သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္မွာ တိုက္ပဲြေတြေၾကာင့္ တိမ္းေရွာင္ရသူ ဒုကၡသည္ေသာင္းခ်ီရွိလာ


(Zawgyi / Unicode)

ကရင္ျပည္နယ္ ေကအန္ယူ တပ္မဟာ(၆) ထိန္းခ်ဳပ္ နယ္ေျမအတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ KNLA၊ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ပူးေပါင္းတပ္ဖဲြေတြၾကား ေန႔စဥ္နိီးပါး တိုက္ပဲြျဖစ္ေနတဲ့ အတြက္ စစ္ေဘးေရွာင္ဒုကၡသည္ ၃၀,၀၀၀ နိီးပါးထိ ရွိလာၿပီး ဒီရက္ပုိ္င္းအတြင္းမွာပဲ ထုိင္းဘက္ကုိ ထြက္ေျပးရတဲ့ စစ္ေဘးေရွာင္ ၂,၀၀၀ ေလာက္ရွိပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ ထားပါတယ္။

ကရင္ျပည္နယ္ ေကအန္ယူ တပ္မဟာ (၆) ထိန္းခ်ဳပ္ရာ နယ္ေျမအတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ KNLA၊ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ပူးေပါင္းတပ္ဖဲြေတြၾကား ႏွစ္ဖက္တုိက္ပဲြေတြ ျပင္းထန္ေနသလို စစ္ေကာင္စီဘက္က ပစ္တဲ႔ လက္နက္ႀကီးေတြ ကလည္း စစ္ေဘးေရွာင္ဒုကၡသည္ေတြရွိတဲ့ ေနရာနား အထိ က်ေရာက္တာေတြလည္း ရွိေနတာပါ။ အခုဆိုရင္ တပ္မဟာ(၆)နယ္ေျမအတြင္းမွာ စစ္ေဘးေရွာင္သူ လူဦးေရ ၃၀,၀၀၀ ေလာက္ထိ ရွိလာၿပီလို႔ ကရင္လူ႔အခြင့္ေရးအဖဲြ ့KHRG က ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးက အခုလိုေျပာပါတယ္။

“ စစ္ေဘးေရွာင္တဲ့ ျပည္သူေတြက မ်ားသထက္မ်ားလာတယ္။ အခုက ၃၀,၀၀၀ ၀န္းက်င္ေလာက္ ေရာက္လာၿပီလို႔ ခန္႔မွန္းရတယ္။ ခုတေလာက တပ္မဟာ (၆) နယ္ေျမမွာက စစ္ေရး လႈပ္ရွားမႈေတြက မ်ားတယ္။ လက္နက္ႀကီးေတြ ပစ္ခတ္တာေတြ ရွိတယ္။ သူတို႔က ရမ္းသမ္း ပစ္ခတ္တာေတြလည္း ရွိတယ္။ ပစ္မွတ္ထားၿပီး ပစ္တာလည္း ပါတယ္။ တိုက္ပြဲ ျဖစ္တိုင္းမွာ ျပည္သူေတြက ေၾကာက္ေနရတယ္။ အခုက IDP ေတြ ရွိတဲ႔ ေနရာနားထိ လက္နက္ႀကီးေတြ က်ေနတာေၾကာင့္ သူတို႔မွာ အၿမဲတမ္း စိုးရိမ္ေနရတယ္။ ေၾကာက္ရြံ႔ေနရတယ္။ ”

ကရင္ျပည္နယ္ဘက္မွာ စစ္ေရးလႈပ္ရွားမႈေတြ ျပင္းထန္လာခဲ႔သလို လက္နက္ႀကီး က်ည္ဆံေတြဟာ စစ္ေဘးေရွာင္တဲ႔ ေနရာေတြရဲ႕ အနီးနားထိ က်တဲ႔ အတြက္ေၾကာင့္ ၿပီးခဲ႔တဲ႔ ရက္ကဘဲ ထိုင္းဘက္ျခမ္းကို စစ္ေဘးေရွာင္ ၂,၀၀၀ ေလာက္ တေၾကာ႔ျပန္ ထြက္ေျပးလာၾကတယ္လို႔ စစ္ေဘးေရွာင္သူေတြကို အကူအညီ ေပးေနသူေတြက ေျပာပါတယ္။

“ ပထမ စျဖစ္တဲ႔ ေန႔ကေတာ့ ညဘက္ကို ထိုင္းဘက္ကို ကူးလာတယ္။ ထိုင္းဘက္ မဲ႔ကိုကင္း ေက်းရြာဘက္မွာဘဲ လူဦးေရ ၂,၀၀၀ ေလာက္ရွိတယ္။ ထိုင္းဘက္ တညပဲ လက္ခံေပးတယ္။ ေနာက္ရက္က်ေတာ့ ျမန္မာဘက္ကို ထိုင္းဘက္က ျပန္သြားခိုင္းတယ္။ ထိုင္းဘက္မွာ ေနလို႔ မရဘူးေပါ့။ အဲဒီေတာ့ ျမန္မာဘက္ကမ္း ေသာင္ရင္းျမစ္ကမ္း တေလွ်ာက္မွာဘဲ အေျခအေန ၾကည့္ၿပီး ေနရတယ္။ လက္နက္ႀကီး က်တဲ႔ ေနရာေတြက ဒုကၡသည္ေတြနဲ႔ သိပ္မေ၀းဘူး။ တိုက္ပြဲေတြက ဖလူး - ေ၀ါေလ - ေသေဘာဘိုး အဲဒီဘက္မွာ ေတာက္ေလ်ာက္ ျဖစ္ေနတယ္။ ဒုကၡသည္ေတြက ထိုင္းဘက္ကမ္းကိုလည္း တက္လို႔ မရဘူး။ တိုက္ပြဲေတြ ျဖစ္ေနေတာ့။ သူတို႔ စစ္ေရွာင္ စခန္းေတြရဲ႕ ကမ္းစပ္နားမွာဘဲ ေနေနရတယ္။ စားေသာက္ေရးကလည္း အခက္အခဲေတြ ရွိေနတယ္။ ”

စစ္ေကာင္စီ ဘက္ကေတာ့ ကရင္ျပည္နယ္တြင္းက လက္ရွိ တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ လတ္တေလာ သတင္းထုတ္ျပန္တာေတြ မရွိေသးပါဘူး။ အခုဆိုရင္ ကရင္ျပည္နယ္ အတြင္း စစ္ေဘးေရွာင္ ဒုကၡသည္ ၃၀,၀၀၀ ေလာက္ဟာ ေသာင္ရင္းျမစ္ တေလွ်ာက္ အပါအ၀င္ ေတာေတာင္ေတြထဲမွာ ေနရတာ ၃ လေက်ာ္ေလာက္ ရွိၿပီ ျဖစ္ပါတယ္။ တပ္မဟာ ၆ နယ္ေျမတြင္းမွာ တိုက္ပြဲေတြ ဆက္တိုက္ ျပန္ျဖစ္လာတာေၾကာင့္ေရာ၊ လက္နက္ႀကီးက်ည္ေတြ က်ေရာက္တာေၾကာင့္ပါ ေဒသခံ အရပ္သား ျပည္သူေတြ ထိခုိက္ဒဏ္ရာ ရတာေတြ၊ ေသဆံုးတာေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကရင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရသူ ဒုက္ခသည်သောင်းချီရှိလာ

ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ(၆) ထိန်းချုပ် နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲတွေကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေတဲ့ အတွက် စစ်ဘေးရှောင်ဒုက္ခသည် ၃၀,၀၀၀ နီးပါးထိ ရှိလာပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ထိုင်းဘက်ကို ထွက်ပြေးရတဲ့ စစ်ဘေးရှောင် ၂,၀၀၀ လောက်ရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်ရာ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲတွေကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဘက်က ပစ်တဲ့ လက်နက်ကြီးတွေ ကလည်း စစ်ဘေးရှောင်ဒုက္ခသည်တွေရှိတဲ့ နေရာနား အထိ ကျရောက်တာတွေလည်း ရှိနေတာပါ။ အခုဆိုရင် တပ်မဟာ(၆)နယ်မြေအတွင်းမှာ စစ်ဘေးရှောင်သူ လူဦးရေ ၃၀,၀၀၀ လောက်ထိ ရှိလာပြီလို့ ကရင်လူ့အခွင့်ရေးအဖွဲ့KHRG က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပါတယ်။

“ စစ်ဘေးရှောင်တဲ့ ပြည်သူတွေက များသထက်များလာတယ်။ အခုက ၃၀,၀၀၀ ဝန်းကျင်လောက် ရောက်လာပြီလို့ ခန့်မှန်းရတယ်။ ခုတလောက တပ်မဟာ (၆) နယ်မြေမှာက စစ်ရေး လှုပ်ရှားမှုတွေက များတယ်။ လက်နက်ကြီးတွေ ပစ်ခတ်တာတွေ ရှိတယ်။ သူတို့က ရမ်းသမ်း ပစ်ခတ်တာတွေလည်း ရှိတယ်။ ပစ်မှတ်ထားပြီး ပစ်တာလည်း ပါတယ်။ တိုက်ပွဲ ဖြစ်တိုင်းမှာ ပြည်သူတွေက ကြောက်နေရတယ်။ အခုက IDP တွေ ရှိတဲ့ နေရာနားထိ လက်နက်ကြီးတွေ ကျနေတာကြောင့် သူတို့မှာ အမြဲတမ်း စိုးရိမ်နေရတယ်။ ကြောက်ရွံ့နေရတယ်။ ”

ကရင်ပြည်နယ်ဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာခဲ့သလို လက်နက်ကြီး ကျည်ဆံတွေဟာ စစ်ဘေးရှောင်တဲ့ နေရာတွေရဲ့ အနီးနားထိ ကျတဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ ရက်ကဘဲ ထိုင်းဘက်ခြမ်းကို စစ်ဘေးရှောင် ၂,၀၀၀ လောက် တကြော့ပြန် ထွက်ပြေးလာကြတယ်လို့ စစ်ဘေးရှောင်သူတွေကို အကူအညီ ပေးနေသူတွေက ပြောပါတယ်။

“ ပထမ စဖြစ်တဲ့ နေ့ကတော့ ညဘက်ကို ထိုင်းဘက်ကို ကူးလာတယ်။ ထိုင်းဘက် မဲ့ကိုကင်း ကျေးရွာဘက်မှာဘဲ လူဦးရေ ၂,၀၀၀ လောက်ရှိတယ်။ ထိုင်းဘက် တညပဲ လက်ခံပေးတယ်။ နောက်ရက်ကျတော့ မြန်မာဘက်ကို ထိုင်းဘက်က ပြန်သွားခိုင်းတယ်။ ထိုင်းဘက်မှာ နေလို့ မရဘူးပေါ့။ အဲဒီတော့ မြန်မာဘက်ကမ်း သောင်ရင်းမြစ်ကမ်း တလျှောက်မှာဘဲ အခြေအနေ ကြည့်ပြီး နေရတယ်။ လက်နက်ကြီး ကျတဲ့ နေရာတွေက ဒုက္ခသည်တွေနဲ့ သိပ်မဝေးဘူး။ တိုက်ပွဲတွေက ဖလူး - ဝေါလေ - သေဘောဘိုး အဲဒီဘက်မှာ တောက်လျောက် ဖြစ်နေတယ်။ ဒုက္ခသည်တွေက ထိုင်းဘက်ကမ်းကိုလည်း တက်လို့ မရဘူး။ တိုက်ပွဲတွေ ဖြစ်နေတော့။ သူတို့ စစ်ရှောင် စခန်းတွေရဲ့ ကမ်းစပ်နားမှာဘဲ နေနေရတယ်။ စားသောက်ရေးကလည်း အခက်အခဲတွေ ရှိနေတယ်။ ”

စစ်ကောင်စီ ဘက်ကတော့ ကရင်ပြည်နယ်တွင်းက လက်ရှိ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ လတ်တလော သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။ အခုဆိုရင် ကရင်ပြည်နယ် အတွင်း စစ်ဘေးရှောင် ဒုက္ခသည် ၃၀,၀၀၀ လောက်ဟာ သောင်ရင်းမြစ် တလျှောက် အပါအဝင် တောတောင်တွေထဲမှာ နေရတာ ၃ လကျော်လောက် ရှိပြီ ဖြစ်ပါတယ်။ တပ်မဟာ ၆ နယ်မြေတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ပြန်ဖြစ်လာတာကြောင့်ရော၊ လက်နက်ကြီးကျည်တွေ ကျရောက်တာကြောင့်ပါ ဒေသခံ အရပ်သား ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရတာတွေ၊ သေဆုံးတာတွေ ရှိနေပါတယ်။

XS
SM
MD
LG