သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဒုကၡသည္ေတြအတြက္ ေထာက္ပံ့ေရးလမ္းေၾကာင္း စစ္ေကာင္စီပိတ္ဆို႔


ျပည္တြင္းဒုကၡသည္မ်ား (ပုံေဟာင္း)

[[ ZAWGYI / UNICODE ]]

ဒုကၡသည္ေတြအတြက္ ေထာက္ပံ့ေရးလမ္းေၾကာင္း စစ္ေကာင္စီပိတ္ဆို႔

ျမန္မာႏိုင္ငံမွာ အထူးသျဖင့္ တိုင္းရင္းသားေဒသေတြကို စစ္ေကာင္စီကေန ေလေၾကာင္းကေနပါ တိုက္ခိုက္ေနတဲ့အတြက္ လက္နက္ကိုင္ ပဋိပကၡေတြ ဆက္လက္ျဖစ္ပြားေနပါတယ္။ အဲဒီအထဲမွာမွ ကယားျပည္နယ္ဟာ ေတာေတာင္ေတြထူထပ္ၿပီး စစ္ေဆးေရးဂိတ္ေတြေၾကာင့္ IDP ျပည္တြင္း စစ္ေျပးဒုကၡသည္ေတြဆီကို အကူအညီေပးေရး လုပ္ငန္းေတြဟာ ေႏွးေကြးေနပါတယ္။ ဒီအေၾကာင္းေတြကို ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕ကေန Steve Sandford က VOA အတြက္ သတင္းေပးပို႔ထားတာကို ကိုခင္ေမာင္စိုးမင္းက ေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံအေရွ႕ပုိင္း ကယားျပည္နယ္မွာ စစ္ေကာင္စီတပ္ဖြဲ႔ေတြက ေလေၾကာင္းကေန အရပ္သား နဲ႔ စစ္ေရးပစ္မွတ္ မခြဲျခားပဲ တိုက္ခိုက္ေနပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္ဖြဲ႔ေတြနဲ႔ ေဒသကာကြယ္ေရးတပ္ဖြဲ႔ေတြ အၾကား တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနၾကတဲ့အတြက္ ကယားျပည္နယ္မွာ IDP ျပည္တြင္းစစ္ေျပးဒုကၡသည္ေတြ ၂ သိန္းနီးပါးရွိမယ္လို႔ သူတို႔ကို အကူအညီေပးေနၾကတဲ့ အဖြဲ႔အစည္းေတြက မတ္လ ၇ ရက္ေန႔က ခန္႔မွန္းခဲ့ၾကပါတယ္။ ျပည္တြင္းစစ္ေရွာင္ဒုကၡသည္ေတြနဲ႔ ပတ္သက္ၿပီး ကရင္နီတိုင္းရင္းသားေပါင္းစုံ ကာကြယ္ေရးတပ္ဖြဲ႔ က Bee Dhu အခုလိုေျပာပါတယ္။

" ျပည္တြင္းစစ္ေျပးစစ္ေရွာင္ အဲဒီလူေတြ ေတာ္ေတာ္ကို ဒုကၡေရာက္ၾကတယ္။ အမိုးအကာေတြနဲ႔ မေနႏိုင္ၾကဘူး။ အစားအစာေတြလည္း မလုံေလာက္ၾကဘူး။ စစ္ေကာင္စီတပ္ေတြေၾကာင့္ ေစ်းကိုလည္း သြားမဝယ္ႏိုင္ၾကဘူး။ စစ္ေကာင္စီတပ္ေတြက အဓိကလမ္းေတြကို ပိတ္ဆို႔ၿပီး ေထာက္ပန္႔ေရးလမ္းေတြကို ျဖတ္ထားၾကတယ္။ ဒါေၾကာင့္ အခုဆိုရင္ ဓါတ္ဆီေတြ ေစ်းတက္၊ အစားစာေတြ ၊ ေဆးဝါးေတြ မလုံမေလာက္ျဖစ္ေနပါတယ္ "

ထိုင္း၊ ျမန္မာနယ္စပ္မွာရွိၾကတဲ့ အကူအညီေပးေရးအဖြဲ႔အစည္းေတြက ထိုင္းႏိုင္ငံဖက္ကို ထြက္ေျပးလာၾကတဲ့ ဒုကၡသည္ေတြကိုေတာ့ အကူအညီေတြ ဆက္လက္ေပးေနၾကပါတယ္။ ဒါေပမဲ့လည္း ျမန္မာစစ္ေကာင္စီကေတာ့ အတိုက္အခံအားလုံးကို အၾကမ္းဖက္သမားလို႔သတ္မွတ္ထားတဲ့အတြက္ေၾကာင့္ အကူအညီေပးေရးအဖြဲ႔အစည္းေတြအေနနဲ႔လည္း စစ္ေျပးဒုကၡသည္ေတြကို အေထာက္အပန္႔ေတြေပးေနတာဟာ ရာဇဝတ္မႈက်ဴးလြန္တဲ့လုပ္ရပ္လို႔ စြပ္စြဲခံရမယ့္ အႏၱရာယ္လည္းရွိၾကပါတယ္။ ေမတၱာ ပရဟိတအဖြဲ႔ရဲ႕ ဒါရိုက္တာ Johny Adhikari က သူရဲ႕အေတြ႕အႀကဳံကို အခုလိုေျပာပါတယ္။

" အကူအညီေပးဖို႔ အတြက္ ေတာ္ေတာ္ကိုခက္ခဲပါတယ္။ ဘာလိုဆိုေတာ့ စစ္ေကာင္စီ စစ္ေဆးေရးဂိတ္ေတြက လမ္းတိုင္းမွာ အမ်ားႀကီးပဲ။ ဒါအျပင္ IDP ျပည္တြင္းစစ္ေရွာင္ေတြကို အကူအညီေပးရင္ ေထာင္က်ႏိုင္တယ္။ ဘာလိုဆိုေတာ့ IDP ေတြကို အကူအညီေပးတာ စစ္ေကာင္စီက မႀကိဳက္ဖူး"

ထိုင္းႏိုင္ငံမွာ ေနထိုင္ေနၾကတဲ့ ကယားလူမ်ုိးစု ဒုကၡသည္ေတြက အခုျမန္မာျပည္ကေန ထြက္ေျပးလာၾကတဲ့ သူတို႔ရဲ႕ မီသားစုဝင္ေတြကို ကူညီေထာက္ပန္႔မႈေတြ တိုးၿပီးလုပ္ေဆာင္ေနၾကရပါတယ္။

ထုိင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ ေနထိုင္ၿပီး ေစတနာဝန္ထမ္းကူညီေပးေနတဲ့ Naw Dar Dar က ထြက္ေျပးလာေနၾကတဲ့ သူရဲ႕ ေဆြမ်ဳိးသားခ်င္းေတြဆိီကေန စစ္ေျပးဒုကၡသည္ေတြဟာ အေရးေပၚ အေထာက္အပန္႔ေတြလိုအပ္ေနၾကတယ္ဆိုတဲ့ သတင္းအခ်က္အလက္ေတြ ရရွိေနတယ္လို႔ေျပာပါတယ္။

" စစ္ေျပးဒုကၡသည္ေတြမွာ စခန္းခ်ဖို႔ေနရာမရွိဘူး၊ သူတို႔မရပ္ပဲ ဆက္ေျပးေနရတယ္။ ေလေၾကာင္းကေန တိုက္ခိုက္နိုင္တယ္လို႔ စိုးရိမ္းစိတ္ေတြရွိတဲ့အတြက္ သူတို႔မအိပ္ႏိုင္ၾကဘူး"

ျမန္မာႏိုင္ငံအတြင္းမွာ ပဋိပကၡေတြ ဆက္လက္ျဖစ္ပြားေနတဲ့အတြက္ ဒီအၾကပ္အတည္းကေန လြတ္ေျမာက္ေအာင္လို႔ အရပ္သားျပည္သူေတြက ျပင္ပက အကူအညီေတြေတာင္းဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = = = =

{{ UNICODE }}

ဒုက္ခသည်တွေအတွက် ထောက်ပံ့ရေးလမ်းကြောင်း စစ်ကောင်စီပိတ်ဆို့

မြန်မာနိုင်ငံမှာ အထူးသဖြင့် တိုင်းရင်းသားဒေသတွေကို စစ်ကောင်စီကနေ လေကြောင်းကနေပါ တိုက်ခိုက်နေတဲ့အတွက် လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အဲဒီအထဲမှာမှ ကယားပြည်နယ်ဟာ တောတောင်တွေထူထပ်ပြီး စစ်ဆေးရေးဂိတ်တွေကြောင့် IDP ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေဆီကို အကူအညီပေးရေး လုပ်ငန်းတွေဟာ နှေးကွေးနေပါတယ်။ ဒီအကြောင်းတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ Steve Sandford က VOA အတွက် သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာပါ။

မြန်မာနိုင်ငံအရှေ့ပိုင်း ကယားပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းကနေ အရပ်သား နဲ့ စစ်ရေးပစ်မှတ် မခွဲခြားပဲ တိုက်ခိုက်နေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြတဲ့အတွက် ကယားပြည်နယ်မှာ IDP ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေ ၂ သိန်းနီးပါးရှိမယ်လို့ သူတို့ကို အကူအညီပေးနေကြတဲ့ အဖွဲ့အစည်းတွေက မတ်လ ၇ ရက်နေ့က ခန့်မှန်းခဲ့ကြပါတယ်။ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ကရင်နီတိုင်းရင်းသားပေါင်းစုံ ကာကွယ်ရေးတပ်ဖွဲ့ က Bee Dhu အခုလိုပြောပါတယ်။

" ပြည်တွင်းစစ်ပြေးစစ်ရှောင် အဲဒီလူတွေ တော်တော်ကို ဒုက္ခရောက်ကြတယ်။ အမိုးအကာတွေနဲ့ မနေနိုင်ကြဘူး။ အစားအစာတွေလည်း မလုံလောက်ကြဘူး။ စစ်ကောင်စီတပ်တွေကြောင့် ဈေးကိုလည်း သွားမဝယ်နိုင်ကြဘူး။ စစ်ကောင်စီတပ်တွေက အဓိကလမ်းတွေကို ပိတ်ဆို့ပြီး ထောက်ပန့်ရေးလမ်းတွေကို ဖြတ်ထားကြတယ်။ ဒါကြောင့် အခုဆိုရင် ဓါတ်ဆီတွေ ဈေးတက်၊ အစားစာတွေ ၊ ဆေးဝါးတွေ မလုံမလောက်ဖြစ်နေပါတယ် "

ထိုင်း၊ မြန်မာနယ်စပ်မှာရှိကြတဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေက ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကိုတော့ အကူအညီတွေ ဆက်လက်ပေးနေကြပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်ကောင်စီကတော့ အတိုက်အခံအားလုံးကို အကြမ်းဖက်သမားလို့သတ်မှတ်ထားတဲ့အတွက်ကြောင့် အကူအညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ပြေးဒုက္ခသည်တွေကို အထောက်အပန့်တွေပေးနေတာဟာ ရာဇဝတ်မှုကျူးလွန်တဲ့လုပ်ရပ်လို့ စွပ်စွဲခံရမယ့် အန္တရာယ်လည်းရှိကြပါတယ်။ မေတ္တာ ပရဟိတအဖွဲ့ရဲ့ ဒါရိုက်တာ Johny Adhikari က သူရဲ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

" အကူအညီပေးဖို့ အတွက် တော်တော်ကိုခက်ခဲပါတယ်။ ဘာလိုဆိုတော့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက လမ်းတိုင်းမှာ အများကြီးပဲ။ ဒါအပြင် IDP ပြည်တွင်းစစ်ရှောင်တွေကို အကူအညီပေးရင် ထောင်ကျနိုင်တယ်။ ဘာလိုဆိုတော့ IDP တွေကို အကူအညီပေးတာ စစ်ကောင်စီက မကြိုက်ဖူး"

ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ ကယားလူမျိုးစု ဒုက္ခသည်တွေက အခုမြန်မာပြည်ကနေ ထွက်ပြေးလာကြတဲ့ သူတို့ရဲ့ မီသားစုဝင်တွေကို ကူညီထောက်ပန့်မှုတွေ တိုးပြီးလုပ်ဆောင်နေကြရပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ နေထိုင်ပြီး စေတနာဝန်ထမ်းကူညီပေးနေတဲ့ Naw Dar Dar က ထွက်ပြေးလာနေကြတဲ့ သူရဲ့ ဆွေမျိုးသားချင်းတွေဆီကနေ စစ်ပြေးဒုက္ခသည်တွေဟာ အရေးပေါ် အထောက်အပန့်တွေလိုအပ်နေကြတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိနေတယ်လို့ပြောပါတယ်။

" စစ်ပြေးဒုက္ခသည်တွေမှာ စခန်းချဖို့နေရာမရှိဘူး၊ သူတို့မရပ်ပဲ ဆက်ပြေးနေရတယ်။ လေကြောင်းကနေ တိုက်ခိုက်နိုင်တယ်လို့ စိုးရိမ်းစိတ်တွေရှိတဲ့အတွက် သူတို့မအိပ်နိုင်ကြဘူး"

မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒီအကြပ်အတည်းကနေ လွတ်မြောက်အောင်လို့ အရပ်သားပြည်သူတွေက ပြင်ပက အကူအညီတွေတောင်းဆိုနေကြပါတယ်။

XS
SM
MD
LG