ ့ဒဏ္ရာရရွိတာရွိတယ္ အဲဒီမွာ ပစၥည္းေတြလည္းလက္နက္တခ်ိဳ ့သိမ္းဆည္းရမိတာရိွပါတယ္။"


ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ေတာင္ဘက္ ဖလူးေလး႐ြာမွာ KNLA ကရင္အမ်ိဳးသားတပ္ KNDO ကရင္အမ်ိဳးသားကာကြယ္ေရးတပ္၊ PDF ျပည္သူ့ကာကြယ္ေရးတပ္၊ DKBA ဒီမုိကေရစီကရင္အက်ိဳးျပဳတပ္စတဲ့ ပူးေပါင္းတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြတိုက္ပဲြျဖစ္ခဲ့တာေၾကာင့္ စစ္ေဘးေရွာင္ဒုကၡသည္ေတြ ခိုလွံဳေနတဲ့ DKBA ဗုိလ္စလံုး ဦးစီးတဲ့စခန္းက်သြားခဲ့ပါတယ္။ အဲဒါေၾကာင့္ ျပည္တြင္းဒုကၡသည္ေတြဟာ ေသာင္ရင္းျမစ္တေလ်ာက္ ထြက္ေျပးခဲ့ရသလို တခ်ိဳ ့လည္းထုိင္းဘက္က ယာယီဒုကၡသည္စခန္းမွာ ခိုလႈံေနၾကရပါတယ္။ ျမဝတီၿမိဳ႕နယ္ ေလးေက့ေကာ္အနီးမွာျဖစ္တဲ့ တိုက္ပဲြေတြေၾကာင့္ မဲ့ေထာ္သေလး႐ြာ၊ ဖလူးေလး႐ြာ၊ ဖလူးႀကီး႐ြာ၊ ထီးမဲ့ဝါးခီး႐ြာ၊ ေလးေက့ေကာ္႐ြာ၊ မင္းလက္ပံ႐ြာ၊ ပဟိကေလာ့္႐ြာ၊ အင္ၾကင္းၿမိဳင္႐ြာ၊ ရေသ့ဂူ႐ြာေတြက စစ္ေဘးဒုကၡသည္ေတြ တေသာင္းခဲြကေနကေန ႏွစ္ေသာင္းႀကားမွာ႐ွိပါတယ္။ တခ်ဳိ႕လည္း ေနရပ္ျပန္ေနၾကတာမွာ စေန တနဂၤေႏြ႐ံုးပိတ္ရက္အတြင္း ေနရပ္ျပန္သူ ၈၀၀ ေလာက္႐ွိတယ္လို႔ ဒုကၡသည္အကူအညီေပးေနသူေတြကေျပာပါတယ္။ တခ်ိဳ႕ကေတာ့ သူတို႔ေနရာေတြကို ျပန္သြားလိုက္ လက္နက္ႀကီးက်ည္ဆံေတြက်ေနတဲ့အခါ ျပန္ျပီး ထြက္ေျပးလိုက္လုပ္ေနရတာ ၅ ႀကိမ္ေလာက္႐ွိေနၿပီလို႔ ေျပာပါတယ္။

ေကာ့ကရိတ္ျမိဳ့ဘက္မွာေတာ့စစ္ေကာင္စီတပ္ေတြက ေလႀကာင္းကေနပစ္ခတ္မူ့ေတြ လက္နက္ႀကီးေတြနဲ့ပစ္ခတ္မူေတြ ႏွစ္ဖက္တိုက္ပဲြေတြေႀကာင့္ ေကာ့ကရိပ္ျမိဳ ့ေတာင္ပိုင္း ေက်း႐ြာေပါင္း ၁၄ ႐ြာ က ေဒသခံ ျပည္သူ ၅၀၀၀ ေလာက္လည္း ေတာေတာင္ေတြထဲ လိုက္လံပုန္းေအာင္းေနရပါတယ္။

ကရင္ျပည္နယ္ျမ၀တီခရိုင္ ေလးေက့ေကာ္ျမိဳ႔သစ္ အတြင္းမွာ ခိုလႈံေနတဲ့ လြတ္ေတာ္အမတ္ ၂ ဦးနဲ႔ စစ္အာဏာသိမ္းမူ့ကို ဆန့္က်င္တဲ့တက္ႀကြလွဳပ္ရွားသူေတြ အၾကမ္းမဖက္ အာဏာဖီဆန္ CDM လုပ္ထားတဲ့ ၀န္ထမ္း ေတြပါတဲ့ လူ ၂၀ ေက်ာ္ကုိ စစ္ေကာင္စီတပ္ေတြ ဒီဇင္ဘာ ၁၄ ရက္မွာ ၀င္ေရာက္ဖမ္း ဆီးခဲ့ပါတယ္ ေနာက္တရက္ ဒီဇင္ဘာလ ၁၅ ရက္ေန့ကစလို႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္အပါအ၀င္ ကရင္အမ်ိဳးသား ကာကြယ္ေ၇းတပ္ NUG လက္ေအာက္ခံျပည္သူ့ကာကြယ္ေရးတပ္စတဲ့ ပူးေပါင္းတပ္ဖဲြေတြနဲ့ စစ္ေကာင္စီတပ္ေတြဟာ တိုက္ပဲြေတြျဖစ္ခဲ့တာ တလ ေက်ာ္သြားျပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

လောင်စာဆီသယ်ဆောင်လာတဲ့ ထရပ်ကား၂ စီး ကရင်တပ် နဲ့ PDF တို့ ပစ်ခတ်ဖျက်ဆီး

ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNU နဲ့ PDF ပူးပေါင်းတပ်တွေ ဇန်နဝါရီလ ၁၇ ရက်မှာ ရင်ဆိုင်တိုက်ပွဲတွေ ငြိမ်နေပေမဲ့ ညဘက်တွေမှာ ကေ့ာကရိတ်မြိုနယ်ဘက်က ကျေးရွာတွေအပေါ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်မှာ လောင်စာဆီကားတွေ တိုက်ခိုက်ခံရတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ KNU၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ်အတွင်းက KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) ထိမ်းချုပ်ရာ မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့နယ်ဘက်တွေမှာ ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းအထိ တိုက်ပွဲတွေ မရှိဘဲ ငြိမ်နေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေဘက်က ကေ့ာကရိတ်မြိုနယ်ဘက်က ကျေးရွာတွေအပေါ် လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါးပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီလ ၁၆ရက်နေ့ကတော့ မြဝတီမြို့ကနေ လောင်စာဆီတင်လာတဲ့ ဆီဘောက်ဆာကားတွေကို KNU ကရင်အမျိုသား လွတ်မြောက်ရေးတပ်နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကပြောပါတယ်။

"ကျနော်တို့ဘက်ကလည်းမနေ့ကသင်တန်းဆရာတယောက်ကျသွားတယ်ကျနော်တို့အင်အားစုထဲကပေါ့။သူတို့ဘက်ကလည်းကျတယ် အလောင်းတောင် လာမကောက်နိုင်တာရှိတယ်။ တိုက်ပွဲကနေ့တိုင်းရှိနေတယ် ။ဆီသယ်တဲ့ကားကို PDF ကပစ်လိုက်တယ်ဆိုတာလည်းဟုတ်တယ် PDF ချည်းပဲမဟုတ်ဘူး KNU နဲ့ပူးပေါင်းတပ်တွေက ပစ်တာပါ ။ ဒါက သူတို့အတွက်စစ်ရေးအတွက် အထောက်အကူဖြစ်စေမယ့်ဟာတွေကိုရှင်းတာပါ ။သူတို့ကတော့ ဂက်စ်တွေဆိုပေမယ့်လည်းလေယာဉ်ဆီတွေလည်းဖြစ်ကောင်းဖြစ်မယ်။ ကျနော်တို့ စာထုတ်ထားပါတယ် သူတို့ မလိုက်နာလို့ ပစ်လိုက်တာပါ။"

မြဝတီကနေ ရေးမြို့နဲ့ မော်လမြိုင်မြို့ကို သွားတဲ့ LP Gas သဘာဝဓါတ်ငွေ့ရည်တင်ဆောင်လာတဲ့ ကား ၂ စီး မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်မှာ တိုက်ခိုက်ခံရတာမှာ ယာဉ်မောင်း ၂ ဦးလုံးသေဆုံးသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လောင်စာဆီသယ်ဆောင်လာတဲ့ ကားတွေကို ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ VOA ကို အခုလိုပြောပါတယ်။

"ကော့ကရိပ်မြို့ပေါ် မြဝတီကော့ကရိပ်လမ်းပေါ်က ဒီ LPG ဓါတ်ငွေ့ သယ်လာတဲ့သြရကုမဏီပိုင်တဲ့ ယာဉ်၂စင်းကို ကို DKBA ခွဲထွက်အဖွဲ့က ပစ်တာရှိတယ်။ ရေးနဲ့မော်လမြိုင်ကိုပို့မယ့် ထင်းအစားထိုးလောင်စာ ဆီဖြစ်တယ်။မြဝတီဘက်က အဲဒီတခုဖြစ်ခဲ့တာရှိတယ်။ ကော့ကရိပ်ဘက်မှာတော့ မောင်းမရွာသစ်အနီးမှာ KNU နဲ့ PDF ၅၀လောက်က ပစ်တာရှိတယ်။ အဲဒီမှာတော့ကျနော်တို့ဆီက စစ်သည်တချို့ဒဏ်ရာရရှိတာရှိတယ် အဲဒီမှာ ပစ္စည်းတွေလည်းလက်နက်တချို့သိမ်းဆည်းရမိတာရှိပါတယ်။"


ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးလေးရွာမှာ KNLA ကရင်အမျိုးသားတပ် KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်၊ PDF ပြည်သူ့ကာကွယ်ရေးတပ်၊ DKBA ဒီမိုကရေစီကရင်အကျိုးပြုတပ်စတဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ခိုလှုံနေတဲ့ DKBA ဗိုလ်စလုံး ဦးစီးတဲ့စခန်းကျသွားခဲ့ပါတယ်။ အဲဒါကြောင့် ပြည်တွင်းဒုက္ခသည်တွေဟာ သောင်ရင်းမြစ်တလျောက် ထွက်ပြေးခဲ့ရသလို တချို့လည်းထိုင်းဘက်က ယာယီဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရပါတယ်။ မြဝတီမြို့နယ် လေးကေ့ကော်အနီးမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် မဲ့ထော်သလေးရွာ၊ ဖလူးလေးရွာ၊ ဖလူးကြီးရွာ၊ ထီးမဲ့ဝါးခီးရွာ၊ လေးကေ့ကော်ရွာ၊ မင်းလက်ပံရွာ၊ ပဟိကလော့်ရွာ၊ အင်ကြင်းမြိုင်ရွာ၊ ရသေ့ဂူရွာတွေက စစ်ဘေးဒုက္ခသည်တွေ တသောင်းခွဲကနေကနေ နှစ်သောင်းကြားမှာရှိပါတယ်။ တချို့လည်း နေရပ်ပြန်နေကြတာမှာ စနေ တနင်္ဂနွေရုံးပိတ်ရက်အတွင်း နေရပ်ပြန်သူ ၈၀၀ လောက်ရှိတယ်လို့ ဒုက္ခသည်အကူအညီပေးနေသူတွေကပြောပါတယ်။ တချို့ကတော့ သူတို့နေရာတွေကို ပြန်သွားလိုက် လက်နက်ကြီးကျည်ဆံတွေကျနေတဲ့အခါ ပြန်ပြီး ထွက်ပြေးလိုက်လုပ်နေရတာ ၅ ကြိမ်လောက်ရှိနေပြီလို့ ပြောပါတယ်။

ကော့ကရိတ်မြို့ဘက်မှာတော့စစ်ကောင်စီတပ်တွေက လေကြာင်းကနေပစ်ခတ်မူ့တွေ။လက်နက်ကြီးတွေနဲ့ပစ်ခတ်မူတွေ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကော့ကရိပ်မြို့တောင်ပိုင်း ကျေးရွာပေါင်း ၁၄ ရွာ က ဒေသခံ ပြည်သူ ၅၀၀၀ လောက်လည်း တောတောင်တွေထဲ လိုက်လံပုန်းအောင်းနေရပါတယ်။

ကရင်ပြည်နယ်မြဝတီခရိုင် လေးကေ့ကော်မြို့သစ် အတွင်းမှာ ခိုလှုံနေတဲ့ လွတ်တော်အမတ် ၂ ဦးနဲ့ စစ်အာဏာသိမ်းမူ့ကို ဆန့်ကျင်တဲ့တက်ကြွလှုပ်ရှားသူတွေ အကြမ်းမဖက် အာဏာဖီဆန် CDM လုပ်ထားတဲ့ ဝန်ထမ်း တွေပါတဲ့ လူ ၂၀ ကျော်ကို စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၁၄ ရက်မှာ ဝင်ရောက်ဖမ်း ဆီးခဲ့ပါတယ် နောက်တရက် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ် NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်ဖွဲတွေနဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေဖြစ်ခဲ့တာ တလ ကျော်သွားပြီဖြစ်ပါတယ်။

XS
SM
MD
LG