သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KNU ထိန္းခ်ဳပ္နယ္ေျမတြင္း ဒုကၡသည္ ၇  ေသာင္းဝန္းက်င္ရွိၿပီ 


ျမန္မာစစ္တပ္ ဗံုးႀကဲတိုက္ခိုက္မႈေၾကာင့္ တိမ္းေရွာင္ေနတဲ့ စစ္ေဘးေရွာင္ကရင္ဒုကၡသည္မ်ား (ယခင္ မွတ္တမ္း ဓာတ္ပံု - KNU )

စစ္ေကာင္စီတပ္ေတြနဲ႔  KNU တပ္ဖြဲ႔ေတြ တိုက္ပဲြေတြျဖစ္ေနတဲ့ ကရင္ျပည္နယ္ထဲက ဒုကၡသည္ ၇ ေသာင္းေလာက္႐ွိေဘးလြတ္ရာကို ထြက္ေျပးေနရတယ္လို႔ ကရင္လူအခြင့္ေရးအဖဲြ႔ KHRG ကေျပာပါတယ္။ အဲဒီေဒသေတြကျပည္သူေတြ အိုးအိမ္ျပစ္ ထြက္ေျပးေနၾကရတဲ့ အေျခအေနကို ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။ 

KNU ထိန္းခ်ဳပ္နယ္ေျမတြင္း ဒုကၡသည္ ၇ ေသာင္းဝန္းက်င္ရွိၿပီ


{{Zawgyi/Unicode}}
စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA တို႔ တိုက္ပဲြေတြျဖစ္ေနတဲ့ ကရင္ျပည္နယ္ထဲက KNU ထိန္းခ်ဳပ္ရာ ေဒသေတြက ေဘးလြတ္ရာေျပးေနၾကရတဲ့ ဒုကၡသည္ ၇ ေသာင္းေလာက္႐ွိေနတယ္လို႔ ကရင္လူအခြင့္ေရးအဖဲြ႔ KHRG ကေျပာပါတယ္။ အဲဒီေဒသေတြအေပၚ စစ္တပ္က လက္နက္ႀကီးေတြ၊ ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ေနတာေၾကာင့္ ေဒသခံျပည္သူေတြ အိုးအိမ္ျပစ္ ထြက္ေျပးေနၾကရတဲ့ အေျခအေနကို ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ကရင္ျပည္နယ္အတြင္းက ေကအန္ယူ ထိ္မ္းခ်ဳပ္ရာေဒသေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA တို႔ၾကား တုိက္ပဲြေတြ႐ွိေနတာမွာ ေကအန္ယူ တပ္မဟာ (၅) ထိမ္းခ်ဳပ္တဲ့ေဒသေတြမွာ ေဖေဖၚဝါရီလအတြင္း တိုက္ပဲြေပါင္း ၃ဝဝ၊ တပ္မဟာ (၁) ထိန္းခ်ဳပ္တဲ့ဘက္မွာေတာ့ တပ္ပဲြေပါင္း ၅ဝ နီးပါးျဖစ္ခဲ့တယ္လို႔ ေကအန္ယူဘက္က သတင္းထုတ္ျပန္ပါတယ္။

ခုလုိျဖစ္ေနတဲ့ တိုက္ပြဲေတြအတြင္း စစ္ေကာင္စီတပ္ေတြဘက္က ေက်းရြာေတြ႐ွိရာကို လက္နက္ႀကီးေတြနဲ့ပစ္ခတ္တာေၾကာင့္ အိုးအိမ္ျပစ္ ထြက္ေျပးၾကရတဲ့ ျပည္တြင္း ဒုကၡသည္ ၇ ေသာင္းေလာက္႐ွိတယ္လို႔ ကရင္လူအခြင့္ေရးအဖဲြ ့KHRG ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးက ေျပာပါတယ္။

" ေကအန္ယူထိမ္းခ်ဳပ္နယ္ေျမထဲမွာရွိတဲ့ ခရိုင္ ၇ ခုလံုးနီးပါးမွာ IDP ျပည္တြင္းအိုးအိမ္မဲ့ ဒုကၡသည္ေတြရွိတာေပါ့ေနာ္။ တပ္မဟာ ၁ မွာလည္း ၅ ေထာင္ဝန္းက်င္ တပ္မဟာ၂ ကေတာ့ေလာေလာဆယ္ မသိေသးဘူး။ တပ္မဟာ(၃) နဲ႔ (၅) မွာလည္းမ်ားလာတယ္ေပါ့ေနာ္။ တပ္မဟာ(၅) ဘက္မွာဆုိ ျမိဳ႕ထဲက ဖာပြန္ဘက္ျခမ္းကျမိဳ့ထဲလူေတြလည္း ထြက္ေျပးလာေနႀကတယ္။ အထူူးသျဖင့္ တပ္မဟာ (၃) နဲ႔ (၅) က ေန႔စဥ္နီးပါးတုိက္ပဲြေတြလည္းျဖစ္ေနတယ္။ အျပန္အလွန္ပစ္ခတ္မူေတြျဖစ္ေနတယ္ဆုိေတာ့ ၿမိဳင္ႀကီးငူဘက္မွာလည္း အရင္က ငါးေထာင္ ေျခာက္ေထာင္ေလာက္ကေန အခုေတာ့ တေသာင္းနီးပါးေလာက္ျဖစ္ေနျပီ ။ တပ္မဟာ ၅ထဲမွာလည္း IDP ေတြရွိေနေသးတယ္။ တပ္မဟာ (၄) ဘက္ျခမ္းမွာလည္း သံုးေသာင္းအထက္ရွိတယ္။ တပ္မဟာ (၆) ဘက္မွာ ငါးေထာင္ဝန္းက်င္ တျခားေနရာဘက္မွာ ေနေနတဲ့ ျပည္တြင္းအိုးအိမ္မဲ့ဒုကၡသည္ေတြလည္း ရွိေနေသးတယ္။ တပ္မဟာအာလံုးထဲမွာ IDP ေတြက ခုႏွစ္ေသာင္း၀န္းက်င္ေလာက္ရွိတယ္လို႔ ယူဆရတာေပါ့ေနာ္"

စစ္ေကာင္စီဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္မူအျပင္ ေလေႀကာင္းကေန တိုက္ခိုက္မူေတြေႀကာင့္ ေဖေဖၚဝါရီလ တလထဲမွာပဲ တပ္မဟာ(၅) ေဒသမွာ ေဒသခံျပည္သူ ၆ ဦးေသဆံုးခဲ့တာအျပင္ ေျမျမွပ္မုိင္းေႀကာင့္ေသဆံုးဒဏ္ရာရတာေတြ မ်ားလာတယ္လို႔ ေစာနႏၵဆူးကေျပာပါတယ္။

"တပ္မဟာ(၅)ဘက္မွာေတာ့ လက္နက္ႀကီးပစ္ခတ္မူေတြေႀကာင့္ ထိခိုက္ေသဆံုးမူေတြ ေဒသခံေတြရွိသလို့ ေျမျမဳပ္မုိင္းေႀကာင့္လည္း ထိခိုက္ေသဆံုးတာေတြရွိေနပါတယ္။ စစ္ပဲြျဖစ္ရာ ေဒသေတြမွာ စစ္တပ္ဘက္ကေရာ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြဘက္ပါ ေျမျမဳပ္မိုင္း အသံုးျပဳတာေတြ႐ွိတယ္လို႔ ႏိုင္ငံတကာ ေျမျမဳပ္မိုင္းတားဆီးေရးလႈပ္႐ွားေနတဲ့ အဖဲြ႔ေတြကေထာက္ျပၿပီး ေျမျမဳပ္မိုင္းေတြ မသံုးဖုိ႔ ေတာင္းဆိုထားၾကပါတယ္။

ေကအန္ယူထိမ္းခ်ဳပ္နယ္ေျမေတြထဲက ဖာပြန္၊ ကမေမာင္း၊ ေကာ့ကရိတ္၊ သထံုစတဲ့ ျမိဳ႕ေပၚေနရာေတြမွာလည္း တိုက္ခိုက္မႈေတြေၾကာင့္ ေဒသခံျပည္သူ ရာနဲ႔ခ်ီ ေန႔စဥ္ ထြက္ေျပးတိမ္းေ႐ွာင္ေနၾကရပါတယ္။ ဖာပြန္နဲ႔ ေကာ့ကရိတ္ၿမိဳ႕နယ္ေတြထဲမွာ ၿမိဳ႕ေပၚ လူေနရပ္ကြက္ေတြအထိ ၿပီးခဲ့တဲ့လက လက္နက္ႀကီးက်ည္ေတြ က်ခဲ့လို႔ ေဒသခံတခ်ဳိ႕ ေသဆံုးခဲ့ပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္

KNU ထိန်းချုပ်နယ်မြေတွင်း ဒုက္ခသည် ၇ သောင်းဝန်းကျင်ရှိပြီ

{{Zawgyi/Unicode}}
စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တို့ တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ်ထဲက KNU ထိန်းချုပ်ရာ ဒေသတွေက ဘေးလွတ်ရာပြေးနေကြရတဲ့ ဒုက္ခသည် ၇ သောင်းလောက်ရှိနေတယ်လို့ ကရင်လူအခွင့်ရေးအဖွဲ့ KHRG ကပြောပါတယ်။ အဲဒီဒေသတွေအပေါ် စစ်တပ်က လက်နက်ကြီးတွေ၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ အိုးအိမ်ပြစ် ထွက်ပြေးနေကြရတဲ့ အခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းက ကေအန်ယူ ထိမ်းချုပ်ရာဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တို့ကြား တိုက်ပွဲတွေရှိနေတာမှာ ကေအန်ယူ တပ်မဟာ (၅) ထိမ်းချုပ်တဲ့ဒေသတွေမှာ ဖေဖေါ်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၃ဝဝ၊ တပ်မဟာ (၁) ထိန်းချုပ်တဲ့ဘက်မှာတော့ တပ်ပွဲပေါင်း ၅ဝ နီးပါးဖြစ်ခဲ့တယ်လို့ ကေအန်ယူဘက်က သတင်းထုတ်ပြန်ပါတယ်။

ခုလိုဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က ကျေးရွာတွေရှိရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် အိုးအိမ်ပြစ် ထွက်ပြေးကြရတဲ့ ပြည်တွင်း ဒုက္ခသည် ၇ သောင်းလောက်ရှိတယ်လို့ ကရင်လူအခွင့်ရေးအဖွဲ့KHRG ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။

" ကေအန်ယူထိမ်းချုပ်နယ်မြေထဲမှာရှိတဲ့ ခရိုင် ၇ ခုလုံးနီးပါးမှာ IDP ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည်တွေရှိတာပေါ့နော်။ တပ်မဟာ ၁ မှာလည်း ၅ ထောင်ဝန်းကျင် တပ်မဟာ၂ ကတော့လောလောဆယ် မသိသေးဘူး။ တပ်မဟာ(၃) နဲ့ (၅) မှာလည်းများလာတယ်ပေါ့နော်။ တပ်မဟာ(၅) ဘက်မှာဆို မြို့ထဲက ဖာပွန်ဘက်ခြမ်းကမြို့ထဲလူတွေလည်း ထွက်ပြေးလာနေကြတယ်။ အထူူးသဖြင့် တပ်မဟာ (၃) နဲ့ (၅) က နေ့စဉ်နီးပါးတိုက်ပွဲတွေလည်းဖြစ်နေတယ်။ အပြန်အလှန်ပစ်ခတ်မူတွေဖြစ်နေတယ်ဆိုတော့ မြိုင်ကြီးငူဘက်မှာလည်း အရင်က ငါးထောင် ခြောက်ထောင်လောက်ကနေ အခုတော့ တသောင်းနီးပါးလောက်ဖြစ်နေပြီ ။ တပ်မဟာ ၅ထဲမှာလည်း IDP တွေရှိနေသေးတယ်။ တပ်မဟာ (၄) ဘက်ခြမ်းမှာလည်း သုံးသောင်းအထက်ရှိတယ်။ တပ်မဟာ (၆) ဘက်မှာ ငါးထောင်ဝန်းကျင် တခြားနေရာဘက်မှာ နေနေတဲ့ ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်တွေလည်း ရှိနေသေးတယ်။ တပ်မဟာအာလုံးထဲမှာ IDP တွေက ခုနှစ်သောင်းဝန်းကျင်လောက်ရှိတယ်လို့ ယူဆရတာပေါ့နော်"

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မူအပြင် လေကြောင်းကနေ တိုက်ခိုက်မူတွေကြောင့် ဖေဖေါ်ဝါရီလ တလထဲမှာပဲ တပ်မဟာ(၅) ဒေသမှာ ဒေသခံပြည်သူ ၆ ဦးသေဆုံးခဲ့တာအပြင် မြေမြှပ်မိုင်းကြောင့်သေဆုံးဒဏ်ရာရတာတွေ များလာတယ်လို့ စောနန္ဒဆူးကပြောပါတယ်။

"တပ်မဟာ(၅)ဘက်မှာတော့ လက်နက်ကြီးပစ်ခတ်မူတွေကြောင့် ထိခိုက်သေဆုံးမူတွေ ဒေသခံတွေရှိသလို့ မြေမြုပ်မိုင်းကြောင့်လည်း ထိခိုက်သေဆုံးတာတွေရှိနေပါတယ်။ စစ်ပွဲဖြစ်ရာ ဒေသတွေမှာ စစ်တပ်ဘက်ကရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ပါ မြေမြုပ်မိုင်း အသုံးပြုတာတွေရှိတယ်လို့ နိုင်ငံတကာ မြေမြုပ်မိုင်းတားဆီးရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေကထောက်ပြပြီး မြေမြုပ်မိုင်းတွေ မသုံးဖို့ တောင်းဆိုထားကြပါတယ်။

ကေအန်ယူထိမ်းချုပ်နယ်မြေတွေထဲက ဖာပွန်၊ ကမမောင်း၊ ကော့ကရိတ်၊ သထုံစတဲ့ မြို့ပေါ်နေရာတွေမှာလည်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီ နေ့စဉ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဖာပွန်နဲ့ ကော့ကရိတ်မြို့နယ်တွေထဲမှာ မြို့ပေါ် လူနေရပ်ကွက်တွေအထိ ပြီးခဲ့တဲ့လက လက်နက်ကြီးကျည်တွေ ကျခဲ့လို့ ဒေသခံတချို့ သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG