သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ျမဝတီခ႐ိုင္တိုက္ပဲြ ေဒသခံေတြ ထိခိုက္ေသဆံုး


ပစ္ခတ္ခံရတဲ့ ျမဝတီ သဃၤန္းညီေနာင္အထြက္ ျမိဳ႕ဝင္ဂိတ္ (CJ) (မၾကာခင္က ဓါတ္ပုံ)

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္မွာ စစ္ေကာင္စီတပ္ေတြနဲ့ KNLA စတဲ့ပူးေပါင္းတပ္ေတြၾကား မတ္လ ၂၄ ရက္ေန႔ကတိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။

ျမဝတီခ႐ိုင္တိုက္ပဲြ ေဒသခံေတြ ထိခိုက္ေသဆံုး

{{Zawgyi/Unicode}}
ကရင္ျပည္နယ္ ျမဝတီခ႐ိုင္မွာ စစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA စတဲ့ပူးေပါင္းတပ္ေတြၾကား မတ္လ ၂၄ ရက္ေန႔ကတိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ျမဝတီၿမိဳ႕နယ္၊ ႏို႔ဖိုး-ထီးမူးထာ ေက်း႐ြာဘက္မွာလည္း မနက္အေစာက လက္နက္ႀကီးက်ည္က်လို႔ ေဒသခံ ဆယ္ေက်ာ္သက္ အမ်ိဳးသမီးငယ္တဦး ေသဆုံးၿပီး ေဒသခံ ၃ ဦး ဒဏ္ရာအျပင္းအထန္ရရွိခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA စတဲ့ပူးေပါင္းတပ္ေတြနဲ့ မတ္လ ၂၄ ရက္ေန႔မွာလည္း တိုက္ပဲြေတြ ဆက္ျဖစ္ေနပါတယ္။ မနက္ပိုင္းက တိုက္ပြဲ ၄ ႀကိမ္ေလာက္ျဖစ္ခဲ့တယ္လို႔ KNU ဘက္ကေျပာပါတယ္။

တိုက္ပဲြေတြျဖစ္ေနတဲ့ သိပ္မေဝးလွတဲ့ ျမဝတီၿမိဳ႕နယ္၊ ႏို႔ဖိုး-ထီးမူးထာ ေက်း႐ြာမွာလည္း အဲဒီေန႔ မနက္အေစာပိုင္းက စစ္ေကာင္စီဘက္က ပစ္တဲ့လက္နက္ႀကီးက်ေရာက္လို႔ အသက္ ၁၇ ႏွစ္အရြယ္ အမ်ိဳးသမီးတဦးေသဆံုးျပီး ၃ ဦးေလာက္ ဒဏ္ရာျပင္းထန္ခဲ့တယ္လို႔ ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ယက္ (KPSN) က ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီးက အခုလိုေျပာပါတယ္။

"အရပ္သားတေယာက္ေသတယ္ ျပီးေတာ့ဒဏ္ရာျပင္းတာ ၃ေယာက္ အျခားေနရာမွာ ဒဏ္ရာရတဲ့သူေတြလည္းရိွတယ္။ သူတို့က လက္နက္ႀကီးနဲ့ ပစ္တဲ့အခ်ိန္မွာ ရြာသားေတြကို သူတို့က မေရွာင္ဘူးေလ။ တုိက္ပဲြကေတာ့ ဆက္ရိွေနတယ္။ စစ္ေကာင္စီရဲ ေမာခီးစခန္းက်ျပီးတဲ့ေနာက္ သူတို့စစ္တပ္က အင္အားနဲ့၀င္လာတယ္။ ျပီးေတာ့လက္နက္ႀကီးနဲ႔ လာခ်ႀကတယ္ေလ"

ရြာသားေတြ အိပ္ေနခ်ိန္မွာ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ အမ်ားဆံုးပစ္ခတ္တာေတြ လုပ္တယ္လို႔လည္း ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ယက္ (KPSN) က ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီးကဆိုပါတယ္။

"အခုေလယာဥ္နဲ့ဗံုးလာႀကဲတာတို႔ လက္နက္ႀကီးတို့ပစ္တာတို့ကလည္း အိပ္တဲ့အခ်ိန္မွာ လာလုပ္တာ ရြာသားေတြရြာေနရာမွာ ရြာထဲမွာပစ္တာေတြရွိတယ္။ ဒီဘက္မွာပဲျဖစ္ျဖစ္ တပ္မဟာ(၅)မွာျဖစ္ျဖစ္ပစ္ခတ္တာရွိတယ္။ သူတို့ကရြာသားေတြကိုပစ္မွတ္ထားတာေပါ့။ အဲဒီေတာ့ဒဏ္ရာရသူေတြ ေသဆံုးတာေတြက ရြာသူရြာသားေတြပိုမ်ားတာေပါ့"

ကရင္ျပည္နယ္ ဖာပြန္ခရိုင္အတြင္းက ကေလာ္ေဒးေက်းရြာကို စစ္ေကာင္စီတပ္ေတြက မတ္လ ၅ ရက္ေန့ညက လက္နက္ႀကီးနဲ့ပစ္ခတ္တာေႀကာင့္ ကေလးငယ္ေတြအပါအ၀င္အရပ္သား ၇ ဦးေသဆံုးခဲ့ပါတယ္။

ေဖေဖာ္ဝါရီလတုန္းကလည္း စစ္ေကာင္စီဘက္က ညဘက္အခ်ိန္ေလေႀကာင္းကေန တိုက္ခိုက္ခဲ့တာတာေႀကာင့္ ဖာပြန္ခရိုင္ ဒြယ္လိုးျမိဳနယ္ထဲက တဒြံခို႔‌ေက်း႐ြာ ရြာသား ၂ ဦးေသဆံုးျပီး ၆ ဦးဒဏ္ရာရခဲ့ပါတယ္ ။

ဇန္န၀ါရီလထဲမွာလည္း အရပ္သားျပည္သူ ၂ ဦးေသဆံုးျပီး ၅ ဦးျပင္းထန္တဲ့ဒဏ္ရာရခဲ့ပါတယ္။ အခုတႀကိမ္ကေတာ့ ျမ၀တီခရိုင္ထဲမွာ တဦးေသဆံုးခဲ့ျပီး ၃ဦးက ဒဏ္ရာျပင္းထန္စြာရခဲ့တာျဖစ္ပါတယ္ ။

ဒီေန႔ ျမ၀တီခရိိုင္ထဲမွာ တိုက္ပြဲ ၄ ႀကိမ္ေလာက္ျဖစ္ခဲ့တဲ့အတြက္ ေသ့ေဘာဘိုး၊ ေဝၚေလ၊ ဥကရစ္ထာ့ ေက်း႐ြာေတြက ေထာင္နဲ့ခ်ီတဲ့ ေဒသခံေတြ စစ္ေဘးလြတ္ရာကို ေရွာင္ေျပးေနရပါတယ္ရွင္။

..............................................

ျမဝတီခ႐ိုင္တိုက္ပဲြ ေဒသခံေတြ ထိခိုက္ေသဆံုး
please wait

No media source currently available

0:00 0:02:48 0:00
တိုက္႐ိုက္ လင့္ခ္

မြဝတီခရိုင်တိုက်ပွဲ ဒေသခံတွေ ထိခိုက်သေဆုံး

{{Zawgyi/Unicode}}
ကရင်ပြည်နယ် မြဝတီခရိုင်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA စတဲ့ပူးပေါင်းတပ်တွေကြား မတ်လ ၂၄ ရက်နေ့ကတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မြဝတီမြို့နယ်၊ နို့ဖိုး-ထီးမူးထာ ကျေးရွာဘက်မှာလည်း မနက်အစောက လက်နက်ကြီးကျည်ကျလို့ ဒေသခံ ဆယ်ကျော်သက် အမျိုးသမီးငယ်တဦး သေဆုံးပြီး ဒေသခံ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA စတဲ့ပူးပေါင်းတပ်တွေနဲ့ မတ်လ ၂၄ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ မနက်ပိုင်းက တိုက်ပွဲ ၄ ကြိမ်လောက်ဖြစ်ခဲ့တယ်လို့ KNU ဘက်ကပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ သိပ်မဝေးလှတဲ့ မြဝတီမြို့နယ်၊ နို့ဖိုး-ထီးမူးထာ ကျေးရွာမှာလည်း အဲဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီးကျရောက်လို့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးပြီး ၃ ဦးလောက် ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN) က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက အခုလိုပြောပါတယ်။

"အရပ်သားတယောက်သေတယ် ပြီးတော့ဒဏ်ရာပြင်းတာ ၃ယောက် အခြားနေရာမှာ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ သူတို့က လက်နက်ကြီးနဲ့ ပစ်တဲ့အချိန်မှာ ရွာသားတွေကို သူတို့က မရှောင်ဘူးလေ။ တိုက်ပွဲကတော့ ဆက်ရှိနေတယ်။ စစ်ကောင်စီရဲ မောခီးစခန်းကျပြီးတဲ့နောက် သူတို့စစ်တပ်က အင်အားနဲ့ဝင်လာတယ်။ ပြီးတော့လက်နက်ကြီးနဲ့ လာချကြတယ်လေ"

ရွာသားတွေ အိပ်နေချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အများဆုံးပစ်ခတ်တာတွေ လုပ်တယ်လို့လည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN) က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးကဆိုပါတယ်။

"အခုလေယာဉ်နဲ့ဗုံးလာကြဲတာတို့ လက်နက်ကြီးတို့ပစ်တာတို့ကလည်း အိပ်တဲ့အချိန်မှာ လာလုပ်တာ ရွာသားတွေရွာနေရာမှာ ရွာထဲမှာပစ်တာတွေရှိတယ်။ ဒီဘက်မှာပဲဖြစ်ဖြစ် တပ်မဟာ(၅)မှာဖြစ်ဖြစ်ပစ်ခတ်တာရှိတယ်။ သူတို့ကရွာသားတွေကိုပစ်မှတ်ထားတာပေါ့။ အဲဒီတော့ဒဏ်ရာရသူတွေ သေဆုံးတာတွေက ရွာသူရွာသားတွေပိုများတာပေါ့"

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ကလော်ဒေးကျေးရွာကို စစ်ကောင်စီတပ်တွေက မတ်လ ၅ ရက်နေ့ညက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးငယ်တွေအပါအဝင်အရပ်သား ၇ ဦးသေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းကလည်း စစ်ကောင်စီဘက်က ညဘက်အချိန်လေကြောင်းကနေ တိုက်ခိုက်ခဲ့တာတာကြောင့် ဖာပွန်ခရိုင် ဒွယ်လိုးမြိုနယ်ထဲက တဒွံခို့‌ကျေးရွာ ရွာသား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ပါတယ် ။

ဇန်နဝါရီလထဲမှာလည်း အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်တဲ့ဒဏ်ရာရခဲ့ပါတယ်။ အခုတကြိမ်ကတော့ မြဝတီခရိုင်ထဲမှာ တဦးသေဆုံးခဲ့ပြီး ၃ဦးက ဒဏ်ရာပြင်းထန်စွာရခဲ့တာဖြစ်ပါတယ် ။

ဒီနေ့ မြဝတီခရိုင်ထဲမှာ တိုက်ပွဲ ၄ ကြိမ်လောက်ဖြစ်ခဲ့တဲ့အတွက် သေ့ဘောဘိုး၊ ဝေါ်လေ၊ ဥကရစ်ထာ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးလွတ်ရာကို ရှောင်ပြေးနေရပါတယ်ရှင်။

XS
SM
MD
LG