သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလးေကေကာ္က ထြက္သြားဖို႔ KNU အေၾကာင္းၾကားတာ စစ္ေကာင္စီ မတုံ႔ျပန္


KNU တပ္ဖြဲ႔ဝင္မ်ား

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ(၆)နယ္ေျမ ဒူးပလာခ႐ိုင္ ေလးေက့ေကာ္ေဒသ နဲ႔ ေကာ့ကရိပ္ၿမိဳ႕ေတာင္ပိုင္းေတြမွာ စစ္ေကာင္စီတပ္ေတြ တပ္စြဲေနရာယူထားတာေၾကာင့္ စစ္ေဘးေရွာင္ေတြဟာ ၃လၾကာတဲ့အထိ သူတို႔ေနအိမ္ေတြကိုမျပန္ႏိုင္ၾကေသးပါဘူး။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ေလးေကေကာ္က ထြက္သြားဖို႔ KNU အေၾကာင္းၾကားတာ စစ္ေကာင္စီ မတုံ႔ျပန္

{{Zawgyi/Unicode}}

ကရင္အမ်ိဳးသားအစည္းအရံုး KNU တပ္မဟာ(၆)နယ္ေျမ ဒူးပလာခရိုင္ ေလးေက့ေကာ္ေဒသ နဲ့ ေကာ့ကရိပ္ျမိဳ ့ေတာင္ပုိင္းေတြမွာ စစ္ေကာင္စီတပ္ေတြ တပ္စဲြေနရာယူထားတာေႀကာင့္ စစ္ေဘးေရွာင္ေတြဟာ ၃လႀကာတဲ့အထိ သူတုိ့ေနအိမ္ေတြကုိမျပန္နိုင္ၾကေသးပါဘူး။ အဲဒီအတြက္ စစ္ေကာင္စီတပ္ေတြ အဲဒီနယ္ေျမကေန ၃ ရက္အတြင္း ဖယ္ရွားေပးဖို့ ကရင္အမ်ိဳးသားအစည္းအရံုးKNU ဒူးပလာခရိုင္ အတြင္းေရးမွဴး ေစာလစၥတန္က အေရွ့ေတာင္တုိင္းစစ္ဌာနခ်ဳပ္ကတုိင္းမွဴးထံကုိ အသိေပးခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပို့ထားပါတယ္။

ကရင္အမ်ိဳးသားအစည္းအရံုး KNU တပ္မဟာ(၆)နယ္ေျမျဖစ္တဲ့ ဒူးပလာခရိုင္ ေလးေက့ေကာ္ေဒသ နဲ့ ေကာ့ကရိပ္ျမိဳ ့ေတာင္ပုိင္းေတြမွာ စစ္ေကာင္စီတပ္ေတြ တပ္စဲြေနရာယူထားျပီးမႀကာခန တို္က္ပဲြေတြျဖစ္ေနပါတယ္။ အဲဒီအတြက္ လက္နက္ႀကီး က်ည္ဆံေတြ ေက်းရြာေတြထဲက်တဲ့အတြက္ ေဒသခံေတြ ေသဆံုးဒဏ္ရာရႀကတာရိွသလို ေနအိမ္ေတြကုိလည္ းစြန္႔ခြါျပီးထြက္ေျပးေနရပါတယ္။ ဒီအတြက္ KNU တပ္မဟာ(၆)က ေဒသခံေတြအတြက္ ကာကြယ္ေရး နဲ့ လံုျခံုေရးအတြက္ စာထုတ္ျပီး စစ္ေကာင္စီတပ္ေတြအေနနဲ့ မတ္လ ၇ ရက္ေန့ကစျပီး ၃ရက္အတြင္းဖယ္ရွားဖို့ စာထုတ္ခဲ့တာျဖစ္ေႀကာင္း KNU ကရင္အမ်ိဳးသားအစည္းအရံုး ႏို္င္ငံျခားေရးဌာနေျပာေရးဆိုခြင့္ရွိသူ ဖဒိုေစာေတာနီး က အခုလိုေျပာျပပါတယ္။

"ဒူးပလာခရိုင္တပ္မဟာ(၆) က အတြင္းေရးမွဴးလက္မွတ္ နဲ့ ထုတ္တ့ဲစာျဖစ္တယ္။ အထူးသျဖင့့္ ဒူးပလာခရိုင္ တပ္မဟာ(၆) အဲဒီေဒသလံုျခံုေရးအတြက္ သူတို့မွာတာ၀န္ရွိတဲ့အေပၚမွာ သက္ဆိုင္ရာကိုထုတ္တာျဖစ္တယ္။အထူးသျဖင့္ျပည္သူလူထုရဲ့အသက္အုိးအိမ္ကာကြယ္ေရးကိစၥအေပၚမွာ တာ၀န္ရွိတဲ့အေပၚမွာ ထုတ္ျပန္တာျဖစ္တယ္။ အဲဒီစာမွာပါတဲ့အေႀကာင္းအရာက စစ္ေဘးေရွာင္ေတြ ထြက္ေျပးလာတာ ၃လရွိျပီ။ သူတို့အိမ္မွာက်န္ခဲ့တဲ့ပစၥည္းေတြကပ်က္လိုပ်က္ဆီးျဖစ္ေနႀကေတာ့ သူတု့ိက ဒီအတုိင္းေတာ့ တခုခုလုပ္သင့္ျပီဆိုျပီး လုပ္ေနႀကတာလို့ယူဆတယ္။ အခုက ျပန္လို့ကိုမရေတာ့တာ ၃လရိွျပီ။ အခုက မုိးေတြကလည္းရြာတယ္။ တေလာကလည္း ဒုကၡေတြအေတာ္ေရာက္တယ္။ ေတာထဲမွာလည္း ယာယီေနႀကရတယ္ဆုိေတာ့"

ေဒသခံေတြရဲ့ေနအိမ္ေတြမွာ စစ္ေကာင္စီတပ္ေတြက တပ္စဲြေနရာယူထားတဲ့အျပင္ ရြာသားပုိင္ပစၥည္းေတြကိုလည္း ယူေဆာင္သြားတာေတြရွိတယ္လို့ ကရင္လူအခြင့္ေရးအဖဲြ ့KHRG က ေျပာေရးဆိုခြင့္ရွိသူေစာနႏၵဆူးကလည္းအခုလိုေျပာပါတယ္။

" စစ္ေကာင္စီတပ္ဖဲြ၀င္ေတြက ေကာ့ကရိတ္ျမိဳ႕နယ္ထဲက တပ္ဖဲြ ့၀င္ေတြ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ေဒသခံေတြရဲ ့အိမ္ေတြက ပစၥည္းေတြကို လု႔ယူခိုးယူေနတာေတြလည္းရွိတယ္။ အိမ္တြင္းကပစၥည္းေတြ ေကာင္းတဲ့အ၀တ္အစားေတြယူတယ္။ အဖိုးတန္ပစၥည္းပုိက္ဆံေတြကိုလည္းယူတာရိွတယ္။ အိမ္ေမြးတိိရစာန္ေတြကို ႀကက္၀က္ေတြကိုသတ္ျဖတ္ခ်က္စားတာေတြလည္းရိိွတယ္။ ရြာသားေတြရဲ့အိမ္ေတြကို ေနထုိင္စရာယာယီလုပ္ျပီး အိုးခြက္ပန္ကန္ေတြကိုသံုးယူေနတာေတြလည္းရွိတယ္"

အခုလိုစာထုတ္ထားေပမယ့္ စစ္ေကာင္စီဘက္က တုံျပန္ခ်က္ေတြေတာ့မရေသးဘူးလို့လည္းဖဒုိေစာေတာနီးကေျပာပါတယ္ ။

"ဘာမွတုံျပန္ခ်က္မွေတာ့ က်ေနာ္တုိ့မႀကားေသးဘူး ။ျငိမ္းခ်မး္ေရးနဲ့ အပစ္အခတ္ရပ္စဲေရး စကားေတြကိုတေလ်ာက္လံုးေျပာေနေပမယ့္ တကယ္တမ္းက်ေတာ့ အဲဒါနဲ့ဆန့္က်င္ျပီးလုပ္တယ္။ ျငိမ္းခ်မ္းေရးနဲ့ အပစ္ရပ္ေရးကို မလိုလားဆံုးက ဘယ္သူလဲဆိုတာ ထင္ရွားတယ္။ က်ေနာ္နားလည္တာက တပ္မဟာ(၆)က သူတို့လုပ္သင့္ကိုလုပ္ေနတာပဲ။ တဖက္ကလည္း အပစ္အခတ္ရပ္စဲေရးေခၚျပီး တဖက္က တုိက္ပဲြေတြေန့တိုင္းျဖစ္ေတာ့လည္း ယံုႀကည္မူ့ကတည္ေဆာက္လို့မရေတာ့ဒီလိုပဲသြားေနရတာေပါ့"

ကရင္ျပည္နယ္ ေလးေက့ေကာ္ေဒသမွာ ျပီးခဲတဲ့ႏွစ္ ဒီဇင္ဘာလ၁၅ရက္ေန့ကစျပီး တုိက္ပဲြေတြျဖစ္ခဲ့သလို ေကာ့ကရိ္တ္ျမိုနယ္ထဲမွာလည္း တုိက္ပဲြေတြျဖစ္ေနတာပါ။ တိုက္ပဲြေတြအတြင္း လက္နက္ႀကီးေတြနဲ့ပစ္ခတ္မူ ့ေလယာဥ္နဲ့ဗံုးႀကဲတိုက္ခိုက္မူေတြေႀကာင့္ ေက်းရြာေတြက ေဒသခံေသာင္းနဲ့ခ်ီျပီး အိုးအိမ္ပစ္ျပီး ေနရပ္စြန့္ခြါ ထြက္ေျပးေနရဆဲျဖစ္ပါတယ္။

...........................................................

တိုက္႐ိုက္ လင့္ခ္

လေးကေကော်က ထွက်သွားဖို့ KNU အကြောင်းကြားတာ စစ်ကောင်စီ မတုံ့ပြန်

{{Unicode}}

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာခရိုင် လေးကေ့ကော်ဒေသ နဲ့ ကော့ကရိပ်မြို့တောင်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားတာကြောင့် စစ်ဘေးရှောင်တွေဟာ ၃လကြာတဲ့အထိ သူတို့နေအိမ်တွေကိုမပြန်နိုင်ကြသေးပါဘူး။ အဲဒီအတွက် စစ်ကောင်စီတပ်တွေ အဲဒီနယ်မြေကနေ ၃ ရက်အတွင်း ဖယ်ရှားပေးဖို့ ကရင်အမျိုးသားအစည်းအရုံးKNU ဒူးပလာခရိုင် အတွင်းရေးမှူး စောလစ္စတန်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကတိုင်းမှူးထံကို အသိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ဒူးပလာခရိုင် လေးကေ့ကော်ဒေသ နဲ့ ကော့ကရိပ်မြို့တောင်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားပြီးမကြာခန တိုက်ပွဲတွေဖြစ်နေပါတယ်။ အဲဒီအတွက် လက်နက်ကြီး ကျည်ဆံတွေ ကျေးရွာတွေထဲကျတဲ့အတွက် ဒေသခံတွေ သေဆုံးဒဏ်ရာရကြတာရှိသလို နေအိမ်တွေကိုလည် းစွန့်ခွါပြီးထွက်ပြေးနေရပါတယ်။ ဒီအတွက် KNU တပ်မဟာ(၆)က ဒေသခံတွေအတွက် ကာကွယ်ရေး နဲ့ လုံခြုံရေးအတွက် စာထုတ်ပြီး စစ်ကောင်စီတပ်တွေအနေနဲ့ မတ်လ ၇ ရက်နေ့ကစပြီး ၃ရက်အတွင်းဖယ်ရှားဖို့ စာထုတ်ခဲ့တာဖြစ်ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး က အခုလိုပြောပြပါတယ်။

"ဒူးပလာခရိုင်တပ်မဟာ(၆) က အတွင်းရေးမှူးလက်မှတ် နဲ့ ထုတ်တဲ့စာဖြစ်တယ်။ အထူးသဖြင့် ဒူးပလာခရိုင် တပ်မဟာ(၆) အဲဒီဒေသလုံခြုံရေးအတွက် သူတို့မှာတာဝန်ရှိတဲ့အပေါ်မှာ သက်ဆိုင်ရာကိုထုတ်တာဖြစ်တယ်။အထူးသဖြင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်ကာကွယ်ရေးကိစ္စအပေါ်မှာ တာဝန်ရှိတဲ့အပေါ်မှာ ထုတ်ပြန်တာဖြစ်တယ်။ အဲဒီစာမှာပါတဲ့အကြောင်းအရာက စစ်ဘေးရှောင်တွေ ထွက်ပြေးလာတာ ၃လရှိပြီ။ သူတို့အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေကပျက်လိုပျက်ဆီးဖြစ်နေကြတော့ သူတု့ိက ဒီအတိုင်းတော့ တခုခုလုပ်သင့်ပြီဆိုပြီး လုပ်နေကြတာလို့ယူဆတယ်။ အခုက ပြန်လို့ကိုမရတော့တာ ၃လရှိပြီ။ အခုက မိုးတွေကလည်းရွာတယ်။ တလောကလည်း ဒုက္ခတွေအတော်ရောက်တယ်။ တောထဲမှာလည်း ယာယီနေကြရတယ်ဆိုတော့"

ဒေသခံတွေရဲ့နေအိမ်တွေမှာ စစ်ကောင်စီတပ်တွေက တပ်စွဲနေရာယူထားတဲ့အပြင် ရွာသားပိုင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတာတွေရှိတယ်လို့ ကရင်လူအခွင့်ရေးအဖွဲ့KHRG က ပြောရေးဆိုခွင့်ရှိသူစောနန္ဒဆူးကလည်းအခုလိုပြောပါတယ်။

" စစ်ကောင်စီတပ်ဖွဲဝင်တွေက ကော့ကရိတ်မြို့နယ်ထဲက တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့အိမ်တွေက ပစ္စည်းတွေကို လု့ယူခိုးယူနေတာတွေလည်းရှိတယ်။ အိမ်တွင်းကပစ္စည်းတွေ ကောင်းတဲ့အဝတ်အစားတွေယူတယ်။ အဖိုးတန်ပစ္စည်းပိုက်ဆံတွေကိုလည်းယူတာရှိတယ်။ အိမ်မွေးတိရစာန်တွေကို ကြက်ဝက်တွေကိုသတ်ဖြတ်ချက်စားတာတွေလည်းရှိတယ်။ ရွာသားတွေရဲ့အိမ်တွေကို နေထိုင်စရာယာယီလုပ်ပြီး အိုးခွက်ပန်ကန်တွေကိုသုံးယူနေတာတွေလည်းရှိတယ်"

အခုလိုစာထုတ်ထားပေမယ့် စစ်ကောင်စီဘက်က တုံပြန်ချက်တွေတော့မရသေးဘူးလို့လည်းဖဒိုစောတောနီးကပြောပါတယ် ။

"ဘာမှတုံပြန်ချက်မှတော့ ကျနော်တို့မကြားသေးဘူး ။ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး စကားတွေကိုတလျောက်လုံးပြောနေပေမယ့် တကယ်တမ်းကျတော့ အဲဒါနဲ့ဆန့်ကျင်ပြီးလုပ်တယ်။ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေးကို မလိုလားဆုံးက ဘယ်သူလဲဆိုတာ ထင်ရှားတယ်။ ကျနော်နားလည်တာက တပ်မဟာ(၆)က သူတို့လုပ်သင့်ကိုလုပ်နေတာပဲ။ တဖက်ကလည်း အပစ်အခတ်ရပ်စဲရေးခေါ်ပြီး တဖက်က တိုက်ပွဲတွေနေ့တိုင်းဖြစ်တော့လည်း ယုံကြည်မူ့ကတည်ဆောက်လို့မရတော့ဒီလိုပဲသွားနေရတာပေါ့"

ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှာ ပြီးခဲတဲ့နှစ် ဒီဇင်ဘာလ၁၅ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့သလို ကော့ကရိတ်မြိုနယ်ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေတာပါ။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်မူ့လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ကျေးရွာတွေက ဒေသခံသောင်းနဲ့ချီပြီး အိုးအိမ်ပစ်ပြီး နေရပ်စွန့်ခွါ ထွက်ပြေးနေရဆဲဖြစ်ပါတယ်။

XS
SM
MD
LG