သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တိုက္ပဲြ ျပင္းထန္လာတဲ႔ ျမဝတီခ႐ိုင္ ဒုကၡသည္ ၇ ေသာင္းထိတိုး


ဓာတ္ပံု - ေလးေက႔ေကာ္ စစ္ေဘးေရွာင္ မိသားစု။ မတ္လ ၁၅၊ ၂၀၂၂။

(Zawgyi/ Unicode)

ကရင္ ျပည္နယ္ ျမ၀တီၿမိဳ႕နယ္ ေကာ့ကရိတ္ ၿမိဳ႕နယ္၊ ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီ တပ္ေတြနဲ႔ ကရင္ အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ KNLA၊ ကရင္ အမ်ိဳးသား ကာကြယ္ေရးတပ္ KNDO ၊ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ပူးေပါင္းတပ္ဖြဲ႔ေတြနဲ႔ ႏွစ္ဘက္ တိုက္ပြဲေတြဟာ ေန႔စဥ္ နီးပါး ျပန္ျဖစ္ေနတဲ႔ အတြက္ ေသာင္ရင္းျမစ္ တေလွ်ာက္က စစ္ေဘးေရွာင္ေတြ ခိုလံႈရာ ေနရာေတြမွာ ဒုကၡသည္ေတြ ျပန္ၿပီး တိုးလာေနပါတယ္။ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ ျပည္နယ္ ျမ၀တီခရိုင္ ေလးေက႔ေကာ္နဲ႔ အနီးတ၀ိုက္ ေဒသေတြ အပါအ၀င္ ေကာ့ကရိတ္ ၿမိဳ႕နယ္၊ ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီ တပ္ေတြနဲ႔ ကရင္ အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ KNLA နဲ႔ ပူးေပါင္းတပ္ဖြဲ႔ေတြဟာ ဒီရက္ပိုင္းမွာဘဲ ေန႔စဥ္နီးပါး တိုက္ပြဲေတြ ဆက္ျဖစ္ေနပါတယ္။
တနလၤာေန႔ ညကေတာ့ ေကာ့ကရိတ္ ၿမိဳ႕နယ္ထဲမွာပဲ ညတိုက္ပဲြေတြ ျဖစ္ေနပါတယ္။ ဒါဟာ စစ္ေကာင္စီတပ္ေတြ ၃ ရက္အတြင္း ဆုတ္ခြါေပးဖို႔ KNU တပ္မဟာ(၆)က သတိေပးလိုက္ၿပီး ေနာက္ပိုင္းမွာ စစ္ေကာင္စီဘက္က တပ္အင္အားေတြ တိုးခ်ဲ႕ၿပီး တက္လာတဲ့အတြက္ ဒီရက္ပိုင္းမွာပဲ ႏွစ္ဖက္ထိေတြ႔ ပစ္ခတ္မူေတြ ဆက္ျဖစ္ေနပါတယ္။
တနလၤာေန႔မွာေတာ့ ေကာ့ကရိတ္နဲ႔ ၾကာအင္းဆိပ္ႀကီး ၿမိဳနယ္ထဲမွာ တိုက္ပဲြေတြ ျဖစ္ေနတယ္လို႔ ျပည္သူ႔ကာကြယ္ေရး တပ္ဖဲြ႔ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္က ေျပာျပပါတယ္။
“ သူတို႔ဘက္ကလည္း ထုိးစစ္အ ႀကီးအက်ယ္ ဆင္လာတာေပါ့ေနာ္။ အဲဒါကို ေျပာၿပီးကာမွ သူတို႔က မဆုတ္တဲ႔ အျပင္ ထိုးစစ္ကို အင္အား ထပ္ျဖည့္လာတာေပါ့ေနာ္။ အဲဒီအတြက္ ထိေတြ ့တိုက္ပဲြေတြက ဆက္ျဖစ္ေနတယ္။ ေကာႏြဲ႔ကမိုင္ ကုန္းဘက္မွာလညး္ ျဖစ္တယ္။ ေရတံခြန္ ဘက္မွာလည္း ျဖစ္တယ္။ မေန႔ကေတာ့ ခလရ ၃၂ ကို KNU (တပ္ရင္း ၁၇) က သြားပစ္တယ္။ အဲဒီမွာ အႀကီးအက်ယ္ ျဖစ္တယ္။ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ အ၀င္ေပါ့။ ပူးေပါင္းတပ္ေတြ ပါတယ္။ က်ေနာ္တို႔ PDF ေတြ ပါတယ္။ တပ္ရင္း ၁၇ မွာလည္း က်ေနာ္တို႔ ပူးေပါင္းတပ္ဖြဲ႔ေတြ ရွိပါတယ္။ ”

ဒီရက္ပိုင္းအတြင္းမွာပဲ ျမ၀တီ ေကာ့ကရိတ္ အာရွလမ္းမမွာပဲ ကုန္တင္ယာဥ္ေတြ ပစ္ခတ္ခံရပါတယ္။ အဲဒီေနရာက တံတားတစင္းလည္း ပ်က္စီးသြားတဲ႔ အတြက္ ခရီးသည္တင္ကားေတြ၊ ကုန္ကားေတြ သြားလာမႈေတြ ပိတ္ထားရပါတယ္။
အခုလို တိုက္ပဲြေတြ ျပင္းထန္လာတဲ့အတြက္ ေဒသခံေတြဟာ ေက်းရြာေတြကေန ထပ္မံထြက္ေျပးလာၾကၿပီး ေသာင္ရင္းျမစ္တေလွ်ာက္မွာ စစ္ေဘးေရွာင္ ဒုကၡသည္ ၅၀၀ ေလာက္ ထပ္ၿပီးတိုးလာတယ္လို႔ ဒုကၡသည္ေတြကို စားေသာက္ေရး အကူအညီေပးေနသူ တဦးက ေျပာပါတယ္။

“ ေလးေက့ေကာ္ဘက္က ေကာထီးမယ္၀ါးခီး ေရတံခြန္ဘက္ကေကာ ဒုကၡသည္ေတြ ပိုတုိးလာတယ္။ အဓိက ကေတာ့ တိုက္ပြဲေတြက ျဖစ္ေနတယ္။ အထူးသျဖင့္ေတာ့ ေလးေက႔ေကာ္မွာလည္း စစ္ေကာင္စီဘက္က ေျခကုတ္စခန္းေတြ ယူထားတယ္။ တခ်ိဳ႕ေတြက ရြာျပန္ၾကည့္ေတာ့ အိမ္မွာ ကားေတြ၊ ဆိုင္ကယ္ေတြ မရွိေတာ့ဘူး။ အိမ္မွာ ေကာင္းတဲ႔ ပစၥည္းေတြ မရွိေတာ့ဘူး။ ရြာထဲလည္း ျပန္မရေတာ့ဘူး။ ဒီေတာ့ စစ္ေရွာင္တဲ႔ ေနရာကိုလည္း ထပ္ၿပီး ျပန္လာၾကတယ္။

အရင္တုန္းက တိုက္ပဲြေတြ ၿငိမ္သြားေတာ့ ျပန္လာလို႔ ရၿပီဆိုၿပီးျပန္ၾကတယ္။ ေနာက္ေတာ့ တုိက္ပဲြေတြ ျပန္ျဖစ္ေတာ့ ေနလို႔ မရေတာ့ ထပ္ၿပီး လူေတြတုိးလာတယ္။ ဖလူးေလး ဘက္ကေပါ့ေနာ္။ ေလးေက႔ေကာ္ ဘက္ဆိုလည္း အိမ္ေတြကို သြားျပန္ၾကည့္ေတာ့ သူတို႔ ပိုင္ဆိုင္မႈေတြက ဘာမွ မရွိေတာ့ဘူး။
စပါးေတြ ဘာေတြလည္း သယ္သြားၾကတယ္ ေျပာတယ္။ က်ေနာ္တို႔ သြားကူညီေနရတဲ့ ေနရာေတြဆုိ ေလးခု ငါးခုေလာက္ရိွတယ္။ ဒီရက္ပုိင္းမွာပဲ လူဦးေရ ၅၀၀ ေလာက္ ထပ္တိုးလာတယ္။ ”

အခုဆိုရင္ ျမ၀တီခရိုင္ထဲက စစ္ေဘးေရွာင္ဒုကၡသည္ ၆,၀၀၀ ေက်ာ္ကေတာ့ ၂၀၂၁ ခုႏွစ္ဒီဇင္ဘာလ ၁၅ရက္ေန႔က စၿပီး တိုက္ပြဲေတြ ျဖစ္တာ ၃ လ ၾကာၿပီ ျဖစ္ေပမယ့္ ေနရပ္ရင္း ေက်းရြာေတြကို မျပန္ႏုိင္ၾကေသးဘဲ ေသာင္ရင္းျမစ္ တေလွ်ာက္မွာဘဲ ေနရာေရႊ႕ေျပာင္း ေနထိုင္ေနရဆဲ ျဖစ္ပါတယ္။

ျမ၀တီခရိုင္ ေလးေက့ေကာ္ ေဒသမွာ တိုက္ပဲြျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ ေကအန္ယူ ထိန္းခ်ဳပ္ရာ တပ္မဟာ အသီးသီးမွာ ျပည္တြင္းစစ္ေေဘးေရွာင္ ဒုကၡသည္အသစ္ ၇၀,၀၀၀ ေလာက္ တိုးလာတယ္လို႔ ကရင္အမ်ိဳးသား အစည္းအရံုး KNU က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တိုက်ပွဲ ပြင်းထန်လာတဲ့ မြဝတီခရိုင် ဒုက္ခသည် ၇ သောင်းထိတိုး

ကရင် ပြည်နယ် မြဝတီမြို့နယ် ကော့ကရိတ် မြို့နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွေမှာ စစ်ကောင်စီ တပ်တွေနဲ့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် KNLA၊ ကရင် အမျိုးသား ကာကွယ်ရေးတပ် KNDO ၊ ပြည်သူ့ ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဘက် တိုက်ပွဲတွေဟာ နေ့စဉ် နီးပါး ပြန်ဖြစ်နေတဲ့ အတွက် သောင်ရင်းမြစ် တလျှောက်က စစ်ဘေးရှောင်တွေ ခိုလှုံရာ နေရာတွေမှာ ဒုက္ခသည်တွေ ပြန်ပြီး တိုးလာနေပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင် ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်နဲ့ အနီးတဝိုက် ဒေသတွေ အပါအဝင် ကော့ကရိတ် မြို့နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွေမှာ စစ်ကောင်စီ တပ်တွေနဲ့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီရက်ပိုင်းမှာဘဲ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
တနင်္လာနေ့ ညကတော့ ကော့ကရိတ် မြို့နယ်ထဲမှာပဲ ညတိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒါဟာ စစ်ကောင်စီတပ်တွေ ၃ ရက်အတွင်း ဆုတ်ခွါပေးဖို့ KNU တပ်မဟာ(၆)က သတိပေးလိုက်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ တိုးချဲ့ပြီး တက်လာတဲ့အတွက် ဒီရက်ပိုင်းမှာပဲ နှစ်ဖက်ထိတွေ့ ပစ်ခတ်မူတွေ ဆက်ဖြစ်နေပါတယ်။
တနင်္လာနေ့မှာတော့ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး မြိုနယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပြပါတယ်။
“ သူတို့ဘက်ကလည်း ထိုးစစ်အ ကြီးအကျယ် ဆင်လာတာပေါ့နော်။ အဲဒါကို ပြောပြီးကာမှ သူတို့က မဆုတ်တဲ့ အပြင် ထိုးစစ်ကို အင်အား ထပ်ဖြည့်လာတာပေါ့နော်။ အဲဒီအတွက် ထိတွေ့တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်။ ကောနွဲ့ကမိုင် ကုန်းဘက်မှာလည်း ဖြစ်တယ်။ ရေတံခွန် ဘက်မှာလည်း ဖြစ်တယ်။ မနေ့ကတော့ ခလရ ၃၂ ကို KNU (တပ်ရင်း ၁၇) က သွားပစ်တယ်။ အဲဒီမှာ အကြီးအကျယ် ဖြစ်တယ်။ ကြာအင်းဆိပ်ကြီးမြို့ အဝင်ပေါ့။ ပူးပေါင်းတပ်တွေ ပါတယ်။ ကျနော်တို့ PDF တွေ ပါတယ်။ တပ်ရင်း ၁၇ မှာလည်း ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ ရှိပါတယ်။ ”

ဒီရက်ပိုင်းအတွင်းမှာပဲ မြဝတီ ကော့ကရိတ် အာရှလမ်းမမှာပဲ ကုန်တင်ယာဉ်တွေ ပစ်ခတ်ခံရပါတယ်။ အဲဒီနေရာက တံတားတစင်းလည်း ပျက်စီးသွားတဲ့ အတွက် ခရီးသည်တင်ကားတွေ၊ ကုန်ကားတွေ သွားလာမှုတွေ ပိတ်ထားရပါတယ်။
အခုလို တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံတွေဟာ ကျေးရွာတွေကနေ ထပ်မံထွက်ပြေးလာကြပြီး သောင်ရင်းမြစ်တလျှောက်မှာ စစ်ဘေးရှောင် ဒုက္ခသည် ၅၀၀ လောက် ထပ်ပြီးတိုးလာတယ်လို့ ဒုက္ခသည်တွေကို စားသောက်ရေး အကူအညီပေးနေသူ တဦးက ပြောပါတယ်။

“ လေးကေ့ကော်ဘက်က ကောထီးမယ်ဝါးခီး ရေတံခွန်ဘက်ကကော ဒုက္ခသည်တွေ ပိုတိုးလာတယ်။ အဓိက ကတော့ တိုက်ပွဲတွေက ဖြစ်နေတယ်။ အထူးသဖြင့်တော့ လေးကေ့ကော်မှာလည်း စစ်ကောင်စီဘက်က ခြေကုတ်စခန်းတွေ ယူထားတယ်။ တချို့တွေက ရွာပြန်ကြည့်တော့ အိမ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ မရှိတော့ဘူး။ အိမ်မှာ ကောင်းတဲ့ ပစ္စည်းတွေ မရှိတော့ဘူး။ ရွာထဲလည်း ပြန်မရတော့ဘူး။ ဒီတော့ စစ်ရှောင်တဲ့ နေရာကိုလည်း ထပ်ပြီး ပြန်လာကြတယ်။

အရင်တုန်းက တိုက်ပွဲတွေ ငြိမ်သွားတော့ ပြန်လာလို့ ရပြီဆိုပြီးပြန်ကြတယ်။ နောက်တော့ တိုက်ပွဲတွေ ပြန်ဖြစ်တော့ နေလို့ မရတော့ ထပ်ပြီး လူတွေတိုးလာတယ်။ ဖလူးလေး ဘက်ကပေါ့နော်။ လေးကေ့ကော် ဘက်ဆိုလည်း အိမ်တွေကို သွားပြန်ကြည့်တော့ သူတို့ ပိုင်ဆိုင်မှုတွေက ဘာမှ မရှိတော့ဘူး။
စပါးတွေ ဘာတွေလည်း သယ်သွားကြတယ် ပြောတယ်။ ကျနော်တို့ သွားကူညီနေရတဲ့ နေရာတွေဆို လေးခု ငါးခုလောက်ရှိတယ်။ ဒီရက်ပိုင်းမှာပဲ လူဦးရေ ၅၀၀ လောက် ထပ်တိုးလာတယ်။ ”

အခုဆိုရင် မြဝတီခရိုင်ထဲက စစ်ဘေးရှောင်ဒုက္ခသည် ၆,၀၀၀ ကျော်ကတော့ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၁၅ရက်နေ့က စပြီး တိုက်ပွဲတွေ ဖြစ်တာ ၃ လ ကြာပြီ ဖြစ်ပေမယ့် နေရပ်ရင်း ကျေးရွာတွေကို မပြန်နိုင်ကြသေးဘဲ သောင်ရင်းမြစ် တလျှောက်မှာဘဲ နေရာရွှေ့ပြောင်း နေထိုင်နေရဆဲ ဖြစ်ပါတယ်။

မြဝတီခရိုင် လေးကေ့ကော် ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ကေအန်ယူ ထိန်းချုပ်ရာ တပ်မဟာ အသီးသီးမှာ ပြည်တွင်းစစ်ေဘေးရှောင် ဒုက္ခသည်အသစ် ၇၀,၀၀၀ လောက် တိုးလာတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG