သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဖာပြန္ခ႐ိုင္မွာ တိုက္ပဲြေတြအတြင္း ေဒသခံတခ်ဳိ႕ ထိခိုက္ေသဆုံး


စစ္ေကာင္စီတပ္နဲ႔ ရင္ဆုိင္တုိက္ခုိက္ေနတဲ့ KNU တပ္ဖြဲ႔ဝင္အခ်ဳိ႕ (ယခင္မွတ္တမ္းဓါတ္ပုံ)

ဖာပြန္ခ႐ိုင္မွာ တိုက္ပဲြေတြအတြင္း ေဒသခံတခ်ဳိ႕ ထိခိုက္ေသဆုံး

{{Zawgyi/Unicode}}

ကရင္ျပည္နယ္ ဖာပြန္ခရိုင္အတြင္းမွာ KNU တပ္မဟာ(၅)နဲ့ စစ္ေကာင္စီတပ္ေတြ ႏွစ္ဖက္တုိက္ပဲြေတြ ေန႔စဥ္နီးပါးရိွေနျပီး ေဖေဖၚ၀ါရီလ၂၃ရက္ေန့မွာေတာ့ ဖာပြန္ျမိဳ့ေပၚက လူေနရပ္ကြက္ကို လက္နက္ႀကီး က်ေရာက္တာေႀကာင့္ အရပ္သားတဦး ေသဆံုးျပီး တခ်ိဳ ့ဒဏ္ရာရမူေတြရွိေနပါတယ္။ ဒီသတင္းကိုဗြီအုိေအသတင္းေထာက္ မေအးေအးမာ ကသတင္းေပးပုိ့ထားပါတယ္ ။

ကရင္ျပည္နယ္ ေကအန္ယူ တပ္မဟာ(၅)ထိမ္းခ်ဳပ္ရာ ဖာပြန္ခရိုင္အတြင္းမွာေတာ့ စစ္ေကာင္စီတပ္ေတြနဲ့ KNU တပ္မဟာ(၅)တို့ဟာ ေနစဥ္နီးပါးတိုက္ပဲြေတြျဖစ္ေနပါတယ္။ ဒီအတြက္ဖာပြန္ျမိဳ့ေပၚက ေဒသခံေတြလည္း ေဘးလြတ္ရာကို ထြက္ေျပးေနၾကရလို႔ ေဖေဖၚ၀ါရီလ ၂၃ရက္ေန့မွာေတာ့ မကာဟဲရပ္ကြက္က အိမ္ေပၚကိုလက္နက္ႀကီးေတြ က်တ့ဲအတြက္ ေဒသခံတဦးေသဆံုးခဲ့ရသလို တျခားေဒသခံေတြလည္း ဒဏ္ရရခဲ့ေႀကာင္းဖာပြန္ျမိဳ ခံတဦးကေျပာျပပါတယ္။

"အသက္(၁၄)ႏွစ္အရြယ္ ေကာင္မေလးတေယာက္ လက္နက္ႀကီးထိလို့ဆံုးသြားတာ ။မကာဟဲရပ္ကြက္မွာ ။ လက္နက္ႀကီးနဲ့ အိမ္ကိုထိတာ အသက္ ၁၄ ႏွစ္အရြယ္ေကာင္မေလးရဲ ့ေခါင္းကိုထိျပီး ေသသြားတာ။ ေန့တိုင္းေသနတ္နဲ့ ကပစ္ေနတာ တိုက္ပြဲမျဖစ္တာေတာင္မွ ညညဆို သူတို့က ေျခာက္ျပီးပစ္ေနတဲ့အတြက္ လူေတြလည္းအိပ္လို့မရဘူး။ အျပင္လည္းထြက္မရဲဘူး။ အခုက အိမ္ထဲမွာေနရင္းနဲ့ကို ထိသြားတာ။ တေန့တေန့လည္းလူ၁၀၀ေက်ာ္ ၂၀၀ေလာက္က ေျပးေနရတယ္ ။ မကာဟဲရပ္ကြက္ကလူေတြလည္းထြက္ေျပးကုန္တယ္။ အိမ္ေတြမွာလူနည္းနည္းပဲက်န္ေတာ့တယ္။ အသက္ႀကီးရြယ္အုိေတြလည္းထြက္ေျပးကုန္ျပီ''

KNU ထိမ္းခ်ဳပ္ရာ တပ္မဟာ(၅)ဖာပြန္ခရိုင္နဲ့ တပ္မဟာ ၃ခုေလာက္မွာေတာ့ ေန႔စဥ္တိုက္ပဲြရိွေနတဲ့အေႀကာင္း စစ္ေကာင္စီဘက္က ေလယာဥ္နဲ့ဗံုးႀကဲတိုက္ခိုက္တာ လက္နက္ႀကီးနဲ့ပစ္ခတ္တာေတြေႀကာင့္ေဒသခံေတြ မႀကာခနထိခိုက္ေသဆံုးမူေတြရွိတယ္လို့ KNU ရဲ ့ႏုိင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ ဖဒိုေစာေတာနီး ကလည္းအခုလိုေျပာပါတယ္။

" မႀကာမႀကာလည္းရြာသားေတြထိေနတယ္ ။ ရြာကိုပစ္တဲ့ေနာက္ သူတို့ေျပးေနတဲ့ေနရာေတြလည္း ထိမွန္တာလည္းရွိတယ္ ။ က်ေနာ္တို့ရဲ့ေျမျပင္သတင္းအရကေတာ့ တိုက္ပဲြေလးေတြက ေတာက္ေလ်ာက္ေနတိုင္းျဖစ္ေနတယ္။ တပ္မဟာ(၅)တို့ တပ္မဟာ(၃)တို့ တပ္မဟာ(၂)တို့ က ႀကိဳ့ႀကားျဖစ္ေနတယ္ ။ တပ္မဟာ(၅)ကေတာ့ေနတိုင္းျဖစ္ေနတယ္"

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕ေတာင္ဘက္ ကမိုင္ကုန္းေက်း႐ြာအတြင္းကုိေတာ့ စစ္ေကာင္စီတပ္ျဖစ္တဲ့ခလရ ၉၇ကေန ေ လက္နက္ႀကီးနဲ့ပစ္ေနတဲ့အတြက္ ျပီးခဲတဲ့ေသာႀကာေန့က ရြာသားတဦးေသဆံုးျပီး တဦးဒဏ္ရာရရွိခဲ့ပါတယ္။ ေကာကရိတ္ျမိဳ႕နယ္ နဲ့ ဖာပြန္ျမိဳနယ္ထဲမွာေတာ့ စစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ေတြေန့စဥ္နီးပါ တုိက္ပဲြျဖစ္ေနသလို ထြက္ေျပးတိမ္းေရွာင္ႀကတဲ့ေဒသခံေတြ လက္နက္ႀကီး က်ည္ဆံမ်ားထိမွန္ျပီး ေသဆံုးမူေတြလည္း မႀကာခနရိွေနပါတယ္ရွင္။

..........................................................

တိုက္႐ိုက္ လင့္ခ္

ဖာပွန်ခရိုင်မှာ တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံး
{{Unicode}}
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ KNU တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်နီးပါးရှိနေပြီး ဖေဖေါ်ဝါရီလ၂၃ရက်နေ့မှာတော့ ဖာပွန်မြို့ပေါ်က လူနေရပ်ကွက်ကို လက်နက်ကြီး ကျရောက်တာကြောင့် အရပ်သားတဦး သေဆုံးပြီး တချို့ဒဏ်ရာရမူတွေရှိနေပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ် ။

ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ(၅)ထိမ်းချုပ်ရာ ဖာပွန်ခရိုင်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ KNU တပ်မဟာ(၅)တို့ဟာ နေစဉ်နီးပါးတိုက်ပွဲတွေဖြစ်နေပါတယ်။ ဒီအတွက်ဖာပွန်မြို့ပေါ်က ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရလို့ ဖေဖေါ်ဝါရီလ ၂၃ရက်နေ့မှာတော့ မကာဟဲရပ်ကွက်က အိမ်ပေါ်ကိုလက်နက်ကြီးတွေ ကျတဲ့အတွက် ဒေသခံတဦးသေဆုံးခဲ့ရသလို တခြားဒေသခံတွေလည်း ဒဏ်ရရခဲ့ကြောင်းဖာပွန်မြို ခံတဦးကပြောပြပါတယ်။

"အသက်(၁၄)နှစ်အရွယ် ကောင်မလေးတယောက် လက်နက်ကြီးထိလို့ဆုံးသွားတာ ။မကာဟဲရပ်ကွက်မှာ ။ လက်နက်ကြီးနဲ့ အိမ်ကိုထိတာ အသက် ၁၄ နှစ်အရွယ်ကောင်မလေးရဲ့ခေါင်းကိုထိပြီး သေသွားတာ။ နေ့တိုင်းသေနတ်နဲ့ ကပစ်နေတာ တိုက်ပွဲမဖြစ်တာတောင်မှ ညညဆို သူတို့က ခြောက်ပြီးပစ်နေတဲ့အတွက် လူတွေလည်းအိပ်လို့မရဘူး။ အပြင်လည်းထွက်မရဲဘူး။ အခုက အိမ်ထဲမှာနေရင်းနဲ့ကို ထိသွားတာ။ တနေ့တနေ့လည်းလူ၁၀၀ကျော် ၂၀၀လောက်က ပြေးနေရတယ် ။ မကာဟဲရပ်ကွက်ကလူတွေလည်းထွက်ပြေးကုန်တယ်။ အိမ်တွေမှာလူနည်းနည်းပဲကျန်တော့တယ်။ အသက်ကြီးရွယ်အိုတွေလည်းထွက်ပြေးကုန်ပြီ''

KNU ထိမ်းချုပ်ရာ တပ်မဟာ(၅)ဖာပွန်ခရိုင်နဲ့ တပ်မဟာ ၃ခုလောက်မှာတော့ နေ့စဉ်တိုက်ပွဲရှိနေတဲ့အကြောင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်ဒေသခံတွေ မကြာခနထိခိုက်သေဆုံးမူတွေရှိတယ်လို့ KNU ရဲ့နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး ကလည်းအခုလိုပြောပါတယ်။

" မကြာမကြာလည်းရွာသားတွေထိနေတယ် ။ ရွာကိုပစ်တဲ့နောက် သူတို့ပြေးနေတဲ့နေရာတွေလည်း ထိမှန်တာလည်းရှိတယ် ။ ကျနော်တို့ရဲ့မြေပြင်သတင်းအရကတော့ တိုက်ပွဲလေးတွေက တောက်လျောက်နေတိုင်းဖြစ်နေတယ်။ တပ်မဟာ(၅)တို့ တပ်မဟာ(၃)တို့ တပ်မဟာ(၂)တို့ က ကြို့ကြားဖြစ်နေတယ် ။ တပ်မဟာ(၅)ကတော့နေတိုင်းဖြစ်နေတယ်"

ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် ကမိုင်ကုန်းကျေးရွာအတွင်းကိုတော့ စစ်ကောင်စီတပ်ဖြစ်တဲ့ခလရ ၉၇ကနေ ေ လက်နက်ကြီးနဲ့ပစ်နေတဲ့အတွက် ပြီးခဲတဲ့သောကြာနေ့က ရွာသားတဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့ပါတယ်။ ကောကရိတ်မြို့နယ် နဲ့ ဖာပွန်မြိုနယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနေ့စဉ်နီးပါ တိုက်ပွဲဖြစ်နေသလို ထွက်ပြေးတိမ်းရှောင်ကြတဲ့ဒေသခံတွေ လက်နက်ကြီး ကျည်ဆံများထိမှန်ပြီး သေဆုံးမူတွေလည်း မကြာခနရှိနေပါတယ်ရှင်။

XS
SM
MD
LG